< Ezekiel 43 >
1 And he brought me to the gate that looked towards the east.
၁ထိုနောက်မှ အရှေ့ ဘက်သို့ မျက်နှာပြု သော တံခါးဝ သို့ တဖန်ခေါ်သွား ၏။
2 And behold the glory of the God of Israel came in by the way of the east: and his voice was like the noise of many waters, and the earth shone with his majesty.
၂ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်း တော် သည် အရှေ့ မျက်နှာမှ လာ ၍ ၊ အသံသည် သမုဒ္ဒရာ သကဲ့သို့ ဖြစ်၏။ ရောင်ခြည် တော်အားဖြင့် မြေ တပြင်လုံးလင်း ၏။
3 And I saw the vision according to the appearance which I had seen when he came to destroy the city: and the appearance was according to the vision which I had seen by the river Chobar: and I fell upon my face.
၃ငါမြင် သော ရူပါရုံ သည် မြို့ တော်ကိုဖျက်ဆီး ခြင်းငှါ လာ သောအခါ ၊ ငါမြင် သော ရူပါရုံ နှင့် တူ၏။ ထင်ရှားသောအရာတို့သည် ခေဗာ မြစ် နားမှာ ငါမြင် ဘူးသော အရာများကဲ့သို့ ဖြစ်၍ ၊ ငါသည် ပြပ်ဝပ် လျက်နေ၏။
4 And the majesty of the Lord went into the temple by the way of the gate that looked to the east.
၄ထာဝရဘုရား ၏ ဘုန်း တော်သည် အရှေ့ ဘက် သို့ မျက်နှာ ပြုသော တံခါး လမ်း ဖြင့် အိမ် တော်ထဲသို့ ဝင် တော်မူ၏။
5 And the spirit lifted me up and brought me into the inner court: and behold the house was filled with the glory of the Lord.
၅ထိုအခါ ဝိညာဉ် တော်သည် ငါ့ ကိုချီ လျက် အတွင်း တန်တိုင်း ထဲသို့ ဆောင်သွား ၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် တအိမ်လုံး ကို ဖြည့် တော်မူ၏။
6 And I heard one speaking to me out of the house, and the man that stood by me,
၆အရင်လူ သည် ငါ့ အနား မှာရပ် နေလျက်၊ အိမ် တော်ထဲက ငါ့ အား မိန့် တော်မူသောအသံကို ငါကြား သည်ကား၊
7 Said to me: Son of man, the place of my throne, and the place of the soles of my feet, where I dwell in the midst of the children of Israel for ever: and the house of Israel shall no more profane my holy name, they and their kings by their fornications, and by the carcasses of their kings, and by the high places.
၇အချင်းလူသား ၊ ဤအရပ်သည် ငါ့ ပလ္လင် တည်ရာအရပ် ၊ ငါ့ ခြေဘဝါး နင်းမြဲအရပ် ၊ ဣသရေလ အမျိုးသား တို့တွင် အစဉ်အမြဲ ငါ့နေ ရာအရပ် ဖြစ်၏။ ဣသရေလ ရှင်ဘုရင် များနှင့် အမျိုးသား များတို့သည် မှားယွင်း ခြင်းအားဖြင့် ၎င်း ၊ ရှင်ဘုရင် ၏အသေကောင် အားဖြင့် ၎င်း ၊ မြင့် ရာအရပ် တို့၌ငါ ၏နာမ တော်မြတ် ကို နောက် တဖန် မ ရှုတ်ချ ရကြ။
8 They who have set their threshold by my threshold, and their posts by my posts: and there was but a wall between me and them: and they profaned my holy name by the abominations which they committed: for which reason I consumed them in my wrath.
၈သူ တို့တံခါးခုံ ကိုလည်း ငါ့ တံခါးခုံ အနား မှာ၎င်း ၊ သူ တို့တိုင် ကိုလည်း ငါ့ တိုင် အနား မှာ၎င်း တည် စိုက်လျက်၊ ငါ နှင့် သူ တို့စပ်ကြား မှာ နံရံ တခုတည်းသာရှိလျက်၊ သူတို့ ပြု မိသော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ဖြင့် ၊ ငါ ၏နာမ တော်မြတ် ကို ရှုတ်ချ သောကြောင့် ၊ ငါသည်အမျက်ထွက် ၍ သူ တို့ကို ဖျက်ဆီး ပြီ။
9 Now therefore let them put away their fornications, and the carcasses of their kings far from me: and I will dwell in the midst of them for ever.
၉ယခု မူကား၊ သူ တို့မှားယွင်း ခြင်းအမှုများနှင့် ရှင်ဘုရင် ၏အသေကောင် များကို ငါ မှ ဝေး စွာ ပယ်ရှားကြစေ။ ငါသည်လည်း သူ တို့တွင် အစဉ်အမြဲ နေ မည်။
10 But thou, son of man, shew to the house of Israel the temple, and let them be ashamed of their iniquities, and let them measure the building:
၁၀အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့သည် ကိုယ် ဒုစရိုက် အပြစ်ကြောင့် ရှက်ကြောက် စေခြင်းငှါ အိမ် တော်ကိုပြ လော့။ အိမ်တော်ပုံ ကို သူတို့ တိုင်း ကြ စေလော့။
11 And be ashamed of all that they have done. Shew them the form of the house, and of the fashion thereof, the goings out and the comings in, and the whole plan thereof, and all its ordinances, and all its order, and all its laws, and thou shalt write it in their sight: that they may keep the whole form thereof, and its ordinances, and do them.
၁၁သူတို့သည် ကိုယ်ပြု မိသောအမှုများကြောင့် အမှန်ရှက်ကြောက် လျှင် ၊ အိမ် ပုံသဏ္ဌာန် နှင့် ထွက် ရာ ဝင် ရာတံခါးဝများ၊ ကျင့်ရသမျှသော ထုံးစံ များ၊ စီရင် ထုံးဖွဲ့ချက်တရား အလုံးစုံ တို့ကိုပြ လော့။ သူတို့သည် ထုံးစံ များနှင့် စီရင် ထုံးဖွဲ့ချက်အလုံးစုံ တို့ကို ကျင့် စောင့် စေခြင်းငှါ သူ တို့ရှေ့မှာ ရေးထား လော့။
12 This is the law of the house upon the top of the mountain: All its border round about is most holy: this then is the law of the house.
၁၂တောင် ထိပ် ပေါ်မှာ တည်သော အိမ် တော်၏ တရား ဟူမူကား၊ အိမ်တော်နယ်နိမိတ် ရှိသမျှ တို့သည် အလွန် သန့်ရှင်းရကြမည်။ ဤရွေ့ကား ၊ အိမ် တော်၏ တရား ပေတည်း။
13 And these are the measures of the altar by the truest cubit, which is a cubit and a handbreadth: the bottom thereof was a cubit, and the breadth a cubit: and the border thereof unto its edge, and round about, one handbreadth: and this was the trench of the altar.
၁၃ယဇ်ပလ္လင် အတိုင်း အရှည်ကား၊ သံတောင် ဖြင့် တိုင်းလျှင်၊ ဘိနပ် အမြင့်တတောင် ၊ အကျယ် တတောင် ၊ ပတ်လည် အနားပတ် အကျယ်တထွာ ရှိ၍၊ ယဇ်ပလ္လင် ပြင်ဘက်၌ တည်ရ၏။
14 And from the bottom of the ground to the lowest brim two cubits, and the breadth of one cubit: and from the lesser brim to the greater brim four cubits, and the breadth of one cubit.
၁၄အောက် အထစ် သည် မြေ နှင့်နှစ် တောင် ကွာ၍ အကျယ် တ တောင် ရှိရမည်။ ငယ် သောအထစ် နှင့် ကြီး သောအထစ် သည် လေး တောင် ကွာ၍ အကျယ် တတောင် ရှိရမည်။
15 And the Ariel itself was four cubits: and from the Ariel upward were four horns.
၁၅ယဇ်ပလ္လင် အမြင့်သည်လည်း လေး တောင် ရှိရမည်။ ဦးချို လေး ချောင်းလည်း တက် ရမည်။
16 And the Ariel was twelve cubits long, and twelve cubits broad, foursquare, with equal sides.
၁၆ယဇ်ပလ္လင် သည် စတုရန်း ဖြစ်၍၊ အလျား တဆယ် နှစ် တောင်၊ အနံ လည်း တဆယ် နှစ် တောင် ရှိရမည်။
17 And the brim was fourteen cubits long, and fourteen cubits broad in the four corners thereof: and the crown round about it was half a cubit, and the bottom of it one cubit round about: and its steps turned toward the east.
၁၇အောက်အထစ် သည်လည်း စတုရန်းဖြစ်၍အလျား တဆယ် လေး တောင်၊ အနံ လည်းတဆယ် လေး တောင်ရှိရမည်။ အနား ပတ်သည် လည်း အကျယ် တထွာ ရှိရမည်။ ဘိနပ် သည်ယဇ်ပလ္လင်ပတ်လည်၌ တတောင် ထွက်၍၊ တက် ရာလမ်းသည် အရှေ့ သို့ မျက်နှာပြု ရမည်။
18 And he said to me: Son of man, thus saith the Lord God: These are the ceremonies of the altar, in what day soever it shall be made: that holocausts may be offered upon it, and blood poured out.
၁၈တဖန် အချင်းလူသား ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် အတိုင်း၊ မီးရှို့ ရာယဇ်ကိုပူဇော် ၍ အသွေး ကိုဖြန်း ဘို့ရာ ၊ ယဇ်ပလ္လင် ကိုတည် သောနေ့ ၌ ကျင့်ရသောတရား ဟူမူကား၊
19 And thou shalt give to the priests, and the Levites, that are of the race of Sadoc, who approach to me, saith the Lord God, to offer to me a calf of the herd for sin.
၁၉အမှုတော်ကိုဆောင် ၍ ငါ့ ထံသို့ ချဉ်းကပ် သော လေဝိ အမျိုး၊ ဇာဒုတ် သား ယဇ်ပုရောဟိတ် တို့အား အပြစ် ဖြေရာယဇ်ဘို့၊ ပျို သောနွားထီး တကောင်ကို အပ် ရမည်။
20 And thou shalt take of his blood, and shalt put it upon the four horns thereof, and upon the four corners of the brim, and upon the crown round about: and thou shalt cleanse, and expiate it.
၂၀နွားအသွေး အချို့ကိုယူ ၍ ယဇ်ပလ္လင်ဦးချို လေး ချောင်း၊ အထစ် လေး ထောင့် ၊ အနားပတ် ကိုလူး သော အားဖြင့်သန့်ရှင်း စင်ကြယ်စေရမည်။
21 And thou shalt take the calf, that is offered for sin: and thou shalt burn him in a separate place of the house without the sanctuary.
၂၁အပြစ် ဖြေရာ ယဇ်ဘို့နွား ကောင်ကို ယူ ၍ သန့်ရှင်း ရာဌာနပြင် ၊ ဗိမာန် တော်အတွင်းတွင် ခန့်ထား သော အရပ်၌ မီးရှို့ ရမည်။
22 And in the second day thou shalt offer a he goat without blemish for sin: and they shall expiate the altar, as they expiated it with the calf.
၂၂ဒုတိယ နေ့ ၌ လည်း အပြစ် မရှိသော ဆိတ် သငယ် ကို ယူ၍၊ အပြစ် ဖြေရာ ယဇ်ဘို့ ပူဇော် ရမည်။ ယဇ်ပလ္လင် ကို နွား အသွေးနှင့်သန့်ရှင်း စေသကဲ့သို့ ဆိတ်အသွေးနှင့် သန့်ရှင်း စေရမည်။
23 And when thou shalt have made an end of the expiation thereof, thou shalt offer a calf of the herd without blemish, and a ram of the flock without blemish.
၂၃ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်း စေပြီး သည်နောက် ၊ အပြစ် မရှိ၊ ပျို သောနွားထီး နှင့် အပြစ် မရှိသော ဆိတ်ထီး ကိုထာဝရဘုရား ရှေ့တော်၌ပူဇော် ရမည်။
24 And thou shalt offer them in the sight of the Lord: and the priests shall put salt upon them, and shall offer them a holocaust to the Lord.
၂၄ယဇ်ပုရောဟိတ် တို့သည် ဆား ကိုတင် လျက်၊ ထိုယဇ်ကောင် တို့ကို ထာဝရဘုရား အဘို့ မီးရှို့၍ ပူဇော် ရကြမည်။
25 Seven days shalt thou offer a he goat for sill daily: they shall offer also a calf of the herd, and a ram of the flock without blemish.
၂၅ခုနစ် ရက် ပတ်လုံးတနေ့ တနေ့လျှင်၊ ဆိတ် တကောင်ကို အပြစ် ဖြေရာယဇ်ပြု၍ ပူဇော် ရမည်။ အပြစ် မရှိ၊ ပျို သောနွားထီး တကောင်နှင့် သိုးထီး တကောင်ကိုလည်း ပူဇော် ရမည်။
26 Seven days shall they expiate the altar, and shall cleanse it: and they shall consecrate it.
၂၆ခုနစ် ရက် ပတ်လုံးယဇ်ပလ္လင် ကို သန့်ရှင်း စင်ကြယ် စေ၍၊ ကိုယ်ကိုလည်း ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား ရကြမည်။
27 And the days being, expired, on the eighth day and thenceforward, the priests shall offer your holocausts upon the altar, and the peace offerings: and I will be pacified towards you, saith the Lord God.
၂၇ခုနစ်ရက် စေ့ သောနောက် အဋ္ဌမ နေ့ ၌ ၎င်း ၊ ထို နေ့မှစ၍၎င်း ၊ ယဇ်ပုရောဟိတ် တို့သည် ယဇ်ပလ္လင် ပေါ်မှာ သင် တို့မီးရှို့ ရာယဇ်များနှင့် မိဿဟာယ ယဇ်များ ကို ပူဇော် ရကြမည်။ ငါသည်လည်း ၊ သင် တို့ကိုလက်ခံ မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။