< 1 Samuel 6 >

1 Now the ark of God was in the land of the Philistines seven months.
ထာဝရဘုရား ၏ သေတ္တာ တော်သည် ဖိလိတ္တိ ပြည် ၌ ခုနှစ် လ နေ ပြီးမှ၊
2 And the Philistines called for the priests and the diviners, saying: What shall we do with the ark of the Lord? tell us how we are to send it back to its place? And they said:
ဖိလိတ္တိ လူတို့သည် ယဇ် ပုရောဟိတ်များ၊ ပရောဖက် လုပ်သူများတို့ကို ခေါ် ၍ ထာဝရဘုရား ၏ သေတ္တာ တော်ကို အဘယ်သို့ ပြု ရပါမည်နည်း။ သူ နေရင်းအရပ် သို့ အဘယ်သို့ သောပူဇော်သက္ကာနှင့် လွှတ် လိုက်ရပါမည်နည်းဟု မေးမြန်းကြ၏။
3 If you send back the ark of the God of Israel, send it not away empty, but render unto him what you owe for sin, and then you shall be healed: and you shall know why his hand departeth not from you.
သူတို့ကလည်း၊ ဣသရေလ အမျိုး၏ ဘုရား သခင့်သေတ္တာ တော်ကို လွှတ် လိုက်လျှင် ကိုယ် ချည်း မ လွှတ် လိုက်ကြနှင့်။ ဒုစရိုက် ပူဇော်သက္ကာကို ဆက်ဆက်ပေး လိုက်ရမည်။ သို့ပြုလျှင် ရောဂါ ငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက် တော်မ ရွေ့ သေးသည်ကို သိ ကြလိမ့်မည်ဟု ဆို ကြ၏။
4 They answered: What is it we ought to render unto him for sin? and they answered:
အဘယ် အရာကို ဒုစရိုက် ဖြေရာ ပူဇော်သက္ကာဘို့ ပြန် ပေးလိုက်ရပါမည်နည်းဟုမေး လျှင် ၊ ဖိလိတ္တိ မင်း အရေအတွက် အတိုင်း ရွှေ မြင်းသရိုက် ပုံငါး ခုနှင့် ရွှေ ကြွက် ငါး ကောင်ကိုပေး လိုက်ရမည်။ သင်တို့နှင့် သင် တို့မင်း များ၌ ရောဂါ တပါးတည်း စွဲလျက်ရှိ၏။
5 According to the number of the provinces of the Philistines you shall make five golden emerods, and five golden mice: for the same plague hath been upon you all, and upon your lords. And you shall make the likeness of your emerods, and the likeness of the mice that have destroyed the land, and you shall give glory to the God of Israel: to see if he will take off his hand from you, and from your gods, and from your land.
ထိုကြောင့် မြင်းသရိုက် ပုံ ၊ မြေ ကို ဖျက် တတ်သော ကြွက် ပုံ တို့ကို လုပ် ၍ ဣသရေလ အမျိုး၏ ဘုရား သခင်ဂုဏ် တော်ကို ချီးမွမ်းရကြမည်။ လက် တော်သည် သင် တို့နှင့် သင် တို့ဘုရား အပေါ် ၊ သင် တို့မြေ အပေါ် မှာ ပေါ့ ကောင်းပေါ့လိမ့်မည်။
6 Why do you harden your hearts, as Egypt and Pharao hardened their hearts? did not he, after he was struck, then let them go, and they departed?
သို့ဖြစ်၍ ဖာရော ဘုရင်နှင့် အဲဂုတ္တု လူတို့သည် ခိုင်မာ သော စိတ် နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာ သော စိတ် နှလုံးရှိကြသနည်း။ သူ တို့တွင် အထူးသဖြင့်ပြု တော်မူသောအခါ ၊ သူတို့သည် လွှတ် လိုက်၍ ဣသရေလလူတို့သည် သွား ကြ၏။
7 Now therefore take and make a new cart: and two kine that have calved, on which there hath come no yoke, tie to the cart, and shut up their calves at home.
ယခု မှာ လှည်း သစ် ကိုလုပ် ပြီးမှထမ်းပိုး မ တင် ၊ သား ငယ်ရှိသောနွားမ နှစ် ကောင်ကို လှည်း ၌ က ၍ ၊ နွားသငယ် တို့ကို သူ့နေရာ သို့ ပို့ ကြလော့။
8 And you shall take the ark of the Lord, and lay it on the cart, and the vessels of gold, which you have paid him for sin, you shall put into a little box, at the side thereof: and send it away that it may go.
ထာဝရဘုရား ၏ သေတ္တာ တော်ကို လှည်း ပေါ် မှာ တင် ၍ ပြန် ပေးလိုက်သော ဒုစရိုက် ဖြေရာ ပူဇော်သက္ကာတည်းဟူသောရွှေ တန်ဆာ တို့ကို သေတ္တာတော်နား မှာ အခြားသောသေတ္တာ၌ ထား ပြီးလျှင် လွှတ် လိုက်၍ သွား ပါလေစေ။
9 And you shall look: and if it go up by the way of his own coasts towards Bethsames, then he hath done us this great evil: but if not, we shall know that it is not his hand hath touched us, but it hath happened by chance.
သေတ္တာတော်သည် မိမိ ပြည် သို့ သွားသောလမ်း ဗက်ရှေမက် မြို့သို့လိုက် လျှင် ၊ ထိုဘုရားသခင် သည် ဤဘေး ကြီး ကို ငါ တို့၌ ဖြစ် စေပြီ။ သို့မဟုတ်ဒဏ်ခတ်တော်မူသောကြောင့်ငါတို့မခံ၊ အလိုလို ခံရသည် ကို သိရကြမည်ဟု စီရင်သည်အတိုင်း၊
10 They did therefore in this manner: and taking two kine, that had suckling calves, they yoked them to the cart, and shut up their calves at home.
၁၀လူ များတို့သည် ပြု သဖြင့် ၊ သား ငယ်ရှိသောနွားမ နှစ် ကောင်ကို လှည်း ၌ က ၍ ၊ နွားသငယ် တို့ကို သူ့ နေရာ ၌ ချုပ် ထားကြ၏။
11 And they laid the ark of God upon the cart, and the little box that had in it the golden mice and the likeness of the emerods.
၁၁ထာဝရဘုရား ၏ သေတ္တာ တော်နှင့်တကွရွှေ ကြွက် များ၊ မြင်းသရိုက် ပုံ များပါသောသေတ္တာ တော်ကို လှည်း ပေါ် မှာ တင် ကြ၏။
12 And the kine took the straight way that leadeth to Bethsames, and they went along the way, lowing as they went: and turned not aside neither to the right hand nor to the left: and the lords of the Philistines followed them as far as the borders of Bethsames.
၁၂နွားမ တို့သည် ဗက်ရှေမက် လမ်း သို့ တည့်တည့် လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ျာ ဘက် လက်ဝဲ ဘက်သို့မ လွှဲ လမ်းမ သို့သာ လိုက် ကြ၏။ ဖိလိတ္တိ မင်း တို့သည် ဗက်ရှေမက် မြို့နယ် တိုင်အောင် လိုက် ကြ၏။
13 Now the Bethsamites were reaping wheat in the valley: and lifting up their eyes they saw the ark, and rejoiced to see it.
၁၃ဗက်ရှေမက် မြို့သားတို့သည် ချိုင့် ၌ ဂျုံ ၊ စပါးကိုရိတ် လျက် မြော် ကြည့်၍ သေတ္တာ တော်ကို မြင် သောအခါ ဝမ်းမြောက် ကြ၏။
14 And the cart came into the field of Josue a Bethsamite, and stood there. And there was a great stone, and they cut in pieces the wood of the cart, and laid the kine upon it a holocaust to the Lord.
၁၄လှည်း သည် ဗက်ရှေမက် မြို့သားယောရှု ၏ လယ်ကွက် ထဲသို့ ဝင် ၍ ကျောက် ကြီး အနားမှာ ရပ် နေ၏။ ထိုသူတို့သည် လှည်း ကို ချိုး ခွဲပြီးလျှင် နွားမ တို့ကို ထာဝရဘုရား အား မီးရှို့ ရာယဇ်ပြု၍ ပူဇော် ကြ၏။
15 And the Levites took down the ark of God, and the little box that was at the side of it, wherein were the vessels of gold, and they put them upon the great stone. The men also of Bethsames offered holocausts and sacrificed victims that day to the Lord.
၁၅ထိုအခါ လေဝိ သားတို့သည် ထာဝရဘုရား ၏ သေတ္တာ တော်နှင့် ရွှေ တန်ဆာ ပါ သော သေတ္တာ ကိုချ ၍ ကျောက် ကြီး ပေါ် မှာ တင် ထားပြီးလျှင် ၊ ဗက်ရှေမက် မြို့သား တို့သည် ထို နေ့ခြင်းတွင် မီးရှို့ ရာယဇ်မှစ၍ယဇ် မျိုးကို ထာဝရဘုရား အား ပူဇော် ကြ၏။
16 And the five princes of the Philistines saw, and they returned to Accaron the same day.
၁၆ထိုအမှုကို ဖိလိတ္တိ မင်း ငါး ယောက်တို့သည် မြင် ပြီးမှ ၊ ထို နေ့ခြင်းတွင် ဧကြုန် မြို့သို့ ပြန် သွားကြ၏။
17 And these are the golden emerods, which the Philistines returned for sin to the Lord: For Azotus one, for Gaza one, for Ascalon one, for Geth one, for Accaron one:
၁၇ထာဝရဘုရား အား ပြန် ပေးသော ဒုစရိုက် ဖြေရာပူဇော်သက္ကာတည်းဟူသော ရွှေ မြင်းသရိုက် ပုံတို့ကား၊ အာဇုတ် မြို့ဘို့ တခု ၊ ဂါဇ မြို့ဘို့ တခု ၊ အာရှကေလုန် မြို့ဘို့ တခု ၊ ဂါသ မြို့ဘို့ တခု ၊ ဧကြုန် မြို့ဘို့ တခု ဖြစ်သတည်း။
18 And the golden mice according to the number of the cities of the Philistines, of the five provinces, from the fenced city to the village that was without wall, and to the great Abel (the stone) whereon they set down the ark of the Lord, which was till that day in the field of Josue the Bethsamite.
၁၈ရွှေ ကြွက် တို့ကား၊ ထာဝရဘုရား ၏ သေတ္တာ တော်ကို တင် ထားသော ကျောက် ကြီး တိုင်အောင် ခိုင်ခံ့ သော မြို့ ဖြစ်စေ၊ တော ရွာဖြစ်စေ၊ ဖိလိတ္တိ မင်း ငါး ပါးဆိုင်သမျှ သောမြို့ ရွာအရေအတွက် အတိုင်း ဖြစ်သတည်း။ ထိုကျောက်ကား ယနေ့ တိုင်အောင် ဗက်ရှေမက် မြို့သားယောရှု ၏ လယ်ကွက် ၌ ရှိ၏။
19 But he slew of the men of Bethsames, because they had seen the ark of the Lord: and he slew of the people seventy men, and fifty thousand of the common people. And the people lamented, because the Lord had smitten the people with a great slaughter.
၁၉ဗက်ရှေမက် မြို့သား တို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ထဲသို့ ကြည့်ရှု မိသောကြောင့် ၊ လူ ခုနစ် ဆယ်နှင့်လူ ငါး သောင်းတို့သည် ဒဏ်ခတ် တော်မူခြင်းကိုခံရကြ၏။ ထိုသို့ ထာဝရဘုရား သည် ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်ဒဏ်ပေး တော်မူသောကြောင့် ၊ လူ များတို့သည် ငိုကြွေး မြည်တမ်းကြ၏။
20 And the men of Bethsames said: Who shall be able to stand before the Lord this holy God? and to whom shall he go up from us?
၂၀ဗက်ရှေမက် မြို့သား တို့က၊ သန့်ရှင်း တော်မူသောဤ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ အဘယ်သူ ရပ် နေနိုင် သနည်း။ ငါ တို့အရပ်က၊ အဘယ်သူ ရှိရာသို့ ကြွ သွားတော်မူမည်နည်းဟု ဆို သဖြင့်၊
21 And they sent messengers to the inhabitants of Cariathiarim, saying: The Philistines have brought back the ark of the Lord, come ye down and fetch it up to you.
၂၁ကိရယတ်ယာရိမ် မြို့သား တို့ထံသို့ လူကိုစေလွှတ် ၍ ဖိလိတ္တိ လူတို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ကို တဖန်ပို့ ကြပြီ။ သင် တို့လာ ၍ ဆောင် သွားကြပါတော့ဟု မှာ လိုက်ကြ၏။

< 1 Samuel 6 >