< Song of Solomon 4 >

1 How beautiful art thou, my love, how beautiful art thou! thy eyes are doves’ eyes, besides what is hid within. Thy hair is as flocks of goats, which Come up from mount Galaad.
သင် သည် အဆင်း လှပေ၏။ ငါ ချစ် သောနှမ၊ အလွန်လှ ပေ၏။ ဗျာပါဆံ ကြား မှာ ချိုး မျက်စိ နှင့် ပြည့်စုံ၏။ ဆံပင် သည်လည်း ဂိလဒ် တောင် ပေါ်မှ ဆင်း လာသော ဆိတ် စု ကဲ့သို့ ဖြစ်၏။
2 Thy teeth as flocks of sheep, that are shorn which come up from the washing, all with twins, and there is none barren among them.
သင် ၏သွား တို့သည်လည်း အမွေး ညှပ်၍ ၊ ရေချိုး ရာမှ တက် လာသောသိုးစု ကဲ့သို့ ဖြစ်ကြ၏။ တ ကောင်မျှမ လျော့။ အမွှာ သာ ဘွားတတ်ကြ၏။
3 Thy lips are as a scarlet lace: and thy speech sweet. Thy cheeks are as a piece of a pomegranate, besides that which lieth hid within.
နှုတ်ခမ်း သည်လည်း နီ တွေးသောကြိုး နှင့်တူ ၏။ စကား သံလည်း သာယာ ပေ၏။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲ သီးရှက်နှင့်တူ ကြ၏။
4 Thy neck, is as the tower of David, which is built with bulwarks: a thousand bucklers hang upon it, all the armour of valiant men.
လည်ပင်း သည်လည်း၊ သူရဲ တို့သာသုံးဆောင်တတ်သော ဒိုင်း လွှားတထောင် ဆွဲ ထားသော လက်နက်စုံ ဘဏ္ဍာ တိုက်တည်းဟူသော ဒါဝိဒ် မင်း၏ ရဲတိုက် နှင့် တူ၏။
5 Thy two breasts like two young roes that are twins, which feed among the lilies.
ရင်သား နှစ် ဘက်တို့သည် နှင်း တော၌ ကျက်စား သော ဒရယ် သငယ် အမွှာ နှင့် တူ ကြ၏။
6 Till the day break, and the shadows retire, I will go to the mountain of myrrh, and to the hill of frankincense.
မိုဃ်း မသောက်၊ မှောင်မိုက်အရိပ် မ ပြေး မှီ၊ ငါသည်မုရန် တောင် နှင့် လောဗန် ကုန်း သို့ သွား မည်။
7 Thou art all fair, O my love, and there is not a spot in thee.
ငါ ချစ် သောနှမ၊ သင် သည်အပြစ် တစုံတခုမျှမ ရှိ။ တကိုယ်လုံး လှ ပေ၏။
8 Come from Libanus, my spouse, come from Libanus, come: thou shalt be crowned from the top of Amana, from the top of Sanir and Hermon, from the dens of the lions, from the mountains of the leopards.
ငါ နှင့်အတူ လေဗနုန် တောင်က လာ ပါအပယ်။ ငါ နှင့်အတူ လေဗနုန် တောင်က လာ ပါ။ အာမန တောင်ထိပ် ၊ ရှနိရ တောင်၊ ဟေရမုန် တောင်ထိပ် ၊ ခြင်္သေ့ တွင်း များ၊ ကျားသစ် နေရာ တောင် များအပေါ် က ကြည့်ရှုပါ။
9 Thou hast wounded my heart, my sister, my spouse, thou hast wounded my heart with one of thy eyes, and with one hair of thy neck.
ငါ့ နှမ ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့ နှလုံးကိုလု ယူပြီ။ သင် ၏ မျက်စိ တကြည့် ၊ လည်ပင်း တလည့် ဖြင့် ငါ နှလုံးကို လု ယူပြီ။
10 How beautiful are thy breasts, my sister, my spouse! thy breasts are more beautiful than wine, and the sweet smell of thy ointments above all aromatical spices.
၁၀ငါ့ နှမ ၊ ငါ့ခင်ပွန်း ၊ သင် ၏မေတ္တာ သည် အလွန် ချိုပေ၏။ သင် ၏မေတ္တာ သည် စပျစ်ရည် ထက် အထူးသဖြင့် ကောင်း ပေ၏။ သင်းထုံ သောနံ့သာ ဆီသည် နံ့သာမျိုး တကာ တို့ထက် အထူးသဖြင့်မွှေးကြိုင်ပေ၏။
11 Thy lips, my spouse, are as a dropping honeycomb, honey and milk are under thy tongue; and the smell of thy garments, as the smell of frankincense.
၁၁ငါ့ခင်ပွန်း ၊ သင် ၏နှုတ်ခမ်း သည် ပျားလပို့ ကဲ့သို့ယို တတ်၏။ လျှာ အောက် မှာ နို့ နှင့် ပျားရည် ရှိ၏။ အဝတ် တန်ဆာသည်လည်း လေဗနုန် အမွှေး အကြိုင်ကဲ့သို့ မွှေးကြိုင် လျက်ရှိ၏။
12 My sister, my spouse, is a garden enclosed, a garden enclosed, a fountain sealed up.
၁၂ငါ့ နှမ ၊ ငါ့ခင်ပွန်း သည် ဝင်း ကာသောဥယျာဉ် ၊ ပိတ် ထားသော ရေကန် ၊ တံဆိပ် ခတ်သော ရေတွင်း ဖြစ်ပေ၏။
13 Thy plants are a paradise of pomegranates with the fruits of the orchard. Cypress with spikenard.
၁၃သင် ၏ပျိုးပင် တို့ကား၊ ချို သောအသီး ကို သီးတတ် သော သလဲ တော ၊ နာဒု ပင်နှင့် ရောသောဟင်္နာ တော၊
14 Spikenard and saffron, sweet cane and cinnamon, with all the trees of Libanus, myrrh and aloes with all the chief perfumes.
၁၄နာဒု ပင်၊ ကုရကုမ ပင်၊ ကြံ ပင်၊ သစ်ကြံပိုး ပင်၊ လောဗန် ပင် မျိုး၊ မုရန် ပင်၊ အကျော် ပင်၊ အမြတ် ဆုံးသော နံ့သာ ပင်မျိုးပါကြ၏။
15 The fountain of gardens: the well of living waters, which run with a strong stream from Libanus.
၁၅ဥယျာဉ် များကို ရေ လောင်းစရာရေကန် ၊ စမ်းရေ တွင်း၊ လေဗနုန် တောင်က စီး ထွက်သော မြစ်ရေလည်း ပါသတည်း။
16 Arise, O north wind, and come, O south wind, blow through my garden, and let the aromatical spices thereof flow.
၁၆မြောက် လေ၊ နိုး ပါ။ တောင် လေ၊ လာ ပါ။ ငါ့ ဥယျာဉ် အပေါ်သို့ လာ ကြပါ။ မွှေးကြိုင်သောအနံ့ သည် ပျံ့လှိုင် ပါစေ။ ငါ ချစ် ရာသခင်သည် ဥယျာဉ် တော်သို့ ဝင် ၍ ၊ ချို သောအသီး ကို စား တော်မူပါစေ။

< Song of Solomon 4 >