< Psalms 87 >

1 Of the sons of Korah. A Psalm. A Song. His foundation is in the mountains of holiness.
ဘုံ ဗိမာန ်တော်တိုက်မြစ် သည် သန့်ရှင်း သော တောင် ရိုးပေါ် မှာ တည်လျက်ရှိ၏။
2 Jehovah loveth the gates of Zion more than all the habitations of Jacob.
ထာဝရဘုရား သည် ယာကုပ် ၏ နေရာ အပေါင်း တို့ထက် ဇိအုန် တံခါး တို့ကို သာ၍နှစ်သက် တော်မူ၏။
3 Glorious things are spoken of thee, O city of God. (Selah)
အိုဘုရား သခင်၏ မြို့ တော်၊ သင် သည် ဘုန်း အသရေကြီးလိမ့်မည်ဟူသောစကားကို ပြော ထားလျက် ရှိ၏။
4 I will make mention of Rahab and Babylon among them that know me; behold Philistia, and Tyre, with Ethiopia: this [man] was born there.
ငါ့ ကိုသိကျွမ်း သောသူတို့ တွင် ၊ ရာခပ် မြို့နှင့် ဗာဗုလုန် မြို့ကို ငါမှတ် ထားမည်။ ဖိလိတ္တိ ပြည်၊ တုရု ပြည်၊ ကုရှ ပြည်တို့ကိုလည်း ကြည့် ကြလော့။ ဤ မည်သော ပြည်သားသည် မြို့ တော်၌ ဘွားမြင် သောသူဖြစ်၏။
5 And of Zion it shall be said, This one and that one was born in her; and the Most High himself shall establish her.
ဇိအုန် မြို့ကို လည်း လူ အမျိုးမျိုးတို့သည်၊ ထိုမြို့ ၌ ဘွားမြင် ကြပြီ။ အမြင့်ဆုံး သောဘုရားသည် ထိုမြို့ ကို ကိုယ်တော်တိုင် မြဲမြံ စေတော်မူပြီဟု ပြော ဆိုကြလိမ့်မည်။
6 Jehovah will count, when he inscribeth the peoples, This [man] was born there. (Selah)
ထာဝရဘုရား သည် လူမျိုး တို့ကို စာရင်း ယူတော်မူ သောအခါ ၊ ဤမည်သော အမျိုးသည် မြို့တော်၌ ဘွားမြင်သောအမျိုးဖြစ်သည်ဟု မှတ်တော်မူမည်။
7 As well the singers as the dancers [shall say], All my springs are in thee.
သီချင်း သည်နှင့် ပွဲသဘင်ခံသောသူ အစရှိသော ငါ၏ပျော်မွေ့ခြင်းအကြောင်းရှိသမျှ တို့သည် သင် ၌ ရှိကြ သတည်း။

< Psalms 87 >