< Isaiah 30 >

1 Woe to you, apostate children, saith the Lord, that you would take counsel, and not of me: and would begin a web, and not by my spirit, that you might add sin upon sin:
ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​ကို​အ​စိုး​ရ သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​ငါ့​ကို​မုန်း​သော​ကြောင့် ဖြစ်​၏။ သူ​တို့​သည်​ငါ​၏​အ​လို​တော်​နှင့်​ဆန့် ကျင်​သည့်​အ​ကြံ​အ​စည်​များ​ကို​ပြု​၍ ငါ​၏ ခွင့်​ပြု​ချက်​မ​ရ​ဘဲ​မ​ဟာ​မိတ်​စာ​ချုပ်​များ ကို​ချုပ်​ဆို​ကာ၊ အ​ပြစ်​တစ်​ခု​အ​ပေါ်​တွင် တစ်​ခု​ထပ်​ဆင့်​၍​ကူး​လွန်​ကြ​၏။-
2 Who walk to go down into Egypt, and have not asked at my mouth, hoping for help in the strength of Pharao, and trusting in the shadow of Egypt.
သူ​တို့​သည်​ငါ​၏​ထံ​မှ​အ​ကြံ​ဉာဏ်​ကို​မ တောင်း​ခံ​ဘဲ အီ​ဂျစ်​ပြည်​သို့​သွား​၍​အ​ကူ အ​ညီ​တောင်း​ခံ​ကြ​၏။ အီ​ဂျစ်​ပြည်​၏​ကာ ကွယ်​စောင့်​ရှောက်​မှု​ကို​အ​လို​ရှိ​သ​ဖြင့် သူ​တို့ သည်​အီ​ဂျစ်​ဘု​ရင်​ကို​ယုံ​ကြည်​ကိုး​စား ကြ​၏။-
3 And the strength of Pharao shall be to your confusion, and the confidence of the shadow of Egypt to your shame.
သို့​ရာ​တွင်​ထို​ပြည်​သည်​သူ​တို့​အား​ကွယ်​ကာ စောင့်​ရှောက်​နိုင်​လိမ့်​မည်​မ​ဟုတ်။ အီ​ဂျစ်​ပြည် ၏​ကာ​ကွယ်​စောင့်​ရှောက်​မှု​သည်​လည်း တိုင်း ပြည်​ပျက်​ပြုန်း​မှု​တွင်​အ​ဆုံး​သတ်​လိမ့်​မည်။-
4 For thy princes were in Tanis, and thy messengers came even to Hanes.
သူ​တို့​၏​သံ​တ​မန်​များ​သည်​အီ​ဂျစ်​ပြည်၊ ဇော​န​မြို့​နှင့်​ဟာ​နက်​မြို့​သို့​ရောက်​ရှိ​နေ လေ​ပြီ။-
5 They were all confounded at a people that could not profit them: they were no help, nor to any profit, but to confusion and to reproach.
ယု​ဒ​အ​မျိုး​သား​များ​သည်​မိ​မိ​တို့​အ​ကူ အ​ညီ​ရ​ရှိ​လိမ့်​မည်​ဟု မျှော်​လင့်​ကာ​မှ​ကူ​ညီ ရန်​ပျက်​ကွက်​သည့်​လူ​မျိုး၊ ယုံ​ကြည်​စိတ်​ချ ၍​မ​ရ​သည့်​ထို​လူ​မျိုး​ကို​အား​ကိုး​မှီ​ခို မိ​သည့်​အ​တွက်​နောင်​တ​ရ​ကြ​လိမ့်​မည်။
6 The burden of the beasts of the south. In a land of trouble and distress, from whence come the lioness, and the lion, the viper and the flying basilisk, they carry their riches upon the shoulders of beasts, and their treasures upon the bunches of camels to a people that shall not be able to profit them.
ဤ​ဗျာ​ဒိတ်​တော်​သည်​တောင်​ပိုင်း​သဲ​ကန္တာ​ရ တွင်​ရှိ​သည့် တိ​ရစ္ဆာန်​များ​နှင့်​သက်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ကိုယ်​တော်​က``သံ​တ​မန် တို့​သည်​ခြင်္သေ့​များ​ခို​အောင်း​ရာ၊ မြွေ​ဆိုး​များ၊ န​ဂါး​ပျံ​များ​ရှိ​၍​ဘေး​အန္တ​ရာယ်​ပေါ​များ ရာ​အ​ရပ်​ကို​ဖြတ်​၍​သွား​ရ​ကြ​၏။ ထို​သူ​တို့ သည်​မိ​မိ​တို့​အား​အ​ဘယ်​အ​ကူ​အ​ညီ​မျှ မ​ပေး​နိုင်​သည့်​လူ​မျိုး​အ​တွက် အ​ဖိုး​ထိုက် လက်​ဆောင်​ပဏ္ဏာ​များ​ကို​မြည်း​များ၊ ကု​လား အုတ်​များ​နှင့်​တင်​ယူ​လာ​ကြ​၏။-
7 For Egypt shall help in vain, and to no purpose: therefore have I cried concerning this: It is pride only, sit still.
အီ​ဂျစ်​ပြည်​မှ​ပေး​သော​အ​ကူ​အ​ညီ​ကား အ​ချည်း​နှီး​ပင်​တည်း။ ထို့​ကြောင့်​ငါ​သည်၊ အီ​ဂျစ်​ပြည်​အား`အ​ဆိပ်​မ​ရှိ​သည့်​န​ဂါး' ဟု နာ​မည်​ပေး​ထား​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
8 Now therefore go in and write for them upon box, and note it diligently in a book, and it shall be in the latter days for a testimony for ever.
ဘု​ရား​သ​ခင်​က``ထို​သူ​တို့​သည်​အ​ဘယ်​သို့ သော​လူ​မျိုး​ဖြစ်​သည်​ကို နောင်​အ​ခါ​အ​စဉ် သက်​သေ​ခံ​အ​မှတ်​အ​သား​ရ​ရှိ​စေ​ရန် စာ စောင်​တစ်​ခု​တွင်​ရေး​မှတ်​၍​ထား​လော့'' ဟု ငါ​အား​စေ​ခိုင်း​တော်​မူ​ပါ​၏။-
9 For it is a people that provoketh to wrath, and lying children, children that will not hear the law of God.
သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​အ​မြဲ​တ​စေ ပုန်​ကန်​လျက်၊ အ​မြဲ​တ​စေ​လိမ်​လည်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​နာ​ယူ ရန်​အ​မြဲ​တ​စေ​ငြင်း​ဆန်​လျက်​နေ​ကြ​၏။-
10 Who say to the seers: See not: and to them that behold: Behold not for us those things that are right: speak unto us pleasant things, see errors for us.
၁၀ပ​ရော​ဖက်​များ​ကို​လည်း​ဆိတ်​ဆိတ်​နေ​ရန် ပြော​ဆို​ကြ​၏။ သူ​တို့​က``ငါ​တို့​အား​အ​မှန် တ​ရား​ကို​မ​ပြော​ကြ​နှင့်။ ငါ​တို့​ကြား​လို သော​စကား​ကို​ပြော​ကြ​လော့။ ငါ​တို့​အား မိ​မိ​တို့​၏​လွဲ​မှား​သော​အ​ထင်​အ​မြင် အ​ယူ​အ​ဆ​များ​နှင့်​ပင်​ရှိ​နေ​စေ​ကြ လော့။-
11 Take away from me the way, turn away the path from me, let the Holy One of Israel cease from before us.
၁၁ငါ​တို့​လမ်း​မှ​ဖယ်​ကြ​လော့။ ငါ​တို့​လမ်း​ကို မ​ပိတ်​ကြ​နှင့်။ သင်​တို့​ကိုး​ကွယ်​သော​သန့်​ရှင်း မြင့်​မြတ်​သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အ​ကြောင်း​ကို​ငါ​တို့ မ​ကြား​လို'' ဟု​ဆို​ကြ​၏။
12 Therefore thus saith the Holy One of Israel: Because you have rejected this word, and have trusted in oppression and tumult, and have leaned upon it:
၁၂သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​သော​ဘု​ရား​သ​ခင်​က``သင် တို့​သည်​ငါ့​စ​ကား​ကို​အ​ရေး​မ​စိုက်​ဘဲ အ​ကြမ်း​ဖက်​မှု​နှင့်​လိမ်​လည်​မှု​ကို​သာ အား​ကိုး​ကြ​၏။-
13 Therefore shall this iniquity be to you as a breach that falleth, and is found wanting in a high wall, for the destruction thereof shall come on a sudden, when it is not looked for.
၁၃သင်​တို့​သည်​အပြစ်​ဒဏ်​ခံ​ထိုက်​သူ​များ​သာ တည်း။ သင်​တို့​သည်​တောက်​လျှောက်​ကွဲ​အက် လျက်​နေ​သော အုတ်​တံ​တိုင်း​မြင့်​ကြီး​ကဲ့​သို့ ရုတ်​တ​ရက်​လဲ​ပြို​ပျက်​စီး​ကြ​လိမ့်​မည်။-
14 And it shall be broken small, as the potter’s vessel is broken all to pieces with mighty breaking, and there shall not a sherd be found of the pieces thereof, wherein a little fire may be carried from the hearth, or a, little water be drawn out of the pit.
၁၄အိုး​ခြမ်း​ကွဲ​ဖြင့်​မီး​ခဲ​များ​ကို​ကောက်​ယူ​ရန် သော်​လည်း​ကောင်း၊ စည်​တွင်​နှစ်​၍​ရေ​ကို​ခပ်​ယူ ရန်​သော်​လည်း​ကောင်း၊ မ​ဖြစ်​နိုင်​အောင်​အ​စိတ် စိတ်​အ​မြွှာ​မြွှာ​ကွဲ​သွား​သော​မြေ​အိုး​နှင့်​တူ ကြ​လိမ့်​မည်။
15 For thus saith the Lord God the Holy One of Israel: If you return and be quiet, you shall be saved: in silence and in hope shall your strength be. And you would not:
၁၅ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့် မြတ်​သည့်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က လူ​တို့​အား``သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ကာ​တည်​ငြိမ်​စွာ ငါ့​အား​ယုံ​ကြည်​ကိုး​စား​၍ နေ​ကြ​လော့။ သို့​ပြု​လျှင်​သင်​တို့​သည်​ခွန်​အား စွမ်း​ရည်​ကို​ရ​၍​ကယ်​တင်​ခြင်း​ကို​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။ သို့​ရာ​တွင် သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား မ​ထောင်​ကြ။-
16 But have said: No, but we will flee to horses: therefore shall you flee. And we will mount upon swift ones: therefore shall they be swifter that shall pursue after you.
၁၆ယင်း​သို့​နား​ထောင်​မည့်​အ​စား၊ လျင်​မြန်​သည့် မြင်း​များ​ကို​စီး​၍ ရန်​သူ​တို့​ထံ​မှ​ထွက်​ပြေး ရန်​ကြံ​စည်​ကြ​လေ​သည်။ သင်​တို့​၏​အ​ကြံ အ​စည်​မှာ​မ​ဆိုး​လှ။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည်​အ​မှန်​ပင်​ထွက်​ပြေး​ရ​ကြ​လိမ့် မည်​ဖြစ်​သော​ကြောင့်​တည်း။ သင်​တို့​သည်​မိ​မိ တို့​မြင်း​များ​ကို​လျင်​မြန်​လှ​ပြီ​ဟု​ထင်​မှတ် ကြ​သော်​လည်း သင်​တို့​အား​လိုက်​လံ​ဖမ်း​ဆီး သူ​တို့​၏​မြင်း​များ​က​ပို​၍​ပင်​လျင်မြန်​ကြ လိမ့်​မည်။-
17 A thousand men shall flee for fear of one: and for fear of five shall you flee, till you be left as the mast of a ship on the top of a mountain, and as an ensign upon a hill.
၁၇ရန်​သူ​တစ်​ယောက်​ကို​မြင်​လျှင်​သင်​တို့​ဘက် မှ​လူ​တစ်​ထောင်​ထွက်​ပြေး​ကြ​လိမ့်​မည်။ ရန် သူ​ငါး​ယောက်​ဆို​လျှင် သင်​တို့​အား​လုံး​ပင် ထွက်​ပြေး​ကြ​လိမ့်​မည်။ တောင်​ထိပ်​တွင်​အ​ထီး တည်း​စိုက်​ထူ​ထား​သည့်​အ​လံ​တိုင်​မှ​တစ်​ပါး သင်​တို့​၏​တပ်​မ​တော်​မှ​အ​ဘယ်​အ​ရာ​မျှ ကျန်​ရှိ​ခဲ့​လိမ့်​မည်​မ​ဟုတ်။-
18 Therefore the Lord waiteth that be may have mercy on you: and therefore shall he be exalted sparing you: because the Lord is the God of judgment: blessed are all they that wait for him.
၁၈သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကျေး​ဇူး​ပြု​တော်​မူ​ရန် စောင့်​ဆိုင်း​၍​နေ​တော်​မူ ပါ​၏။ ကိုယ်​တော်​သည်​တ​ရား​မျှ​တ​မှု​ကို အ​စဉ်​ပြု​တော်​မူ​တတ်​သည်​ဖြစ်​၍ သင်​တို့ အား​က​ရု​ဏာ​ပြ​တော်​မူ​ရန်​အ​သင့်​ရှိ တော်​မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည် ကိုး​စား​ကြ​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။
19 For the people of Sion shall dwell in Jerusalem: weeping thou shalt not weep, he will surely have pity on thee: at the voice of thy cry, as soon as he shell hear, he will answer thee.
၁၉ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့၊ သင်​တို့​သည်​ငို​ယို​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​ကြင်​နာ​တော် မူ​တတ်​၏။ ကူ​မ​တော်​မူ​ရန်​အ​ထံ​တော်​သို့ သင်​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ကိုယ်​တော် သည်​နား​ညောင်း​တော်​မူ​၍​အ​ဖြေ​ပေး လိမ့်​မည်။-
20 And the Lord will give you spare bread, and short water: and will not cause thy teacher to flee away from thee any more, and thy eyes shall see thy teacher.
၂၀ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဆိုး​ယုတ် ခက်​ခဲ​မှု​များ​နှင့်​တွေ့​ကြုံ​စေ​တော်​မူ​မည် ဖြစ်​သော်​လည်း ကိုယ်​တော်​တိုင်​ပင်​သင်​တို့​နှင့် အ​တူ​ရှိ​တော်​မူ​၍​လမ်း​ပြ​သွန်​သင်​တော်​မူ လိမ့်​မည်။ သင်​တို့​သည်​လည်း​ကိုယ်​တော်​ကို ရှာ​နေ​ရန်​လို​တော့​မည်​မ​ဟုတ်။-
21 And thy ears shall hear the word of one admonishing thee behind thy back: This is the way, walk ye in it: and go not aside neither to the right hand, nor to the left.
၂၁လက်​ဝဲ​ဘက်​သို့​သော်​လည်း​ကောင်း၊ လက်​ယာ ဘက်​သို့​သော်​လည်း​ကောင်း သင်​တို့​လမ်း​မှား ၍​လိုက်​မိ​ကြ​သော​အ​ခါ``လမ်း​မှန်​ကား​ဤ မှာ​တည်း။ ဤ​လမ်း​အ​တိုင်း​လိုက်​ကြ​လော့'' ဟု​သင်​တို့​နောက်​မှ​နေ​၍​ကိုယ်​တော်​မိန့်​တော် မူ​သံ​ကို​ကြား​ရ​ကြ​လိမ့်​မည်။-
22 And thou shalt defile the plates of thy graven things of silver, and the garment of thy molten things of gold, and shalt cast them away as the uncleanness of a menstruous woman. Thou shalt say to it: Get thee hence.
၂၂သင်​တို့​သည်​ငွေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ရုပ်​တု များ​နှင့်​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ရုပ်​တု​များ ကို​ယူ​၍``ငါ​တို့​မျက်​မှောက်​မှ​သွား​ကြ​ပေ တော့'' ဟု​ဆို​ကာ၊ အ​ညစ်​အ​ကြေး​သ​ဖွယ် ပစ်​ထုတ်​လိုက်​လိမ့်​မည်။-
23 And rain shall be given to thy seed, wheresoever thou shalt sow in the land: and the bread of the corn of the land shall be most plentiful, and fat. The lamb in that day shall feed at large in thy possession:
၂၃သင်​တို့​သီး​နှံ​များ​ကို​စိုက်​ပျိုး​ကြ​သည့် အ​ခါ​တိုင်း​အ​ပင်​ပေါက်​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​မိုး​ကို​ရွာ​သွန်း​စေ​တော်​မူ လိမ့်​မည်။ သင်​တို့​ရိတ်​သိမ်း​ရန်​အ​သီး​အ​နှံ များ​ကို​လှိုင်​လှိုင်​ထွက်​စေ​၍ ကျွဲ​နွား​များ သည်​လည်း​စား​ကျက်​အ​လုံ​အ​လောက်​ရ​ရှိ ကြ​လိမ့်​မည်။-
24 And thy oxen, and the ass colts that till the ground, shall eat mingled provender as it was winnowed in the floor.
၂၄သင်​တို့​လယ်​ယာ​များ​ကို​ထွန်​ယက်​ပေး​ကြ သည့်​နွား​များ၊ မြည်း​များ​သည်​ကောင်း​ပေ့၊ သန့်​ပေ့​ဆို​သည့်​အ​စာ​များ​ကို​စား​ရ​ကြ လိမ့်​မည်။-
25 And there shall be upon every high mountain, and upon every elevated hill rivers of running waters in the day of the slaughter of many, when the tower shall fall.
၂၅သင်​တို့​သည်​ရန်​သူ့​ခံ​တပ်​များ​ကို​ဖမ်း​ဆီး သိမ်း​ယူ​ကာ သူ​တို့​အား​သတ်​ဖြတ်​လိုက်​သော အ​ခါ၊ တောင်​ကုန်း၊ တောင်​တန်း​ရှိ​သ​မျှ​ပေါ် မှ​ချောင်း​ရေ​တို့​သည်​စီး​ဆင်း​၍​လာ​လိမ့် မည်။-
26 And the light of the moon shall be as the light of the sun, and the light of the sun shall be sevenfold, as the light of seven days: in the day when the Lord shall bind up the wound of his people, and shall heal the stroke of their wound.
၂၆လ​သည်​နေ​တ​မျှ​ထွန်း​လင်း​တောက်​ပ​လျက် နေ​သည်​လည်း ခု​နစ်​စင်း​ပြိုင်​တူ​ထွက်​သ​ကဲ့ သို့ ခါ​တိုင်း​ထက်​ခု​နစ်​ဆ​ထွန်း​လင်း​တောက်​ပ လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော် ရ​ရှိ​ခဲ့​သည်​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​အ​ဝတ် နှင့်​ပတ်​စည်း​၍ အ​နာ​များ​ကို​ကု​သ​ပျောက် ကင်း​စေ​တော်​မူ​သော​အ​ခါ၊ ဤ​အ​မှု​အ​ရာ အ​ပေါင်း​သည်​ဖြစ်​ပျက်​၍​လာ​လိမ့်​မည်။
27 Behold the name of the Lord cometh from afar, his wrath burneth, and is heavy to bear: his lips are filled with indignation, and his tongue as a devouring fire.
၂၇ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ တော်​ကို​အ​ဝေး​မှ​ပင်​မြင်​နိုင်​ပါ​သည်​တ​ကား။ မီး​လျှံ​နှင့်​မီး​ခိုး​တို့​သည်​ကိုယ်​တော်​၏​အ​မျက် တော်​ကို​ဖော်​ပြ​ကြ​၏။ ကိုယ်​တော်​မိန့်​မြွက်​တော် မူ​သော​အ​ခါ​နှုတ်​တော်​ထွက်​စ​ကား​များ​သည် မီး​ကဲ့​သို့​လောင်​ကျွမ်း​စေ​တတ်​၏။-
28 His breath as a torrent overflowing even to the midst of the neck, to destroy the nations unto nothing, and the bridle of error that was in the jaws of the people.
၂၈ကိုယ်​တော်​သည်​လေ​ပြင်း​ကို​တိုက်​ခတ်​စေ တော်​မူ​လိမ့်​မည်။ ထို​လေ​သည်​အ​ရာ​ခပ်​သိမ်း ကို​မြော​ပါ​သွား​စေ​တတ်​သည့်​မြစ်​ရေ​လျှံ သ​ကဲ့​သို့​လူ​မျိုး​တ​ကာ​ကို​ဆုံး​ပါး​ပျက်​စီး စေ​၍၊ သူ​တို့​၏​ဆိုး​ညစ်​သော​အ​ကြံ​အ​စည် များ​ကို​ပျက်​ပြား​စေ​လိမ့်​မည်။-
29 You shall have a song as in the night of the sanctified solemnity, and joy of heart, as when one goeth with a pipe, to come into the mountain of the Lord, to the Mighty One of Israel.
၂၉သို့​ရာ​တွင်၊ အို ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်၊ သင်​တို့​သည်​ဘာ​သာ​ရေး​ပွဲ​တော်​ညဥ့်​မှာ​ကဲ့ သို့​ပျော်​ရွှင်​စွာ​သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သင် တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကွယ် ကာ​ရာ​အ​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် သို့​သွား​ရာ​လမ်း​တွင် ပု​လွေ​သံ​နှင့်​စည်း​ချက် ကျ​ကျ​လမ်း​လျှောက်​၍​သွား​ကြ​သူ​တို့​ကဲ့ သို့​ပျော်​ရွှင်​ကြ​လိမ့်​မည်။
30 And the Lord shall make the glory of his voice to be heard, and shall shew the terror of his arm, in the threatening of wrath, and the dame of devouring fire: he shall crush to pieces with whirlwind, and hailstones.
၃၀ထာ​ဝ​ရ​ဘု​ရား​သည်​လူ​အ​ပေါင်း​တို့​အား အာ​နု​ဘော်​တော်​နှင့်​ပြည့်​ဝ​သည့်​အ​သံ​တော် ကို​ကြား​စေ​တော်​မူ​၍ မိ​မိ​၏​အ​မျက်​တော် အ​ရှိန်​ကို​ခံ​စား​စေ​တော်​မူ​လိမ့်​မည်။ မီး တောက်​မီး​လျှံ​များ၊ မိုး​ထစ်​ချုန်း​မှု၊ မိုး​သီး များ​ကျ​မှု​နှင့်​သည်း​ထန်​စွာ​မိုး​ရွာ​သွန်း မှု​ကို​ဖြစ်​ပွား​စေ​တော်​မူ​လိမ့်​မည်။-
31 For at the voice of the Lord the Assyrian shall fear being struck with the rod.
၃၁အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​ဘု​ရား​သ​ခင် ၏​အ​သံ​တော်​ကို​ကြား​သော​အ​ခါ ကြောက် လန့်​တုန်​လှုပ်​လျက်​ကိုယ်​တော်​ပေး​အပ်​တော် မူ​သော​အ​ပြစ်​ဒဏ်​အ​ဟုန်​ကို​ခံ​စား​ရ​ကြ လိမ့်​မည်။-
32 And the passage of the rod shall be strongly grounded, which the Lord shall make to rest upon him with timbrels and harps, and in great battles he shall over throw them.
၃၂ထို​သူ​တို့​အား​အ​ဖန်​တ​လဲ​လဲ​ဘု​ရား​သ​ခင်​ရိုက်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​၏ လူ​မျိုး​တော်​သည်​စောင်း​သံ၊ ပတ်​သာ​သံ​များ ကို​စည်း​လိုက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​ပင်​အာ​ရှု​ရိ​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​တော်​မူ​လိမ့်​မည်။-
33 For Topheth is prepared from yesterday, prepared by the king, deep, and wide. The nourishment thereof is fire and much wood: the breath of the Lord as a torrent of brimstone kindling it.
၃၃ရှေး​မ​ဆွ​က​ပင်​အာ​ရှု​ရိ​ဘု​ရင်​ကို​မီး​သင်္ဂြိုဟ် ရန် လောင်​တိုက်​ကို​ပြင်​ဆင်​၍​ထား​ခဲ့​၏။ ထို​လောင် တိုက်​သည်​အ​စောက်​နက်​၍​ကျယ်​ဝန်း​၏။ ထို အ​ရပ်​တွင်​မြင့်​မား​သော​ထင်း​ပုံ​ကြီး​တစ် ခု​လည်း​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ခံ​တွင်း တော်​မှ​မီး​လျှံ​ကို​မှုတ်​ထုတ်​တော်​မူ​၍ ထို ထင်း​ပုံ​ကို​မီး​စွဲ​လောင်​စေ​တော်​မူ​လိမ့်​မည်။

< Isaiah 30 >