< Numbers 26 >

1 After the blood of the guilty was shed, the Lord said to Moses and to Eleazar the son of Aaron, the priest:
ထိုဘေး ငြိမ်းသောနောက် ၊ ထာဝရဘုရား က၊
2 Number the whole sum of the children of Israel from twenty years old and upward, by their houses and kindreds, all that are able to go forth to war.
အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ကို၊ ဘိုးဘ အဆွေအမျိုး အလိုက် စာရင်းယူ ကြလော့ဟု မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့အား မိန့် တော်မူသည် အတိုင်း၊
3 Moses therefore and Eleazar the priest, being in the plains of Moab upon the Jordan over against Jericho, spoke to them that were
သူတို့သည် မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့တဘက်၌၊
4 From twenty years old and upward, as the Lord had commanded: and this is the number of them:
အသက် နှစ်ဆယ် လွန် သောသူတို့ကို စာရင်းယူရ မည်အကြောင်းဆင့်ဆို ကြ၏။
5 Ruben the firstborn of Israel. His sons were Henoch, of whom is the family of the Henochites: and Phallu, of whom is the family of the Phalluites:
အဲဂုတ္တု ပြည် မှ ထွက်လာ သောဣသရေလ အမျိုးသား တို့တွင်၊ ဣသရေလ ၏ သားဦး ရုဗင် ၏သား ဟူမူကား ဟာနုတ် မှဆင်းသက်သော ဟောနောခိ အဆွေအမျိုး ၊ ဖါလု မှ ဆင်းသက်သော ဖာလွိ အဆွေအမျိုး၊
6 And Hesron, of whom is the family of the Hesronites: and Charmi, of whom is the family of the Charmites.
ဟေဇရုံ မှ ဆင်းသက်သော ဟေဇရောနိ အဆွေအမျိုး ၊ ကာမိ မှ ဆင်းသက်သော ကာမိတ် အဆွေအမျိုး တည်း။
7 These are the families of the stock of Ruben: whose number was found to be forty-three thousand seven hundred and thirty.
ဤ သူတို့သည် ရုဗင် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ လေးသောင်း သုံးထောင်ခုနစ်ရာသုံးဆယ်ရှိသတည်း။
8 The son of Phallu was Eliab.
ဖာလု ၏သား ဧလျာဘ ၊ ဧလျာဘ ၏သား နေမွေလ ၊ ဒါသန် ၊ အဘိရံ တည်း။
9 His sons, were Namuel and Dathan and Abiron. These are Dathan and Abiron the princes of the people, that rose against Moses and Aaron in the sedition of Core, when they rebelled against the Lord:
ဤ ဒါသန် ၊ အဘိရံ တို့သည် အခြားမဟုတ်၊ ကောရ အပေါင်းအသင်း သည် ထာဝရဘုရား နှင့် ဆန့်ကျင်ဘက် ပြုသောအခါ ၊ ပရိသတ် ၌ ကျော်စော ၍ မောရှေ နှင့် အာရုန် ကို ဆန့်ကျင်ဘက် ပြုသော ဒါသန်၊ အဘိရံ ဖြစ်ကြ၏။
10 And the earth opening her mouth swallowed up Core, many others dying, when the fire burned two hundred and fifty men. And there was a great miracle wrought,
၁၀မြေကြီး သည် မိမိ ခံတွင်း ကိုဖွင့် ၍ သူ တို့ကို၎င်း ၊ ကောရ ကို၎င်း မျို သဖြင့် ၊ ထိုအပေါင်းအသင်း ဝင်သူတို့ သည် သေ ကြ၏။ မီး သည် လည်း လူနှစ်ရာ ငါးဆယ် တို့ကို အသက် ဆုံးစေ၏။ ထိုသူတို့သည် သတိပေး သော သက်သေဖြစ် သတည်း။
11 That when Core perished, his sons did not perish.
၁၁သို့ရာတွင် ကောရ ၏ သားသမီး တို့သည် သေ ဘေးနှင့် လွတ်ကြ၏။
12 The sons of Simeon by their kindreds: Namuel, of him is the family of the Namuelites: Jamin, of him is the family of the Jaminites: Jachin, of him is the family of the Jachinites:
၁၂ဘိုးဘအဆွေအမျိုး အလိုက် ရှိမောင် ၏သား ဟူမူကား၊ ယေမွေလ မှ ဆင်းသက်သော ယေမွေလိ အဆွေအမျိုး ၊ ယာမိန် မှ ဆင်းသက်သော ယာမိနိ အဆွေအမျိုး ၊ ယာခိန် မှ ဆင်းသက်သော ယာခိနိ အဆွေအမျိုး၊
13 Zare, of him is the family of the Zarites: Saul, of him is the family of the Saulites.
၁၃ဇေရ မှ ဆင်းသက်သောဇေရဟိ အဆွေအမျိုး ၊ ရှောလ မှ ဆင်းသက်သော ရှောလိ အဆွေအမျိုး တည်း။
14 These are the families of the stock of Simeon, of which the whole number was twenty-two thousand two hundred.
၁၄ဤ သူတို့သည် ရှိမောင် အဆွေအမျိုး ဖြစ်၍လူပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာရှိသတည်း။
15 The sons of Gad by their kindreds: Sephon, of hin; Is the family of the Sephonites: Aggi, of him is the family of the Aggites: Suni, of him is the family of the Sunites:
၁၅ဘိုးဘအဆွေအမျိုး အလိုက် ဂဒ် ၏သား ဟူမူကား၊ ဇေဖုန် မှ ဆင်းသက်သော ဇေဖေါနိ အဆွေအမျိုး ၊ ဟဂ္ဂိ မှ ဆင်းသက်သော ဟဂ္ဂိတ် အဆွေအမျိုး ၊ ရှုနိ မှ ဆင်းသက်သော ရှုနိတ် အဆွေအမျိုး၊
16 Ozni, of him is the family of the Oznites: Her, of him is the family of the Herites:
၁၆ဩဇနိ မှ ဆင်းသက်သော ဩဇနိတ် အဆွေအမျိုး ၊ ဧရိ မှ ဆင်းသက်သော ဧရိတ် အဆွေအမျိုး၊
17 Arod, of him is the family of the Arodites: Ariel, of him is the family of the Arielites.
၁၇အာရုဒ် မှ ဆင်းသက်သော အာရောဒိ အဆွေအမျိုး ၊ အရေလိ မှ ဆင်းသက်သော အရေလိတ် အဆွေအမျိုး တည်း။
18 These are the families of Gad, of which the whole number was forty thousand five hundred.
၁၈ဤ သူတို့သည်ဂဒ် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင် သော လူပေါင်းကား၊ လေးသောင်း ငါး ရာ ရှိသတည်း။
19 The sons of Juda, Her and Onan, who both died in the land of Chanaan.
၁၉ယုဒ ၏သား ဟူမူကား၊ ခါနာန် ပြည် ၌ သေ သော ဧရ နှင့် ဩနန် အစရှိသော၊
20 And the sons of Juda by their kindreds were: Sela, of whom is the family of the Selaites: Phares, of whom is the family of the Pharesites: Zare, of whom is the family of the Zarites.
၂၀ဘိုးဘအဆွေအမျိုး အလိုက် ၊ ရှေလ မှ ဆင်းသက်သော ရှေလနိ အဆွေအမျိုး ၊ ဖါရဇ် မှ ဆင်းသက်သော ဖါရဇိ အဆွေအမျိုး ၊ ဇေရ မှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုး တည်း။
21 Moreover the sons of Phares were: Hesron, of whom is the family of the Hesronites: and Hamul, of whom is the family of the Hamulites.
၂၁ဖါရဇ် ၏သား ၊ ဟေဇရုံ မှ ဆင်းသက်သော ဟေဇရောနိ အဆွေအမျိုး ၊ ဟာမုလ မှ ဆင်းသက်သော ဟာမုလိ အဆွေအမျိုး တည်း။
22 These are the families of Juda, of which the whole number was seventy-six thousand five hundred.
၂၂ဤ သူတို့သည် ယုဒ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခုနစ်သောင်း ခြောက်ထောင်ငါးရာရှိသတည်း။
23 The sons of Issachar, by their kindreds: Thola, of whom is the family of the Tholaites: Phua, of whom is the family of the Phuaites:
၂၃ဘိုးဘအဆွေအမျိုး အလိုက် ဣသခါ ၏သား ဟူမူကား၊ တောလ မှဆင်းသက်သော တောလိ အဆွေအမျိုး ၊ ဖုဝါ မှ ဆင်းသက်သော ဖုဝနိ အဆွေအမျိုး၊
24 Jasub, of whom is the family of the Jasubites: Semran, of whom is the family of the Semranites.
၂၄ယာရှုပ် မှ ဆင်းသက်သော ယာရှုဘိ အဆွေအမျိုး ၊ ရှိမရုန် မှ ဆင်းသက်သော ရှိမရောနိ အဆွေအမျိုး တည်း။
25 These are the kindreds of Issachar, whose number was sixty-four thousand three hundred.
၂၅ဤ သူတို့သည် ဣသခါ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခြောက်သောင်း လေးထောင်သုံးရာရှိသတည်း။
26 The sons of Zabulon by their kindreds: Sared, of whom is the family of the Saredites: Elon, of whom is the family of the Elonites: Jalel, of whom is the family of the Jalelites.
၂၆ဘိုးဘအဆွေအမျိုး အလိုက် ဇာဗုလုန် ၏သား ဟူမူကား၊ သရက် မှ ဆင်းသက်သော သရဒိ အဆွေအမျိုး ၊ ဧလုန် မှ ဆင်းသက်သော ဧလောနိ အဆွေအမျိုး ၊ ယာလေလ မှဆင်းသက်သော ယာလေလိ အဆွေအမျိုးတည်း။
27 These are the kindreds of Zabulon, whose number was sixty thousand five hundred.
၂၇ဤ သူတို့သည် ဇာဗုလုန် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခြောက်သောင်း ငါးရာရှိသတည်း။
28 The sons of Joseph by their kindred, Manasses and Ephraim.
၂၈ဘိုးဘအဆွေအမျိုး အလိုက် ယောသပ် ၏သား မနာရှေ နှင့် ဧဖရိမ် တို့တွင်၊
29 Of Manasses was born Machir, of whom is the family of the Machirites. Machir beget Galaad, of whom is the family of the Galaadites.
၂၉မနာရှေ ၏သား ဟူမူကား၊ မာခိရ မှ ဆင်းသက်သော မာခိရိ အဆွေအမျိုး၊
30 Galaad had sons: Jezer, of whom is the family of the Jezerites: and Helec, of whom is the family of the Helecites:
၃၀ယေဇေရ မှဆင်းသက်သော ယေဇေရိ အဆွေအမျိုး ၊ ဟေလက် မှ ဆင်းသက်သော ဟေလကိ အဆွေအမျိုး၊
31 And Asriel, of whom is the family of the Asrielites: and Sechem, of whom is the family of the Sechemites:
၃၁အသရေလ မှဆင်းသက်သော အာသရေလိ အဆွေအမျိုး ၊ ရှေခင် မှ ဆင်းသက်သော ရှေခေမိ အဆွေအမျိုး၊
32 And Semida, of whom is the family of the Semidaites: and Hepher, of whom is the family of the Hepherites.
၃၂ရှမိဒ မှ ဆင်းသက်သော ရှမိဒိ အဆွေအမျိုး ၊ ဟေဖါ မှဆင်းသက်သော ဟေဖေရိ အဆွေအမျိုး တည်း။ မာခိရ၏သားဂိလဒ်မှ ဆင်းသက်သော ဂိလဒိအဆွေအမျိုးတည်း။
33 And Hepher was the father of Salphaad, who had no sons, but only daughters, whose names are these: Maala, and Noa, and Hegla, and Melcha, and Thersa.
၃၃ဟေဖါ ၏သား ဇလောဖဒ် ၌ကား၊ သား ယောက်ျားမ ရှိ ၊ သမီး သက်သက်သာ ရှိ၏။ ဇလောဖဒ် ၏ သမီး တို့ အမည် ကား၊ မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာ တည်း။
34 These are the families of Manasses, and the number of them fifty-two thousand seven hundred.
၃၄ဤ သူတို့သည် မနာရှေ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ငါးသောင်း နှစ်ထောင်ခုနစ်ရာရှိသတည်း။
35 And the sons of Ephraim by their kindreds were these: Suthala, of whom is the family of the Suthalaites: Becher, of whom is the family of the Becherites: Thehen, of whom is the family of the Thehenites.
၃၅ဘိုးဘအဆွေအမျိုး အလိုက် ဧဖရိမ် ၏သား ဟူမူကား ၊ ရှုသလ မှ ဆင်းသက်သော ရှုသလိ အဆွေအမျိုး ၊ ဗေခါ မှ ဆင်းသက်သော ဗေခရိ အဆွေအမျိုး ၊ တာဟန် မှ ဆင်းသက်သော တာဟနိ အဆွေအမျိုး တည်း။
36 Now the son of Suthala was Heran, of whom is the family of the Heranites.
၃၆ရှုသေလ ၏သား ဧရန် မှ ဆင်းသက်သော ဧရနိ အဆွေအမျိုး တည်း။
37 These are the kindreds of the sons of Ephraim: whose number was thirty-two thousand five hundred.
၃၇ဤ သူတို့သည် ဧဖရိမ် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ သုံးသောင်း နှစ်ထောင်ငါးရာရှိသတည်း။ ဤ သူတို့သည် ဘိုးဘအဆွေအမျိုး အလိုက် ယောသပ် ၏သားစဉ်မြေးဆက် ဖြစ်သတည်း။
38 These are the sons of Joseph by their families. The sons of Benjamin in their kindreds: Bela, of whom is the family of the Belaites: Asbel, of whom is the family of the Asbelites: Ahiram, of whom is the family of the Ahiramites:
၃၈ဘိုးဘအဆွေအမျိုး အလိုက် ဗင်္ယာမိန် ၏သား ဟူမူကား၊ ဗေလ မှ ဆင်းသက်သော ဗေလိအဆွေအမျိုး၊ အာရှဗေလ မှ ဆင်းသက်သော အာရှဗေလိ အဆွေအမျိုး ၊ အဟိရံ မှ ဆင်းသက်သော အဟိရမိ အဆွေအမျိုး။
39 Supham, of whom is the family of the Suphamites: Hupham, of whom is the family of the Huphamites.
၃၉ရှုဖံ မှ ဆင်းသက်သော ရှုဖမိ အဆွေအမျိုး ၊ ဟုဖံ မှ ဆင်းသက်သော ဟုဖမိ အဆွေအမျိုး တည်း။
40 The sons of Bela: Hered, and Noeman. Of Hered, is the family of the Heredites: of Noeman, the family of tile Noemanites.
၄၀ဗေလ သား အာရဒ မှဆင်းသက်သော အာရဒိ အဆွေအမျိုး ၊ နေမန် မှ ဆင်းသက်သော နေမနိ အဆွေအမျိုး တည်း။
41 These are the sons of Benjamin by their kindreds, whose number was forty-five thousand six hundred.
၄၁ဤ သူတို့သည် ဗင်္ယာမိန် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား လေးသောင်း ငါးထောင်ခြောက်ရာရှိသတည်း။
42 The sons of Dan by their kindreds: Suham, of whom is the family of the Suhamites: These are the kindreds of Dan by their families.
၄၂ဘိုးဘအဆွေအမျိုး အလိုက် ဒန် ၏သား ဟူမူကား ၊ ရှုဟံ မှ ဆင်းသက်သောရှုဟမိ အဆွေအမျိုး တည်း။ ဤ သူတို့သည် ဒန် အဆွေအမျိုး ဖြစ်၍၊
43 All were Suhamites, whose number was sixty-four thousand four hundred.
၄၃စာရင်း ဝင်သော ရှုဟမိ လူပေါင်း ကား၊ ခြောက်သောင်း လေးထောင်လေးရာရှိသတည်း။
44 The sons of Aser by their kindreds: Jemna, of whom is the family of the Jemnaites: Jessui, of whom is the family of the Jessuites: Brie, of whom is the family of the Brieites.
၄၄ဘိုးဘအဆွေအမျိုး အလိုက် အာရှာ ၏သား ဟူမူကား၊ ယိမန မှ ဆင်းသက်သော ယိမနိ အဆွေအမျိုး ၊ ယေသဝိ မှ ဆင်းသက်သော ယေသဝိတ် အဆွေအမျိုး ၊ ဗေရိ မှဆင်းသက်သော ဗေရိတ် အဆွေအမျိုး တည်း။
45 The sons of Brie: Heber, of whom is the family of the Heberites: and Melchiel, of whom is the family of the Melchielites.
၄၅ဗေရိ ၏သား ဟေဗေရ မှ ဆင်းသက်သော ဟေဗေရိ အဆွေအမျိုး ၊ မာလချေလ မှ ဆင်းသက်သော မာလချေလိ အဆွေအမျိုး တည်း။
46 And the name of the daughter of Aser, was Sara.
၄၆အာရှာ ၏ သမီး အမည် ကား၊ စာရာ တည်း။
47 These are the kindreds of the sons of Aser, and their number fifty-three thousand four hundred.
၄၇ဤ သူတို့သည် အာရှာ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ငါးသောင်း သုံးထောင်လေးရာရှိသတည်း။
48 The sons of Nephtali by their kindreds: Jesiel, of whom is the family of the Jesielites: Guni, of whom is the family of the Gunites:
၄၈ဘိုးဘအဆွေအမျိုး အလိုက် နဿလိ ၏သား ဟူမူကား၊ ယာဇေလ မှ ဆင်းသက်သော ယာဇေလိ အဆွေအမျိုး ၊ ဂုနိ မှ ဆင်းသက်သော ဂုနိတ် အဆွေအမျိုး ၊
49 Jeser, of whom is the family of the Jeserites: Sellem, of whom is the family of the Sellemites.
၄၉ယေဇေရ မှ ဆင်းသက်သော ယေဇေရိ အဆွေအမျိုး ၊ ရှိလ္လင် မှ ဆင်းသက်သော ရှိလ္လမိ အဆွေအမျိုး တည်း။
50 These are the kindreds of the sons of Nephtali by their families: whose number was forty-five thousand four hundred.
၅၀ဤ သူတို့သည် နဿလိ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ လေးသောင်း ငါးထောင်လေးရာရှိသတည်း။
51 This is the sum of the children of Israel, that were reckoned up, six hundred and one thousand seven hundred and thirty.
၅၁ထိုသို့ ဣသရေလ အမျိုး ၊ စာရင်း ဝင်သူ လူပေါင်း ကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ်ရှိ သတည်း။
52 And the Lord spoke to Moses, saying:
၅၂ထာဝရဘုရား ကလည်း ၊ ဤ သူတို့အား အရေအတွက် ရှိသည်အတိုင်း၊
53 To these shall the land be divided for their possessions according to the number of names.
၅၃ခါနန်ပြည် ကို ဝေ ရမည်။
54 To the greater number thou shalt give a greater portion, and to the fewer a less: to every one, as they have now been reckoned up, shall a possession be delivered:
၅၄လူများ လျှင်များ သော အမွေ မြေကို၎င်း၊ လူနည်း လျှင် နည်း သော အမွေ မြေကို၎င်း၊ အနည်း အများ အလိုက် အသီးသီး တို့အား အမွေ မြေကို ဝေပေး ရမည်။
55 Yet so that by lot the land be divided to the tribe and families.
၅၅သို့ရာတွင် ထိုပြည် ကို စာရေးတံ ချ၍ ဝေ ရမည်။ ဘိုးဘ အမျိုးအနွယ် အလိုက် အမွေ ခံရကြမည်။
56 Whatsoever shall fall by lot, that shall be taken by the more, or the fewer.
၅၆စာရေးတံ ကျသည်အတိုင်း မြေ ကိုဝေ ၍ အနည်း အများ အလိုက် ပိုင်ရကြမည်ဟု မောရှေ အား မိန့် တော်မူ၏။
57 This also is the number of the sons of Levi by their families: Gerson, of whom is the family of the Gersonites: Caath, of whom is the family of the Caathites: Merari, of whom is the family of the Merarites.
၅၇ဘိုးဘအဆွေအမျိုး အလိုက် စာရင်း ဝင်သော လေဝိ ၏သား ဟူမူကား ၊ ဂေရရှုန် မှ ဆင်းသက်သော ဂေရရှောနိ အဆွေအမျိုး ၊ ကောဟတ် မှ ဆင်းသက်သော ကောဟသိ အဆွေအမျိုး ၊ မေရာရိ မှ ဆင်းသက်သော မေရောရိတ် အဆွေအမျိုး တည်း။
58 These are the families of Levi: The family of Lobni, the family of Hebroni, the family of Moholi, the family of Musi, the family of Core. Now Caath beget Amram:
၅၈ဤသည်လျှင် လေဝိ အဆွေအမျိုး ဖြစ်၍၊ လိဗနိ အဆွေအမျိုး ၊ ဟေဗြောနိ အဆွေအမျိုး ၊ မာလိ အဆွေအမျိုး ၊ မုရှိ အဆွေအမျိုး ၊ ကောရသိ အဆွေအမျိုး ပါသတည်း။ ကောဟတ် ၏ သားကား၊ အာမရံ တည်း။
59 Who had to wife Jochabed the daughter of Levi, who was horn to him in Egypt. She bore to her husband Amram sons, Aaron and Moses, and Mary their sister.
၅၉အာမရံ ၏ မယား ကား၊ အဲဂုတ္တု ပြည်၌ လေဝိ မယား ဘွားမြင် သော လေဝိ ၏ သမီး ယောခေဗက် တည်း။ ထိုမိန်းမသည် အာမရံ ၏ မယားဖြစ်၍၊ အာရုန် ၊ မောရှေ ၊ နှမ မိရိအံ တို့ကို ဘွားမြင် လေ၏။
60 Of Aaron were born Nadab and Abiu, and Eleazar and Ithamar:
၆၀အာရုန် ၏သားကား၊ နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။
61 Of whom Nadab and Abiu died, when they had offered the strange fire before the Lord.
၆၁နာဒပ် နှင့် အဘိဟု တို့သည် ထာဝရဘုရား ရှေ့ တော်၌ ထူးခြား သောမီး ကို ပူဇော် သောအခါ သေ ကြ၏။
62 And all that were numbered, were twenty-three thousand males from one month old and upward: for they were not reckoned up among the children of Israel, neither was a possession given to them with the rest.
၆၂အသက် တလ လွန် ၍ စာရင်း ဝင်သော လေဝိ သား ယောက်ျား ပေါင်း ကား၊ နှစ်သောင်း သုံးထောင်ရှိသတည်း။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့်အတူ အမွေ မ ခံရ သောကြောင့် ၊ ရောနှော၍ စာရင်း မ ဝင်ရကြ။
63 This is the number of the children of Israel, that were enrolled by Moses and Eleazar the priest, in the plains of Moab upon the Jordan, over against Jericho.
၆၃ဤရွေ့ကား ၊ မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့သည်၊ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့တဘက်၌ စာရင်း ယူသော ဣသရေလ အမျိုးသား ပေတည်း။
64 Among whom there was not one of them that were numbered before by Moses and Aaron in the desert of Sinai.
၆၄မောရှေ နှင့် ယဇ်ပုရောဟိတ် အာရုန် တို့သည်၊ သိနာ တော ၌ ဣသရေလ အမျိုးသား တို့ကို စာရင်း ယူ၍၊ ထို စာရင်း၌ ဝင် သောသူ တယောက် မျှ မပါ။
65 For the Lord had foretold that they should die in the wilderness. And none remained of them, but Caleb the son of Jephone, and Josue the son of Nun.
၆၅အကြောင်းမူကား ၊ ထိုသူတို့သည်တော ၌ အမှန် သေ ရကြမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။ ယေဖုန္နာ ၏သား ကာလက် နှင့် နုန် ၏သား ယောရှု မှတပါး ၊ အရင်းလူတယောက် မျှ မကြွင်း မကျန်ရ။

< Numbers 26 >