< Exodus 22 >
1 If any man steal an ox or a sheep, and kill or sell it: he shall restore five oxen for one ox, and four sheep for one sheep.
၁လူ သည် သိုး နွား ကိုခိုး ၍ သတ် သည်ဖြစ်စေ ၊ ရောင်း သည်ဖြစ်စေ၊ နွား တကောင်အတွက် နွား ငါး ကောင် ကို၎င်း၊ သိုး တကောင်အတွက် သိုး လေး ကောင်ကို၎င်းပြန်ပေး ရမည်။
2 If a thief be found breaking open a house or undermining it, and be wounded so as to die: he that slew him shall not be guilty of blood.
၂သူခိုး သည် အိမ်ကိုထွင်း ဖောက်စဉ်၊ သူတပါးတွေ့ ၍ သေ အောင် သတ် သော်လည်း၊ သေစား မ သေ စေရ။
3 But if he did this when the sun is risen, he hath committed murder, and he shall die. If he have not wherewith to make restitution for the theft, he shall be sold.
၃သို့သော်လည်းနေ ထွက် လျှင် သေ စားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာအကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။
4 If that which he stole be found with him, alive, either ox, or ass, or sheep: he shall restore double.
၄သူခိုးလက်၌ ခိုး သောနွား ၊ သိုး ကို အသက်ရှင် လျှက် အမှန်တွေ့ လျှင်၊ နှစ်ဆ ပြန်ပေး ရမည်။
5 If any man hurt a field or a vineyard, and put in his beast to feed upon that which is other men’s: he shall restore the best of whatsoever he hath in his own field, or in his vineyard, according to the estimation of the damage.
၅သူ့လယ် ၊ သူ့စပျစ် ဥယျာဉ်ကို စား စေသော်၎င်း၊ မိမိ တိရိစ္ဆာန် ကို သူ့ လယ် ၌ ထိန်း ကျောင်းသော်၎င်း ၊ မိမိ လယ် ၊ မိမိ စပျစ် ဥယျာဉ်ထဲကအကောင်း ဆုံးကို ထုတ်၍ ပြန်ပေး ရမည်။
6 If a fire breaking out light upon thorns, and catch stacks of corn, or corn standing in the fields, he that kindled the fire shall make good the loss.
၆မီးရှို့ သောအခါမြက်ပင် ကြောင့် အစဉ်အတိုင်းရှောက် ၍ လောင်လျက်၊ ကောက် လှိုင်း၊ စပါး ပင်၊ လယ် ၌ရှိသောအရာတို့ကို လောင် လျှင် ၊ မီးရှို့ သောသူသည် အမှန်လျော် ရမည်။
7 If a man deliver money, or any vessel unto his friend to keep, and they be stolen away from him that received them: if the thief be found he shall restore double:
၇လူ တဦးသည် အိမ်နီးချင်း တဦး၌ ရွှေငွေ အစရှိသော ဥစ္စာ တစုံတခုကို အပ်နှံ ၍ ၊ အပ်နှံခံသောသူ ၏အိမ် မှ သူခိုးခိုး သွားလျှင် ၊ သူခိုး ကို တွေ့ မိသောအခါ နှစ်ဆ လျော် စေ။
8 If the thief be not known, the master of the house shall be brought to the gods, and shall swear that he did not lay his hand upon his neighbour’s goods,
၈သူခိုး ကို မ တွေ့ လျှင် ၊ အိမ် ရှင် သည် မိမိ အိမ်နီးချင်း ဥစ္စာ ကို ယူ သလောမ ယူလောဟု ဘုရား သခင့်ရှေ့တော်၌ အစစ် ခံရမည်။
9 To do any fraud, either in ox, or in ass, or sheep, or raiment, or any thing that may bring damage: the cause of both parties shall come to the gods: and if they give judgment, he shall restore double to his neighbour.
၉သူ့ဥစ္စာကို ပြစ်မှားသည် အမှု မှာ ၊ နွား ၊ မြည်း ၊ သိုး ၊ အဝတ် အစ ရှိသောပျောက်သော ဥစ္စာ တစုံတခု ကို တွေ့၍၊ ဤ ဥစ္စာကား၊ ငါ၏ဥစ္ဇာဖြစ်သည်ဟု တစုံတယောက်ဆို လျှင်၊ အမှု သည် နှစ်ဦး တို့သည် ဘုရား သခင်ရှေ့ တော်၌အစစ်ခံရ၍၊ တရား ရှုံးသော သူသည် နှစ်ဆ လျော် ရမည်။
10 If a man deliver ass, ox, sheep, or any beast, to his neighbour’s custody, and it die, or be hurt, or be taken by enemies, and no man saw it:
၁၀လူ သည် အိမ်နီးချင်းလယ်၌ မြည်း ၊ နွား ၊ သိုး အစရှိသော တိရစ္ဆာန် တစုံတခု ကို အပ်နှံ ၍ ၊ ထိုတိရစ္ဆာန် သေ သော်၎င်း ၊ ထိခိုက် ၍နာသော်၎င်း ၊ သက်သေ မရှိ ဘဲ သူတပါးမောင်း ၍သွားသော်၎င်း၊
11 There shall be an oath between them, that he did not put forth his hand to his neighbour’s goods: and the owner shall accept of the oath; and he shall not be compelled to make restitution.
၁၁အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း ၏ဥစ္စာ ကို ငါမ ယူ ဟု နှစ်ဦး သဘောတူလျက်၊ ထာဝရဘုရား ရှေ့မှာ အကျိန် ခံရလျှင်၊ ဥစ္စာ ရှင် သည် ဝန်ခံ ရမည်။ အပ်နှံခံသူလည်း မ လျော် ရ။
12 But if it were taken away by stealth, he shall make the loss good to the owner.
၁၂သို့ရာတွင် သူတပါးခိုး သွားလျှင် ၊ အပ်နှံခံသူသည် ဥစ္စာ ရှင် အား ပြန်ပေး ရမည်။
13 If it were eaten by a beast, let him bring to him that which was slain, and he shall not make restitution.
၁၃သားရဲကိုက် လျှင် သက်သေ ဘို့ အသေ ကောင်ကိုပြ စေ။ ပြနိုင်လျှင် အလျော် မ ခံရ။
14 If a man borrow of his neighbour any of these things, and it be hurt or die, the owner not being present, he shall be obliged to make restitution.
၁၄လူ သည် အိမ်နီးချင်း ၌ တစုံတခုကို ငှါး ၍ ဥစ္စာရှင် မ ပါ ဘဲ သေ သော်၎င်း၊ ထိခိုက် ၍ နာသော်၎င်း၊ အမှန်လျော် ရမည်။
15 But if the owner be present, he shall not make restitution, especially if it were hired and came for the hire of his work.
၁၅ဥစ္စာရှင် ပါ လျှင် ၊ ငှါးသောသူသည် မ လျော် ရ။ အခ နှင့် ငှါးလျှင် မူကား၊ ဥစ္စာရှင်သည် အခ ကိုသာ တောင်းရမည်။
16 If a man seduce a virgin not yet espoused, and lie with her: he shall endow her, and have her to wife.
၁၆မ ပေးစား လိုသော အပျို ကို၊ အကြင်ယောက်ျား သည် ချော့မော့ ၍ သင့်နေလျှင် ၊ ကန်တော့ ဥစ္စာကို ပေး ၍ ထိုမိန်းမကို မယား အရာ၌ မြှောက်ထားရမည်။
17 If the maid’s father will not give her to him, he shall give money according to the dowry, which virgins are wont to receive.
၁၇မိန်းမ ၏အဘ သဘော မတူမပေးစား လိုလျှင် ၊ ကန်တော့ ရသည်နှင့်အမျှ ငွေ ကို လျော် ရမည်။
18 Wizards thou shalt not suffer to live.
၁၈စုန်းမ ကို အသက် ရှင်စေခြင်းငှါ အခွင့်မ ပေးရ။
19 Whosoever copulateth with a beast shall be put to death.
၁၉တိရစ္ဆာန် နှင့် သင့် နေသောသူသည် အသေ သတ် ခြင်းကို အမှန်ခံရမည်။
20 He that sacrificeth to gods, shall be put to death, save only to the Lord.
၂၀ထာဝရဘုရား မှတပါး အခြားသော ဘုရား ရှေ့ မှာ ယဇ် ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီး ရမည်။
21 Thou shalt not molest a stranger, nor afflict him: for yourselves also were strangers in the land of Egypt.
၂၁တပြည်တနိုင်ငံသားဖြစ်သော ဧည့်သည် ကို မ နှောင့်ရှက် မ ညှဉ်းဆဲ ရ။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။
22 You shall not hurt a widow or an orphan.
၂၂မိဘ မရှိသောသူငယ်နှင့် မုတ်ဆိုးမ ကို သင်တို့သည် မ နှောင့်ရှက် ရ။
23 If you hurt them they will cry out to me, and I will hear their cry:
၂၃နှောင့်ရှက် ခြင်းတစုံတခုကို ပြု၍ သူတို့သည် ငါ့ အား အနည်းငယ်အော်ဟစ် လျှင် ၊ ငါသည် ထိုအသံ ကို အမှန်ကြား ၍၊
24 And my rage shall be enkindled, and I will strike you with the sword, and your wives shall be widows, and your children fatherless.
၂၄ငါ အမျက် ပြင်းစွာထွက် လျှက် သင် တို့ကို ထား ဘေးဖြင့် ကွပ်မျက် မည်။ သင် တို့မယား များသည်လည်း မုတ်ဆိုးမ ဖြစ်၍ ၊ သားသမီး များသည်လည်း မိဘ မရှိသော သူငယ်ဖြစ်ကြလိမ့်မည်။
25 If thou lend money to any of my people that is poor, that dwelleth with thee, thou shalt not be hard upon them as an extortioner, nor oppress them with usuries.
၂၅ငါ့ လူ ဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေ ကို ချေး လျှင် ၊ အတိုး စားသော သူကဲ့သို့ သူ ၌ မ ပြု ၊ အတိုး ကို မ တောင်း ရ။
26 If thou take of thy neighbour a garment in pledge, thou shalt give it him again before sunset.
၂၆အိမ်နီးချင်း သည် မိမိစောင် ကို သင် ၌ ပေါင် ထားလျှင် ၊ မိုဃ်းမချုပ်မှီ ပြန် ပေးရမည်။
27 For that same is the only thing wherewith he is covered, the clothing of his body, neither hath he any other to sleep in: if he cry to me, I will hear him, because I am compassionate.
၂၇အကြောင်း မူကား၊ အခြားသောခြုံ စရာမရှိ။ ကိုယ် ခြုံ ဘို့ ဖြစ်၏။ သူသည် အဘယ်သို့ အိပ် နိုင်သနည်း။ ငါ့ အား အော်ဟစ် လျှင် ငါကြား မည်။ ငါ သည် သနား သော သဘောရှိ၏။
28 Thou shalt not speak ill of the gods, and the prince of thy people thou shalt not curse.
၂၈ဘုရား သခင်ကို လွန်ကျူး ၍ မ ပြောရ။ သင် ၏အမျိုး ကို အုပ်စိုး သော မင်း ကို မ ကျိန်ဆဲ ရ။
29 Thou shalt not delay to pay thy tithes and thy firstfruits: thou shalt give the firstborn of thy sons to me.
၂၉အဦးမှည့် သောအသီး၊ အဦးညှစ် သောအရည်ကို မ ထိမ် မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦး ဘွားသော သား ယောက်ျားကိုလည်း ငါ့ အား ဆက်ကပ် ရမည်။
30 Thou shalt do the same with the firstborn of thy oxen also and sheep: seven days let it be with its dam, the eighth day thou shalt give it to me.
၃၀ထိုနည်းတူ သိုး နွား တို့ကို ပြု ရမည်။ ခုနစ် ရက် ပတ်လုံးသိုးနွားသငယ်ကို အမိ နှင့် အတူ နေ စေ၍၊ အဋ္ဌမ နေ့ ရောက်မှ ငါ့ အား ဆက်ကပ် ရမည်။
31 You shall be holy men to me: the flesh that beasts have tasted of before, you shall not eat, but shall cast it to the dogs.
၃၁သင်တို့သည် ငါ့ ထံ ၌ သန့်ရှင်း သောသူ ဖြစ် ရကြမည်။ တော ၌ သားရဲ ကိုက်သော အမဲသား ကို မ စား ရ။ ခွေး တို့အား ပစ် ပေးရမည်။