< Joshua 19 >

1 And the second lot came forth for the children of Simeon by their kindreds: and their inheritance was
ဒုတိယ တကြိမ်စာရေးတံ ပြု ၍ ၊ ရှိမောင် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ယုဒ အမွေ မြေအတွင်း ၌ အမွေ ခံရ ကြ၏။
2 In the midst of the possession of the children of Juda: Bersabee and Sabee and Molada,
သူ တို့အမွေ မြေ၌ ရှိ သောမြို့များဟူမူကား၊ ဗေရရှေဘ မြို့၊ မောလဒါ မြို့၊
3 And Hasersual, Bala and Asem,
ဟာဇာရွာလ မြို့၊ ဗာလာ မြို့၊ အာဇင် မြို့၊
4 And Eltholad, Bethul and Harma,
ဧလတောလဒ် မြို့၊ ဗေသူလ မြို့၊ ဟောမာ မြို့၊
5 And Siceleg and Bethmarchaboth and Hasersusa,
ဇိကလတ် မြို့၊ ဗက်မာကဗုတ် မြို့၊ ဟာဇာသုသ မြို့၊
6 And Bethlebaoth and Sarohen: thirteen cities, and their villages.
ဗက်လေဗောက် မြို့၊ ရှရုဟင် မြို့၊ ရွာ နှင့်တကွ ဆယ် သုံး မြို့ တည်း။
7 Ain and Remmon and Athor and Asan: four cities, and their villages.
ထိုမှတပါး၊ အင် ရိမ္မုန် မြို့၊ တောခင်မြို့၊ ဧသာ မြို့၊ အာရှန် မြို့၊ ရွာ နှင့်တကွ လေး မြို့ တည်း။
8 And all the villages round about these cities to Baalath Beer Ramath to the south quarter. This is the inheritance of the children of Simeon according to their kindreds,
ထိုမှတပါး တောင်မျက်နှာ၌ ဗာလတ်ဗေရ ရာမတ် မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ ပတ်ဝန်းကျင် ရွာ ရှိသမျှ ပါသတည်း။ ဤ ရွေ့ကား ရှိမောင် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
9 In the possession and lot of the children of Juda: because it was too great, and therefore the children of Simeon had their possession in the midst of their inheritance.
ရှိမောင် အမွေ မြေသည် ယုဒ အမျိုးသား ခံသော အဘို့ ထဲက နှုတ်ရ၏။ ယုဒ အမျိုးသား တို့အဘို့ သည် ကြီးကျယ် သောကြောင့် ၊ သူ တို့အမွေ မြေအတွင်း ၌ ရှိမောင် အမျိုးသား တို့သည် အမွေ ခံရကြ၏။
10 And the third lot fell to the children of Zabulon by their kindreds: and the border of their possession was unto Sarid.
၁၀တတိယ တကြိမ်စာရေးတံ ပြု ၍ ဇာဗုလုန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။ သူ တို့ အမွေ မြေအပိုင်း အခြားသည် စာရိဒ် မြို့မှထွက် ၍၊
11 And it went up from the sea and from Merala, and came to Debbaseth: as far as the torrent, which is over against Jeconam.
၁၁အနောက် သို့ သွား လျက် မရာလ မြို့၊ ဒဗ္ဗရှက် မြို့သို့ ၎င်း ၊ ယောကနံ မြို့ရှေ့ မှာ ရှိသော မြစ် သို့ ၎င်း မှီ လေ၏။
12 And it returneth from Sarid eastward to the borders of Ceseleththabor: and it goeth out to Dabereth, and ascendeth towards Japhie.
၁၂တဖန် စာရိဒ် မြို့မှ နေ ထွက် ရာအရှေ့ မျက်နှာသို့ လှည့် သဖြင့် ၊ ခိသလုတ္တာဗော် မြို့၊ ဒါဗရတ် မြို့သို့ ရောက် ပြီးလျှင် ၊ ယာဖျာ မြို့သို့ တက် လေ၏။
13 And it passeth along from thence to the east side of Gethhepher and Thacasin: and goeth out to Remmon, Amthar and Noa.
၁၃ထို မြို့မှစ၍ အရှေ့ ဘက်နားမှာလိုက် လျက် ၊ ဂိတ္တဟေဖါ မြို့၊ အိတ္တကာဇိန် မြို့၊ ရိမ္မုန်မေသောရ နေအာ မြို့သို့ ရောက် လေ၏။
14 And it turneth about to the north of Hanathon: and the outgoings thereof are the valley of Jephtahel,
၁၄မြောက် ဘက်၌ လည်း ဝိုင်း သဖြင့် ၊ ဟန္နသုန် မြို့သို့ရောက် ၍ ယိဖသေလ ချိုင့်၌ ဆုံး လေ၏။
15 And Cateth and Naalol and Semeron and Jedala and Bethlehem: twelve cities and their villages.
၁၅ထိုမှတပါး၊ ကတ္တတ် မြို့၊ နဟာလာလ မြို့၊ ရှိမရုန် မြို့၊ ဣဒလ မြို့၊ ဗက်လင် မြို့တည်းဟူသောရွာ နှင့်တကွ ဆယ် နှစ် မြို့ ရှိသတည်း။
16 This is the inheritance of the tribe of the children of Zabulon by their kindreds, the cities and their villages.
၁၆ဤ ရွေ့ကား မြို့ ရွာ ပါလျက် ဇာဗုလုန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
17 The fourth lot came out to Issachar by their kindreds.
၁၇စတုတ္ထ တကြိမ် စာရေးတံ ပြု ၍ ဣသခါ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။
18 And his inheritance was Jezrael and Casaloth and Sunem,
၁၈သူ တို့အပိုင်း အခြားသည် ယေဇရေလ မြို့၊ ခေသုလုတ် မြို့၊ ရှုနင် မြို့၊
19 And Hapharaim and Seen and Anaharath,
၁၉ဟာဖရိမ် မြို့၊ ရှိဟုန် မြို့၊ အာနဟာရတ် မြို့၊
20 And Rabboth and Cesion, Abes,
၂၀ရဗ္ဗိတ် မြို့၊ ကိရှုန် မြို့၊ အာဗက် မြို့၊
21 And Rameth and Engannim and Enhadda and Bethpheses.
၂၁ရေမက် မြို့၊ အင်္ဂန္နိမ် မြို့၊ အင်္ဟာဒ္ဒါ မြို့၊ ဗက်ပဇ္ဇက် မြို့ပါလျက်၊
22 And the border thereof cometh to Thabor and Sehesima and Bethsames: and the outgoings thereof shall be at the Jordan: sixteen cities, and their villages.
၂၂တာဗော် မြို့၊ ရာဟဇိမ မြို့၊ ဗက်ရှေမက် မြို့သို့ ရောက် ၍ ယော်ဒန် မြစ်၌ ဆုံး လေ၏။ ရွာ နှင့်တကွ ဆယ် ခြောက် မြို့ ရှိသတည်း။
23 This is the possession of the sons of Issachar by their kindreds, the cities and their villages.
၂၃ဤ ရွေ့ကား မြို့ ရွာ ပါလျက် ဣသခါ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
24 And the fifth lot fell to the tribe of the children of Aser by their kindreds:
၂၄ပဉ္စမ တကြိမ် စာရေးတံ ပြု ၍ အာရှာ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။
25 And their border was Halcath and Chali and Beten and Axaph,
၂၅သူ တို့အပိုင်း အခြားသည် ဟေလကတ် မြို့၊ ဟာလိ မြို့၊ ဗေတင် မြို့၊ အာခရှပ် မြို့၊
26 And Elmelech and Amaad and Messal: and it reacheth to Carmel by the sea and Sihor and Labanath,
၂၆အာလမ္မေလက် မြို့၊ အာမဒ် မြို့၊ မိရှာလ မြို့ပါ လျက်၊ အနောက် မျက်နှာ၌ ကရမေလ မြို့၊ ရှိဟောရလိဗနတ် မြို့သို့ ရောက် လေ၏။
27 And it returneth towards the east to Bethdagon: and passeth along to Zabulon and to the valley of Jephthael towards the north to Bethemec and Nehiel. And it goeth out to the left side of Cabul,
၂၇တဖန် နေ ထွက် ရာဘက်သို့လှည့် ၍ ဗက်ဒါဂုန် မြို့၊ ဇာဗုလုန် ခရိုင်၊ ယိဖသေလ ချိုင့်ကို ရှောက် သဖြင့် ၊ မြောက် မျက်နှာသို့ သွား၍ ဗေသမက် မြို့၊ နယေလ မြို့၊ ကာဗုလ မြို့၊
28 And to Abaran and Rohob and Hamon and Cana, as far as the great Sidon.
၂၈ဟေဗြုန် မြို့၊ ရဟောဘ မြို့၊ ဟမ္မုန် မြို့၊ ကာန မြို့၊ ဇိဒုန် မြို့ကြီး တိုင်အောင် ရောက် ပြီးလျှင်၊
29 And it returneth to Horma to the strong city of Tyre, and to Hosa: and the outgoings thereof shall be at the sea from the portion of Achziba:
၂၉ရာမ မြို့၊ ခိုင်ခံ့ သောတုရု မြို့ ၊ ဟောသ မြို့သို့ လှည့် လျက် ၊ ပင်လယ် ကမ်းပါးမှစ၍ အာခဇိပ် မြို့တိုင်အောင် ပင်လယ် ၌ ဆုံး လေ၏။
30 And Amma and Aphec and Rohob: twenty-two cities, and their villages.
၃၀အုမ္မ မြို့၊ အာဖက် မြို့၊ ရဟောဘ မြို့နှင့်တကွ ၊ ရွာ ပါလျက် နှစ် ဆယ်နှစ် မြို့ ရှိသတည်း။
31 This is the possession of the children of Aser by their kindreds, and the cities and their villages.
၃၁ဤ ရွေ့ကား မြို့ ရွာ ပါလျက် အာရှာ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
32 The sixth lot came out to the sons of Nephtali by their families:
၃၂ဆဌမ တကြိမ် စာရေးတံ ပြု ၍ နဿလိ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။
33 And the border began from Heleph and Elon to Saananim, and Adami, which is Neceb, and Jebnael even to Lecum: and their outgoings unto the Jordan:
၃၃သူ တို့အပိုင်း အခြားသည် ဟေလပ် မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ် မြို့၊ အာဒမိ မြို့၊ နေကပ်မြို့၊ ယာဗနေလ မြို့၊ လာကုံ မြို့ပါလျက် ယော်ဒန် မြစ်၌ ဆုံး လေ၏။
34 And the border returneth westward to Azanotthabor, and goeth out from thence to Hucuca, and passeth along to Zabulon southward, and to Aser westward, and to Juda upon the Jordan towards the rising of the sun.
၃၄တဖန် အနောက် မျက်နှာသို့ လှည့် သဖြင့် အာဇနုတ္တာဘော် မြို့၊ ဟုကုတ် မြို့သို့ ရောက် ၍ ၊ တောင် ဘက်၌ ဇာဗုလုန် ခရိုင်၊ အနောက် ဘက်၌ အာရှာ ခရိုင်၊ နေ ထွက် ရာဘက်၌ ယော်ဒန် မြစ်အပိုင်း အခြားရှိ၏။
35 And the strong cities are Assedim, Ser, and Emath, and Reccath and Cenereth,
၃၅ခိုင်ခံ့ သောမြို့ များဟူမူကား၊ ဇိဒ္ဒိမ် မြို့၊ ဇေရ မြို့၊ ဟမ္မတ် မြို့၊ ရက္ကတ် မြို့၊ ဂင်္နေသရက် မြို့၊
36 And Edema and Arama, Asor,
၃၆အာဒမာ မြို့၊ ရာမ မြို့၊ ဟာဇော် မြို့၊
37 And Cedes and Edri, Enhasor,
၃၇ကေဒေရှ မြို့၊ အင်ဟာဇော် မြို့၊ ဧဒြိ မြို့၊
38 And Jeron and Magdalel, Herem, and Bethanath and Bethsames: nineteen cities, and their villages.
၃၈ဣရုန် မြို့၊ မိဂဒလေလ မြို့၊ ဟောရင် မြို့၊ ဗေသနတ် မြို့၊ ဗက်ရှေမက် မြို့၊ ရွာ နှင့်တကွ ဆယ် ကိုး မြို့ တည်း။
39 This is the possession of the tribe of the children of Nephtali by their kindreds, the cities and their villages.
၃၉ဤ ရွေ့ကား မြို့ ရွာ ပါလျက်၊ နဿလိ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
40 The seventh lot came out to the tribe of the children of Dan by their families:
၄၀သတ္တမ တကြိမ် စာရေးတံ ပြု ၍ ဒန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။
41 And the border of their possession was Saraa and Esthaol, and Hirsemes, that is, the city of the sun.
၄၁သူ တို့အမွေ ခံရသောမြို့ များဟူမူကား၊ ဇောရာ မြို့၊ ဧရှတောလ မြို့၊ ဣရရှေမက် မြို့၊
42 Selebin and Aialon and Jethela,
၄၂ရှာလဗ္ဗိန် မြို့၊ အာယလုန် မြို့၊ ယေသလ မြို့၊
43 Elon and Themna and Acron,
၄၃ဧလုန် မြို့၊ သိမနာသ မြို့၊ ဧကြုန် မြို့၊
44 Elthece, Gebbethon and Balaath,
၄၄ဧလတေက မြို့၊ ဂိဗ္ဗသုန် မြို့၊ ဗာလပ် မြို့၊
45 And Jud and Bane and Barach and Gethremmon:
၄၅ယေဟုတ် မြို့၊ ဗေနဗေရက် မြို့၊ ဂါသရိမ္မုန် မြို့၊
46 And Mejarcon and Arecon, with the border that looketh towards Joppe,
၄၆မေယာကုန် မြို့၊ ရက္ကုန် မြို့၊ ယာဖေါ မြို့ရှေ့ မှာရှိသောမြေ ပါ သတည်း။
47 And is terminated there. And the children of Dan went up and fought against Lesem, and took it: and they put it to the sword, and possessed it, and dwelt in it, calling the name of it Lesem Dan, by the name of Dan their father.
၄၇ဒန် အမျိုးသား ရသောမြေ သည် ကျဉ်းမြောင်းသောကြောင့်၊ လဲရှ မြို့ကို စစ်ချီ ၍ တိုက် ယူလုပ်ကြံ သဖြင့် နေရာ ချကြ၏။ လဲရှ မြို့ကို ၊ အမျိုး၏အဘ ဒန် ကို အစွဲပြု ၍ ၊ ဒန် မြို့ဟူသောအမည်ဖြင့် မှည့် ကြ၏။
48 This is the possession of the tribe of the sons of Dan, by their kindreds, the cities and their villages.
၄၈ဤ ရွေ့ကား မြို့ ရွာ ပါလျက်၊ ဒန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
49 And when he had made an end of dividing the land by lot to each one by their tribes, the children of Israel gave a possession to Josue the son of Nun in the midst of them,
၄၉ထိုသို့ ဣသရေလ အမျိုးသားတို့သည် မြေ တပြင်လုံးကို အပိုင်း အခြားနှင့်တကွဝေဖန် ၍ အမွေခံပြီး မှ၊ နုန် ၏သား ယောရှု အား အမွေ မြေကို ပေး ကြ၏။
50 According to the commandment of the Lord, the city which he asked for, Thamnath Saraa, in mount Ephraim: and he built up the city, and dwelt in it.
၅၀သူတောင်း သောမြို့ ဧဖရိမ် တောင် ပေါ်မှာ တိမနဿေရ မြို့ကို ထာဝရဘုရား အမိန့် တော်အတိုင်း ပေး သဖြင့် ၊ သူသည် မြို့ ကိုတည်ထောင် ၍ နေ လေ၏။
51 These are the possessions which Eleazar the priest, and Josue the son of Nun, and the princes of the families, and of the tribes of the children of Israel, distributed by lot in Silo, before the Lord at the door of the tabernacle of the testimony, and they divided the land.
၅၁ဤ ရွေ့ကား ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏ သား ယောရှု ၊ ဣသရေလ အမျိုးသားတို့တွင် အဆွေ အမျိုးသူကြီး တို့သည်၊ ရှိလော မြို့မှာ ထာဝရဘုရား ရှေ့ ပရိသတ်စည်းဝေး ရာတဲ တော်တံခါး နား၌ ဝေ ပေးသော အမွေ ခံစရာမြေ အသီးသီးပေတည်း။ ဤရွေ့ကား၊ ပြည် ကို ဝေဖန် သောအမှု ပြီး လေ၏။

< Joshua 19 >