< Psalms 73 >

1 A Psalm of Asaph. Truly God is good to Israel, to such as are of a pure heart.
အကယ် စင်စစ်ဘုရား သခင်သည် နှလုံး သန့်ရှင်း သော သူတည်းဟူသောဣသရေလ အမျိုး၌ ကျေးဇူး ကြီး တော်မူ၏။
2 But as for me, my feet were almost gone, my steps had well nigh slipped;
ငါ မူကား ၊ ခြေ ချော် လု လျက် ၊ ခြေရာ လွဲ လု လျက် ရှိမိပြီ။
3 For I was envious at the arrogant, seeing the prosperity of the wicked.
အကြောင်း မူကား၊ မတရား သောသူတို့၏ စည်းစိမ် ကို မြင် သောအခါ၊ မိုက် သောသူတို့ကို ပင် ငါငြူစူ မိပြီ။
4 For they have no pangs in their death, and their body is well nourished;
ထိုသူ တို့သည် မသေ မှီတိုင်အောင် နာကြင်ခြင်း ဝေဒနာ မ ရှိ။ ခိုင်မာ သောအစွမ်း သတ္တိရှိကြ၏။
5 They have not the hardships of mankind, neither are they plagued like [other] men:
သူ တို့သည် လောကဓံ ဒုက္ခမ ရှိ။ လူ များကဲ့သို့အနှောင့် အရှက်ကိုမ ခံရကြ။
6 Therefore pride encompasseth them as a neck-chain, violence covereth them [as] a garment;
ထိုကြောင့်မာန ကို လည်ဆွဲ တန်ဆာကဲ့သို့ဆင်၍၊ ညှဉ်းဆဲ ခြင်းအဝတ် ကိုလည်း ဝတ် တတ်ကြ၏။
7 Their eyes stand out from fatness, they exceed the imaginations of their heart:
ဆူဝ သောကြောင့် မျက်နှာ မော် လျက်ရှိကြ၏။ စိတ် နှလုံးကြံစည် ခြင်းအားဖြင့်လွန်ကျူး တတ်ကြ၏။
8 They mock and speak wickedly of oppression, they speak loftily:
ဆိုး သောညှဉ်းဆဲ ခြင်းကို ပင် ပြက်ယယ် ပြု၍ ပြော တတ်ကြ၏။ ထောင်လွှား သော စကား ကိုလည်း သုံးတတ် ကြ၏။
9 They set their mouth in the heavens, and their tongue walketh through the earth.
သူ တို့နှုတ် သည် ကောင်းကင် နှင့် ဆန့်ကျင် ဘက် ပြု၍ ၊ လျှာ သည်လည်း မြေကြီး ကို လှည့် လည်တတ်၏။
10 Therefore his people turn hither, and waters in fulness are wrung out to them.
၁၀ထိုကြောင့် ဘုရား သခင်၏ လူ တို့သည် သူ တို့ ထံသို့ ပြန် သွား၍ များစွာ သော ရေ ကိုမျို ရကြ၏။
11 And they say, How can God know, and is there knowledge in the Most High?
၁၁ဘုရား သခင်သည် အဘယ်သို့ သိ တော်မူမည်နည်း။ အမြင့်ဆုံး သော ဘုရား၌ ဉာဏ် ရှိ ပါလိမ့်မည်လော ဟု ဆို တတ်ကြ၏။
12 Behold, these are the wicked, and they prosper in the world: they heap up riches.
၁၂ထို မတရား သောသူတို့ သည် အစဉ် ကောင်းစား ၍ ဥစ္စာ ပွား များကြ၏။
13 Truly have I purified my heart in vain, and washed my hands in innocency:
၁၃အကယ် စင်စစ်ငါ့ နှလုံး ကို ငါသန့်ရှင်း စေသော်လည်း အကျိုး မရှိ။ အပြစ် ကင်းခြင်းနှင့် ငါ့ လက် ကို ဆေးကြော သော်လည်း အကျိုးမရှိ။
14 For all the day have I been plagued, and chastened every morning.
၁၄နေ့တိုင်း နှောင့်ရှက် ခြင်းနှင့် နံနက် တိုင်းဆုံးမ ခြင်းကို ငါ ခံရ၏။
15 If I said, I will speak thus, behold, I should be faithless to the generation of thy children.
၁၅ထိုသို့ သဘောကျမည်ဟု အကျွန်ုပ်ဆို လျှင် ၊ ကိုယ်တော် ၏ အမျိုးသား တို့ကို ပြစ်မှား ရာသို့ ရောက်ပါ လိမ့်မည်။
16 When I thought to be able to know this, it was a grievous task in mine eyes;
၁၆ထို အမှုကိုနားလည် ရ အောင် ဆင်ခြင် သောအခါ အလွန် ခက်သည်ဟု ထင် ပါ၏။
17 Until I went into the sanctuaries of God; [then] understood I their end.
၁၇နောက် မှဘုရား သခင်၏ သန့်ရှင်း ရာ ဌာနထဲသို့ ဝင် ၍၊ သူ တို့၏ အဆုံး ကို နားလည် ရပါ၏။
18 Truly thou settest them in slippery places, thou castest them down in ruins.
၁၈အကယ် စင်စစ်ကိုယ်တော်သည် သူ တို့ကို ချော သောအရပ်၌ ထား တော်မူပြီ။ ဖျက်ဆီး ရာအရပ်သို့ ချ တော်မူ၏။
19 How are they suddenly made desolate! they pass away, consumed with terrors.
၁၉တခဏ ခြင်းတွင် အကျိုး နည်းကြပါပြီတကား။ ဘေး ဥပဒ်များအားဖြင့် ရှင်းရှင်း ပယ် ပျောက်လျက် ရှိကြပါ ပြီတကား။
20 As a dream, when one awaketh, wilt thou, Lord, on arising despise their image.
၂၀အိုထာဝရ ဘုရား၊ လူသည် နိုး သောအခါ အိပ်မက် ကိုမှတ်သကဲ့သို့ သူတို့ကို နှိုး တော်မူသောအခါ ၊ သူ တို့ အကြံ အစည်ကို မထီမဲ့မြင် ပြုတော်မူမည်။
21 When my heart was in a ferment, and I was pricked in my reins,
၂၁ထိုသို့ အကျွန်ုပ် သည် နှလုံး နာ လျက် ၊ ကျောက်ကပ် မွှေနှောက် လျက်ရှိ၍၊
22 Then I was brutish and knew nothing; I was [as] a beast with thee.
၂၂မိုက် သောသူ၊ ပညာမဲ့ သောသူဖြစ်ပါ၏။ ရှေ့ တော်၌ တိရစ္ဆာန် ကဲ့သို့ဖြစ် ပါ၏။
23 Nevertheless I am continually with thee: thou hast holden my right hand;
၂၃သို့သော်လည်း အကျွန်ုပ် သည် ကိုယ်တော် ထံမှာ အစဉ် ရှိ၍၊ အကျွန်ုပ် ၏လက်ျာ လက် ကို ဆွဲကိုင် တော်မူ၏။
24 Thou wilt guide me by thy counsel, and after the glory, thou wilt receive me.
၂၄အကျွန်ုပ် ကို ဉာဏ် ပေး၍ ပဲ့ပြင် တော်မူမည်။ နောက် တဖန် ဘုန်း အသရေ၌ သိမ်းယူ တော်မူမည်။
25 Whom have I in the heavens? and there is none upon earth I desire beside thee.
၂၅ကိုယ်တော်မှတပါး၊ ကောင်းကင် ဘုံမှာ အကျွန်ုပ် ၌ အဘယ် သူရှိပါသနည်း။ ကိုယ်တော် ကိုအလိုရှိသည်နှင့်အမျှ မြေကြီး ပေါ်မှာ အကျွန်ုပ်သည် အဘယ်အလိုရှိ ပါသနည်း။
26 My flesh and my heart faileth: God is the rock of my heart and my portion for ever.
၂၆အကျွန်ုပ် ၏အသား နှင့် နှလုံး သည် ပျက် ကြပါ ၏။ သို့သော်လည်း၊ ဘုရား သခင်သည် အကျွန်ုပ် နှလုံး ၏ အစွမ်း သတ္တိ၊ အကျွန်ုပ် အစဉ် အမြဲခံစားရာအဘို့ ဖြစ်တော်မူ၏။
27 For behold, they that are far from thee shall perish; thou destroyest every one that goeth a whoring from thee.
၂၇အကယ် စင်စစ်ကိုယ်တော် နှင့် ဝေးဝေး နေသောသူတို့ သည် ပျက်စီး ခြင်းသို့ ရောက်ရကြပါ၏။ ကိုယ်တော် နှင့် ကွာ၍မှားယွင်း သော သူအပေါင်း တို့ကို ပယ်ရှင်း တော်မူ ၏။
28 But as for me, it is good for me to draw near to God: I have put my trust in the Lord Jehovah, that I may declare all thy works.
၂၈အကျွန်ုပ် မူကား ၊ ဘုရား သခင့်ထံ တော်သို့ ချဉ်းကပ် ၍ အကျိုး ရှိပါ၏။ အမှုတော် ရှိသမျှ တို့ကို ကြား ပြောခြင်းအလိုငှါ ၊ အရှင် ထာဝရဘုရား ၌ ခိုလှုံ လျက်နေပါ၏။

< Psalms 73 >