< Numbers 17 >
1 And the Lord spoke to Moses, saying:
၁တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2 Speak to the children of Israel, and take of every one of them a rod by their kindreds, of all the princes of the tribes, twelve rods, and write the name of every man upon his rod.
၂သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ပြီးမှ ၊ ဘိုး ဘအဆွေအမျိုး အလိုက် ဣသရေလဆယ်နှစ် မျိုး၌ မင်း ပြုသောသူအသီးအသီး ပေးရသောလှံတံ ဆယ် နှစ် ချောင်းတို့ကို ယူ၍၊ လူတိုင်းအမည် ကို သူ့ လှံတံ ပေါ်မှာ ရေး ထားလော့။
3 And the name of Aaron shall be for the tribe of Levi, and one rod shall contain all their families:
၃လေဝိ အမျိုး၏လှံတံ ပေါ်မှာ အာရုန် အမည် ကို ရေး ထားလော့။ ဘိုး ဘအဆွေအမျိုး သူကြီး တဦးလျှင် လှံတံ တ ချောင်းစီရှိရမည်။
4 And thou shalt lay them up in the tabernacle of the covenant before the testimony, where I will speak to thee.
၄ထိုလှံတံတို့ကို ငါဗျာဒိတ် ပေးရာအရပ် ၊ ပရိသတ် စည်းဝေး ရာ တဲ တော်အတွင်း ၊ သက်သေခံ ချက်ရှေ့မှာ တင် ထားလော့။
5 Whomsoever of these I shall choose, his rod shall blossom: and I will make to cease from me the murmurings of the children of Israel, wherewith they murmur against you.
၅ငါရွေးကောက် သောသူ ၏ လှံတံ သည် အပွင့် ပွင့် လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလ အမျိုးသား တို့သည် သင် ၌ အပြစ်တင် ၍ မြည်တမ်းခြင်းကို နောက်တဖန်ငါနား မငြီးရာဟု မိန့် တော်မူသည်အတိုင်း၊
6 And Moses spoke to the children of Israel: and all the princes gave him rods one for every tribe: and there were twelve rods besides the rod of Aaron.
၆မောရှေ သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ၍ ၊ မင်း အပေါင်း တို့သည် ဘိုးဘ အဆွေအမျိုး အလိုက်၊ မင်း တ ဦးလျှင် လှံတံ တချောင်းစီ လှံတံ ဆယ် နှစ် ချောင်းတို့ကိုပေး ကြ၏။ အာရုန် ၏လှံတံ သည် လှံတံ များ ၌ ပါသတည်း။
7 And when Moses had laid them up before the Lord in the tabernacle of the testimony:
၇မောရှေ သည် ထိုလှံတံ တို့ကို သက်သေခံ ချက် တဲ တော်အတွင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တင် ထား လေ၏။
8 He returned on the following day, and found that the rod of Aaron for the house of Levi, was budded: and that the buds swelling it had bloomed blossoms, which spreading the leaves, were formed into almonds.
၈နက်ဖြန် နေ့၌ သက်သေခံ ချက်တဲ တော်အတွင်း သို့ မောရှေ ဝင် သောအခါ ၊ လေဝိ အမျိုးနှင့်ဆိုင်သော အာရုန် ၏လှံတံ သည် အရွက်ထွက် လျက်၊ ငုံ လျက်၊ ပွင့် လျက်၊ ဗာတံ သီးကို သီး လျက်ရှိ၏။
9 Moses therefore brought out all the rods from before the Lord to all the children of Israel: and they saw, and every one received their rods.
၉မောရှေ သည် လှံတံ ရှိသမျှ တို့ကို ထာဝရဘုရား ထံ တော်က ဣသရေလ အမျိုးသား တို့ ရှေ့သို့ ထုတ်ဆောင် သဖြင့် ၊ သူတို့သည် ကြည့်ရှု ၍ ၊ လူ တိုင်း မိမိ လှံတံ ကို ယူ ပြန် လေ၏။
10 And the Lord said to Moses: Carry back the rod of Aaron into the tabernacle of the testimony, that it may be kept there for a token of the rebellious children of Israel, and that their complaints may cease from me lest they die.
၁၀ထာဝရဘုရား ကလည်း ၊ ပုန်ကန် သောသူတို့ တဘက်၌ သက်သေ ဖြစ်စေခြင်းငှါ၊ အာရုန် ၏ လှံတံ ကို သက်သေခံ ချက်ရှေ့၌ ပြန် ထား၍ အမြဲရှိ စေလော့။ ထိုသို့ သူတို့သည် သေ ဘေးနှင့် လွတ် မည်အကြောင်း ၊ သူ တို့ အပြစ်တင် ၍ မြည်တမ်းခြင်းကို ငါနား မငြီးရာဟု၊
11 And Moses did as the Lord had commanded.
၁၁မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် ပြု လေ၏။
12 And the children of Israel said to Moses: Behold we are consumed, we all perish.
၁၂ဣသရေလ အမျိုးသား တို့ကလည်း ၊ အကျွန်ုပ်တို့ သည် သေကြေ ပျက်စီး ကြပါ၏။ တယောက် မျှမကြွင်း ပျက်စီး ရကြပါ၏။
13 Whosoever approacheth to the tabernacle of the Lord, he dieth. Are we all to a man to be utterly destroyed?
၁၃ထာဝရဘုရား ၏ တဲ တော်ကို ချဉ်းကပ် သောသူ တိုင်း သေ ပါလိမ့်မည်။ အကျွန်ုပ်တို့ ရှိသမျှသည် သေ ဘေးသင့်၍ ဆုံးရှုံး ခြင်းသို့ ရောက်ရကြပါဦးမည်လော ဟု မောရှေ အား လျှောက်ဆို ကြ၏။