< Numbers 10 >
1 And the Lord spoke to Moses, saying:
၁တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2 Make thee two trumpets of beaten silver, wherewith thou mayest call together the multitude when the camp is to be removed.
၂သင်သည် ပရိသတ် စည်းဝေး စေခြင်းငှါ ၎င်း ၊ တပ် တို့ကို ချီ စေခြင်းငှါ ၎င်း၊ မှုတ်ရသောငွေ တံပိုး နှစ် လုံး ကို၊ တလုံးလျှင် ငွေတတုံးစီဖြင့်မဆက်ဘဲလုပ် ရမည်။
3 And when thou shalt sound the trumpets, all the multitude shall gather unto thee to the door of the tabernacle of the covenant.
၃တံပိုးမှုတ် သောအခါ ၊ ပရိသတ် အပေါင်း တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့ ၊ သင့် ထံ၌ စည်းဝေး ရကြမည်။
4 If thou sound but once, the princes and the heads of the multitude of Israel shall come to thee.
၄တံပိုးတလုံးတည်း ကို မှုတ် လျှင် ၊ ဣသရေလ အမျိုး၌ လူတထောင် ကို အုပ် သောမင်း တို့သည် သင့် ထံ၌ စည်းဝေး ရကြမည်။
5 But if the sound of the trumpets be longer, and with interruptions, they that are on the east side, shall first go forward.
၅နှိုးဆော် သံနှင့်မှုတ် သောအခါ ၊ အရှေ့ တပ် တို့ သည် ချီ သွားရကြမည်။
6 And at the second sounding and like noise of the trumpet, they who lie on the south side shall take up their tents. And after this manner shall the rest do, when the trumpets shall sound for a march.
၆ဒုတိယ အကြိမ်နှိုးဆော် သံနှင့် မှုတ် သောအခါ ၊ တောင် တပ် တို့ သည် ချီ သွားရကြမည်။ တတိယအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကြမည်။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့် မှုတ်သောအခါ၊ မြောက်တပ်တို့သည် ချီသွားရကြမည်။ အစဉ်အတိုင်းချီ သွားစေခြင်းငှာ နှိုးဆော် သံနှင့်မှုတ် ရမည်။
7 But when the people is to be gathered together, the sound of the trumpets shall be plain, and they shall not make a broken sound.
၇ပရိသတ် စည်းဝေး စေခြင်းငှါနှိုးဆော် သံကိုမ ပြု ဘဲ တံပိုးမှုတ် ရမည်။
8 And the sons of Aaron the priest shall sound the trumpets: and this shall be an ordinance for ever in your generations.
၈အာရုန် ၏ သား ၊ ယဇ်ပုရောဟိတ် တို့သည် ထိုတံပိုး ကို မှုတ် ရကြမည်။ သင် တို့အမျိုး အစဉ်အဆက် စောင့်ရသောပညတ် ဖြစ် သတည်း။
9 If you go forth to war out of your land against the enemies that fight against you, you shall sound aloud with the trumpets, and there shall be a remembrance of you before the Lord your God, that you may be delivered out of the hands of your enemies.
၉သင်တို့သည် ကိုယ် ပြည် ၌ နေသောအခါ၊ တိုက် လာသောရန်သူ တို့ကို စစ် ချီ လျှင် ၊ နှိုးဆော် သံနှင့် တံပိုး မှုတ်ရမည်။ ထိုအခါ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် သင်တို့ကို အောက်မေ့ ၍ ၊ ရန်သူ လက်မှ ကယ်တင် တော်မူမည်။
10 If at any time you shall have a banquet, and on your festival days, and on the first days of your months, you shall sound the trumpets over the holocausts, and the sacrifices of peace offerings, that they may be to you for a remembrance of your God. I am the Lord your God.
၁၀သင် တို့သည် ရွှင်လန်း ခြင်းကို ပြုသောနေ့ ၊ ပွဲသဘင် နေ့၊ လဆန်း နေ့တို့၌ ၊ သင် တို့ဘုရားသခင် အောက်မေ့ တော်မူဘို့ရာ၊ သင် တို့မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ် ပူဇော်သက္ကာ များအပေါ် မှာ တံပိုး မှုတ် ရကြမည်။ ငါ သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
11 The second year, in the second month, the twentieth day of the month, the cloud was taken up from the tabernacle of the covenant.
၁၁ဒုတိယ နှစ် ၊ ဒုတိယ လ အရက်နှစ်ဆယ် မြောက် သော နေ့ရက်၌၊ မိုဃ်းတိမ် သည် သက်သေခံ ချက်တဲ တော် မှ ကွာ မြောက်သည်ဖြစ်၍၊
12 And the children of Israel marched by their troops from the desert of Sinai, and the cloud rested in the wilderness of Pharan.
၁၂ဣသရေလ အမျိုးသား တို့သည် သိနာ တောင် မှ ခရီးသွား ကြ၏။ နောက် တဖန် မိုဃ်းတိမ် သည် ပါရန် တော ၌ တည် နေ၏။
13 And the first went forward according to the commandment of the Lord by the hand of Moses.
၁၃ထိုသို့ ထာဝရဘုရား သည် မောရှေ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ပဌမ ခရီး သွားခြင်းကို ပြုကြ၏။
14 The sons of Juda by their troops: whose prince was Nahasson the son of Aminadab.
၁၄ယုဒ တပ် အစဉ်အတိုင်းအလုံးအရင်း တို့သည်၊ အလံ နှင့်တကွရှေ့ဦးစွာ ချီ သွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ် သား နာရှုန် အုပ်ရ၏။
15 In the tribe of the sons of Issachar, the prince was Nathanael the son of Suar.
၁၅ဣသခါ တပ် ကို၊ ဇုအာ သား နာသနေလ အုပ်၏။
16 In the tribe of Zabulon, the prince was Eliab the son of Helon.
၁၆ဇာဗုလုန် တပ် ကို၊ ဟေလုန် သား ဧလျာဘ အုပ်ရ၏။
17 And the tabernacle was taken down, and the sons of Gerson and Merari set forward, bearing it.
၁၇တဲ တော်ကိုဖြုတ် ချ၍ ဂေရရှုန် သား ၊ မေရာရိ သား တို့သည် တဲ တော်ကို ထမ်း လျက်ချီ သွားကြ၏။
18 And the sons of Ruben also marched, by their troops and ranks, whose prince was Helisur the son of Sedeur.
၁၈ရုဗင် တပ် အစဉ်အတိုင်း အလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ၏။ ရုဗင် တပ် ကို ရှေဒုရ သား ဧလိဇုရ အုပ်ရ၏။
19 And in the tribe of Simeon, the prince was Salamiel the son of Surisaddai.
၁၉ရှိမောင် တပ် ကို ဇုရိရှဒ္ဒဲ သား ရှေလုမျေလ အုပ် ရ၏။
20 And in the tribe of Cad, the prince was Eliasaph the son of Duel.
၂၀ဂဒ် တပ် ကို ဒွေလ သား ဧလျာသပ် အုပ်ရ၏။
21 Then the Caathites also marched carrying the sanctuary. So long was the tabernacle carried, till they same to the place of setting it up.
၂၁ကောဟတ် သားတို့သည် သန့်ရှင်း ရာဌာန တန်ဆာတို့ကို ထမ်း လျက် ချီ သွားကြ၏။ သူ တို့မ ရောက် မှီ အရင်သွားသောသူတို့ သည် တဲ တော်ကို ထူထောင် ရကြ၏။
22 The sons of Ephraim also moved their camp by their troops, in whose army the prince was Elisama the son of Ammiud.
၂၂ဧဖရိမ် တပ် အစဉ်အတိုင်းအလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ၏။ ဧဖရိမ် တပ် ကို အမိဟုဒ် သား ဧလိရှမာ အုပ်ရ၏။
23 And in the tribe of the sons of Manasses, the prince was Gamaliel the son of Phadassur.
၂၃မနာရှေ တပ် ကို ပေဒါဇုရ သား ဂါမလျေလ အုပ်ရ၏။
24 And in the tribe of Benjamin, the prince was Abidan the son of Gedeon.
၂၄ဗင်္ယာမိန် တပ် ကို ဂိဒေါနိ သား အဘိဒန် အုပ် ရ၏။
25 The last of all the camp marched the sons of Dan by their troops, in whose army the prince was Ahiezer the son of Ammisaddai.
၂၅နောက်ဆုံးတပ်တည်းဟူသောဒန် တပ် အစဉ်အတိုင်း အလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ ၏။ ဒန်တပ်ကို အမိရှဒ္ဒဲ သား အဟေဇာ အုပ်ရ၏။
26 And in the tribe of the sons of Aser, the prince was Phegiel the son of Ochran.
၂၆အာရှာ တပ်ကို ဩကရန် သား ပါဂျေလ အုပ်ရ၏။
27 And in the tribe of the sons of Nephtali, the prince was Ahira the son of Enan.
၂၇နဿလိ တပ် ကိုဧနန် သား အဟိရ အုပ်ရ၏။
28 This was the order of the camps, and marches of the children of Israel by their troops, when they set forward.
၂၈ထိုသို့ ဣသရေလ အမျိုးသား တို့သည်ချီသွားသောအခါ၊ တပ် များအစဉ်အတိုင်း ချီ ၍ ခရီးသွား ကြ၏။
29 And Moses said to Hobab the son of Raguel the Madianite, his kinsman: We are going towards the place which the Lord will give us: come with us, that we may do thee good: for the Lord hath promised good things to Israel.
၂၉မောရှေ ကလည်း ၊ ထာဝရဘုရား ၏ ဂတိတော် အတိုင်း ငါတို့အားပေး တော်မူမည်အရပ် သို့ ငါ တို့ သည် ယခုခရီးသွား ကြ၏။ ငါ တို့နှင်အတူ လိုက်၍လာ ပါ။ ငါတို့သည် ကျေးဇူး ပြုပါမည်။ ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့၌ ကျေးဇူး ပြုတော်မူမည် ဂတိ ရှိပါ၏ဟု မိမိယောက္ခမ မိဒျန် အမျိုး၊ ရွေလ သား ဟောဗပ် အား ဆို လျှင်၊
30 But he answered him: I will not go with thee, but I will return to my country, wherein I was born.
၃၀ဟောဗပ်ကငါမ လိုက် မသွားပါ၊ ငါ့ နေရင်းပြည် ၊ ငါ့ အဆွေအမျိုး ရှိရာသို့ ပြန်သွား ပါမည်ဟု မောရှေ အား ဆို ၏။
31 And he said: Do not leave us: for thou knowest in what places we should encamp in the wilderness, and thou shalt be our guide.
၃၁မောရှေကလည်း၊ ငါ တို့ကို စွန့်ပစ် ၍ မ သွားပါ နှင့်။ သင်သိ သည်အတိုင်း ငါ တို့သည်တော ၌ စားခန်းချ ရမည်။ သင်သည် ငါ တို့မျက်စိ ဖြစ် ရပါ၏။
32 And if thou comest with us, we will give thee what is the best of the riches which the Lord shall deliver to us.
၃၂ငါ တို့နှင့်အတူ လိုက် လျှင် ထာဝရဘုရား ပြု တော်မူ သောကျေးဇူး တော်ကို ငါ တို့သည် ခံရသည်အတိုင်း၊ သင် ၌ ကျေးဇူး ပြုပါမည်ဟု ဆို လေ၏။
33 So they marched from the mount of the Lord three days’ journey, and the ark of the covenant of the Lord went before them, for three days providing a place for the camp.
၃၃ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ၏ တောင် တော်မှ ထွက် ၍၊ သုံး ရက် ကွာသော ခရီး ကို သွားကြ ၏။ ထိုသုံး ရက် ကွာသော ခရီး ကိုသွားကြစဉ်၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ သည် သူ တို့အဘို့ စားခန်းချ ရာအရပ်ကို ရှာ ၍ သူ တို့ရှေ့ ကသွား လေ၏။
34 The cloud also of the Lord was over them by day when they marched.
၃၄သူတို့သည် နေ့ အချိန်၌ တပ် ချီ ၍ သွားသောအခါ ၊ ထာဝရဘုရား ၏ မိုဃ်းတိမ် သည် သူ တို့အပေါ် မှာ ရှိလေ၏။
35 And when the ark was lifted up, Moses said: Arise, O Lord, and let thy enemies be scattered, and let them that hate thee, flee from before thy face.
၃၅သေတ္တာ တော်သွား သောအခါ ၊ မောရှေ က၊ အိုထာဝရဘုရား ၊ ထ တော်မူပါ၊ ကိုယ်တော် ၏ ရန်သူ တို့ သည် လွင့် ကြပါစေသော။ ကိုယ်တော် ကို မုန်း သောသူတို့ သည် ရှေ့ တော်မှ ပြေး ကြပါစေသောဟူ၍၎င်း၊
36 And when it was set down, he said: Return, O Lord, to the multitude of the host of Israel.
၃၆သေတ္တာတော်မသွားဘဲ ရပ် နေသောအခါ ၊ အိုထာဝရဘုရား၊ ဣသရေလ အမျိုးသားအထောင် ၊ အသောင်းရှိရာသို့ ပြန်လာ တော်မူပါဟူ၍၎င်း လျှောက်ဆို လေ့ရှိ၏။