< 1 Kings 8 >

1 Then all the ancients of Israel with the princes of the tribes, and the heads of the families of the children of Israel were assembled to king Solomon in Jerusalem: that they might carry the ark of the covenant of the Lord out of the city of David, that is, out of Sion.
ထိုအခါ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ဇိအုန် မည်သော ဒါဝိဒ် မြို့ မှ ဆောင် ခဲ့ လိုသောငှါ ၊ ရှောလမုန် သည် ဣသရေလ အမျိုးအသက်ကြီး သူအပေါင်းတို့နှင့် ဣသရေလ အဆွေအမျိုးအသီးအသီး ကို အုပ်သော ခေါင်း မင်း အပေါင်း တို့ကို ယေရုရှလင် မြို့၊ ရှင်ဘုရင် ထံ သို့ခေါ် တော်မူသည်အတိုင်း၊
2 And all Israel assembled themselves to king Solomon on the festival day in the month of Ethanim, the same is the seventh month.
ဣသရေလ လူ အပေါင်း တို့သည် ဧသနိမ် အမည် ရှိသောသတ္တမ လ ၌လုပ်သောပွဲ အတွင်း တွင် ရှောလမုန် မင်းကြီး ထံ သို့စုဝေး ရောက်လာကြ၏။
3 And all the ancients of Israel came, and the priests took up the ark,
ဣသရေလ အမျိုးတွင် အသက်ကြီး သူအပေါင်း တို့သည်လာ ၍ ၊ ယဇ် ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ သေတ္တာ တော်ကို ထမ်း လျက်၊
4 And carried the ark of the Lord, and the tabernacle of the covenant, and all the vessels of the sanctuary, that were in the tabernacle: and the priests and the Levites carried them.
ပရိသတ်စည်းဝေး ရာ တဲ တော်၊ တဲ တော်နှင့် ဆိုင်၍ သန့်ရှင်း သော တန်ဆာ အလုံးစုံ တို့ကို ယဇ် ပုရောဟိတ်များနှင့် လေဝိ သားများတို့သည် ဆောင် ခဲ့ကြ၏။
5 And king Solomon, and all the multitude of Israel, that were assembled unto him went with him before the ark, and they sacrificed sheep and oxen that could not be counted or numbered.
ရှောလမုန် မင်းကြီး မှစ၍ စည်းဝေး သော ဣသရေလ ပရိသတ် အပေါင်း တို့သည် မ ရေတွက် နိုင်။ အတိုင်း မ သိများစွာ သော သိုး နွား တို့ကို သေတ္တာ တော်ရှေ့ မှာ ယဇ် ပူဇော်ကြ၏။
6 And the priests brought in the ark of the covenant of the Lord into its place, into the oracle of the temple, into the holy of holies under the wings of the cherubims.
ယဇ် ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို အိမ်တော်အတွင်းသို့သွင်း၍၊ အလွန်သန့်ရှင်း ရာဌာနတည်းဟူသောဗျာဒိတ် ဌာနတော် ထဲ မှာ ခေရုဗိမ် အတောင် တို့အောက် ၊ သူ့ နေရာ ၌ ထား ကြ ၏။
7 For the cherubims spread forth their wings over the place of the ark, and covered the art, and the staves thereof above.
ခေရုဗိမ် တို့သည် မိမိအတောင် နှစ်ဘက်ကို သေတ္တာ တော်နေရာ အပေါ် မှာဖြန့် ၍ ၊ သေတ္တာ တော်နှင့် ထမ်းဘိုး တို့ကို လွှမ်းမိုး လျက် ရှိကြ၏။
8 And whereas the staves stood out, the ends of them were seen without in the sanctuary before the oracle, but were not seen farther out, and there they have been unto this day.
ထမ်းဘိုး တို့ကို ဆွဲထား သဖြင့် ထမ်းဘိုး ဖျား တို့ သည် ပြင် ခန်း၌ မ ထင်။ သန့်ရှင်း ရာဌာန၊ ဗျာဒိတ် ဌာန တော်၌ သာထင် ၍ ယနေ့ တိုင်အောင် ရှိ ကြ၏။
9 Now in the ark there was nothing else but the two tables of stone, which Moses put there at Horeb, when the Lord made a covenant with the children of Israel, when they came out of the land of Egypt.
ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှ ထွက် ၍၊ ထာဝရဘုရား သည် သူတို့နှင့် ပဋိညာဉ် ဖွဲ့တော်မူသောအခါ ၊ မောရှေ သည် ဟောရပ် အရပ်၌ ရှိစဉ် သွင်း ထား သော ကျောက်ပြား နှစ် ပြားမှတပါး သေတ္တာ တော်ထဲ ၌ အဘယ် အရာမျှမရှိ။
10 And it came to pass, when the priests were come out of the sanctuary, that a cloud filled the house of the Lord,
၁၀ယဇ် ပုရောဟိတ်တို့သည် သန့်ရှင်း ရာ ဌာနထဲက ထွက် ကြသောအခါ ၊ ထာဝရဘုရား ၏ အိမ် တော်သည် မိုဃ်းတိမ် နှင့်ပြည့် ၏။
11 And the priests could not stand to minister because of the cloud: for the glory of the Lord had filled the house of the Lord.
၁၁ထိုသို့ ထာဝရဘုရား ၏ အိမ် တော်သည် ဘုန်း တော်နှင့်ပြည့် လျက်၊ မိုဃ်းတိမ် တော်ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှု တော်ကို ဆောင်ရွက်လျက် ရပ် ၍ မ နေနိုင် ကြ။
12 Then Solomon said: The Lord said that he would dwell in a cloud.
၁၂ရှောလမုန် ကလည်း၊ ထာဝရဘုရား သည် ထူထပ် သော မှောင်မိုက်ထဲမှာ နေ တော်မူသည်ဟု စကား တော်ရှိ၏။
13 Building I have built a house for thy dwelling, to be thy most firm throne for ever.
၁၃အကယ်စင်စစ်ကိုယ်တော် ကျိန်းဝပ် တော်မူရာ အိမ် ၊ အစဉ်အမြဲ နေ တော်မူရာ ဌာန တော်ကို အကျွန်ုပ် တည်ဆောက် ပါပြီဟု မြွက်ဆို ၏။
14 And the king turned his face, and blessed all the assembly of Israel: for all the assembly of Israel stood.
၁၄တဖန် ရှင် ဘုရင်သည် လှည့် ကြည့်၍ ဣသရေလ အမျိုး ပရိသတ် အပေါင်း ကို ကောင်းကြီး ပေးတော်မူ၏။ ဣသရေလ အမျိုးပရိသတ် အပေါင်း တို့သည် မတ်တပ် နေကြ၏။
15 And Solomon said: Blessed be the Lord the God of Israel, who spoke with his mouth to David my father, and with his own hands hath accomplished it, saying:
၁၅ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ဗျာဒိတ်တော်စကားဟူမူကား၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် သော နေ့ ကစ၍ ငါ့ နာမ တည်ရာ အိမ် ကိုဆောက် စေခြင်းငှါ ၊ ဣသရေလ ခရိုင် များတို့တွင်မြို့ တစုံတမြို့ ကို ငါမ ရွေး သေးသော်လည်း၊
16 Since the day that I brought my people Israel out of Egypt, I chose no city out of all the tribes of Israel, for a house to be built, that my name might be there: but I chose David to be over my people Israel.
၁၆ငါ ၏လူ ဣသရေလ အမျိုးသားတို့ကိုအုပ်စိုး စေခြင်းငှါ ၊ ဒါဝိဒ် ကို ငါရွေး ပြီဟု ငါ့ ခမည်းတော် ဒါဝိဒ် အား ဗျာဒိတ် တော်ရှိသည်အတိုင်းပြုတော်မူသော ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။
17 And David my father would have built a house to the name of the Lord the God of Israel:
၁၇ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် ခြင်းငှါ ၊ ငါ့ ခမည်းတော် ဒါဝိဒ် သည် အကြံ ရှိ သောအခါ၊
18 And the Lord said to David my father: Whereas thou hast thought in thy heart to build a house to my name, thou hast done well in having this same thing in thy mind.
၁၈ထာဝရဘုရား က၊ သင် သည် ငါ့ နာမ အဘို့ အိမ် တော်တည်ဆောက် ခြင်းငှါ အကြံ ရှိ သောကြောင့် ကောင်း သောအမှုကို ပြုပြီ။
19 Nevertheless thou shalt not build me a house, but thy son, that shall come forth out of thy loins, he shall build a house to my name.
၁၉သို့သော်လည်း သင် သည် အိမ် တော်ကို မ ဆောက် ရ။ သင် ၏သားရင်း သည် ငါ့ နာမ အဘို့ အိမ် တော်ကို ဆောက် ရမည်ဟု ငါ့ ခမည်းတော် ဒါဝိဒ် အား မိန့် တော်မူ၏။
20 The Lord hath performed his word which he spoke: and I stand in the room of David my father, and sit upon the throne of Israel, as the Lord promised: and have built a house to the name of the Lord the God of Israel.
၂၀ထာဝရဘုရား သည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ ခမည်းတော် ဒါဝိဒ် ၏ အရိပ်အရာကိုခံရ ၍၊ ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ဣသရေလ နိုင်ငံ၏ ရာဇပလ္လင် ပေါ်မှာ ထိုင် လျက်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် လေပြီ။
21 And I have set there a place for the ark, wherein is the covenant of the Lord, which he made with our fathers, when they came out of the land of Egypt.
၂၁ငါ တို့ ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ ၊ ထာဝရဘုရား နှုတ်ဆောင် သောအခါ ၊ သူ တို့နှင့် ဖွဲ့ တော်မူသော ပဋိညာဉ် ကျောက်စာပါသော သေတ္တာ တော်ထားရာအရပ် ကို ထို အိမ်တော်၌ လုပ် လေပြီဟု မြွက်ဆို၏။
22 And Solomon stood before the altar of the Lord in the sight of the assembly of Israel, and spread forth his hands towards heaven;
၂၂တဖန် ရှောလမုန် သည် ထာဝရဘုရား ၏ ယဇ် ပလ္လင် ရှေ့ ၊ ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ အလယ်မှာ နေ ၍ ၊ လက်ဝါး တို့ကို ကောင်းကင် သို့ ဖြန့် လျက်၊
23 And said: Lord God of Israel, there is no God like thee in heaven above, or on earth beneath: who keepest covenant and mercy with thy servants that have walked before thee with all their heart.
၂၃အို ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၊ အထက် ကောင်းကင် ဘုံနှင့်အောက် အရပ်မြေကြီး ပေါ် မှာ ကိုယ်တော် နှင့် တူသော ဘုရား တဆူမျှမ ရှိပါ။ ရှေ့ တော်၌ စိတ် နှလုံးအကြွင်းမဲ့ ကျင့် သော ကိုယ်တော် ၏ ကျွန် တို့အဘို့ ပဋိညာဉ် တရားနှင့် ကရုဏာ တရားကို စောင့်ရှောက် တော်မူပြီ။
24 Who hast kept with thy servant David my father what thou hast promised him: with thy mouth thou didst speak, and with thy hands thou hast performed, as this day proveth.
၂၄အကျွန်ုပ် အဘ ဒါဝိဒ် ၌ ထားတော်မူသောဂတိတော် ကိုမဖျက် ၊ မိန့်တော်မူသည်အတိုင်း ယနေ့ ပြု တော်မူပြီ။
25 Now therefore, O Lord God of Israel, keep with thy servant David my father what thou hast spoken to him, saying: There shall not be taken away of thee a man in my sight, to sit on the throne of Israel: yet so that thy children take heed to their way, that they walk before me as thou hast walked in my sight.
၂၅အို ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်က၊ သင်သည် ငါ့ ရှေ့ မှာကျင့် သကဲ့သို့ သင် ၏သား မြေးတို့သည် ငါ့ ရှေ့ မှာ ကျင့် လိုသောငှါ ၊ မိမိ တို့ သွားရာလမ်း ကို သတိပြု လျှင် ၊ ငါ့ မျက်မှောက် ၌ ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု ကိုယ်တော် ကျွန် အကျွန်ုပ် အဘ ဒါဝိဒ် ၌ ထားတော်မူသောဂတိ တော်ကို ယခု စောင့် တော်မူ ပါ။
26 And now, Lord God of Israel, let thy words be established, which thou hast spoken to thy servant David my father.
၂၆အို ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော် ကျွန် အကျွန်ုပ် အဘ ဒါဝိဒ် အား မိန့် တော်မူသော စကား တော်ကို ယခု ပြည့်စုံ စေတော်မူပါ။
27 Is it then to be thought that God should indeed dwell upon earth? for if heaven, and the heavens of heavens cannot contain thee, how much less this house which I have built?
၂၇သို့ရာတွင် ဘုရားသခင် သည် မြေကြီး ပေါ် မှာ ဧကန် အမှန်ကျိန်းဝပ် တော်မူမည်လော။ ကောင်းကင် နှင့် ကောင်းကင် တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင် သည် ကိုယ်တော် ကို မ ဆံ့ မခံနိုင်သည် ဖြစ်၍၊ အကျွန်ုပ်တည်ဆောက် သော ဤ အိမ် ကို အဘယ် ဆိုဘွယ်ရာရှိပါသနည်း။
28 But have regard to the prayer of thy servant, and to his supplications, O Lord my God: hear the hymn and the prayer, which thy servant prayeth before thee this day:
၂၈သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ ယနေ့ ကြွေးကြော် လျက် ပဌနာ ပြု၍ တောင်းလျှောက် သော စကားကို နားခံ နာယူတော်မူပါ။
29 That thy eyes may be open upon this house night and day: upon the house of which thou hast said: My name shall be there: that thou mayest hearken to the prayer, which thy servant prayeth in this place to thee.
၂၉ဤမည်သောအရပ် ၌ ငါ့ နာမ တည် ရမည်ဟု မိန့် တော်မူသည်အတိုင်း၊ ဤအရပ် ဌာနနှင့် ဤ အိမ် တော်ကို နေ့ ညဉ့် မပြတ် ကြည့်ရှု၍၊ ကိုယ်တော် ကျွန် သည် ဤ အရပ် ဌာန၌ ဆုတောင်း သော စကား ကို နားထောင် တော်မူပါ။
30 That thou mayest hearken to the supplication of thy servant and of thy people Israel, whatsoever they shall pray for in this place, and hear them in the place of thy dwelling in heaven; and when thou hearest, shew them mercy.
၃၀ကိုယ်တော် ကျွန် မှစ၍ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ဤ အရပ် ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ ၊ ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် ၍ အပြစ် မှလွှတ်တော်မူပါ။
31 If any man trespass against his neighbour, and have an oath upon him, wherewith he is bound: and come because of the oath before thy altar to thy house,
၃၁လူ သည် မိမိ အိမ်နီးချင်း ကို ပြစ်မှား သောကြောင့် ၊ အကျိန် ခံရမည်ဟု အိမ်နီးချင်းဆိုလျက်၊ ဤ အိမ် တော်၌ ကိုယ်တော် ၏ယဇ် ပလ္လင်ရှေ့ မှာ အကျိန် တိုက်လျှင်၊
32 Then hear thou in heaven: and do, and judge thy servants, condemning the wicked, and bringing his way upon his own head, and justifying the just, and rewarding him according to his justice.
၃၂ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ မ တရားသောသူသည် မိမိ အပြစ်နှင့်အလျောက်ရှုံး စေခြင်းငှါ ၎င်း ၊ ဖြောင့်မတ် သောသူသည် မိမိ ဖြောင့်မတ် ခြင်း နှင့်အလျောက် အကျိုးကိုခံရ ၍ အပြစ် မှလွတ်စေခြင်းငှါ ၎င်း၊ ကိုယ်တော် ကျွန် တို့ကို တရား စီရင်တော်မူပါ။
33 If thy people Israel shall fly before their enemies, (because they will sin against thee, ) and doing penance, and confessing to thy name, shall come, and pray, and make supplications to thee in this house:
၃၃ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော် ကို ပြစ်မှား သောအပြစ်ကြောင့် ရန်သူ ရှေ့ မှာ ရှုံး ရသောအခါ ၊ ကိုယ်တော် ထံသို့ ပြန် လာ၍ ၊ နာမ တော်ကိုဝန်ခံ လျက် ၊ ဤ အိမ် တော်ကို မှီခို လျက် ဆုတောင်း ပဌနာပြုလျှင်၊
34 Then hear thou in heaven, and forgive the sin of thy people Israel, and bring them back to the land which thou gavest to their fathers.
၃၄ကောင်းကင် ဘုံ၌ နားထောင် ၍ ၊ ကိုယ်တော် ၏ လူ ဣသရေလ အမျိုးသားတို့ကို အပြစ် မှလွှတ် တော်မူပါ။ ဘိုးဘေး တို့အား ပေး သနားတော်မူသော ပြည် သို့ တဖန် ပို့ဆောင်တော်မူပါ။
35 If heaven shall be shut up, and there shall be no rain, because of their sins, and they praying in this place, shall do penance to thy name, and shall be converted from their sins, by occasion of their afflictions:
၃၅ကိုယ်တော် ကို ပြစ်မှား သော အပြစ်ကြောင့် မိုဃ်း မ ရွာ၊ မိုဃ်းခေါင် သဖြင့် ကိုယ်တော်သည် ဆုံးမ တော်မူ သောအခါ ၊ သူတို့သည် ဤ အရပ် ဌာနတော်ကို မှီခိုလျက် ဆုတောင်း ၍ ၊ နာမ တော်ကိုဝန်ခံ လျက် မိမိ ဒုစရိုက် ကို စွန့်ပယ် လျှင်၊ 36ကောင်းကင် ဘုံ၌နားထောင် ၍ ၊ ကိုယ်တော် ၏ ကျွန် ၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးတို့ကို အပြစ် မှ လွှတ် တော်မူပါ။ သူတို့လိုက် ရသော လမ်း ကောင်း ကို ပြညွှန် ၍ ၊ ကိုယ်တော် ၏လူ တို့အား အမွေ ပေး သော မြေ ပေါ် မှာ မိုဃ်းရွာ စေတော်မူပါ။
36 Then hear thou them in heaven, and forgive the sins of thy servants, and of thy people Israel: and shew them the good way wherein they should walk, and give rain upon thy land, which thou hast given to thy people in possession.
၃၆ပြည် တော်၌ အစာအာဟာရခေါင်းပါး သော်၎င်း၊ လေ ထိ၍ အပင်သေသော်၎င်း၊ အရည် ယို၍ သေသော်၎င်း၊ အရာဘကျိုင်း ၊ ခါသိလ ကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူ တိုက်လာ၍ မြို့ကို ဝိုင်းထား သော်၎င်း၊ ဘေးဥပဒ် ၊ အနာ ရောဂါတစုံတခု ရောက် သောအခါ၊
37 If a famine arise in the land, or a pestilence, or corrupt air, or blasting, or locust, or mildew, if their enemy afflict them besieging the gates, whatsoever plague, whatsoever infirmity,
၃၇ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားအချို့ တို့သည် အသီးအသီး ခံရသောဘေးဒဏ် ကိုသိ လျက်၊ ဤ အိမ် တော်သို့ မိမိ တို့လက်ဝါး ကို ဖြန့် ၍ ၊ တစုံတခု သောပဌနာ စကားအားဖြင့်ဆုတောင်း လျှင်၊
38 Whatsoever curse or imprecation shall happen to any man of thy people Israel: when a man shall know the wound of his own heart, and shall spread forth his hands in this house,
၃၈ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။
39 Then hear thou in heaven, in the place of thy dwelling, and forgive, and do so as to give to every one according to his ways, as thou shalt see his heart (for thou only knowest the heart of all the children of men)
၃၉ဘိုးဘေး တို့အား ပေး သနားတော်မူသော ပြည် ၌ သူ တို့သည် အသက် ရှင်သော ကာလ ပတ်လုံးကိုယ်တော် ကို ကြောက်ရွံ ပါမည်အကြောင်း ၊ ကိုယ်တော် သာလျှင် လူ သတ္တဝါအပေါင်း တို့၏ စိတ် နှလုံးသဘောကို သိ တော်မူ သည်ဖြစ်၍ ၊ ဆုတောင်းသောသူတို့ ၏ စိတ် နှလုံးသဘောကိုသိ လျက်၊ သူတို့အပြစ်ကိုလွှတ် တော်မူပါ။ အသီးအသီး ပြုကြသည်အတိုင်း စီရင် တော်မူပါ။
40 That they may fear thee all the days that they live upon the face of the land, which thou hast given to our fathers.
၄၀ကိုယ်တော် ၏လူ ဣသရေလ အမျိုးမ ဟုတ်၊ တပါး အမျိုးသားတို့သည် ကြီးမြတ် သော နာမ တော်၏ သိတင်းနှင့် တန်ခိုး ကြီး၍ ၊ ဆန့် တော်မူသောလက်ရုံး တော် ၏သိတင်းကိုကြား သောကြောင့်၊
41 Moreover also the stranger, who is not of thy people Israel, when he shall come out of a far country for thy name’s sake, (for they shall hear everywhere of thy great name and thy mighty hand,
၄၁နာမ တော်ကိုထောက် သဖြင့် ဝေး သောပြည် မှ ရောက် လာ၍၊ ဤ အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင်၊
42 And thy stretched out arm, ) so when he shall come, and shall pray in this place,
၄၂ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော် ကို ကြောက်ရွံ့ သကဲ့သို့ မြေကြီး သား အပေါင်း တို့သည် ကြောက်ရွံ့လျက်၊ နာမ တော် ကို သိ စေခြင်းငှါ ၎င်း၊ အကျွန်ုပ်တည်ဆောက် သော ဤ အိမ် တော်ကို နာမ တော်ဖြင့် သမုတ် ကြောင်း ကို သိ စေခြင်းငှါ ၎င်း ၊ ထိုတပါး အမျိုးသားတို့သည် ဆုတောင်း သမျှ အတိုင်း ကျေးဇူးပြု တော်မူပါ။
43 Then hear thou in heaven, in the firmament of thy dwelling place, and do all those things, for which that stranger shall call upon thee: that all the people of the earth may learn to fear thy name, as do thy people Israel, and may prove that thy name is called upon on this house, which I have built.
၄၃ကိုယ်တော်စေခိုင်း တော်မူသည်အတိုင်း ၊ ကိုယ်တော် ၏ လူ တို့သည် ရန်သူ တို့ရှိရာသို့ စစ်ချီ သောအခါ ၊ ရွေး တော်မူသော မြို့ ၊ နာမ တော်အဘို့ အကျွန်ုပ် တည်ဆောက် သော အိမ် တော်ကို မှီခိုလျက်၊ ထာဝရဘုရား အား ဆုတောင်း ကြလျှင်၊
44 If thy people go out to war against their enemies, by what way soever thou shalt send them, they shall pray to thee towards the way of the city, which thou hast chosen, and towards the house, which I have built to thy name:
၄၄သူ တို့ ဆုတောင်း ပဌနာပြုသော စကားကို ကောင်းကင် ဘုံ၌ နားထောင် ၍ သူ တို့အမှု ကို စောင့် တော်မူ ပါ။
45 And then hear thou in heaven their prayers, and their supplications, and do judgment for them.
၄၅မ ပြစ်မှား တတ်သော လူ တယောက်မျှမ ရှိသည် ဖြစ်၍ ၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော် ကို ပြစ်မှား သောကြောင့် ၊ အမျက် တော်ထွက်၍ ရန်သူ လက်သို့ အပ် တော်မူသဖြင့် ၊ ရန်သူ တို့သည် ဝေး သောပြည်၊ နီး သောပြည် ၊ အခြားတပါးသောပြည်သို့ သိမ်း သွားလျှင်၎င်း၊
46 But if they sin against thee (for there is no man who sinneth not) and thou being angry deliver them up to their enemies, so that they be led away captives into the land of their enemies far or near;
၄၆ထိုပြည် ၌ အချုပ် ခံစဉ်၊ သူတို့သည် သတိရ ၍ ၊ အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ မ ဖြောင့်သောအမှု၊ ဆိုးညစ် သောအမှုကို ပြုမိပါပြီဟု စိတ် ပြောင်းလဲ ၍ တောင်းပန် သဖြင့်၊
47 Then if they do penance in their heart in the place of captivity, and being converted make supplication to thee in their captivity, saying: We have sinned, we have done unjustly, we have committed wickedness:
၄၇သိမ်း သွားသော ရန်သူ တို့၏ ပြည် ၌ နေစဉ်၊ စိတ် နှလုံးအကြွင်းမဲ့ အထံ တော်သို့ပြန် လာ၍ ၊ ဘိုးဘေး တို့အား ပေး တော်မူသော ပြည် ၊ ရွေး တော်မူသော မြို့ ၊ နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင် ၎င်း၊
48 And return to thee with all their heart, and all their soul, in the land of their enemies, to which they had been led captives: and pray to thee towards the way of their land, which thou gavest to their fathers, and of the city which thou hast chosen, and of the temple which I have built to thy name:
၄၈သူ တို့ဆုတောင်း ပဌနာ ပြုသော စကားကို ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌နားထောင် ၍ သူ တို့ အမှု ကို စောင့် တော်မူပါ။
49 Then hear thou in heaven, in the firmament of thy throne, their prayers, and their supplications, and do judgment for them:
၄၉ကိုယ်တော် ၏လူ တို့သည် ကိုယ်တော် ကို ပြစ်မှား သော်လည်း ၊ ကိုယ်တော် ကို ပြစ်မှား လွန်ကျူးခြင်းအပြစ် အလုံးစုံ တို့ကို ဖြေရှင်း တော်မူပါ။ သိမ်း သွားသောသူတို့ သည် ကိုယ်တော်၏လူတို့ကို သနား စေခြင်းငှါ ၊ ကရုဏာ စိတ်သဘောကို ပေး တော်မူပါ။
50 And forgive thy people, that have sinned against thee, and all their iniquities, by which they have transgressed against thee: and give them mercy before them that have made them captives, that they may have compassion on them.
၅၀အကြောင်း မူကား၊ သူ တို့သည် အဲဂုတ္တု ပြည်၏ သံ မီးဖို ထဲက နှုတ်ယူ တော်မူသော ကိုယ်တော် ၏လူ ၊ အမွေ ခံရတော်မူသောအမျိုးဖြစ်ပါ၏။
51 For they are thy people, and thy inheritance, whom thou hast brought out of the land of Egypt, from the midst of the furnace of iron.
၅၁ကိုယ်တော် ၏ ကျွန် မှစ၍ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားဆုတောင်း ပဌနာပြုသော စကား အလုံးစုံ တို့ကို နားထောင် ခြင်းငှါ ကြည့်ရှု မှတ်ယူတော်မူပါ။
52 That thy eyes may be open to the supplication of thy servant, and of thy people Israel, to hear them in all things for which they shall call upon thee.
၅၂အကြောင်း မူကား၊ အကျွန်ုပ် တို့ ဘိုးဘေး များကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသောအခါ ၊ ကိုယ်တော် ၏ ကျွန် မောရှေ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ဣသရေလအမျိုးကို ကိုယ်တော် အမွေ ခံရာဖြစ်စေခြင်းငှါ ၊ မြေကြီး သားအမျိုးမျိုး ထဲက ရွေးနှုတ် ခွဲထားတော်မူပြီအရှင် ထာဝရဘုရား ဟု ပဌနာပြုလေ၏။
53 For thou hast separated them to thyself for an inheritance from among all the people of the earth, as thou hast spoken by Moses thy servant, when thou broughtest our fathers out of Egypt, O Lord God.
၅၃ထိုသို့ ရှောလမုန် သည် ထာဝရဘုရား ရှေ့တော်၌ ဆုတောင်း ပဌနာပြု၍ ပြီး သောအခါ ၊ ထာဝရဘုရား ၏ ယဇ် ပလ္လင်ရှေ့ မှာ ဒူး ထောက် လျက်၊ လက်ဝါး တို့ကို ကောင်းကင် သို့ဖြန့် လျက်နေရာမှထ ၍၊
54 And it came to pass, when Solomon had made an end of praying all this prayer and supplication to the Lord, that he rose from before the altar of the Lord: for he had fixed both knees on the ground, and had spread his hands towards heaven.
၅၄မတ်တတ် နေပြီးလျှင် ၊ ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို ကျယ် သောအသံ နှင့် ကောင်းကြီး ပေးသော စကားဟူမူကား ၊
55 And he stood and blessed all the assembly of Israel with a, loud voice, saying:
၅၅ဂတိ တော်ရှိသမျှ အတိုင်း မိမိ လူ ဣသရေလ အမျိုးကို ငြိမ်ဝပ် စေခြင်းငှါစီရင် တော်မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိ ကျွန် မောရှေ အားဖြင့် ထားတော်မူသော ဂတိ တော်ကောင်း တခွန်း မျှမ ပျက်၊
56 Blessed be the Lord, who hath given rest to his people Israel, according to all that he promised: there hath not failed so much as one word of all the good things that he promised by his servant Moses.
၅၆ငါ တို့ဘုရားသခင် ထာဝရဘုရား သည် ငါ တို့ ဘိုးဘေး များနှင့်အတူ ရှိ တော်မူသည်နည်းတူ ငါ တို့နှင့်အတူ ရှိ တော်မူပါစေသော။ ငါ တို့ကို အလျှင်းစွန့်ပစ် တော် မ မူပါစေနှင့်။
57 The Lord our God be with us, as he was with our fathers, and not leave us, nor cast us off:
၅၇လမ်း တော်တို့သို့ လိုက် စေခြင်းငှါ ၎င်း၊ ဘိုးဘေး တို့အား မှာ ထားတော်မူသော စီရင် ထုံးဖွဲ့ချက်ပညတ် တရား တို့ကို စောင့်ရှောက် စေခြင်းငှါ ၎င်း၊ ငါ တို့စိတ် နှလုံးကို အထံ တော်သို့ သွေးဆောင် တော်မူပါစေသော။
58 But may he incline our hearts to himself, that we may walk in all his ways, and keep his commandments, and his ceremonies, and all his judgments which he commanded our fathers.
၅၈ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း၊ အခြား တပါးသော ဘုရားသခင်မ ရှိ ကြောင်းကို၎င်း၊ မြေကြီး သားအပေါင်း တို့သည် သိ ကြမည်အကြောင်း
59 And let these my words, wherewith I have prayed before the Lord, he nigh unto the Lord our God day and night, that he may do judgment for his servant, and for his people Israel day by day:
၅၉ငါ တို့ဘုရားသခင် ထာဝရဘုရား သည် မိမိ ကျွန် နှင့် မိမိ လူ ဣသရေလ အမျိုးသားတို့၏အမှု ကို စောင့် စရာအကြောင်း ရှိသည်အတိုင်း၊
60 That all the people of the earth may know, that the Lord he is God, and there is no other besides him.
၆၀အစဉ်စောင့်တော်မူ စေခြင်းငှါထာဝရဘုရား ရှေ့ တော်၌ ငါဆုတောင်း သော ဤ ပဌနာစကား သည် နေ့ ညဉ့်မပြတ်အနီး တော်၌ ရှိ ပါစေသော။
61 Let our hearts also be perfect with the Lord our God, that we may walk in his statutes, and keep his commandments, as at this day.
၆၁သင်တို့သည် ယနေ့ ကျင့်သကဲ့သို့ ၊ ငါ တို့ဘုရားသခင် ထာဝရဘုရား စီရင် တော်မူသောလမ်းသို့ လိုက် ၍ ပညတ် တရားတော်ကို စောင့်ရှောက် ခြင်းငှါ ၊ အထံတော်၌ စိတ်နှလုံးစုံလင် ပါစေသောဟု မြွက်ဆိုလေ၏။
62 And the king, and all Israel him, offered victims before the Lord.
၆၂ထိုအခါ ရှောလမုန်မင်းကြီး နှင့်တကွ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပူဇော် ကြ၏။
63 And Solomon slew victims of peace offerings, which he sacrificed to the Lord, two and twenty thousand oxen, and hundred and twenty thousand sheep: so the king, and the children of Israel dedicated the temple of the Lord.
၆၃နွား နှစ်သောင်း နှစ်ထောင်၊ သိုး တသိန်း နှစ်သောင်းတို့ကို ထာဝရဘုရား အား မိဿဟာယ ယဇ် ပူဇော် သဖြင့် ၊ ထာဝရဘုရား ၏အိမ် တော်ကို အနုမောဒနာ ပြုကြ၏။
64 In that day the king sanctified the middle of the court that was before the house of the Lord: for there he offered the holocaust, and sacrifice, and fat of the peace offerings: because the brazen altar that was before the Lord, was too little to receive the holocaust, and sacrifice, and fat of the peace offerings.
၆၄ထို နေ့ ၌ လည်း၊ ရှင် ဘုရင်သည် ထာဝရဘုရား ၏ အိမ် တော်ရှေ့ မှာရှိသော တန်တိုင်း အတွင်း အရပ်ကို သန့်ရှင်း စေ၍ ၊ ထို အရပ်၌ မီး ရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မိဿဟာယ ယဇ်ကောင်ဆီဥ ကို ပူဇော် ၏။ အကြောင်း မူကား၊ ထာဝရဘုရား ရှေ့ တော်၌ရှိသော ကြေးဝါ ယဇ် ပလ္လင်သည် မီး ရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မိဿဟာယ ယဇ်ကောင်ဆီဥ ကို မ ခံ လောက်။
65 And Solomon made at the same time a solemn feast, and all Israel with him, a great multitude from the entrance of Emath to the river of Egypt, before the Lord our God, seven days and seven days, that is, fourteen days.
၆၅ထိုအခါ ရှောလမုန် သည် အလွန် များစွာသော ပရိသတ် တည်းဟူသောဟာမတ် မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ် တိုင်အောင် အနှံ့အပြားအရပ်ရပ်ကလာကြသော ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွ ၊ ငါ တို့ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ခုနစ်ရက် နှစ်လီ၊ တဆယ် လေး ရက် ပတ်လုံးပွဲ ခံ တော်မူ၏။
66 And on the eighth day he sent away the people: and they blessed the king, and went to their dwellings rejoicing, and glad in heart for all the good things that the Lord had done for David his servant, and for Israel his people.
၆၆ရှစ် ရက်မြောက်သောနေ့ ၌ လူ များတို့ကို လွှတ်လိုက် တော်မူ၏။ သူတို့သည် ရှင် ဘုရင်ကို ကောင်းကြီး ပေးလျက် ၊ ထာဝရဘုရား သည် မိမိ ကျွန် ဒါဝိဒ် နှင့် မိမိ လူ ဣသရေလ အမျိုးသားတို့၌ ပြု တော်မူသမျှ သော ကျေးဇူး တော်ကြောင့် ၊ ဝမ်းမြောက် ရွှင်လန်း လျက် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။

< 1 Kings 8 >