< Malachi 2 >
1 And now, O ye priests, this commandment is to you.
၁အို ယဇ်ပုရောဟိတ် တို့၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သင် တို့အား မိန့်တော်မူသောပညတ် စကားဟူမူကား၊
2 If you will not hear, and if you will not lay it to heart, to give glory to my name, saith the Lord of hosts: I will send poverty upon you, and will curse your blessings, yea I will curse them, because you have not laid it to heart.
၂ငါ ၏နာမ တော်ကို ချီးမွမ်း လိုသောငှါ သင်တို့သည် နား မ ထောင်၊ နှလုံး မ သွင်း ဘဲနေလျှင် ၊ ကျိန် ခြင်းဘေးကို သင် တို့အပေါ် သို့ ငါလွှတ် လိုက်မည်။ သင် တို့၏ မင်္ဂလာ ကို အမင်္ဂလာ ဖြစ်စေမည်။ ထိုမျှမက ၊ နှလုံး မ သွင်း ဘဲနေသောကြောင့် ယခုပင် အမင်္ဂလာ ဖြစ်စေပြီ။
3 Behold, I will cast the shoulder to you, and I will scatter upon your face the dung of your solemnities, and it shall take you away with it.
၃သင်တို့မျိုးစေ့ ကို ငါ ဖျက် မည်။ တိရစ္ဆာန်ချေး တည်းဟူသောသင် တို့ဓမ္မပွဲ ၏တိရစ္ဆာန်ချေး ကို သင် တို့မျက်နှာ ပေါ် ၌ ငါကြဲ မည်။ သူတပါးတို့သည် သင် တို့ကို ထိုတိရစ္ဆာန်ချေး နှင့်အတူ ယူ သွားကြလိမ့်မည်။
4 And you shall know that I sent you this commandment, that my covenant might be with Levi, saith the Lord of hosts.
၄ငါ ၏ပဋိညာဉ် ကို လေဝိ အမျိုး၌ တည် စေခြင်းငှါ ၊ ဤ ပညတ် စကားကို သင် တို့ဆီသို့ ငါပေး လိုက်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
5 My covenant was with him of life and peace: and I gave him fear: and he feared me, and he was afraid before my name.
၅ငါဖွဲ့သော အသက် ပဋိညာဉ် ၊ ငြိမ်ဝပ် ခြင်း ပဋိညာဉ်သည် ထိုအမျိုး ၌ ရှိ ၏။ ငါ့ ကို ကြောက်ရွံ့ ၍ ငါ ၏နာမ တော်ရှေ့ ၌ ထိတ်လန့် သောကြောင့်ငါဖွဲ့၍ ပေး ၏။
6 The law of truth was in his mouth, and iniquity was not found in his lips: he walked with me in peace, and in equity, and turned many away from iniquity.
၆ထိုအမျိုးသည် သစ္စာ တရား စကားကို ပြော တတ် ၏။ သူ့ နှုတ် ၌ အပြစ် ကိုရှာ ၍မ တွေ့။ ငြိမ်ဝပ် ခြင်းတရား၊ ဖြောင့်မတ် ခြင်းတရားအတိုင်း ငါ နှင့်အတူ သွား လာ၍ ၊ များစွာ သောသူတို့ ကို ဒုစရိုက် အပြစ်မှ လွှဲရှောင် စေတတ် ၏။
7 For the lips of the priest shall keep knowledge, and they shall seek the law at his mouth: because he is the angel of the Lord of hosts.
၇ယဇ်ပုရောဟိတ် ၏နှုတ်ခမ်း သည် ပညာ ကို စောင့် ရမည်။ သူ ၏နှုတ် ၌ လူတို့သည် တရား တော်ကို ရှာ ရကြမည်။ အကြောင်း မူကား၊ သူ သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား စေလွှတ်တော်မူသောတမန် ဖြစ်၏။
8 But you have departed out of the way, and have caused many to stumble at the law: you have made void the covenant of Levi, saith the Lord of hosts.
၈သင် တို့မူကား ၊ လမ်း လွှဲကြပြီ။ လူများ တို့သည် တရား တော်ကို ထိမိ၍ လဲ စေခြင်းငှါပြုကြပြီ။ လေဝိ အမျိုးနှင့်ဖွဲ့သော ပဋိညာဉ် ကို ဖျက် ကြပြီဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
9 Therefore have I also made you contemptible, and base before all people, as you have not kept my ways, and have accepted persons in the law.
၉သို့ဖြစ်၍ ၊ သင် တို့သည် ငါ့ လမ်း တို့ကို မ လိုက် ၊ တရား အမှုတွင် လူမျက်နှာ ကို ထောက် သောကြောင့် ၊ လူ ခပ်သိမ်း တို့သည် သင် တို့ကို မထီမဲ့မြင် ပြု၍ ရှုတ်ချ စေခြင်းငှါငါ စီရင် မည်။
10 Have we not all one father? hath not one God created us? why then doth every one of us despise his brother, violating the covenant of our fathers?
၁၀ခပ်သိမ်း သော ငါ တို့၌ တပါး တည်းသော အဘ ရှိသည်မ ဟုတ်လော။ တပါး တည်းသော ဘုရား သခင်သည် ငါ တို့ကို ဖန်ဆင်း တော်မူသည်မ ဟုတ်လော။ ဘိုးဘေး တို့နှင့် ဖွဲ့တော်မူသောပဋိညာဉ် ကို ရှုတ်ချ ၍၊ ငါတို့ သည် အဘယ်ကြောင့် တယောက် ကိုတယောက်သစ္စာ ဖျက်ကြသနည်း။
11 Juda hath transgressed, and abomination hath been committed in Israel, and in Jerusalem: for Juda hath profaned the holiness of the Lord, which he loved, and hath married the daughter of a strange God.
၁၁ယုဒ အမျိုးသည် သစ္စာ ပျက်၏။ ဣသရေလ ပြည်သူ၊ ယေရုရှလင် မြို့သားတို့သည် ရွံ့ရှာ ဘွယ်သော အမှုကို ပြု ကြ၏။ ယုဒ အမျိုးသည် ထာဝရဘုရား ချစ် တော်မူသော သန့်ရှင်း ခြင်းတရားတော်ကို ရှုတ်ချ ၍ ၊ တပါး အမျိုးဘုရား ၏သမီး နှင့် လက်ထပ် ပါသည်တကား။
12 The Lord will cut off the man that hath done this, both the master, and the scholar, out of the tabernacles of Jacob, and him that offereth an offering to the Lord of hosts.
၁၂ထိုသို့ ပြု သောဆရာနှင့်တပည့်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား ထံ တော်သို့ ပူဇော် သက္ကာကို ဆောင် ခဲ့သောသူကို၎င်း ၊ ယာကုပ် တဲ တို့မှ ပယ် ဖြတ်တော်မူမည်။
13 And this again have you done, you have covered the altar of the Lord with tears, with weeping, and bellowing, so that I have no more a regard to sacrifice, neither do I accept any atonement at your hands.
၁၃တဖန် သင်တို့ပြု သောအမှုဟူမူကား၊ ထာဝရဘုရား ၏ ယဇ် ပလ္လင်ကို မျက်ရည် ကျခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းနှင့် ဖုံးအုပ် ကြပြီ။ ထိုကြောင့် ၊ ပူဇော် သက္ကာကို မှတ် တော်မ မူ။ သင် တို့လက် မှ နှစ်သက် သောစိတ် နှင့် ခံ တော်မမူ။
14 And you have said: For what cause? Because the Lord hath been witness between thee, and the wife of thy youth, whom thou hast despised: yet she was thy partner, and the wife of thy covenant.
၁၄အဘယ်ကြောင့် နည်းဟု သင်တို့မေး လျှင်၊ သင့် အသက်ပျို စဉ်အခါ လက်ထပ်၍နောက်တဖန် သစ္စာ မစောင့်၊ ပြစ်မှားသော မယား တဘက် နှင့် သင့် တဘက် ၌ ထာဝရဘုရား သည် သက်သေ ဖြစ်တော်မူ၏။ ထိုမယား သည် သက်သေဖြစ်တော်မူ၏။ ထိုမယားသည် သင် ၏ အဆွေ ခင်ပွန်း၊ သင် ဖွဲ့သော ပဋိညာဉ် နှင့်ဆိုင်သော မယား ဖြစ်သတည်း။
15 Did not one make her, and she is the residue of his spirit? And what doth one seek, but the seed of God? Keep then your spirit, and despise not the wife of thy youth.
၁၅တဦး တည်းသော်လည်း၊ ကိုယ်တော် ၌ ဝိညာဉ် တော် အကျန် အကြွင်းရှိ၏။ အဘယ်ကြောင့် တဦး တည်း ကိုသာ ဖန်ဆင်း တော်မူသနည်းဟူမူကား၊ ဘုရား သခင်နှင့် ထိုက်တန်သောအမျိုး ကိုရှာ ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍ ၊ ကိုယ် စိတ် သဘောကို ချုပ်တည်း ကြလော့။ အသက်ပျို စဉ်အခါ လက်ထပ်သော မယား ကို သစ္စာ ဖျက် ၍ မ ပြစ်မှားကြနှင့်။
16 When thou shalt hate her put her away, saith the Lord the God of Israel: but iniquity shall cover his garment, saith the Lord of hosts, keep your spirit, and despise not.
၁၆မယားကိုစွန့် ခြင်းအမှု၊ မိမိ ခင်ပွန်း ၌ ပြစ်မှားသောအပြစ် ကို ဖုံးအုပ် ခြင်းအမှုကို ငါမုန်း သည်ဟု၊ ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ ထိုကြောင့် ၊ ကိုယ် စိတ် သဘောကို ချုပ်တည်း ကြလော့။ သစ္စာ ကို မ ပျက်ကြနှင့်။
17 You have wearied the Lord with your words, and you said: Wherein have we wearied him? In that you say: Every one that doth evil, is good in the sight of the Lord, and such please him: or surely where is the God of judgment?
၁၇သင် တို့သည် ထာဝရဘုရား ၏ နားတော်ငြီး သည်တိုင်အောင်စကား များကြ၏။ နားတော်ငြီးသည် တိုင်အောင်အဘယ်သို့ ပြုမိသနည်းဟုမေး သော် ၊ ဒုစရိုက် ကိုပြု သောသူတိုင်း ထာဝရဘုရား ရှေ့ တော်၌ ကောင်း ၏။ ထိုသို့သောသူတို့ ကို နှစ်သက် တော်မူ၏ ဟူ၍၎င်း ၊ စစ်ကြော စီရင်တော်မူသောဘုရား သခင်ကား၊ အဘယ်မှာ ရှိသနည်းဟူ၍၎င်း ဆိုတတ်ကြသည်တကား။