< Psalms 23 >

1 A psalm for David. The Lord ruleth me: and I shall want nothing.
ထာ​ဝ​ရ​ဘု​ရား​သည်​သိုး​ထိန်း​တော်​မြတ်​ဖြစ်​၍ ငါ့​ကို​စောင့်​ထိန်း​တော်​မူ​၏။ ထို့​ကြောင့်​ငါ​သည်​လို​သ​မျှ​ကို​ရ​ရှိ​၏။
2 He hath set me in a place of pasture. He hath brought me up, on the water of refreshment:
ကိုယ်​တော်​သည်​ငါ့​အား​စိမ်း​လန်း​သော စား​ကျက်​များ​တွင်​နား​နေ​စေ​တော်​မူ​၏။ ဆိတ်​ငြိမ်​ရာ​မြစ်​ချောင်း​များ​သို့ လမ်း​ပြ​ပို့​ဆောင်​တော်​မူ​၏။
3 He hath converted my soul. He hath led me on the paths of justice, for his own name’s sake.
ကိုယ်​တော်​သည်​ငါ့​ကို​အား​သစ်​လောင်း​တော်​မူ​၏။ က​တိ​တော်​ရှိ​တော်​မူ​သည့်​အ​တိုင်း​လမ်း​မှန်​သို့ ပို့​ဆောင်​တော်​မူ​၏။
4 For though I should walk in the midst of the shadow of death, I will fear no evils, for thou art with me. Thy rod and thy staff, they have comforted me.
အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​အ​မှောင်​ဆုံး ချိုင့်​ဝှမ်း​ကို ဖြတ်​၍​ပင်​သွား​ရ​စေ​ကာ​မူ​မ​ကြောက်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ကြောင့် ဖြစ်​ပါ​၏။
5 Thou hast prepared a table before me against them that afflict me. Thou hast anointed my head with oil; and my chalice which inebriateth me, how goodly is it!
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အ​တွက် ရန်​သူ​အ​ပေါင်း​တို့​၏​ရှေ့​မှောက်​တွင်​စား​ပွဲ​ကို တည်​ခင်း​တော်​မူ​ပါ​၏။ ဧည့်​သည်​တော်​အ​ဖြစ်​ကျွန်​တော်​မျိုး​၏​ဦး​ခေါင်း​ကို ဆီ​လောင်း​၍​ကြို​ဆို​တော်​မူ​၏။ ကျွန်​တော်​မျိုး​၏​ခွက်​ဖ​လား​ကို​လည်း ပြည့်​လျှံ​အောင်​ဖြည့်​တော်​မူ​ပါ​၏။
6 And thy mercy will follow me all the days of my life. And that I may dwell in the house of the Lord unto length of days.
ဧ​ကန်​မု​ချ​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ၏ ကျေး​ဇူး​နှင့်​က​ရု​ဏာ​တော်​ကို​တစ်​သက်​လုံး ခံ​စား​၍ ကိုယ်​တော်​ရှင်​၏​အိမ်​တော်​မှာ​အ​သက်​ရှင်​သ​မျှ ကာ​လ​ပတ်​လုံး​နေ​ရ​ပါ​လိမ့်​မည်။

< Psalms 23 >