< Numbers 14 >
1 Wherefore the whole multitude crying wept that night.
၁ထိုအခါ ပရိသတ် အပေါင်း တို့သည် အသံ ကို လွှင့် ၍ မြည်တမ်းသဖြင့် ၊ တညဉ့်လုံး ငိုကြွေး ကြ၏။
2 And all the children of Israel murmured against Moses and Aaron, saying:
၂ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည်၊ မောရှေ နှင့် အာရုန် ကို အပြစ်တင် သော စကားနှင့် မြည်တမ်းလျက် ၊ ငါတို့သည် အဲဂုတ္တု ပြည် ၌ မသေ ပါလေ။ ဤ တော ၌ မသေ ပါလေ။
3 Would God that we had died in Egypt and would God we may die in this vast wilderness, and that the Lord may not bring us into this land, lest we fall by the sword, and our wives and children be led away captives. Is it not better to return into Egypt?
၃ငါတို့သည် ထား ဖြင့် သေ ၍ သား မယား တို့သည် ရန်သူ လက်သို့ ရောက်စေခြင်းငှါ၊ ထာဝရဘုရား သည် အဘယ်ကြောင့် ငါ တို့ကို ဤ အရပ် သို့ ဆောင် ခဲ့တော်မူသနည်း။ အဲဂုတ္တု ပြည်သို့ ပြန် ကောင်း သည်မ ဟုတ်လော ဟု မောရှေနှင့် အာရုန်အားဆို ပြီးမှ ၊
4 And they said one to another: Let us appoint a captain, and let us return into Egypt.
၄တဖန် လူတစုံတယောက်ကိုချီးမြှောက် ၍ ၊ အဲဂုတ္တု ပြည်သို့ ပြန် ကြစို့ဟု တယောက် ကို တယောက်ဆို ကြ၏။
5 And when Moses and Aaron heard this, they fell down flat upon the ground before the multitude of the children of Israel.
၅မောရှေ နှင့် အာရုန် တို့သည်၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ရှေ့မှာ ပြပ်ဝပ် လျက် နေကြ၏။
6 But Josue the son of Nun, and Caleb the son of Jephone, who themselves also had viewed the land, rent their garments,
၆ခါနာန်ပြည် ကို စူးစမ်း သောလူစုထဲက နုန် ၏ သား ယောရှု ၊ ယေဖုန္နာ ၏သား ကာလတ် တို့သည် မိမိ တို့အဝတ် ကို ဆုတ် ၍ ၊
7 And said to all the multitude of the children of Israel: The land which we have gone round is very good:
၇ဣသရေလ အမျိုးသား အပေါင်း တို့အား ခေါ် လျက်၊ ငါတို့ရှောက်သွား ၍စူးစမ်း သော ပြည် သည် အလွန်တရာ ကောင်း သော ပြည် ဖြစ်ပါ၏။
8 If the Lord be favourable, he will bring us into it, and give us a land flowing with milk and honey.
၈ထာဝရဘုရား သည် ငါ တို့ကိုနှစ်သက် လျှင် ၊ နို့ နှင့် ပျားရည် စီး သော ထိုပြည် သို့ ငါ တို့ကို ဆောင် သွင်း၍ အပိုင်ပေး တော်မူလိမ့်မည်။
9 Be not rebellious against the Lord: and fear ye not the people of this land, for we are able to eat them up as bread. All aid is gone from them: the Lord is with us, fear ye not.
၉ထာဝရဘုရား ကို မ ပုန်ကန် ကြပါနှင့်။ ထိုပြည်သူ ပြည်သားတို့ကို မ ကြောက် ကြနှင့်။ သူ တို့သည် ငါ တို့ စားစရာ ဘို့ဖြစ်ကြ၏။ သူ တို့၌ အမှီတကဲ မ ရှိ။ ထာဝရဘုရား သည် ငါ တို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍သူ တို့ကို မ ကြောက် ကြနှင့်ဟု ပြောဆို ကြလေသော်။
10 And when all the multitude cried out, and would have stoned them, the glory of the Lord appeared over the tabernacle of the covenant to all the children of Israel.
၁၀ပရိသတ် အပေါင်း တို့သည်၊ ထိုသူ နှစ်ယောက်ကို ကျောက်ခဲ နှင့် ပစ် စေခြင်းငှါ စီရင် ကြ၏။ ထိုအခါ ထာဝရ ဘုရား ၏ဘုန်း တော်သည် ဣသရေလ အမျိုးသား အပေါင်း တို့ ရှေ့မှာ ပရိသတ်စည်းဝေး ရာ တဲ တော်၌ ထင်ရှား လေ ၏။
11 And the Lord said to Moses: How long will this people detract me? how long will they not believe me for all the signs that I have wrought before them?
၁၁ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် အဘယ်မျှ ကာလပတ်လုံးငါ့ ကို မရိုမသေ ပြုကြလိမ့်မည်နည်း။ သူ တို့၌ ငါပြ ခဲ့ပြီးသမျှ သော နိမိတ် လက္ခဏာတို့ကို မြင်ရ သော်လည်းအဘယ်မျှ ကာလပတ်လုံးငါ့ ကို မ ယုံ ဘဲနေကြလိမ့်မည်နည်း။
12 I will strike them therefore with pestilence, and will consume them: but thee I will make a ruler over a great nation, and a mightier than this is.
၁၂သူ တို့ကိုကာလနာ ဘေးဖြင့် ငါသည် ဒဏ်ခတ် ၍ သား၏ အရာကိုနှုတ် မည်။ သူ တို့ထက် သင့် ကိုသာ၍စည်ပင် သောအမျိုး ၊ သာ၍တန်ခိုးကြီး သောအမျိုး ဖြစ် စေမည်ဟု မောရှေ အား မိန့် တော်မူ၏။
13 And Moses said to the Lord: That the Egyptians, from the midst of whom thou hast brought forth this people,
၁၃မောရှေ ကလည်း ၊ ကိုယ်တော်သည် ဤ လူမျိုး ကို တန်ခိုး တော်အားဖြင့် အဲဂုတ္တု လူတို့ထဲက နှုတ်ဆောင် ခဲ့ တော်မူသည်ဖြစ်၍ ၊ နောက်တဖန် ဤသိတင်းကို အဲဂုတ္တု လူတို့သည် ကြား ပြန်လျှင် ၊
14 And the inhabitants of this land, (who have heard that thou, O Lord, art among this people, and art seen face to face, and thy cloud protecteth them, and thou goest before them in a pillar of a cloud by day, and in a pillar of fire by night, )
၁၄ဤ ပြည် ၌ နေ သောသူတို့အား သိတင်းပြော ကြ လိမ့်မည်။ ထာဝရဘုရား ၊ ကိုယ်တော် သည် ဤ လူမျိုး ၌ ရှိတော်မူကြောင်းကို၎င်း၊ ထာဝရဘုရား ၊ ကိုယ်တော် သည် ထင်ရှား တော်မူကြောင်းကို၎င်း၊ မိုဃ်းတိမ် တော်သည် သူ တို့ကို လွှမ်းမိုး ကြောင်းကို၎င်း၊ ကိုယ်တော် သည် နေ့ အချိန်၌ မိုဃ်းတိမ် တိုင် ၊ ညဉ့် အချိန်၌ မီး တိုင် ဖြင့် သူ တို့ ရှေ့က ကြွ တော်မူကြောင်းကို၎င်းကြား ရကြပြီ။
15 May hear that thou hast killed so great a multitude as it were one man and may say:
၁၅ယခုမှာ၊ ဤ လူမျိုး ကို လူ တ ယောက်ကဲ့သို့ မှတ်၍ သုတ်သင် ပယ်ရှင်းတော်မူလျှင် ၊ သိတင်း တော်ကို ကြား ဘူး သော လူ အမျိုးမျိုးတို့က၊
16 He could not bring the people into the land for which he had sworn, therefore did he kill them in the wilderness.
၁၆ထာဝရဘုရား သည် ထိုလူ တို့အား ဤမည်သော ပြည်ကို ငါပေးမည်ဟု ကျိန်ဆို သော်လည်း၊ ထို ပြည် သို့ သူတို့ကို ဆောင် သွင်းခြင်းငှါ မ တတ်နိုင် သောကြောင့် ၊ တော ၌ သုတ်သင် ပယ်ရှင်းပြီဟု ပြောဆို ကြပါလိမ့်မည်။
17 Let their the strength of the Lord be magnified, as thou hast sworn, saying:
၁၇ကိုယ်တော်က၊ ထာဝရဘုရား သည်သည်းခံ သောသဘော၊ သနား သောသဘောနှင့်ပြည့်စုံတော်မူထသော၊ အဓမ္မ ကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း အပြစ် တို့ကို ဖြေလွှတ် သော်လည်း ၊ အချည်းနှီးသက်သက်ဖြေလွှတ် တော်မ မူထသော၊ လူအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္တ အဆက်တိုင်အောင် ၊ အဘ တို့၏အပြစ် ကိုသား တို့၌ ဆပ်ပေး စီရင်တော်မူသော ဘုရားသခင်ဖြစ်၏ဟု မိန့် တော်မူသည်အတိုင်း ၊
18 The Lord is patient and full of mercy, taking away iniquity and wickedness, and leaving no man clear, who visitest the sins of the fathers upon the children unto the third and fourth generation.
၁၈အကျွန်ုပ် တို့၏ဘုရားရှင် တန်ခိုး တော်သည်ကြီး ပါစေသော။
19 Forgive, I beseech thee, the sins of this people, according to the greatness of thy mercy, as thou hast been merciful to them from their going out of Egypt unto this place.
၁၉အဲဂုတ္တု ပြည်ကထွက်သောနေ့ မှစ၍ ယခု တိုင်အောင် ဤ လူမျိုး ၏အပြစ်ကို လွှတ် တော်မူသည်နည်းတူ ၊ ကရုဏာ တော်များပြား သည်နှင့်အညီ ၊ ယခု လည်း လွှတ် တော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရား အား လျှောက်ဆိုလျှင်၊
20 And the Lord said: I have forgiven according to thy word.
၂၀ထာဝရဘုရား က၊ သင် တောင်းပန် သည်အတိုင်း ငါလွှတ် ၏။
21 As I live: and the whole earth shall be filled with the glory of the Lord.
၂၁ငါ အသက် ရှင်သည်ဖြစ်၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် မြေ တပြင်လုံး ၌ နှံ့ပြား လိမ့်မည်။
22 But yet all the men that have seen my majesty, and the signs that I have done in Egypt, and in the wilderness, and have tempted me now ten times, and have not obeyed my voice,
၂၂ငါ့ ဘုန်း တော်ကို၎င်း ၊ အဲဂုတ္တု ပြည်မှစ၍ ဤ တော ၌ ထူးဆန်း သော တန်ခိုးတော်ကို၎င်းမြင် ရသောလူ အပေါင်း တို့သည်၊ ငါ့ စကား ကိုနား မ ထောင်၊ဆယ် ကြိမ် တိုင်အောင်ငါ့ ကိုစုံစမ်း သောကြောင့် ၊
23 Shall not see the land for which I aware to their fathers, neither shall any one of them that hath detracted me behold it.
၂၃သူ တို့ဘိုးဘေး တို့အား ငါကျိန်ဆို သော ပြည် ကို အကယ်စင်စစ်သူတို့သည်မ မြင် ရကြ။ ငါ့ ကိုမရိုမသေ ပြု သော သူတစုံတယောက် မျှ မ မြင် ရ။
24 My servant Caleb, who being full of another spirit hath followed me, I will bring into this land which he hath gone round: and his seed shall possess it.
၂၄ငါ့ ကျွန် ကာလက် မူကား ထူးခြား သော သဘော ရှိ ၍ ၊ ငါ့ နောက်သို့ လုံးလုံး လိုက်သောကြောင့် ၊ သူသွား ခဲ့ပြီးသော ပြည် သို့ သူ့ ကို ငါဆောင် သွင်းသဖြင့် ၊ သူ ၏သား မြေးတို့သည် အမွေ ခံရကြ လိမ့်မည်။
25 For the Amalecite and the Chanaanite dwell in the valleys. Tomorrow remove the camp, and return into the wilderness by the way of the Red Sea.
၂၅အာမလက် အမျိုးသားနှင့် ခါနာန် အမျိုးသားတို့သည် ချိုင့် မှာ နေ ကြသည်ဖြစ်၍ ၊ သင် တို့သည် နက်ဖြန် နေ့ ၌လှည့်လည် ၍ ဧဒုံ ပင်လယ် လမ်း ဖြင့် တော သို့သွား ကြလော့ဟု မိန့် တော်မူ၏။
26 And the Lord spoke to Moses and Aaron, saying:
၂၆တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
27 How long doth this wicked multitude murmur against me? I have heard the murmurings of the children of Israel.
၂၇ငါ့ ကို အပြစ်တင် ၍ မြည်တမ်း သောဤ ပရိသတ် ဆိုး တို့ကို အဘယ်မျှ ကာလပတ်လုံးငါသည် သည်းခံရအံ့နည်း။ ဣသရေလ အမျိုးသား တို့သည် ငါ့ ကိုအပြစ်တင် ၍ မြည်တမ်းသော စကားတို့ကို ငါကြား ရပြီ။
28 Say therefore to them: As I live, saith the Lord: According as you have spoken in my hearing, so will I do to you.
၂၈သင်သည် သူ တို့အား ဆင့်ဆို ရမည်မှာ၊ ထာဝရဘုရား က၊ ငါ အသက် ရှင်သည်ဖြစ်၍၊ သင်တို့သည် ငါ့ ကို ကြား စေခြင်းငှါပြော ကြသော စကားအတိုင်း သင် တို့ကို ငါပြု မည်။
29 In the wilderness shall your carcasses lie. All you that were numbered from twenty years old and upward, and have murmured against me,
၂၉သင် တို့ကို ရေတွက် ၍ စာရင်း ယူသည်အတိုင်း၊ အသက် နှစ်ဆယ် လွန် သောသူ၊ ငါ့ ကို အပြစ်တင် ၍ မြည်တမ်း သောသူအပေါင်း တို့သည် သေ ၍ ဤ တော ၌ အသေကောင် ဖြစ်လျက် နေရစ်ကြလိမ့်မည်။
30 Shall not enter into the land, over which I lifted up my bend to make you dwell therein, except Caleb the son of Jephone, and Josue the son of Nun.
၃၀ငါသည် ဤမည်သောပြည် ၌ သင် တို့ကို နေရာ ချမည်ဟု ငါကျိန်ဆို ၏။ ထို ပြည် သို့ ယေဖုန္နာ ၏သား ကာလက် ၊ နုန် ၏သား ယောရှု မှတပါး အဘယ်သူ မျှမရောက် ရ။
31 But your children, of whom you said, that they should be a prey to the enemies, will I bring in: that they may see the land which you have despised.
၃၁ရန်သူလုယူ ရာ ဖြစ် လိမ့်မည်ဟု သင်တို့ဆို သော သူငယ် တို့ကို ငါဆောင် သွင်း၍ သင်တို့ပယ် သော ပြည် ကို သူတို့သည်သိ ရကြလိမ့်မည်။
32 Your carcasses shall lie in the wilderness.
၃၂သင် တို့မူကား ၊ ဤ တော ၌ သေ ၍ အသေကောင် ဖြစ်လျက်၊ နေရစ်ရကြလိမ့်မည်။
33 Your children shall wander in the desert forty years, and shall bear your fornication, until the carcasses of their fathers be consumed ill the desert,
၃၃ဤတော ၌ သင် တို့အသေကောင် များ ပျောက်ပျက် သည်တိုင်အောင် ၊ ကိုယ် သားသမီး တို့သည် မိဘ မှားယွင်း ခြင်းအပြစ်များကို ဆောင် ၍၊ ဤတော ၌ အနှစ် လေးဆယ် ပတ်လုံးလှည့်လည် ရကြလိမ့်မည်။
34 According to the number of the forty days, wherein you viewed the land: year shall be counted for a day. And forty years you shall receive your iniquities, and shall know my revenge:
၃၄ထိုပြည် ကို စူးစမ်း ရာ နေ့ ရက်ပေါင်း အရက် လေးဆယ် နှင့်အညီ၊ တရက် ကို တနှစ် ထား၍၊ အနှစ် လေးဆယ် ပတ်လုံးကိုယ် အပြစ် ကိုဆောင် လျက်၊ ငါ့ စွန့်ပစ် ခြင်းကို သိ ရကြလိမ့်မည်။
35 For as I have spoken, so will I do to all this wicked multitude, that hath risen up together against me: in this wilderness shall it faint away and die.
၃၅အကယ်စင်စစ် ငါ တဘက် ၌ စည်းဝေး သော ဤ ပရိသတ် ဆိုး အပေါင်း တို့ကို ထိုသို့ငါပြု ၍ သူတို့သည် ဤ တော ၌ သေကြေ ပျောက်ပျက် ကြ လိမ့်မည်ဟု ငါ ထာဝရ ဘုရား မိန့် တော်မူ၏။
36 Therefore all the men, whom Moses had sent to view the land, and who at their return had made the whole multitude to murmur against him, speaking ill of the land that it was naught,
၃၆မောရှေ စေလွှတ် သော အခွင့်နှင့် ခါနာန်ပြည် ကို စူးစမ်း ၍ ပြန်လာ သောအခါ ၊ ထိုပြည် ကို ကဲ့ရဲ့ သဖြင့် ပရိသတ် အပေါင်း မြည်တမ်း စေခြင်းငှါတိုက်တွန်းသောသူ ၊
37 Died and were struck in the sight of the Lord.
၃၇ခါနာန်ပြည် ကို မကောင်း သောသိတင်း ကြားပြောသောသူ တို့ သည်၊ ထာဝရဘုရား ရှေ့ တော်၌ ကာလနာ ဘေးနှင့် သေ ကြလေ၏။
38 But Josue. the son of Nun. and Caleb the son of Jephone lived, of all them that had gone to view the land.
၃၈ထိုပြည် ကို စူးစမ်း ၍ သွား သောလူတို့တွင် နုန် ၏ သား ယောရှု နှင့် ယေဖုန္န ၏သား ကာလက် တို့သာ အသက် ချမ်းသာရကြ၏။
39 And Moses spoke all these words to all the children of Israel, and the people mourned exceedingly.
၃၉မောရှေ သည် ဣသရေလ အမျိုးသား အပေါင်း တို့ အား စကား တော်များကို ဆင့်ဆို သောအခါ ၊ လူ များတို့ သည် အလွန် ညည်းတွား လျက် နေကြ၏။
40 And behold rising up very early in the morning, they went up to the top of the mountain, and said: We are ready to go up to the place, of which the Lord hath spoken: for we have sinned.
၄၀နံနက် စောစောထ ၍ တောင် ထိပ် ပေါ်သို့ တက် ပြီးလျှင် ၊ ငါတို့သည် ပြစ်မှား ပြီ။ သို့သော်လည်း ယခုအသင့် ရှိပါ၏။ ထာဝရဘုရား ဂတိ ထားတော်မူသော ပြည် သို့ သွား ပါမည်ဟုဆို ကြသော်၊
41 And Moses said to them: Why transgress you the word of the Lord, which shall not succeed prosperously with you?
၄၁မောရှေ က၊ ထာဝရဘုရား ၏ အမိန့် တော်ကို အဘယ်ကြောင့် လွန်ကျူး ကြသနည်း။ သင်တို့အကြံ မ ထမြောက်ရ။
42 Go not up, for the Lord is not with you: lest you fall before your enemies.
၄၂မ သွား ကြနှင့်၊ ထာဝရဘုရား သည် သင် တို့ဘက်၌ ရှိတော်မ မူ။ သွားလျှင် ရန်သူ ရှေ့မှာ ရှုံး ရကြလိမ့်မည်။
43 The Amalecite and the Chanaanite are before you, and by their sword you shall fall, because you would not consent to the Lord, neither will the Lord be with you.
၄၃အာမလက် အမျိုးသားနှင့် ခါနာန် အမျိုးသားတို့ သည် သင် တို့မ ရောက်မှီရောက်နှင့်သည်ဖြစ်၍၊ သင်တို့သည် ထား ဖြင့် ဆုံး ကြလိမ့်မည်။ ထာဝရဘုရား ထံ တော်မှ လွှဲသွား သောကြောင့် ၊ ထာဝရဘုရား သည် သင် တို့ဘက်၌ နေ တော်မ မူဟုဆို သော်လည်း ၊
44 But they being blinded went up to the top of the mountain. But the ark of the testament of the Lord and Moses departed not from the camp.
၄၄သူတို့သည်ခိုင်ခံ့ သောစိတ်နှင့် တောင် ထိပ် ထက် သို့ တဖန်တက် ကြ၏။ သို့ရာတွင် ၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်နှင့်တကွ ၊ မောရှေ သည် တပ် ပြင် သို့ မ ထွက် မသွားဘဲ နေလေ၏။
45 And the Amalecite came down, and the Chanaanite that dwelt in the mountain: and smiting and slaying them pursued them as far as Horma.
၄၅ထိုအခါ တောင် ပေါ်မှာရှိ နှင့်သော အာမလက် အမျိုးသားနှင့် ခါနာန် အမျိုးသားတို့သည် ဆင်းလာ လျက် ၊ ဣသရေလအမျိုးသားတို့ကို တိုက် ၍ အောင်သဖြင့်၊ ဟောမာ မြို့တိုင်အောင် လိုက် ကြလေ၏။