< 1 Chronicles 21 >
1 And Satan rose up against Israel: and moved David to number Israel.
၁နောက် တဖန်စာတန် သည် ဣသရေလ အမျိုး တဘက် ၌ထ ၍ ဣသရေလ အမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ် ကို တိုက်တွန်း လေ၏။
2 And David said to Joab, and to the rulers of the people: Go, and number Israel from Bersabee even to Dan, and bring me the number of them that I may know it.
၂ဒါဝိဒ် ကလည်း ၊ လူပေါင်းမည်မျှရှိသည်ကို ငါသိ မည်အကြောင်း ၊ ဗေရရှေဘ မြို့မှ သည် ဒန် မြို့တိုင်အောင် သွား ၍ ဣသရေလ အမျိုးသားတို့ ကိုရေတွက် ပြီးလျှင် ၊ စာရင်းကို ငါ့ ထံသို့ သွင်း လော့ဟု ဗိုလ်ချုပ်မင်းယွာဘ နှင့် အရာရှိ တို့အား မိန့် တော်မူ၏။
3 And Joab answered: The Lord make his people a hundred times more than they are: but, my lord the king, are they not all thy servants: why doth my lord seek this thing, which may be imputed as a sin to Israel?
၃ယွာဘ ကလည်း၊ ထာဝရဘုရား သည် မိမိ လူ တို့ကို ထပ်၍အဆ တရာ တိုးပွါး စေခြင်းငှါပြုတော်မူပါစေသော။ သို့ရာတွင်အရှင် မင်းကြီး ၊ ဣသရေလ လူအပေါင်း တို့သည် သခင် ၏ကျွန် ဖြစ်ပါသည် မ ဟုတ်လော။ သို့ဖြစ်၍ကျွန်တော် သခင် သည် ဤ အမှုကိုအဘယ်ကြောင့် စီရင်တော်မူသနည်း။ ဣသရေလ အမျိုး ပြစ်မှား စရာ အကြောင်းကို အဘယ်ကြောင့် ပြု တော်မူသနည်းဟု လျှောက် လေ၏။
4 But the king’s word rather prevailed: and Joab departed, and went through all Israel: and returned to Jerusalem.
၄သို့သော်လည်း အမိန့် တော်သည် ယွာဘ စကားကို နိုင် သဖြင့် ၊ ယွာဘ သည်ထွက် ၍ ဣသရေလ ပြည် တရှောက်လုံး သို့ သွား ပြီးမှ ၊ ယေရုရှလင် မြို့သို့ ပြန်လာ ၏။
5 And he gave David the number of them, whom he had surveyed: and all the number of Israel was found to be eleven hundred thousand men that drew the sword: and of Juda four hundred and seventy thousand fighting men.
၅လူ ပေါင်းစာရင်း ကို ဒါဝိဒ် အား ဆက် ၍ ၊ ဣသရေလ အမျိုး၌ ထား ကိုင် သူရဲ တသန်း နှင့် တသိန်း ၊ ယုဒ အမျိုး၌ ထား ကိုင် သူရဲ လေးသိန်း နှင့် ခုနစ်သောင်းရှိ ၏။
6 But Levi and Benjamin he did not number: for Joab unwillingly executed the king’s orders.
၆သို့ရာတွင် ယွာဘ သည် အမိန့် တော်ကို ရွံ သောကြောင့် ၊ လေဝိ အမျိုးနှင့် ဗင်္ယာမိန် အမျိုးကို အခြားသော အမျိုးထဲသို့ သွင်း၍ မ ရေတွက်။
7 And God was displeased with this thing that was commanded: and he struck Israel.
၇ဒါဝိဒ်ပြုသောအမှုကိုဘုရားသခင် သည် အလို တော်မရှိသဖြင့် ၊ ဣသရေလ အမျိုးကို ဒဏ်ခတ် တော်မူ မည်ဖြစ်၍၊
8 And David said to God: I have sinned exceedingly in doing this: I beseech thee take away the iniquity of thy servant, for I have done foolishly.
၈ဒါဝိဒ် က၊ အကျွန်ုပ်ပြု မိသော အမှု ၌အလွန် ပြစ်မှား ပါပြီ။ ကိုယ်တော် ကျွန် ၏ အပြစ် ကို ဖြေရှင်း တော်မူပါ။ အကျွန်ုပ်သည် အလွန် မိုက် သော အမှုကို ပြုမိပါပြီဟု ဘုရားသခင် အား တောင်းပန် လေ၏။
9 And the Lord spoke to Gad the seer of David, saying:
၉ထာဝရဘုရား သည် ဒါဝိဒ် ၏ ပရောဖက် ဂဒ် ကို ခေါ်၍၊
10 Go, and speak to David, and tell him: Thus saith the Lord: I give thee the choice of three things: choose one which thou wilt, and I will do it to thee.
၁၀ဒါဝိဒ် ထံသို့ သွား လော့။ အရာသုံး ပါးကို သင့် အား ငါ ပြ ၏။ သင် ၌ ငါပြု စရာဘို့ တပါးပါး ကိုရွေး လော့ဟု ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို လော့ဟု မိန့် တော်မူသည်အတိုင်း၊
11 And when Gad was come to David, he said to him: Thus saith the Lord: choose which thou wilt:
၁၁ဂဒ် သည်ဒါဝိဒ် ထံသို့ သွား ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊
12 Either three years’ famine: or three months to flee from thy enemies, and not to be able to escape their sword: or three days to have the sword of the Lord, and pestilence in the land, and the angel of the Lord destroying in all the coasts of Israel: now therefore see what I shall answer him who sent me.
၁၂သုံး နှစ် ပတ်လုံးအစာ အာဟာရခေါင်းပါးသော ဘေး၊ သုံး လ ပတ်လုံးသင့် ကို ရန်သူ လိုက်မှီ ၍ ထား ဖြင့် လုပ်ကြံ သောဘေး၊ သုံး ရက် ပတ်လုံးပြည် တော် ၌ ကာလနာ တည်းဟူသောထာဝရဘုရား ၏ ထား တော် ကို၊ ထာဝရဘုရား ၏ကောင်းကင်တမန် သည် ကိုင်၍ ဣသရေလ ပြည် တရှောက်လုံး ကို ဖျက်ဆီး သော ဘေးတို့တွင် တပါးပါးကိုရွေး လော့ဟု မိန့်တော်မူသည် ဖြစ်၍ ၊ အကျွန်ုပ် ကို စေလွှတ် တော်မူသောသူအား အဘယ်သို့ ပြန် လျှောက်ရမည်ကို ဆင်ခြင် တော်မူပါဟု လျှောက် လေ၏။
13 And David said to Gad: I am on every side in a great strait: but it is better for me to fall into the hands of the Lord, for his mercies are many, than into the hands of men.
၁၃ဒါဝိဒ် ကလည်း၊ ငါ သည် ကျဉ်းမြောင်း ရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား ၏လက် တော်သို့ ရောက် ပါစေ။ ကရုဏာ တော်ကြီး လှ၏။ လူ လက် သို့ မ ရောက် ပါစေနှင့်ဟုဂဒ် အား ပြန်ပြော ၏။
14 So the Lord sent a pestilence upon Israel. And there fell of Israel seventy thousand men.
၁၄ထာဝရဘုရား သည်လည်း၊ ဣသရေလ အမျိုး၌ ကာလနာ ကို လွှတ်လိုက် တော်မူ၍ လူ ခုနစ် သောင်း သေ ကြ၏။
15 And he sent an angel to Jerusalem, to strike it: and as he was striking it, the Lord beheld, and took pity for the greatness of the evil: and said to the angel that destroyed: It is enough, now stop thy hand. And the angel of the Lord stood by the thrashing floor of Ornan the Jebusite.
၁၅ယေရုရှလင် မြို့ကို ဖျက်ဆီး စေခြင်းငှါ ဘုရားသခင် သည် ကောင်းကင်တမန် ကို စေလွှတ် တော်မူသည် အတိုင်း ၊ ကောင်းကင်တမန် ဖျက်ဆီး မည်ဟု အားထုတ်သောအခါ၊ ထာဝရဘုရား သည် ကြည့်ရှု လျက်၊ ထိုဘေး ကြောင့် နောင်တရ တော်မူ၍၊ တန် ပြီ။ သင့် လက် ကို ရုပ်သိမ်း လော့ဟု ဖျက်ဆီး သော ကောင်းကင် တမန်အား မိန့် တော်မူ၏။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည်၊ ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်း အနား မှာ ရပ်နေ ၏။
16 And David lifting up his eyes, saw the angel of the Lord standing between heaven and earth, with a drawn sword in his hand, turned against Jerusalem: and both he and the ancients clothed in haircloth, fell down flat on the ground.
၁၆ဒါဝိဒ် သည် မျှော်ကြည့် ၍၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည်ယေရုရှလင် မြို့အပေါ် မှာထား ကို မိုး လျက်မိုဃ်း ကောင်းကင်နှင့် မြေကြီး ကြား မှာ ရပ်နေ သည် ကိုမြင် လျှင် ၊ ကိုယ်တိုင်မှစ၍ဣသရေလအမျိုးသားအသက်ကြီး သူတို့သည် လျှော်တေ အဝတ်ကို ဝတ် လျက် မြေပေါ်မှာ ပြပ်ဝပ် လျက်နေကြ၏။
17 And David said to God: Am not I he that commanded the people to be numbered? It is I that have sinned: it is I that have done the evil: but as for this flock, what hath it deserved? O Lord my God, let thy hand be turned, I beseech thee, upon me, and upon my father’s house: and let not thy people be destroyed.
၁၇ဒါဝိဒ် ကလည်း ၊ ပြည်သား တို့ကို ရေတွက် စေခြင်းငှါ စီရင် သော သူကား အကျွန်ုပ် ဖြစ်ပါသည်မ ဟုတ်လော။ အကျွန်ုပ်ပြစ်မှား ပါပြီ။ အလွန်ဒုစရိုက် ကို ပြုမိပါပြီ။ ဤ သိုး တို့မူကား အဘယ်သို့ ပြု မိပါသနည်း။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏လူ တို့ကို ဒဏ်ခတ် ခြင်းငှါလက် တော်ကိုသူတို့အပေါ်သို့ ရောက်စေတော်မ မူပါနှင့်။ အကျွန်ုပ် နှင့် အကျွန်ုပ် အဆွေအမျိုး အပေါ် သို့ ရောက် စေတော်မူပါဟု ဘုရားသခင် အား တောင်းပန် လေ၏။
18 And the angel of the Lord commanded Gad to tell David, to go up, and build an altar to the Lord God in the thrashingfloor of Ornan the Jebusite.
၁၈ထိုအခါဒါဝိဒ် သည် သွား ၍၊ ယေဗုသိ လူ အရောန ၏ကောက်နယ် တလင်း၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် စေခြင်းငှါ ပြော ရမည်အကြောင်း ၊ ထာဝရဘုရား ၏ကောင်းကင်တမန် သည် ဂဒ် ကို မှာထား သဖြင့်၊
19 And David went up, according to the word of Gad, which he spoke to him in the name of the Lord.
၁၉ဂဒ်ဆင့်ဆို သော ထာဝရဘုရား ၏အမိန့် တော် အတိုင်း ဒါဝိဒ် သည် သွား လေ၏။
20 Now when Ornan looked up, and saw the angel, he and his four sons hid themselves: for at that time he was thrashing wheat in the floor.
၂၀အရောန သည်စပါး ကိုနယ် စဉ်တွင်၊ လှည့်ကြည့် ၍ ရှင် ဘုရင်ကို မြင် သောအခါ ၊ သား လေး ယောက်နှင့်တကွ ပုန်းရှောင် ၍နေ၏။
21 And as David was coming to Ornan, Ornan saw him, and went out of the thrashingfloor to meet him, and bowed down to him with his face to the ground.
၂၁ဒါဝိဒ် သည် အရောန ရှိရာ သို့ ရောက် သောအခါ ၊ အရောန ကြည့် ၍ ဒါဝိဒ် ကိုမြင် လျှင် ၊ ကောက်နယ် တလင်း မှ ဆင်း ၍ ဒါဝိဒ် ရှေ့ မှာဦးချ ပြပ်ဝပ်လေ၏။
22 And David said to him: Give me this place of thy thrashingfloor, that I may build therein an altar to the Lord: but thou shalt take of me as much money as it is worth, that the plague may cease from the people.
၂၂ဒါဝိဒ် ကလည်း၊ လူ တို့တွင် ကာလနာ ဘေးကို ငြိမ်း စေမည်အကြောင်း ၊ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို ငါတည် လိုသည်ဖြစ်၍ ၊ ဤကောက်နယ် တလင်းအရပ် ကို အဘိုး ထိုက်သည်အတိုင်း ရောင်း ပါဟု အမိန့် ရှိသော်၊
23 And Ornan said to David: Take it, and let my lord the king do all that pleaseth him: and moreover the oxen also I give for a holocaust, and the drays for wood, and the wheat for the sacrifice: I will give it all willingly.
၂၃အရောန က၊ ကျွန်တော် သခင် အရှင်မင်းကြီး ယူ တော်မူပါ။ စိတ် တော်ရှိသည်အတိုင်း ပြု တော်မူပါ။ မီး ရှို့ရာယဇ်ဘို့ နွား များ၊ ထင်း ဘို့ ကောက်နယ် တန်ဆာများ၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ဂျုံ စပါးများအလုံးစုံ ကို ကျွန်တော် ဆက် ပါ၏ဟု ဒါဝိဒ် အား လျှောက် လျှင်၊
24 And king David said to him: It shall not be so, but I will give thee money as much as it is worth: for I must not take it from thee, and so offer to the Lord holocausts free cost.
၂၄ဒါဝိဒ် မင်းကြီး က၊ ထိုသို့ငါမ ယူရ။ စင်စစ်အဘိုး ထိုက်သည်အတိုင်း ပေး ၍ငါဝယ်မည်။ သင့် ဥစ္စာကို ထာဝရဘုရား အဘို့ ငါမ သိမ်း။ ကိုယ်ငွေ မကုန်ဘဲ မီး ရှို့ရာ ယဇ်ကို မပူဇော် လိုဟု အရောန အား ဆို သဖြင့်၊
25 So David gave to Ornan for the place, six hundred sicles of gold of just weight.
၂၅ရွှေ ခြောက် ပိဿာ ကို ချိန်ပေး၍ ထိုအရပ်ကို ဝယ် ပြီးမှ၊
26 And he built there an altar to the Lord: and he offered holocausts, and peace offerings, and he called upon the Lord, and he heard him by sending Are from heaven upon the altar of the holocaust.
၂၆ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ၍ ၊ မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် လေ၏။ ထိုသို့ ထာဝရဘုရား ကို ပဌနာ ပြုသောအခါ ၊ မီး ရှို့ရာယဇ်ပလ္လင် ပေါ် သို့ မီး ကျသဖြင့် ကောင်းကင် ထဲက ထူး တော်မူ၏။
27 And the Lord commanded the angel: and he put up his sword again into the sheath.
၂၇ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ ကောင်းကင် တမန်သည် မိမိ ထား ကို ထားအိမ် ၌ သွင်းထား ပြန်၏။
28 And David seeing that the Lord had heard him in the thrashingfloor of Oman the Jebusite, forthwith offered victims there.
၂၈ထာဝရဘုရား သည် ယေဗုသိ လူ အရောန ၏ ကောက်နယ် တလင်း၌ ထူး တော်မူသည်ကို ဒါဝိဒ် သိမြင် လျှင် ၊ ထို အရပ်၌ ယဇ် ပူဇော်ခြင်းအမှုကို ပြုလေ၏။
29 But the tabernacle of the Lord, which Moses made in the desert, and the altar of holocausts, was at that time in the high place of Gabaon.
၂၉တော ၌ မောရှေ လုပ် ခဲ့သော ထာဝရဘုရား ၏ တဲ တော်နှင့် မီး ရှို့ရာယဇ်ပလ္လင် သည်၊ ထို ကာလ ၌ ဂိဗောင် မြို့၌ မြင့် သောအရပ်ပေါ် မှာရှိ၏။
30 And David could not go to the altar there to pray to God: for he was seized with an exceeding great fear, seeing the sword of the angel of the Lord.
၃၀ဒါဝိဒ် သည်ထာဝရဘုရား ၏ ကောင်းကင် တမန်ထား ကို ကြောက် သောကြောင့် ၊ ထိုယဇ် ပလ္လင်သို့ သွား ၍ဘုရားသခင် ကို မ မေး မလျှောက်ဝံ့။။