< Psalms 123 >
1 To thee have I lifted up my eyes, who dwellest in heaven.
၁ကောင်းကင်ဘုံ၌ ကျိန်းဝပ်တော် မူသောဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် မျှော်ကြည့်ပါ၏။
2 Behold as the eyes of the servants are on the hands of their masters, As the eyes of the handmaid are on the hands of her mistress: so are our eyes unto the Lord our God, until he have mercy on us.
၂ကျွန်တို့သည် သခင်လက်ကို၎င်း၊ ကျွန်မတို့သည် သခင်မလက်ကို၎င်း မျှော်ကြည့်သည်နည်းတူ၊ အကျွန်ုပ်တို့ သည် ကယ်မသနားတော်မူခြင်းကျေးဇူးကို မခံမှီတိုင် အောင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားကို မျှော်ကြည့်လျက်နေကြပါ၏။
3 Have mercy on us, O Lord, have mercy on us: for we are greatly filled with contempt.
၃အို ထာဝရဘုရား၊ ကယ်မသနားတော်မူပါ။ အကျွန်ုပ်တို့သည် အလွန်အရှက်ကွဲခြင်းကိုခံရပါသည် ဖြစ်၍၊ ကယ်မသနားတော်မူပါ။
4 For our soul is greatly filled: we are a reproach to the rich, and contempt to the proud.
၄မထီမဲ့မြင်ပြုသော သူတို့၏ ကဲ့ရဲ့ခြင်းကို၎င်း၊ မာနကြီးသော သူတို့၏ အရှက်ခွဲခြင်းကို၎င်း၊ အကျွန်ုပ်တို့ ၏ ဝိညာဉ်သည် အလွန်ခံရပါ၏။