< 1 Peter 5 >
1 The ancients therefore that are among you, I beseech, who am myself also an ancient, and a witness of the sufferings of Christ: as also a partaker of that glory which is to be revealed in time to come:
၁သင်းအုပ် အရာ၌၎င်း ၊ ခရစ်တော် ၏ ဆင်းရဲ ဒုက္ခဝေဒနာကို သိမြင်သောသက်သေ အရာ၌၎င်း ခန့်ထားသောသူ၊ ထင်ရှား စေတော်မူလတံ့ သော ဘုန်း အသရေတော်ကို ဆက်ဆံ သောသူဖြစ်သော ငါပေတရုသည်၊ သင် တို့တွင် ရှိသော သင်းအုပ် ချင်းတို့ကို တောင်းပန် ပါ၏။
2 Feed the flock of God which is among you, taking care of it, not by constraint, but willingly, according to God: not for filthy lucre’s sake, but voluntarily:
၂သင် တို့နှင့်အတူ ရှိသောဘုရားသခင် ၏ သိုး တော်စုကို ထိန်း ခြင်းအမှုမှာ၊ အနိုင် ထိန်းရသောကြောင့် မ ဟုတ်၊ မ စင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မ ဟုတ်ဘဲ၊ အလိုလို စေတနာ စိတ်ရှိ၍ ကြည့်ရှု အုပ်ထိန်းကြလော့။
3 Neither as lording it over the clergy, but being made a pattern of the flock from the heart.
၃အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရ ပြုသည်မ ဟုတ်ဘဲ၊ သိုး တော်စု ရှေ့မှာပုံ သက်သေကိုပြသောသူ ဖြစ် ကြလော့။
4 And when the prince of pastors shall appear, you shall receive a never fading crown of glory.
၄သို့ဖြစ်လျှင် ၊ သိုးထိန်း အကြီး ပေါ်ထွန်း တော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်း တတ်သော ဘုန်းကြီး သော ပန်း ဦးရစ်သရဖူကို ခံရ ကြလိမ့်မည်။
5 In like manner, ye young men, be subject to the ancients. And do you all insinuate humility one to another, for God resisteth the proud, but to the humble he giveth grace.
၅ထိုနည်းတူ ၊ အသက် ပျိုသောသူတို့၊ အသက်ကြီး သော သူတို့၏ စကားကိုနားထောင် ကြလော့။ ထိုမျှမက ၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက်နှိမ့်ချ လျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကိုဆင် ကြလော့။ အကြောင်းမူကား ၊ ထောင်လွှား စော်ကားသော သူတို့ကို ဘုရားသခင် တားဆီး တော်မူ၏။ စိတ် နှိမ့်ချသောသူတို့အား ကျေးဇူး ပြု တော်မူ၏။
6 Be you humbled therefore under the mighty hand of God, that he may exalt you in the time of visitation:
၆ထိုကြောင့် ကာလ အချိန်တန်လျှင် ၊ ဘုရားသခင် သည် သင် တို့ကိုချီးမြှောက် တော်မူမည်အကြောင်း ၊ တန်ခိုး ကြီးသော လက် တော်အောက် ၌ ကိုယ်ကိုကိုယ်နှိမ့်ချ ကြလော့။
7 Casting all your care upon him, for he hath care of you.
၇သင် တို့ကိုသတိ နှင့်ကြည့်ရှုတော်မူသောကြောင့် ၊ သင် တို့၌ စိုးရိမ် ခြင်းအမှုရှိသမျှ တို့ကို ကိုယ်တော် ၌ အပ်နှံ ကြလော့။
8 Be sober and watch: because your adversary the devil, as a roaring lion, goeth about seeking whom he may devour.
၈သမ္မာ သတိရှိလျက် မအိပ်ဘဲစောင့် နေကြလော့။ သင် တို့၏ ရန်သူ တည်းဟူသောမာရ်နတ် သည်၊ ဟောက် သောခြင်္သေ့ ကဲ့သို့ အဘယ်သူ ကို မျိုရ မည်နည်းဟူ၍လှည့်လည် ရှာဖွေ လျက်ရှိ၏။
9 Whom resist ye, strong in faith: knowing that the same affliction befalls your brethren who are in the world.
၉သို့ဖြစ်၍၊ လူ ပြည်အရပ်ရပ်တို့၌ ရှိသော သင် တို့ ညီအစ်ကို များတို့သည် ထိုသို့သောဆင်းရဲကို ခံရ ကြသည်ဟုသိမှတ် လျက်၊ ယုံကြည် ခြင်း၌တည် ၍မာရ်နတ် ကို ဆီးတား ကြလော့။
10 But the God of all grace, who hath called us into his eternal glory in Christ Jesus, after you have suffered a little, will himself perfect you, and confirm you, and establish you. (aiōnios )
၁၀ခရစ်တော် ယေရှု အားဖြင့် ငါ တို့ကို ထာဝရ ဘုန်း အသရေတော်သို့ ခေါ် တော်မူသော၊ ခပ်သိမ်း သော ကျေးဇူး ကိုပြုတော်မူသော ဘုရားသခင် သည် ခဏ ဆင်းရဲ ခံပြီးသော သင်တို့ကိုစုံလင် တည်ကြည် ခိုင်ခံ့ မြဲမြံ စေ တော်မူလိမ့်မည်။ (aiōnios )
11 To him be glory and empire for ever and ever. Amen. (aiōn )
၁၁ထိုဘုရားသခင် သည် ကမ္ဘာ အဆက်ဆက်ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင် ။ (aiōn )
12 By Sylvanus, a faithful brother unto you, as I think, I have written briefly: beseeching and testifying that this is the true grace of God, wherein you stand.
၁၂ငါသည်သင်တို့ကို တိုက်တွန်းသွေးဆောင် လျက်၊ သင်တို့မှီဝဲ ဆည်းကပ်သောဤ အရာများသည် ဘုရားသခင် ၏ကျေးဇူး တော်အမှန် ဖြစ် သည်ဟု သက်သေခံ လျက် ၊ ဤစာကို အကျဉ်း အားဖြင့် ရေး ပြီးမှ၊ ငါစိတ်ထင် သည်အတိုင်း သင် တို့အမှု၌ သစ္စာရှိ သောညီအစ်ကို သိလွာနု လက်ဖြင့် ယခုပေးလိုက်၏။
13 The church that is in Babylon, elected together with you, saluteth you: and so doth my son Mark.
၁၃ငါ့ သား မာကု မှစ၍ ဗာဗုလုန် မြို့၌ ရှိသော သင်တို့နှင့်အတူရွေးချယ် တော်မူသော အသင်းတော် သည် သင် တို့ကိုနှုတ်ဆက် ကြ၏။
14 Salute one another with a holy kiss. Grace be to all you, who are in Christ Jesus. Amen.
၁၄အချင်းချင်း တစ်ယောက်ကိုတစ်ယောက်မေတ္တာ နမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။ ခရစ်တော် နှင့် ဆိုင်သော သင် တို့အပေါင်း ၌ ငြိမ်သက် ခြင်းရှိစေသတည်း။ အာမင်။