< Acts 12 >

1 And at the same time, Herod the king stretched forth his hands, to afflict some of the church.
ထို​အ​ချိန်​ကာ​လ​၌​ဟေ​ရုဒ်​ဘု​ရင်​သည် အ​သင်း တော်​ဝင်​အ​ချို့​တို့​ကို​နှိပ်​စက်​ညှဉ်း​ပန်း​ရန်​ကြံ​စည် အား​ထုတ်​လေ​၏။-
2 And he killed James, the brother of John, with the sword.
သူ​သည်​ယော​ဟန်​၏​ညီ​အစ်​ကို​ယာ​ကုပ်​ကို​ဋ္ဌား ဖြင့်​ကွပ်​မျက်​စေ​၏။-
3 And seeing that it pleased the Jews, he proceeded to take up Peter also. Now it was in the days of the Azymes.
ထို​အ​မှု​ကို​ယု​ဒ​အ​မျိုး​သား​တို့​နှစ်​သက်​ကြ သ​ဖြင့် သူ​သည်​ပေ​တ​ရု​ကို​လည်း​ဖမ်း​ဆီး​၏။ (ထို​အ​ချိန်​ကား​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​အ​ခါ ဖြစ်​၏။)-
4 And when he had apprehended him, he cast him into prison, delivering him to four files of soldiers to be kept, intending, after the pasch, to bring him forth to the people.
ဟေ​ရုဒ်​သည်​ပေ​တ​ရု​ကို​ဖမ်း​ဆီး​ပြီး​နောက် စစ် သား​လေး​ယောက်​စီ​ပါ​သော​တပ်​စု​ငယ်​လေး​စု လက်​သို့​အပ်​ကာ​အ​ကျဉ်း​ချ​ထား​၏။ ပ​သ​ခါ ပွဲ​လွန်​သော​အ​ခါ သူ့​ကို​ယု​ဒ​အ​မျိုး​သား တို့​ရှေ့​တွင်​စစ်​ဆေး​၍​ဒဏ်​စီ​ရင်​ရန်​အ​ကြံ ရှိ​၏။-
5 Peter therefore was kept in prison. But prayer was made without ceasing by the church unto God for him.
သို့​ဖြစ်​၍​ပေ​တ​ရု​သည်​ထောင်​ထဲ​မှာ​အ​ကျဉ်း ချ​ထား​ခြင်း​ကို​ခံ​ရ​၏။ သို့​သော်​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​သည်​ပေ​တ​ရု​၏​အ​တွက် စိတ် အား​ထက်​သန်​စွာ​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။
6 And when Herod would have brought him forth, the same night Peter was sleeping between two soldiers, bound with two chains: and the keepers before the door kept the prison.
ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​လူ​တို့​ရှေ့​သို့ ခေါ်​ထုတ်​စစ်​ဆေး​မည့်​နေ့​မ​ရောက်​မီ​ည​၌ ပေ​တ​ရု​သည်​စစ်​သား​နှစ်​ယောက်​၏​ကြား​တွင် အိပ်​ပျော်​လျက်​နေ​၏။ သူ့​ကို​သံ​ကြိုး​နှစ်​ချောင်း ဖြင့်​ချည်​နှောင်​ထား​၏။ ထောင်​တံ​ခါး​ရှေ့​တွင်​လည်း အ​စောင့်​တပ်​သား​များ​သည်​စောင့်​ကြပ်​လျက် ရှိ​ကြ​၏။-
7 And behold an angel of the Lord stood by him: and a light shined in the room: and he striking Peter on the side, raised him up, saying: Arise quickly. And the chains fell off from his hands.
ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု​အ​နီး​တွင်​ရုတ်​တ​ရက်​ပေါ်​လာ​၍ အ​ချုပ်​ခန်း​သည်​ထွန်း​လင်း​လျက်​နေ​၏။ ကောင်း ကင်​တ​မန်​သည်​ပေ​တ​ရု​၏​ပ​ခုံး​ကို​ပုတ်​၍ ``မြန်​မြန်​ထ​လော့'' ဟု​ဆို​ကာ​နှိုး​၏။ ထို​အ​ခါ သံ​ကြိုး​တို့​သည်​ပေ​တ​ရု​၏​လက်​မှ​ကျွတ် ကျ​၏။-
8 And the angel said to him: Gird thyself, and put on thy sandals. And he did so. And he said to him: Cast thy garment about thee, and follow me.
ကောင်း​ကင်​တ​မန်​က ``သင်​၏​ခါး​ပန်း​ကို​စည်း​၍ ဖိ​နပ်​ကို​စီး​လော့'' ဟု​ဆို​၏။ ပေ​တ​ရု​သည်​ထို သို့​ဆို​သည့်​အ​တိုင်း​ပြု​၏။ ထို​နောက်​ကောင်း​ကင် တ​မန်​က ``ဝတ်​လုံ​ကို​ခြုံ​၍​ငါ့​နောက်​သို့​လိုက် လော့'' ဟု​ဆို​၏။-
9 And going out, he followed him, and he knew not that it was true which was done by the angel: but thought he saw a vision.
ပေ​တ​ရု​သည်​အ​ချုပ်​ခန်း​မှ​ထွက်​၍ ကောင်း​ကင် တ​မန်​၏​နောက်​သို့​လိုက်​လေ​၏။ သူ​သည်​ကောင်း​ကင် တ​မန်​ပြု​သော​အ​မှု​ကို​တ​ကယ်​အ​ဖြစ်​အ​ပျက် ဟူ​၍​မ​သိ။ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​လျက်​နေ​သည် ဟူ​၍​သာ​ထင်​မှတ်​၏။-
10 And passing through the first and the second ward, they came to the iron gate that leadeth to the city, which of itself opened to them. And going out, they passed on through one street: and immediately the angel departed from him.
၁၀သူ​တို့​သည်​ကင်း​နှစ်​တန်​ကို​ကျော်​လွန်​သွား​ပြီး လျှင် ထောင်​အ​ထွက်​သံ​တံ​ခါး​သို့​ရောက်​ကြ​၏။ ထို​တံ​ခါး​သည်​အ​လို​အ​လျောက်​ပွင့်​သ​ဖြင့် သူ​တို့​သည်​ထွက်​၍​လမ်း​အ​တိုင်း​လိုက်​သွား ကြ​၏။ ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ရုတ် တ​ရက်​ပေ​တ​ရု​ထံ​မှ​ထွက်​ခွာ​သွား​လေ​၏။
11 And Peter coming to himself, said: Now I know in very deed, that the Lord hath sent his angel, and hath delivered me out of the hand of Herod, and from all the expectation of the people of the Jews.
၁၁ပေ​တ​ရု​သည်​ပြန်​၍​သ​တိ​ရ​လာ​သော​အ​ခါ ``သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် ကို​စေ​လွှတ်​၍ ငါ့​ကို​ဟေ​ရုဒ်​၏​လက်​မှ​လည်း ကောင်း၊ ယု​ဒ​အ​မျိုး​သား​တို့​ငါ့​အား​သက်​ရောက် စေ​ရန် မျှော်​လင့်​သ​မျှ​သော​ဘေး​မှ​လည်း​ကောင်း ကယ်​ဆယ်​တော်​မူ​သည်​ကို​ယ​ခု​ငါ​သိ​ပြီ'' ဟု ဆို​၏။
12 And considering, he came to the house of Mary the mother of John, who was surnamed Mark, where many were gathered together and praying.
၁၂ဤ​သို့​သိ​ရှိ​လာ​သော​အ​ခါ သူ​သည်​ယော​ဟန် မာ​ကု​၏​အ​မိ​မာ​ရိ​၏​အိမ်​သို့​သွား​၏။ ထို အိမ်​တွင်​လူ​အ​မြောက်​အ​မြား​စု​ဝေး​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။-
13 And when he knocked at the door of the gate, a damsel came to hearken, whose name was Rhode.
၁၃ပေ​တ​ရု​သည်​အိမ်​တံ​ခါး​ကြီး​ရှိ​တံ​ခါး​ငယ် ကို​ခေါက်​လျှင် ရော​ဒေ​နာ​မည်​ရှိ​သူ​အ​စေ​ခံ​မ က​လေး​သည်​တံ​ခါး​ဖွင့်​ရန်​လာ​၏။-
14 And as soon as she knew Peter’s voice, she opened not the gate for joy, but running in she told that Peter stood before the gate.
၁၄သူ​သည်​ပေ​တ​ရု​၏​အ​သံ​ကို​မှတ်​မိ​သ​ဖြင့် လွန်​စွာ​ဝမ်း​မြောက်​ရ​ကား တံ​ခါး​ကို​မ​ဖွင့်​ဘဲ အိမ်​ထဲ​သို့​ပြေး​ဝင်​ကာ​တံ​ခါး​ဝ​သို့​ပေ​တ​ရု ရောက်​နေ​ကြောင်း​ကို​လူ​တို့​အား​ပြော​၏။-
15 But they said to her: Thou art mad. But she affirmed that it was so. Then said they: It is his angel.
၁၅ထို​သူ​တို့​က ``သင်​ရူး​လေ​ပြီ'' ဟု​ဆို​၏။ သို့ သော်​အ​စေ​ခံ​မ​က​လေး​က​မိ​မိ​ပြော​သည့် အ​တိုင်း အ​မှန်​ပင်​ဖြစ်​ကြောင်း​ပြော​နေ​သ​ဖြင့် သူ​တို့​က ``ထို​သူ​သည်​ပေ​တ​ရု​၏​ကိုယ်​စောင့် ကောင်း​ကင်​တ​မန်​ဖြစ်​တန်​ရာ​၏'' ဟု​ဆို​ကြ​၏။
16 But Peter continued knocking. And when they had opened, they saw him, and were astonished.
၁၆ပေ​တ​ရု​သည်​တံ​ခါး​ကို​ခေါက်​မြဲ​ခေါက်​လျက် နေ​သော် သူ​တို့​သည်​တံ​ခါး​ဖွင့်​လိုက်​သော​အ​ခါ ပေ​တ​ရု​ကို​မြင်​သ​ဖြင့်​အံ့​သြ​ကြ​၏။-
17 But he beckoning to them with his hand to hold their peace, told how the Lord had brought him out of prison, and he said: Tell these things to James, and to the brethren. And going out, he went into another place.
၁၇ပေ​တ​ရု​က​ဆိတ်​ဆိတ်​နေ​ကြ​ရန်​လက်​ရိပ်​ပြ ပြီး​လျှင် မိ​မိ​အား​သ​ခင်​ဘု​ရား​သည်​အ​ဘယ် သို့​ထောင်​ထဲ​မှ​ထုတ်​ဆောင်​လာ​ကြောင်း​ကို​ပြော ပြ​လေ​၏။ ထို​နောက် ``ဤ​အ​ကြောင်း​ကို​ယာ​ကုပ် နှင့်​အ​ခြား​ညီ​အစ်​ကို​တို့​အား​ပြော​ပြ​ကြ​ပါ'' ဟု​မှာ​ကြား​ပြီး​လျှင်​အ​ခြား​အ​ရပ်​သို့​ထွက် ခွာ​သွား​၏။
18 Now when day was come, there was no small stir among the soldiers, what was become of Peter.
၁၈မိုး​လင်း​သော​အ​ခါ ``ပေ​တ​ရု​အ​ဘယ်​မှာ နည်း'' ဟု​ဆို​၍ အ​စောင့်​စစ်​သား​တို့​သည်​လွန် စွာ​ကြောက်​လန့်​တုန်​လှုပ်​ကြ​၏။-
19 And when Herod had sought for him, and found him not; having examined the keepers, he commanded they should be put to death; and going down from Judea to Caesarea, he abode there.
၁၉ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​ရှာ​စေ​ရာ​မ​တွေ့ သ​ဖြင့် အ​စောင့်​စစ်​သား​တို့​အား​စစ်​ဆေး​မေး မြန်း​၍ သေ​ဒဏ်​ပေး​ရန်​အ​မိန့်​ချ​မှတ်​လိုက်​လေ သည်။ ထို​နောက်​ဟေ​ရုဒ်​မင်း​သည် ယု​ဒ​ပြည်​မှ​ထွက်​ခွာ ၍ ကဲ​သ​ရိ​မြို့​တွင်​ကာ​လ​အ​နည်း​ငယ်​စံ​နေ တော်​မူ​၏။
20 And he was angry with the Tyrians and the Sidonians. But they with one accord came to him, and having gained Blastus, who was the king’s chamberlain, they desired peace, because their countries were nourished by him.
၂၀ဟေ​ရုဒ်​မင်း​သည်​တု​ရု​မြို့​သား​များ​နှင့် ဇိ​ဒုန် မြို့​သား​တို့​အ​ပေါ်​တွင်​များ​စွာ​အ​မျက်​ထွက် သ​ဖြင့် ထို​မြို့​သား​တို့​သည်​စု​ရုံး​လျက်​မင်း ကြီး​ထံ​သို့​လာ​ရောက်​ကြ​၏။ ဦး​စွာ​ပ​ထ​မ နန်း​တော်​အုပ် ဗ​လတ္တု​၏​အ​ကူ​အ​ညီ​ကို​ရ​ယူ ကြ​၏။ ထို့​နောက်​ဟေ​ရုဒ်​မင်း​ထံ​သို့​ဝင်​၍​ငြိမ်း ချမ်း​ရေး​အ​တွက် စ​ကား​ကမ်း​လှမ်း​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​ပြည်​သည် ဟေ​ရုဒ်​မင်း​၏​ပြည်​ကို​မှီ​ခို​စား​သောက်​ရ သော​ကြောင့်​ဖြစ်​၏။
21 And upon a day appointed, Herod being arrayed in kingly apparel, sat in the judgment seat, and made an oration to them.
၂၁ဟေ​ရုဒ်​မင်း​သည်​ချိန်း​ချက်​ထား​သည့်​နေ့​၌ မင်း မြောက်​တန်​ဆာ​များ​ကို​ဝတ်​ဆင်​ပြီး​လျှင် ရာ​ဇ ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​လျက် လူ​တို့ အား​မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​၏။-
22 And the people made acclamation, saying: It is the voice of a god, and not of a man.
၂၂ထို​သူ​တို့​က ``ဤ​အ​သံ​သည်​လူ​၏​အ​သံ မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​အ​သံ​ဖြစ်​၏'' ဟု ကြွေး​ကြော်​ကြ​၏။-
23 And forthwith an angel of the Lord struck him, because he had not given the honour to God: and being eaten up by worms, he gave up the ghost.
၂၃ထို​အ​ခါ​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​မ​ထောက်​သည့်​အ​တွက် ချက်​ချင်း ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ့​ကို​ဒဏ်​ခတ်​သ​ဖြင့် သန်​ထိုး​၍​ကွယ်​လွန် တော်​မူ​လေ​သည်။
24 But the word of the Lord increased and multiplied.
၂၄ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​မူ ကား​ပျံ့​နှံ့​၍ ယုံ​ကြည်​သူ​အ​ရေ​အ​တွက် တိုး​ပွား​လျက်​နေ​၏။
25 And Barnabas and Saul returned from Jerusalem, having fulfilled their ministry, taking with them John, who was surnamed Mark.
၂၅ဗာ​န​ဗ​နှင့်​ရှော​လု​တို့​သည် မိ​မိ​တို့​ဆောင်​ရွက် ရန်​ရှိ​သည့်​အ​မှု​ကိစ္စ​များ​ကို​ဆောင်​ရွက်​ကြ ပြီး​နောက် ယော​ဟန်​မာ​ကု​ကို​ခေါ်​၍​ယေ​ရု ရှ​လင်​မြို့​မှ​ပြန်​ခဲ့​ကြ​၏။

< Acts 12 >