< Psalms 17 >

1 The prayer of David. Hear, O Lord, my justice: attend to my supplication. Give ear unto my prayer, which proceedeth not from deceitful lips.
အို ထာ​ဝ​ရ​ဘု​ရား၊ တ​ရား​မျှ​တ​မှု​ရ​ရန်​အ​တွက်​ကျွန်​တော်​မျိုး ပန်​ကြား​သည်​ကို​နား​ထောင်​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ဂ​ရု​ပြု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ရိုး​ဖြောင့်​စွာ တောင်း​လျှောက်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။
2 Let my judgment come forth from thy countenance: let thy eyes behold the things that are equitable.
ကိုယ်​တော်​သည်​အ​မှန်​တ​ရား​ကို​သိ​မြင်​တော် မူ​သ​ဖြင့် ကျွန်​တော်​မျိုး​၏​အ​ကျိုး​ကို​ထောက်​၍ တ​ရား​စီ​ရင်​တော်​မူ​ပါ။
3 Thou hast proved my heart, and visited it by night, thou hast tried me by fire: and iniquity hath not been found in me.
ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကို သိ​တော်​မူ​ပါ​၏။ ညဥ့်​အ​ခါ​၌​ကျွန်​တော်​မျိုး​ထံ​သို့​ကြွ​လာ​၍ ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကို​သေ​ချာ​စွာ စစ်​ဆေး​ကြည့်​တော်​မူ​သော​အ​ခါ ဆိုး​ယုတ်​သော​အ​ကြံ​အ​စည်​ကို​တွေ့​ရှိ​တော် မ​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​အ​ခြား​သူ​တို့​ကဲ့​သို့ ညစ်​ညမ်း​သည့် စ​ကား​ကို​မ​ပြော​မ​ဆို​ပါ။ ကိုယ်​တော်​၏​ပ​ညတ်​တော်​ကို​လိုက်​လျှောက်​ပါ​၏။ အ​ဋ္ဌမ္မ​လမ်း​စဉ်​ကို​မ​လိုက်​မ​လျှောက်​ခဲ့​ပါ။
4 That my mouth may not speak the works of men: for the sake of the words of thy lips, I have kept hard ways.
5 Perfect thou my goings in thy paths: that my footsteps be not moved.
ကိုယ်​တော်​၏​လမ်း​စဉ်​ကို​သာ​လိုက်​လျှောက်​ခဲ့​ပါ​၏။ ထို​လမ်း​စဉ်​မှ​မ​တိမ်း​မ​စောင်း​ခဲ့​ပါ။
6 I have cried to thee, for thou, O God, hast heard me: O incline thy ear unto me, and hear my words.
အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​နား​ညောင်း​တော်​မူ တတ်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ဆု​တောင်း​ပတ္ထ​နာပြု​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ဘက်​သို့​လှည့်​တော်​မူ​၍ ကျွန်​တော်​မျိုး​၏​ပတ္ထ​နာ​စ​ကား​များ​ကို နား​ထောင်​တော်​မူ​ပါ။
7 Shew forth thy wonderful mercies; thou who savest them that trust in thee.
ကိုယ်​တော်​၏​အံ့​သြ​ဖွယ်​မေတ္တာ​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​ကို​ကယ်​တင်​တော်​မူ​ပါ။ ကိုယ်​တော်​၏​ထံ​တော်​ပါး​တွင်​ကျွန်​တော်​မျိုး​သည် ရန်​သူ​များ​၏​ဘေး​မှ​ကင်း​လွတ်​လုံ​ခြုံ​ခွင့် ရ​ရှိ​ပါ​၏။
8 From them that resist thy right hand keep me, as the apple of thy eye. Protect me under the shadow of thy wings.
ကိုယ်​တော်​၏​မျက်​ဆန်​တော်​ကဲ့​သို့​ကျွန်​တော်​မျိုး​ကို စောင့်​ရှောက်​တော်​မူ​ပါ။ သူ​ယုတ်​မာ​တို့​၏​တိုက်​ခိုက်​မှု​မှ​ကျွန်​တော်​မျိုး​ကို ကိုယ်​တော်​၏​အ​တောင်​တော်​ရိပ်​အောက်​၌ ဖုံး​အုပ်​တော်​မူ​ပါ။ အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​သော​ရန်​သူ​များ သည် ကျွန်​တော်​မျိုး​ကို​ဝိုင်း​ရံ​လျက်​နေ​ကြ​ပါ​၏။
9 From the face of the wicked who have afflicted me. My enemies have surrounded my soul:
10 They have shut up their fat: their mouth hath spoken proudly.
၁၀သူ​တို့​သည်​သ​နား​ကြင်​နာ​စိတ်​ကင်း​မဲ့​လျက် မာန်​မာ​န​ထောင်​လွှား​၍​ပြော​ဆို​နေ​ကြ​ပါ​၏။
11 They have cast me forth and now they have surrounded me: they have set their eyes bowing down to the earth.
၁၁သူ​တို့​သည်​ကျွန်​တော်​မျိုး​သွား​လေ​ရာ​တွင် ကျွန်​တော်​မျိုး​အား​အ​လဲ​ထိုး​ရန် စောင့်​မျှော်​ဝိုင်း​ရံ​လျက်​နေ​ကြ​ပါ​၏။
12 They have taken me, as a lion prepared for the prey; and as a young lion dwelling in secret places.
၁၂သူ​တို့​သည်​ခြင်္သေ့​များ​ကဲ့​သို့​ကျွန်​တော်​မျိုး​အား အ​ပိုင်း​ပိုင်း​ဆုတ်​ဖြဲ​လို​ကြ​၍​ကျွန်​တော်​မျိုး​ကို ချောင်း​မြောင်း​နေ​ကြ​ပါ​၏။
13 Arise, O Lord, disappoint him and supplant him; deliver my soul from the wicked one: thy sword
၁၃အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​ကို​တွန်း​လှန် ဖြို​ခွင်း​တော်​မူ​ပါ။ ကိုယ်​တော်​ဋ္ဌား​တော်​ဖြင့်​သူ​ယုတ်​မာ​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။
14 From the enemies of thy hand. O Lord, divide them from the few of the earth in their life: their belly is filled from thy hidden stores. They are full of children: and they have left to their little ones the rest of their substance.
၁၄ဤ​ဘ​ဝ​တွင်​အလို​ဆန္ဒ​ရှိ​သ​မျှ​အ​တိုင်း ပြည့်​ဝ​ကြ​သူ​တို့​၏​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ သူ​တို့​အ​တွက်​ကိုယ်​တော်​သို​မှီး​ထား​သည့် ဆင်း​ရဲ​ဒုက္ခ​များ​အား​ဖြင့် သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကို​သူ​တို့​၏ သား​သ​မီး​များ​သည်​သာ​မ​က သူ​တို့​၏​မြေး​မြစ်​များ​သည်​လည်း ခံ​စား​ရ​စေ​တော်​မူ​ပါ။
15 But as for me, I will appear before thy sight in justice: I shall be satisfied when thy glory shall appear.
၁၅ကျွန်​တော်​မျိုး​သည်​အ​ပြစ်​မ​ကူး​လွန်​ခဲ့​သ​ဖြင့် ကိုယ်​တော်​ရှင်​ကို​ဖူး​မြင်​ရ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အိပ်​ရာ​မှ​နိုး​ထ​သော​အ​ခါ​၌ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော် မူ​သ​ဖြင့် ရွှင်​လန်း​ဝမ်း​မြောက်​ရ​ပါ​လိမ့်​မည်။

< Psalms 17 >