< Proverbs 29 >
1 The man that with a stiff neck despiseth him that reproveth him, shall suddenly be destroyed: and health shall not follow him.
၁အထပ်ထပ်ဆုံးမ ခြင်းကိုခံ သော်လည်း၊ မိမိ လည်ပင်း ကို ခိုင်မာ စေသောသူ သည် ကိုးကွယ် ရာမ ရ၊ ရုတ်တရက် ပျက်စီး လိမ့်မည်။
2 When just men increase, the people shall rejoice: when the wicked shall bear rule, the people shall mourn.
၂ဖြောင့်မတ် သောသူတို့သည် အခွင့် ရသောအခါ ၊ ပြည်သူ ပြည်သားတို့သည် ဝမ်းမြောက် တတ်ကြ၏။ မ တရားသောသူတို့သည် အုပ်စိုး သောအခါ မူကား ၊ ပြည်သူ ပြည်သားတို့သည် ဝမ်းနည်း တတ်ကြ၏။
3 A man that loveth wisdom, rejoiceth his father: but he that maintaineth bar lots, shall squander away his substance.
၃ပညာ တရားကို နှစ်သက် သောသူ သည် မိမိ အဘ ကို ဝမ်းမြောက် စေ၏။ ပြည်တန်ဆာ တို့နှင့် ပေါင်းဘော် သောသူမူကား ၊ ဥစ္စာ ပြုန်းတီး တတ်၏။
4 A just king setteth up the land: a covetous man shall destroy it.
၄တရား သဖြင့် စီရင်သောရှင် ဘုရင်သည် တိုင်းပြည် ကို တည် စေတတ်၏။ တံစိုး စားသော ရှင် ဘုရင်မူကား ၊ တိုင်းပြည် ကို မှောက်လှန် တတ်၏။
5 A man that speaketh to his friend with flattering and dissembling words, spreadeth a net for his feet.
၅အိမ်နီးချင်း ကို ချော့မော့ သောသူ သည် အိမ်နီးချင်း သွား ရာလမ်း၌ ကွန်ရွက် ကို ဖြန့် ထား၏။
6 A snare shall entangle the wicked man when he sinneth: and the just shall praise and rejoice.
၆အဓမ္မ လူ ပြစ်မှား ရာ၌ ကျော့ကွင်း ထောင်လျက် ရှိ၏။ ဖြောင့်မတ် သောသူမူကား ၊ ရွှင်လန်း စွာ သီချင်း ဆိုတတ်၏။
7 The just taketh notice of the cause of the poor: the wicked is void of knowledge.
၇ဖြောင့်မတ် သောသူသည် ဆင်းရဲသား အမှု ကို ဆင်ခြင် တတ်၏။ မ တရားသောသူမူကား၊ ထိုအမှုကို ပမာဏ မပြုတတ်။
8 Corrupt men bring a city to ruin: but wise men turn away wrath.
၈မထီမဲ့မြင် ပြုသောသူ တို့ သည် မြို့ ကို မီးရှို့ တတ် ၏။ ပညာရှိ သောသူတို့ မူကား ၊ ဒေါသအမျက် ကို လွှဲ တတ် ၏။
9 If a wise man contend with a fool, whether he be angry or laugh, he shall find no rest.
၉ပညာရှိ သောသူ သည် မိုက် သောသူ နှင့် အမှု တွေ့လျှင် ၊ စိတ်ဆိုး သည်ဖြစ်စေ ၊ ပြုံးရယ် သည်ဖြစ်စေ ၊ အားရ စရာအကြောင်းမ ရှိ။
10 Bloodthirsty men hate the upright: but just men seek his soul.
၁၀လူ အသက်ကိုသတ် တတ်သောသူတို့သည် စုံလင် သောသူကို မုန်း တတ်ကြ၏။ ဖြောင့်မတ် သောသူတို့ မူကား ၊ သူတပါး အသက် ကို စောင့်မ တတ်ကြ၏။
11 A fool uttereth all his mind: a wise man deferreth, and keepeth it till afterwards.
၁၁မိုက် သောသူသည် မိမိ ကြံစည် သမျှ ကို ဘော်ပြ တတ်၏။ ပညာ ရှိသောသူမူကား ၊ အဆင် မသင့်မှီ ထိမ်ဝှက် တတ်၏။
12 A prince that gladly heareth lying words, hath all his servants wicked.
၁၂မင်း သည်မုသာ စကား ကို နားထောင် လျှင်၊ ကျွန် အပေါင်း တို့သည် လူဆိုး ဖြစ်ကြလိမ့်မည်။
13 The poor man and the creditor have met one another: the Lord is the enlightener of them both.
၁၃ဆင်းရဲ သောသူနှင့် ညှဉ်းဆဲ သောသူ တို့သည် တွေ့ကြုံ ကြပြီ။ ထာဝရဘုရား သည် ထို နှစ်ဦး တို့အား အလင်း ကိုပေး သနားတော်မူ၏။
14 The king that judgeth the poor in truth, his throne shall be established for ever.
၁၄ဆင်းရဲသား တို့ကို တရား သဖြင့် စီရင် သော ရှင်ဘုရင် ၏အာဏာ တော်သည် အစဉ်အမြဲ တည် တတ်၏။
15 The rod and reproof give wisdom: but the child that is left to his own will bringeth his mother to shame.
၁၅ကြိမ်လုံး နှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမ ခြင်းအားဖြင့် ပညာ တိုးပွါး တတ်၏။ တတ် တိုင်းနေစေသော သူငယ် သည် အမိ ကို အရှက်ခွဲ တတ်၏။
16 When the wicked are multiplied, crimes shall be multiplied: but the just shall see their downfall.
၁၆မ တရားသောသူတို့သည် များပြား သောအခါ ၊ လွန်ကျူး ခြင်းအပြစ်တိုးပွား တတ်၏။ သို့ရာတွင် ၊ သူ တို့ ပျက်စီး ခြင်းကို ဖြောင့်မတ် သောသူတို့သည် မြင် ရကြ၏။
17 Instruct thy son, and he shall refresh thee, and shall give delight to thy soul.
၁၇သင် ၏သား ကို ဆုံးမ လော့။ သို့ပြုလျှင် သူသည် သင့် ကို ချမ်းသာ ပေးမည်။ ထိုမျှ မက စိတ် ရွှင်လန်း စရာ အခွင့်ကို ပေး မည်။
18 When prophecy shall fail, the people shall be scattered abroad: but he that keepeth the law is blessed.
၁၈ဗျာဒိတ် တော်မ ရှိလျှင် ၊ လူ တို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရား တော်ကို စောင့် သောသူမူကား မင်္ဂလာ ရှိ ၏။
19 A slave will not be corrected by words: because he understandeth what thou sayest, and will not answer.
၁၉စကား အားဖြင့် သာ ကျွန် ကို ဆုံးမ ၍ မ နိုင်ရာ။ သူသည်နားလည် သော်လည်း ၊ နား မ ထောင်ဘဲ နေလိမ့်မည်။
20 Hast thou seen a man hasty to speak? folly is rather to be looked for, than his amendment.
၂၀သတိ မရှိဘဲစကား များသော သူရှိ လျှင်၊ ထိုသူ ၌ မြော်လင့် စရာအခွင့်ရှိသည်ထက်၊ မိုက် သောသူ၌ သာ၍ မြော်လင့်စရာ အခွင့်ရှိ၏။
21 He that nourisheth his servant delicately from his childhood, afterwards shall find him stubborn.
၂၁ကျွန် သည်ငယ် သော အရွယ်မှစ၍ ပျော်ပါး အောင် ကျွေးမွေးခြင်းကိုခံရလျှင် ၊ နောက်ဆုံး ၌ သား အရာကို ရ လိမ့်မည်။
22 A passionate man provoketh quarrels: and he that is easily stirred up to wrath, shall be more prone to sin.
၂၂စိတ်ဆိုး တတ်သောသူ သည် ခိုက်ရန် မှုကို နှိုးဆော် တတ်၏။ ပြင်းထန် သောသူ သည်လည်း ၊ အလွန်အကျူး များ တတ်၏။
23 Humiliation followeth the proud: and glory shall uphold the humble of spirit.
၂၃မိမိ မာန သည် မိမိ ကိုနှိမ့်ချ လိမ့်မည်။ စိတ် နှိမ့်ချ သောသူမူကား ၊ ဂုဏ် အသရေကိုရ လိမ့်မည်။
24 He that is partaker with a thief, hateth his own soul: he heareth one putting him to his oath, and discovereth not.
၂၄သူခိုး ကို လက်ခံ သောသူသည် မိမိ အသက် ကိုမုန်း တတ်၏။ ကျိန်ဆို ခြင်းကိုပြု သော်လည်း ၊ အမှုကိုမ ဘော် မပြတတ်။
25 He that feareth man, shall quickly fall: he that trusteth in the Lord, shall be set on high.
၂၅လူ ကိုကြောက်ရွံ့ ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရား ကို ခိုလှုံ သောသူမူကား လုံခြုံလိမ့်မည်။
26 Many seek the face of the prince: but the judgment of every one cometh forth from the Lord.
၂၆မင်း ပြုသောကျေးဇူး ကိုများ သောသူတို့သည် ကြိုးစား၍ ရှာ တတ်ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူတို့ ၏အမှုကို ထာဝရဘုရား စီရင် တော်မူ၏။
27 The just abhor the wicked man: and the wicked loathe them that are in the right way. The son that keepeth the word, shall be free from destruction.
၂၇တရား သောသူသည် မ တရားသောသူ ကို၎င်း၊ မ တရားသောသူသည်တရား သဖြင့် ကျင့် သောသူကို၎င်း၊ စက်ဆုပ် ရွံရှာတတ်၏။