< Genesis 42 >

1 And Jacob hearing that food was sold in Egypt, said to his sons: Why are ye careless?
အဲဂုတ္တု ပြည်၌ စပါး ရှိ ကြောင်း ကို ယာကုပ် ကြား သိလျှင် ၊ သင်တို့သည် အဘယ်ကြောင့် တယောက်ကို တယောက် ကြည့်ရှု ၍ နေကြသနည်း။
2 I have heard that wheat is sold in Egypt: go ye down, and buy us necessaries, that we may live, and not be consumed with want.
အဲဂုတ္တု ပြည်၌ စပါး ရှိ ကြောင်း ကို ငါကြား ရပြီ။ ငါတို့သည်မ သေ အသက်ရှင် မည်အကြောင်း ၊ ထို ပြည်သို့ သွား ၍ ငါ တို့အဘို့ ကို ဝယ် ကြလော့ဟု မိမိ သား တို့အား ဆို သည်အတိုင်း၊
3 So the ten brethren of Joseph went down, to buy corn in Egypt:
ယောသပ် ၏ အစ်ကို တကျိပ် တို့သည် စပါး ကို ဝယ် ခြင်းငှါ အဲဂုတ္တု ပြည်သို့ သွား ကြ၏။
4 Whilst Benjamin was kept at home by Jacob, who said to his brethren: Lest perhaps he take any harm in the journey.
ယောသပ် ၏ညီ ဗင်္ယာမိန် ကိုကား အစ်ကို တို့နှင့်အတူ ယာကုပ် သည်မ စေ မလွှတ်။ အကြောင်း မူကား၊ သူ ၌ ဘေး ရောက် ကောင်းရောက်လိမ့်မည်ဟု စိုးရိမ် သတည်း။
5 And they entered into the land of Egypt with others that went to buy. For the famine was in the land of Chanaan.
ထိုအခါ ခါနာန် ပြည် ၌ အစာခေါင်းပါး သောကြောင့် ၊ အဲဂုတ္တုပြည်သို့ရောက်လာ သောသူတို့ တွင်၊ ဣသရေလ သား တို့သည် စပါးကိုဝယ် ခြင်းငှါ လာ ကြ၏။
6 And Joseph was governor in the land of Egypt, and corn was sold by his direction to the people. And when his brethren had bowed down to him,
ယောသပ် သည် နိုင်ငံ အုပ်ဖြစ်၍ပြည်သား အပေါင်း တို့အား ရောင်း သောအမှုကို စီရင်လေ၏။ ယောသပ် အစ်ကို တို့သည်လာ ၍ သူ့ ရှေ့ မှာ ဦးညွှတ် ချကြ၏။
7 And he knew them, he spoke as it were to strangers somewhat roughly, asking them: Whence came you? They answered: From the land of Chanaan, to buy necessaries of life.
ယောသပ် သည် အစ်ကို တို့ကိုမြင် လျှင် သိ ၏။ သို့သော်လည်း မ သိဟန်ဆောင်၍ ကြမ်းတမ်း စွာ ပြော လျက် ၊ သင်တို့သည် အဘယ် က လာ ကြသနည်းဟုမေး ၏။ သူတို့ကလည်း၊ အစာ ကိုဝယ် ခြင်းငှါ ခါနာန် ပြည် က လာကြပါသည် ဟုလျှောက် ကြ၏။
8 And though he knew his brethren, he was not known by them.
ယောသပ် သည် အစ်ကို တို့ကိုသိ သော်လည်း ၊ သူ တို့သည် ယောသပ် ကို မ သိ ကြ။
9 And remembering the dreams, which formerly he had dreamed, he said to them: You are spies. You are come to view the weaker parts of the land.
ယောသပ် သည် သူ တို့အကြောင်း နှင့် မြင် ရသောအိပ်မက် တို့ကို အောက်မေ့ လျက် ၊ သင် တို့သည် သူလျှို ဖြစ်ကြ၏။ ပြည် တော်၌ အားနည်း သောအရပ်ကို ကြည့်ရှု ခြင်းငှါ လာ ကြပြီဟုဆိုလျှင်၊
10 But they said: It is not so, my lord, but thy servants are come to buy food.
၁၀သူ တို့က၊ မဟုတ် ပါသခင်။ ကိုယ်တော် ၏ကျွန် တို့ သည် အစာ ကို ဝယ် ခြင်းငှါ သာ လာ ကြပါ၏။
11 We are all the sons of one man: we are come as peaceable men, neither do thy servants go about any evil.
၁၁ကျွန်တော် တို့သည် တယောက် တည်းသောသူ ၏ သား ဖြစ်ကြပါ၏။ ဖြောင့်မတ် သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော် ၏ကျွန် တို့သည် သူလျှို မ ဟုတ်ပါဟု လျှောက် ကြ၏။
12 And he answered them: It is otherwise: you are come to consider the unfenced parts of this land.
၁၂ယောသပ်ကလည်း၊ မ ဟုတ်ဘူး။ ပြည် တော်၌ အားနည်း သော အရပ်ကိုကြည့်ရှု ခြင်းငှါ လာ ကြပြီဟု ဆို ပြန်၏။
13 But they said: We thy servants are twelve brethren, the sons of one man in the land of Chanaan: the youngest is with our father, the other is not living.
၁၃သူတို့ကလည်း၊ ကိုယ်တော် ကျွန် တို့သည် ခါနာန် ပြည် ၌ တ ယောက်တည်းသောသူ ၏သား ၊ ညီအစ်ကို တကျိပ် နှစ် ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံး သောသူကား အဘ နှင့်အတူ ယခု ရှိရစ်ပါ၏။ တ ယောက်ကားမ ရှိပါဟု လျှောက် ပြန်လျှင်၊
14 He saith: This is it that I said: You are spies.
၁၄ယောသပ် က၊ သင် တို့သည် သူလျှို ဖြစ်ကြ၏ဟု ငါဆိုသည် အရာ မှာ၊
15 I shall now presently try what you are: by the health of Pharao you shall not depart hence, until your youngest brother come.
၁၅သင်တို့ကို အဘယ်သို့စုံစမ်း ရမည်နည်းဟူမူကား ၊ အငယ် ဆုံးသောညီ မ လာ လျှင်၊ ဖါရော ဘုရင် အသက် ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤ အရပ်မှ မ ထွက် မသွားရ။
16 Send one of you to fetch him: and you shall be in prison, till what you have said be proved, whether it be true or false: or else by the health of Pharao you are spies.
၁၆သင် တို့စကား မှန် သည်မမှန်သည်ကို စုံစမ်း ၍ သိစေခြင်းငှါ သင် တို့တွင် တ ယောက်သောသူကို စေလွှတ် ၍ ညီ ကိုဆောင် ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင် ထဲမှာ ချထားမည်။ သို့မဟုတ် ဖါရော ဘုရင် အသက် ရှင်တော်မူ သည်အတိုင်း၊ အကယ်စင်စစ်သင် တို့သည် သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊
17 So he put them in prison three days.
၁၇အစ်ကို အပေါင်းတို့ကို သုံး ရက် ချုပ် ထားလေ၏။
18 And the third day he brought them out of prison, and said: Do as I have said, and you shall live: for I fear God.
၁၈သုံး ရက်မြောက်သောနေ့ ၌ ယောသပ် သည် သူ တို့ကိုခေါ် ၍ ၊ ငါ သည် ဘုရားသခင် ကို ကြောက်ရွံ့ သောသူဖြစ် ၏။ သို့ဖြစ်၍သင်တို့သည် အသက် ချမ်းသာစေခြင်းငှါပြု ရသောအမှုဟူမူကား၊
19 If you be peaceable men, let one of your brethren be bound in prison: and go ye your ways and carry the corn that you have bought, unto your houses.
၁၉သင် တို့သည် ဖြောင့်မတ် သောသူမှန်လျှင် ၊ သင် တို့ညီအစ်ကို တို့တွင် တစုံတယောက် ကို ထောင် အိမ် ၌ အချုပ် ခံလျက်နေစေပြီးလျှင်၊ ကြွင်းသောသူတို့ မူကား သွား ကြလော့။ အိမ်သူ အိမ်သားတို့၌ အစာ ခေါင်းပါးသောကြောင့်စပါး ကိုယူ ၍ သွားကြလော့။
20 And bring your youngest brother to me, that I may find your words to be true, and you may not die. They did as he had said.
၂၀အငယ်ဆုံး သောညီကို ငါ့ ထံ သို့ဆောင် ခဲ့ကြလော့။ သို့ပြုလျှင် သင် တို့စကား မှန် လိမ့်မည်။ သင်တို့အသက်လည်း ချမ်းသာ ရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြု ကြ၏။
21 And they talked one to another: We deserve to suffer these things, because we have sinned against our brother, seeing the anguish of his soul, when he besought us, and we would not hear: therefore is this affliction come upon us.
၂၁ထိုအခါ သူတို့အချင်းချင်း ဆို ကြသည်ကား၊ အကယ်စင်စစ်ငါ တို့ သည် ညီ ၏အမှု၌ အပြစ် ကြီးကြ၏။ သူ သည် ငါ တို့ကိုတောင်းပန် သောအခါ ၊ သူ့ စိတ် ဆင်းရဲ ခြင်းကို ငါတို့သည် မြင် လျက်နှင့် နား မ ထောင်ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါ တို့အပေါ် မှာ ယခု ရောက် လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။
22 And Ruben one of them, said: Did not I say to you: Do not sin against the boy: and you would not hear me? Behold his blood is required.
၂၂ရုဗင် ကလည်း၊ သူငယ် ကို မ ပြစ် မှားပါနှင့်ဟု ကျွန်ုပ်ဆို သည်မ ဟုတ် လော။ သင်တို့သည် နား မ ထောင်ဘဲ နေကြသောကြောင့် သူ ၏အသွေး အတွက် ယခု အစစ် ခံရကြသည်ဟု ပြန် ၍ဆို၏။
23 And they knew not that Joseph understood, because he spoke to them by an interpreter.
၂၃ထိုသို့ မိမိတို့ ပြောဆိုကြသောစကားကို ယောသပ် နားလည် သည်ဟု သူ တို့မ ထင် ကြ။ အကြောင်း မူကား၊ ယောသပ်သည် စကားပြန် နှင့် သူ တို့ကို ပြောတတ်သောကြောင့် တည်း။
24 And he turned himself away a little while, and wept: and returning he spoke to them.
၂၄ထိုအခါ ယောသပ်သည် သူ တို့ထံ မှခဏ ခွါ၍ ငို လေ၏။ တဖန် လာ ပြန်၍ နှုတ်ဆက် ပြီးလျှင် ၊ ရှိမောင် ကို သူ တို့အစုထဲ ကယူ ၍ သူ တို့ရှေ့ တွင် ချည်နှောင် လေ၏။
25 And taking Simeon, and binding him in their presence, he commanded his servants to fill their sacks with wheat, and to put every man’s money again in their sacks, and to give them besides provisions for the way: and they did so.
၂၅ထိုနောက် သူ တို့အိတ် များကို စပါး နှင့် ပြည့် စေ၍ ၊ သူ တို့ငွေ ကိုလည်း အသီးအသီး အိတ် တို့တွင် ပြန်ထည့် စေခြင်းငှါ ၎င်း၊ လမ်းခရီး ၌ စား စရိတ်ကို ပေး စေခြင်းငှါ ၎င်း စီရင်၍ ထိုသို့လျှင် သူ တို့၌ ပြု လေ၏။
26 But they having loaded their asses with the corn, went their way.
၂၆သူတို့သည်လည်း မြည်း များအပေါ် ၌ စပါး ကို တင် ၍ ထွက်သွား ကြ၏။
27 And one of them opening his sack, to give his beast provender in the inn, saw the money in the sack’s mouth;
၂၇စားခန်း သို့ ရောက် သောအခါ ၊ တယောက်သောသူသည် မြည်း ကို အစာ ကျွေးခြင်းငှါ မိမိ အိတ် ကိုဖွင့် လျှင် ၊ အိတ် ဝ တွင် ရှိသောငွေ ကိုမြင် လေ၏။
28 And said to his brethren: My money is given me again, behold it is in the sack. And they were astonished, and troubled, and said to one another: What is this that God hath done unto us?
၂၈ညီအစ်ကို တို့အား လည်း ကျွန်ုပ် ငွေ ကို ပြန် ထား ပြီ။ ကြည့် ပါ အိတ် ထဲ မှာရှိသည်ဟုဆိုသော်၊ သူ တို့သည် စိတ် နှလုံးလျော့ ၍ ကြောက်လန့် လျက် ၊ ငါ တို့၌ ဘုရားသခင် ပြု တော်မူသောဤ အမှုသည် အဘယ် အမှုဖြစ် ပါလိမ့်မည်နည်းဟု တ ယောက်ကိုတယောက်ဆို ကြ၏။
29 And they came to Jacob their father in the land of Chanaan, and they told him all things that had befallen them, saying:
၂၉ခါနာန် ပြည် အဘ ယာကုပ် ထံ သို့ရောက် လျှင် ၊ မိမိ တို့၌ ဖြစ် လေသမျှ တို့ကို ကြား ပြောသည်ကား၊
30 The lord of the land spoke roughly to us, and took us to be spies of the country.
၃၀ထိုပြည် ကိုအုပ်စိုး သောသူ သည် ကြမ်းတမ်း စွာ ပြော လျက် ၊ ကျွန်ုပ် တို့ကို ထိုပြည် ၌ သူလျှို လုပ်သူဟူ၍ မှတ် လေ၏။
31 And we answered him: We are peaceable men, and we mean no plot.
၃၁ကျွန်ုပ် တို့ကလည်း ၊ ကျွန်တော် တို့သည် ဖြောင့်မတ် သောသူဖြစ် ကြပါ၏။ သူလျှို မ ဟုတ်ပါ။
32 We are twelve brethren born of one father: one is not living, the youngest is with our father in the land of Chanaan.
၃၂တဘ တည်းသား ၊ ညီအစ်ကို ချင်း တကျိပ် နှစ် ယောက်ဖြစ်ကြပါ၏။ တ ယောက်ကားမ ရှိပါ။ အငယ်ဆုံး သောသူကား ခါနာန် ပြည် ၌ အဘ နှင့်အတူ ယခု ရှိရစ် ပါသည်ဟု လျှောက်သောအခါ၊
33 And he said to us: Hereby shall I know that you are peaceable men: Leave one of your brethren with me, and take ye necessary provision for your houses, and go your ways.
၃၃ထိုပြည် ကို အုပ်စိုး သောသခင်က၊ သင် တို့သည် ဖြောင့်မတ် သောသူမှန် သည်ကို အဘယ်သို့ငါသိ နိုင်မည်နည်း ဆိုသော်၊ သင် တို့ညီအစ်ကို တို့ တွင် တစုံတယောက် ကို ငါ့ ထံ ၌ထား ရစ်ကြလော့။ သင် တို့အိမ်သူ အိမ်သားတို့၌ အစာ ခေါင်းပါးသောကြောင့် အစာကိုယူ ၍ သွား ကြလော့၊
34 And bring your youngest brother to me, that I may know you are not spies: and you may receive this man again, that is kept in prison: and afterwards may have leave to buy what you will.
၃၄အငယ်ဆုံး သောညီ ကို ငါ့ ထံ သို့ဆောင် ခဲ့ကြလော့။ သို့ပြုလျှင်သင် တို့သည် သူလျှို မ ဟုတ် ဖြောင့်မတ် သောသူဖြစ်သည်ကို ငါသိ လိမ့်မည်။ သင် တို့ညီအစ်ကို ကို လည်း ငါပြန် ၍အပ်မည်။ သင်တို့သည် ပြည် တော်၌ ဖေါက် ကားရောင်းဝယ်ရကြမည်ဟု ဆိုကြောင်းကို ကြားပြောကြပြီးမှ၊
35 When they had told this, they poured out their corn and every man found his money tied in the mouth of his sack: and all being astonished together,
၃၅မိမိ တို့အိတ် များအထဲက စပါးကို ထုတ် သောအခါ ၊ အသီးအသီး ဆိုင်သော ငွေ ထုပ် တို့သည် မိမိ တို့အိတ် ၌ ရှိ ကြ၏။ ငွေ ထုပ် များကို သူ တို့နှင့် အဘ သည် မြင် သောအခါ ကြောက်လန့် ကြ၏။
36 Their father Jacob said: You have made me to be without children: Joseph is not living, Simeon is kept in bonds, and Benjamin you will take away: all these evils are fallen upon me.
၃၆အဘ ယာကုပ် ကလည်း၊ သင်တို့သည် ငါ့သား တို့ကို လု ယူကြပြီ။ ယောသပ် မ ရှိ၊ ရှိမောင် မ ရှိ၊ ဗင်္ယာမိန် ကိုလည်း ယူ သွားချင်သည်တကား။ ဤ အမှုအလုံးစုံ တို့ သည် ငါ နှင့်ဆန့်ကျင် ဘက်ဖြစ်သည်တကားဟု သူ တို့အား ဆို ၏။
37 And Ruben answered him: Kill my two sons if I bring him not again to thee: deliver him into my hand, and I will restore him to thee.
၃၇ရုဗင် ကလည်း ၊ ကျွန်ုပ်သည် ဗင်္ယာမိန် ကို အဘ ထံ သို့ပြန်၍ မ ဆောင် ခဲ့လျှင် ၊ ကျွန်ုပ် သား နှစ် ယောက်တို့ကိုသတ် ပါလော့။ သူ့ ကိုကျွန်ုပ် လက် ၌ အပ် ပါ။ ကျွန်ုပ်တဖန် အဘ ထံ သို့ပြန် ၍ ဆောင်ခဲ့ပါမည်ဟု အဘ အား ဆို ၏။
38 But he said: My son shall not go down with you: his brother is dead, and he is left alone: if any mischief befall him in the land to which you go, you will bring down my gray hairs with sorrow to hell. (Sheol h7585)
၃၈အဘကလည်း၊ သင် တို့နှင့်အတူ ငါ့ သား မ သွား ရ။ သူ ၏အစ်ကို သေ ပြီ။ သူ သည် တယောက် တည်း ကျန်ရစ် ၏။ သင်တို့သွား ရာလမ်း ခရီးတွင် သူ ၌ ဘေး ရောက် လျှင် ၊ သင်တို့သည် ငါ့ ဆံပင် ဖြူကို ဝမ်းနည်း ခြင်းနှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြလိမ့်မည်ဟု ဆို လေ ၏။ (Sheol h7585)

< Genesis 42 >