< Ezekiel 24 >

1 And the word of the Lord came to me in the ninth year, in the tenth month, the tenth day of the month, saying:
ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​စဉ်​ကိုး​နှစ်​မြောက်​ဒ​သ​မ လ၊ လ​ဆန်း​ဆယ်​ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-
2 Son of man, write thee the name of this day, on which the king of Babylon hath set himself against Jerusalem today.
ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယ​နေ့​နေ့​စွဲ​ကို ရေး​မှတ်​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​နေ့ သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဗာ​ဗု​လုန်​မင်း​စ​တင် ဝိုင်း​ရံ​သည့်​နေ့​ဖြစ်​သော​ကြောင့်​တည်း။-
3 And thou shalt speak by a figure a parable to the provoking house, and say to them: Thus saith the Lord God: Set on a pot, set it on, I say, and put water into it.
ပုန်​ကန်​တတ်​သော​ငါ​၏​လူ​မျိုး​တော်​အား​သူ​တို့ အ​တွက် ငါ​အ​ရှင်​ထာ​ဝရ​ဘုရား​ဖော်​ပြ​သည့် ပုံ​ဥ​ပ​မာ​ကို​ပြော​ပြ​လော့။ ယင်း​ပုံ​ဥပမာ​မှာ ``ကြေး​အိုး​ကို​မီး​ဖို​ပေါ်​တွင်​တင်​၍​ရေ​ထည့် ပြီး​လျှင်
4 Heap together into if the pieces thereof, every good piece, the thigh and the shoulder, choice pieces and full of bones.
အ​သား​တုံး​များ​ကို​အိုး​ထဲ​သို့​ထည့်​လော့။ လက်​ရင်း​ပိုင်း​နှင့်​ပေါင်​များ​မှ​အ​ကောင်း​ဆုံး​သော အ​သား​တစ်​များ​ကို​လည်း​ကောင်း လက်​ရွေး​စင်​အ​ရိုး​တို့​ကို​လည်း​ကောင်း ကြေး​အိုး​ပြည့်​အောင်​ထည့်​လော့။
5 Take the fattest of the flock, and lay together piles of bones under it: the seething thereof is boiling hot, and the bones thereof are thoroughly sodden in the midst of it.
အ​ဆူ​ဖြိုး​ဆုံး​သော​သိုး​ကို​သာ​လျှင်​အ​သုံး ပြု​လော့။ ကြေး​အိုး​အောက်​တွင်​မီး​ထင်း​ထည့်​ကာ ရေ​ကို​ပွက်​ပွက်​ဆူ​စေ​၍​အ​ရိုး​များ​ကို​ပြုတ်​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။
6 Therefore thus saith the Lord God: Woe to the bloody city, to the pot whose rust is in it, and its rust is not gone out of it: cast it out piece by piece, there hath no lot fallen upon it.
အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``လူ သတ်​သ​မား​တို့​၏​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​ပါ သည်​တ​ကား။ ယင်း​သည်​အ​ဘယ်​အ​ခါ​၌​မျှ မ​တိုက်​မ​ချွတ်​ဘဲ​ထား​သ​ဖြင့်​ချေး​တက်​နေ သည့်​ကြေး​အိုး​နှင့်​တူ​၏။ ကြေး​အိုး​ထဲ​မှ အ​သား​တစ်​များ​ကို​မဲ​ချ​နေ​စ​ရာ​မ​လို ဘဲ တစ်​တုံး​ပြီး​တစ်​တုံး​အ​ကုန်​အ​စင်​ထုတ် လော့။-
7 For her blood is in the midst of her, she hath shed it upon the smooth rock: she hath not shed it upon the ground, that it might be covered with dust.
ထို​မြို့​ထဲ​၌​လူ​သတ်​မှု​ဖြစ်​ပွား​ခဲ့​၏။ သို့ ရာ​တွင်​သွေး​သည်​မြေ​ပေါ်​သို့​မ​ကျ။ ရှင်း လင်း​သော​ကျောက်​သား​ပေါ်​သို့​ကျ​သ​ဖြင့် မြေ​မှုန့်​နှင့်​ဖုံး​အုပ်​ထား​ရန်​မ​ဖြစ်​နိုင်။-
8 And that I might bring my indignation upon her, and take my vengeance: I have shed her blood upon the smooth rock, that it should not be covered.
ထို​သွေး​က​အ​မျက်​နှင့်​လက်​စား​ချေ​စေ​ရန် ငါ သည်​ယင်း​ကို​ဖုံး​အုပ်​၍​မ​ထား​နိုင်​သည့်​နေ​ရာ တွင်​ကျ​စေ​ခြင်း​ဖြစ်​၏'' ဟူ​၍​တည်း။
9 Therefore thus saith the Lord God: Woe to the bloody city, of which I will make a great bonfire.
ထို​နောက်​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည် ကား``လူ​သတ်​သ​မား​တို့​၏​မြို့​သည် အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား။ ငါ​ကိုယ်​တိုင်​ပင်​ထင်း​များ ကို​ထည့်​မည်။-
10 Heap together the bones, which I will burn with Are: the flesh shall be consumed, and the whole composition shall be sodden, and the bones shall be consumed.
၁၀ထင်း​များ​ကို​ထပ်​မံ​၍​ယူ​လာ​လော့။ မီး​တောက် ကို​ယပ်​ခပ်​ပေး​လော့။ အ​သား​များ​ကို​ချက်​၍ ဟင်း​ခပ်​အ​မွှေး​အ​ကြိုင်​တို့​ဖြင့် ဟင်း​ချို​ကို ဆူ​အောင်​ကျို​ချက်​လော့။ အ​ရိုး​တို့​ကို​ကျွမ်း လောင်​စေ​လော့။-
11 Then set it empty upon burning coals, that it may be hot, and the brass thereof may be melted: and let the filth of it be melted in the midst thereof, and let the rust of it be consumed.
၁၁ထို​နောက်​အိုး​လွတ်​ကို​နီ​ရဲ​လာ​အောင် မီး​ကျီး ခဲ​များ​အ​ပေါ်​တွင်​တင်​ထား​လော့။ ထို​အ​ခါ ချေး​ကို​မီး​စား​သ​ဖြင့် အိုး​သည်​ဘာ​သာ​ရေး ထုံး​နည်း​နှင့်​အ​ညီ​သန့်​စင်​လာ​လိမ့်​မည်။-
12 Great pains have been taken, and the great rust thereof is not gone out, not even by fire.
၁၂သို့​ရာ​တွင်​ချေး​ညှိ​အား​လုံး​သည်​မီး​တောက် ထဲ​တွင်​ပင်​လောင်​ကျွမ်း​လိမ့်​မည်​မ​ဟုတ်။-
13 Thy uncleanness is execrable: because I desired to cleanse thee, and thou art not cleansed from thy filthiness: neither shalt thou be cleansed, before I cause my indignation to rest in thee.
၁၃အို ယေ​ရု​ရှင်​လင်​မြို့၊ သင်​သည်​အ​ကျင့်​ပျက်​မှု များ​ဖြင့် မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​လေ​ပြီ။ ငါ သည်​သင့်​အား​သန့်​စင်​အောင်​ပြု​သော်​လည်း သင်​သည်​ညစ်​ညမ်း​၍​နေ​၏။ ငါ​၏​အ​မျက်​တော် ဒဏ်​ကို​မ​ခံ​ရ​မ​ချင်း​သင်​သည်​သန့်​စင်​လာ လိမ့်​မည်​မ​ဟုတ်။-
14 I the Lord have spoken: it shall come to pass, and I will do it: I will not pass by, nor spare, nor be pacified: I will judge thee according to thy ways, and according to thy doings, saith the Lord.
၁၄ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။ ငါ​အ​ရေး​ယူ​ဆောင်​ရွက်​ရ​မည့် အ​ချိန်​ကျ​ပြီ။ ငါ​သည်​သင်​၏​အ​ပြစ်​များ ကို​လျစ်​လူ​ရှု​လိမ့်​မည်​မ​ဟုတ်။ သ​နား​ကြင် နာ​မည်​မ​ဟုတ်။ က​ရု​ဏာ​ထား​မည်​မ​ဟုတ်။ သင်​ပြု​ခဲ့​သည့်​အ​မှု​အ​တွက်​အ​ပြစ်​ဒဏ် ခံ​ရ​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
15 And the word of the Lord came to me, saying:
၁၅ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့ ထံ​သို့​ရောက်​လာ​၏။-
16 Son of man, behold I take from thee the desire of thy eyes with a stroke: and thou shalt not lament, nor weep: neither shall thy tears run down.
၁၆ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​အ​ချစ်​ဆုံး​သော သူ​ကို​ငါ​သည်​ရုတ်​တ​ရက်​ရုပ်​သိမ်း​မည်။ သင်​သည် မ​ညည်း​ညူ​ရ။ မ​ငို​ရ။ မျက်​ရည်​မ​ကျ​ရ။-
17 Sigh in silence, make no mourning for the dead: let the tire of thy head be upon thee, and thy shoes on thy feet, and cover not thy face, nor eat the meat of mourners.
၁၇သင်​ရှိုက်​သည့်​အ​သံ​ကို​လူ​တို့​မ​ကြား​ပါ​စေ​နှင့်။ ဝမ်း​နည်း​ပူ​ဆွေး​သည့်​လက္ခ​ဏာ​ဖြင့်​ခေါင်း​ပေါင်း မ​ပေါင်း​ဘဲ၊ ဖိ​နပ်​မ​စီး​ဘဲ​မ​သွား​မ​လာ​နှင့်။ သင်​၏​မျက်​နှာ​ကို​မ​ဖုံး​မ​အုပ်​နှင့်။ ဝမ်း​နည်း ပူ​ဆွေး​သူ​တို့​စား​သည့်​အ​စား​အ​စာ​ကို လည်း​မ​စား​နှင့်'' ဟု​မိန့်​တော်​မူ​၏။
18 So I spoke to the people in the morning, and my wife died in the evening: and I did in the morning as he had commanded me.
၁၈ငါ​သည်​နံ​နက်​ပိုင်း​၌​လူ​တို့​နှင့်​စ​ကား​စ​မြည် ပြော​ဆို​နေ​ခဲ့​၏။ ထို​နေ့​ည​နေ​၌​ငါ​၏​ဇ​နီး သည်​ကွယ်​လွန်​သွား​သော်​လည်း နောက်​တစ်​နေ့​၌ ငါ​သည်​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ပြု​၏။-
19 And the people said to me: Why dost thou not tell us what these things mean that thou doest?
၁၉လူ​တို့​က``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​သို့​ပြု သ​နည်း။ အ​ကျွန်ုပ်​တို့​နှင့်​ဆိုင်​သ​လော။ ပြော ပါ​လော့'' ဟု​ငါ့​အား​မေး​ကြ​၏။
20 And I said to them: The word of the Lord came to me, saying:
၂၀ထို့​ကြောင့်​ငါ​က``ငါ့​ထံ​သို့​ထာ​ဝရ​ဘု​ရား နှုတ်​က​ပတ်​တော်​ရောက်​လာ​၏။-
21 Speak to the house of Israel: Thus saith the Lord God: Behold I will profane my sanctuary, the glory of your realm, and the thing that your eyes desire, and for which your soul feareth: your sons, and your daughters, whom you have left, shall fall by the sword.
၂၁ကိုယ်​တော်​သည်​မိ​မိ​၏​အ​မိန့်​တော်​ကို အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရန် ငါ့​ကို​စေ​ခိုင်း​တော်​မူ​၏။ သင်​တို့​သည်​ဗိ​မာန် တော်​ခိုင်​ခံ့​မှု​ကို​ဂုဏ်​ယူ​ဝါ​ကြွား​ကြ​၏။ ဗိ​မာန် တော်​ကို​ကြည့်​ရှု​လို​ကြ​၏။ ဗိ​မာန်​တော်​သို့ သွား​ရောက်​လို​ကြ​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည်​ထို​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ တော်​မူ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကျန် ရစ်​ခဲ့​သော​သင်​တို့​၏​အိမ်​ထောင်​စု​သား​လူ ငယ်​များ​သည်​လည်း​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ လိမ့်​မည်။-
22 And you shall do as I have done: you shall not cover your faces, nor shall you eat the meat of mourners.
၂၂ထို​အ​ခါ​သင်​တို့​သည်​ငါ​ပြု​ခဲ့​သည့်​အ​တိုင်း ပြု​ကြ​လိမ့်​မည်။ သင်​တို့​၏​မျက်​နှာ​များ​ကို​ဖုံး အုပ်​လိမ့်​မည်​မ​ဟုတ်။ ဝမ်း​နည်း​ပူ​ဆွေး​သူ​တို့ သည်​အ​စား​အ​စာ​ကို​စား​လိမ့်​မည်​မ​ဟုတ်။-
23 You shall have crowns on your heads, and shoes on your feet: you shall not lament nor weep, but you shall pine away for your iniquities, and every one shall sigh with his brother.
၂၃သင်​တို့​သည်​ခေါင်း​ပေါင်း​မ​ပေါင်း​ဘဲ​ဖိ​နပ်​မ​စီး ဘဲ​သွား​လာ​ကြ​လိမ့်​မည်​မ​ဟုတ်။ မြည်​တမ်း​ငို ကြွေး​မှု​ကို​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့​၏ အ​ပြစ်​များ​ကြောင့်​သင်​တို့​သည်​ကြုံ​လှီ​သွား​ကာ တစ်​ဦး​ရှေ့​တွင်​တစ်​ဦး​ညည်း​တွား​ကြ​လိမ့်​မည်။-
24 And Ezechiel shall be unto you for a sign of things to come: according to all that he hath done, so shall you do, when this shall come to pass: and you shall know that I am the Lord God.
၂၄ထို​အ​ခါ​ငါ​သည်​သင်​တို့​၏​ပုဗ္ဗ​နိ​မိတ်​ဖြစ်​၍ သင်​တို့​သည်​ငါ​ပြု​ခဲ့​သ​မျှ​သော​အ​မှု​တို့​ကို ပြု​ကြ​လိမ့်​မည်။ ဤ​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ ကိုယ်​တော်​သည်​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်​ဟု​ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။
25 And thou, O son of man, behold in the day wherein I will take away from them their strength, and the joy of their glory, and the desire of their eyes, upon which their souls rest, their sons and their daughters.
၂၅ထာ​ဝရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ ယ​ခု​ငါ သည်​သူ​တို့​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ၊ စိတ်​ကြည်​နူး စ​ရာ​ဖြစ်​သော​ခိုင်​ခံ့​လှ​သည့်​ဗိ​မာန်​တော်​ကို ဖယ်​ရှား​မည်။ သူ​တို့​သည်​ထို​ဗိ​မာန်​တော်​ကို ကြည့်​ရှု​လို​ကြ​၏။ ထို​ဗိ​မာန်​တော်​သို့​သွား ရောက်​လို​ကြ​၏။ သူ​တို့​၏​သား​သ​မီး​များ ကို​လည်း​ငါ​သည်​ရုပ်​သိမ်း​မည်။-
26 In that day when he that escapeth shall come to thee, to tell thee:
၂၆ထို​သို့​ငါ​ပြု​သော​နေ့​၌​သေ​ဘေး​မှ​လွတ်​မြောက် လာ​သူ​တစ်​စုံ​တစ်​ယောက်​သည် ဖြစ်​ပျက်​ခဲ့​သည့် အ​ကြောင်း​အ​ရာ​တို့​ကို​သင့်​ထံ​သို့​လာ​၍ ပြော​ကြား​လိမ့်​မည်။-
27 In that day, I say, shall thy mouth be opened to him that hath escaped, and thou shalt speak, and shalt be silent no more: and thou shalt be unto them for a sign of things to come, and you shall know that I am the Lord.
၂၇ထို​နေ့​၌​ပင်​လျှင်​သင့်​နှုတ်​သည်​လည်း​ပွင့်​လျက် ထို​သူ​နှင့်​စ​ကား​ပြော​နိုင်​လိမ့်​မည်။ တိတ်​ဆိတ် နေ​တော့​မည်​မ​ဟုတ်။ ဤ​နည်း​အား​ဖြင့်​သင်​သည် လူ​တို့​အ​တွက် ပုဗ္ဗ​နိ​မိတ်​ဖြစ်​လိမ့်​မည်။ ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< Ezekiel 24 >