< Psalms 18 >

1 To the chief Musician. [A Psalm] of David, the servant of Jehovah, who spoke to Jehovah the words of this song in the day that Jehovah had delivered him out of the hand of all his enemies and out of the hand of Saul. And he said, I will love thee, O Jehovah, my strength.
ထာဝရဘုရား ၏ကျွန်ဒါဝိဒ် သည် ရှောလု မင်းမှစ၍ရန်သူ အပေါင်း တို့လက် မှ ကယ်လွှတ် တော်မူခြင်းကျေးဇူးကိုခံရသောအခါ ၊ ထာဝရဘုရား ရှေ့ တော်၌မြွက်ဆို သော သီချင်း စကား ဟူမူကား။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ခွန်အား ဗလ တည်းဟူသောကိုယ်တော် ကို အကျွန်ုပ်ချစ် ပါ၏။
2 Jehovah is my rock, and my fortress, and my deliverer; my God, my rock, in whom I will trust; my shield, and the horn of my salvation, my high tower.
ထာဝရဘုရား သည် ငါ ၏ကျောက် ၊ ငါ ၏မြို့ရိုး ၊ ငါ့ ကိုကယ် လွှတ်သောသခင်၊ ငါ ၏ဘုရား ၊ ငါကိုးစား သော အစွမ်း သတ္တိ၊ ငါ ၏ အကွယ် အကာ၊ ငါ့ ကိုကယ်တင် သော ဦးချို ၊ ငါ ၏ရဲတိုက် ဖြစ်တော်မူ၏။
3 I will call upon Jehovah, who is to be praised: so shall I be saved from mine enemies.
ချီးမွမ်း အပ်သော ထာဝရဘုရား ကို ငါတောင်း လျှောက်၍ ရန်သူ တို့ လက်မှ ကယ်တင် ခြင်းသို့ ရောက်၏။
4 The bands of death encompassed me, and torrents of Belial made me afraid.
သေ ခြင်းကြိုး တို့သည် ငါ့ ကိုဝိုင်း မိ၍ ၊ ဖျက်ဆီး တတ်သော ရေစီး ခြင်းကြောင့် ငါ ကြောက်လန့် ရ၏။
5 The bands of Sheol surrounded me, the cords of death encountered me. (Sheol h7585)
မရဏာ နိုင်ငံ၏ ကြိုး တို့သည်ဝိုင်း ၍၊ သေမင်း ၏ ကျော့ကွင်း သည် ငါ့ ကိုကျော့မိ လျက် ရှိ၏။ (Sheol h7585)
6 In my distress I called upon Jehovah, and I cried out to my God; he heard my voice out of his temple, and my cry came before him, into his ears.
ထိုသို့ငါ သည် ဆင်းရဲ ငြိုငြင်သောအခါ ထာဝရဘုရား ကို ခေါ် ၍ ၊ ငါ ၏ဘုရား သခင်ကို အော်ဟစ် လေ၏။ ခေါ် သောအသံ ကို ဗိမာန် တော်ထဲ မှာကြား တော်မူ၍ ၊ အော်ဟစ်သောအသံသည် နား တော်ထဲ သို့ ဝင် လေ၏။
7 Then the earth shook and quaked, and the foundations of the mountains trembled and shook, because he was wroth.
ထိုအခါ အမျက် တော်ထွက်သောအားဖြင့် မြေကြီး တုန်လှုပ် ၍ ၊ တောင် အမြစ် တို့သည် တရွေ့ရွေ့လှုပ်ရှား ကြ၏။
8 There went up a smoke out of his nostrils, and fire out of his mouth devoured: coals burned forth from it.
နှာခေါင်း တော်ထဲ က မီးခိုး ထွက် ၍ ၊ နှုတ် တော် ထဲ က မီး လောင်သောအားဖြင့်၊ မီးခဲ တောက် လေ၏။
9 And he bowed the heavens, and came down; and darkness was under his feet.
မိုဃ်းကောင်းကင် ကိုညွှတ် သဖြင့် ဆင်းသက် တော်မူ၍ ၊ ခြေဘဝါး တော်အောက် ၌ မှောင်မိုက် ဖြစ်လေ ၏။
10 And he rode upon a cherub and did fly; yea, he flew fast upon the wings of the wind.
၁၀ခေရုဗိမ် ကိုစီး လျက် ပျံ တော်မူ၏။ လေ ၏ အတောင် တို့အပေါ် မှာလျင် စွာ ပျံတော်မူ၏။
11 He made darkness his secret place, his tent round about him: darkness of waters, thick clouds of the skies.
၁၁မှောင်မိုက် ထဲမှာ ပုန်း ကွယ်တော်မူ၍၊ တခဲနက် သောရေ နှင့်ထူထပ်သော မိုဃ်း တိမ် တို့သည် ကိုယ်တော် ကို ကာရံ လျက်ရှိကြ၏။
12 From the brightness before him his thick clouds passed forth: hail and coals of fire.
၁၂ရှေ့ တော်၌ ရောင်ခြည် ကြောင့် တိမ် ထပ်တို့သည် မိုဃ်းသီး နှင့် မီးခဲ ပါလျက် လွင့် ကြ၏။
13 And Jehovah thundered in the heavens, and the Most High uttered his voice: hail and coals of fire.
၁၃ထာဝရဘုရား သည်လည်း၊ ကောင်းကင် ပေါ် မှာ မိုဃ်းချုန်း ၍ ၊ အမြင့်ဆုံး သော ဘုရား သည် အသံ တော်ကို လွှင့် တော်မူ၏။
14 And he sent his arrows, and scattered [mine enemies]; and he shot forth lightnings, and discomfited them.
၁၄လေးမြှား တော်တို့ကိုပစ် ၍ လျှပ်စစ် ပြက်စေ သဖြင့် ၊ ရန်သူ တို့ကို အရပ်ရပ်သို့ခွဲ ၍ ရှုံး စေတော်မူ၏။
15 And the beds of the waters were seen, and the foundations of the world were uncovered at thy rebuke, Jehovah, at the blast of the breath of thy nostrils.
၁၅ထိုအခါ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အပြစ်တင် ၍ နှာခေါင်း တော်ထဲက အသက် ရှု တော်မူသောအားဖြင့် ၊ သမုဒ္ဒရာ အောက် ပြင်နှင့် လောက တိုက် မြစ် တို့သည်ပွင့် လစ် ထင် ပေါ်လျက်ရှိကြ၏။
16 He reached forth from above, he took me, he drew me out of great waters:
၁၆ထာဝရဘုရားသည် အထက် အရပ်က လက် တော်ကို ဆန့် ၍၊ တခဲ နက်သောရေ ထဲ က ငါ့ ကို ဆယ် ယူ တော်မူ၏။
17 He delivered me from my strong enemy, and from them that hated me; for they were mightier than I.
၁၇ငါ့ ကိုမုန်း သောသူတည်းဟူသောငါပြိုင်၍မနိုင် နိုင်အောင် ခွန်အား ကြီးသော ရန်သူ တို့လက်မှ ငါ့ ကို ကယ် လွှတ်တော်မူ၏။
18 They encountered me in the day of my calamity, but Jehovah was my stay.
၁၈ဘေးဥပဒ် ရောက်သောကာလ ၌ သူတို့သည် ဆီးတား သော်လည်း ၊ ထာဝရဘုရား သည်ငါ မှီခို ရာ ဖြစ်၍၊
19 And he brought me forth into a large place; he delivered me, because he delighted in me.
၁၉ငါ့ ကိုကျယ်ဝန်း ရာအရပ်သို့ ပို့ဆောင် တော်မူ၏။ ငါ့ ကို နှစ်သက် သောကြောင့် ကယ် လွှတ်တော်မူ၏။
20 Jehovah hath rewarded me according to my righteousness; according to the cleanness of my hands hath he recompensed me.
၂၀ငါ ဖြောင့်မတ် ခြင်းရှိသည်အလျောက် ၊ ထာဝရဘုရား သည် အကျိုး ကိုပေး ၍၊ ငါ့ လက် စင်ကြယ် ခြင်း၏ အကျိုး ကို စီရင်တော်မူ၏။
21 For I have kept the ways of Jehovah, and have not wickedly departed from my God.
၂၁အကြောင်း မူကား၊ ငါသည်ထာဝရဘုရား ၏ လမ်း တော်သို့ အစဉ်လိုက်၏။ ငါ ၏ဘုရား သခင့်ထံ မှ ပြစ်မှား ၍ မ သွား။
22 For all his ordinances were before me, and I did not put away his statutes from me;
၂၂စီရင် တော်မူချက်ရှိသမျှ ကို ငါ သည် မျက်မှောက် ပြု၏။ အထုံး အဖွဲ့တော်တို့ကို မ ပယ်၊
23 And I was upright with him, and kept myself from mine iniquity.
၂၃ရှေ့ တော်မှာဖြောင့်မတ် ၍ ၊ ကိုယ် ဒုစရိုက် ကို ကြဉ်ရှောင် ၏။
24 And Jehovah hath recompensed me according to my righteousness, according to the cleanness of my hands in his sight.
၂၄ထိုကြောင့် ရှေ့ တော်မှာ ထင်ရှား သော ငါ ၏ ဖြောင့်မတ် ခြင်း၊ လက် စင်ကြယ် ခြင်းရှိသည်နှင့် အလျောက် ထာဝရဘုရား သည် ငါ ၌ အကျိုး ကိုပေး တော်မူပြီ။
25 With the gracious thou dost shew thyself gracious; with the upright man thou dost shew thyself upright;
၂၅သနား တတ်သောသူအား ကိုယ်တော်သည် သနား ခြင်းသဘောကို၎င်း၊ ဖြောင့်မတ် သောသူ အား ဖြောင့်မတ် ခြင်း သဘောကို၎င်း၊
26 With the pure thou dost shew thyself pure; and with the perverse thou dost shew thyself contrary.
၂၆သန့်ရှင်း သောသူအား သန့်ရှင်း ခြင်းသဘောကို၎င်း ၊ ဆန့်ကျင် သောသူအား ဆန့်ကျင် သောသဘော ကို၎င်းပြတော်မူ၏။
27 For it is thou that savest the afflicted people; but the haughty eyes wilt thou bring down.
၂၇နှိမ့်ချ လျက်ရှိသောသူ တို့ကို ကိုယ်တော် သည် ကယ်တင် ၍ ၊ ထောင်လွှား သော မျက်နှာ ကိုမူကား ရှုတ်ချ တော်မူ၏။
28 For it is thou that makest my lamp to shine: Jehovah my God enlighteneth my darkness.
၂၈အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ မီးခွက် ကို ထွန်း ၍၊ အကျွန်ုပ် ၏ဘုရား သခင်သည် အကျွန်ုပ် ၏မှောင်မိုက် ကို လင်း စေတော်မူ၏။
29 For by thee I have run through a troop; and by my God have I leaped over a wall.
၂၉အကျွန်ုပ်သည် ကိုယ်တော် ကို အမှီပြု ၍ ၊ တပ်ကို ဖျက် ပါပြီ။ အကျွန်ုပ် ၏ဘုရား သခင်ကို အမှီပြု လျက် မြို့ရိုး ကို ကျော် ၍ ဝင်ပါပြီ။
30 As for God, his way is perfect; the word of Jehovah is tried: he is a shield to all that trust in him.
၃၀ဘုရား သခင်စီရင်တော်မူသောအမှု သည် စုံလင် ၏။ ထာဝရဘုရား ၏သစ္စာ တော်သည် အစစ် ခံ၍ တည်၏။ ခိုလှုံ သော သူအပေါင်း တို့၏ အကွယ် အကာဖြစ်တော်မူ၏။
31 For who is God save Jehovah? and who is a rock if not our God?
၃၁ထာဝရဘုရား မှ တပါး အဘယ် ဘုရား သခင်ရှိသနည်း။ ငါ တို့ ဘုရား သခင်မှတပါး အဘယ် မည်သော ကျောက် ရှိသနည်း။
32 The God who girdeth me with strength, and maketh my way perfect,
၃၂ထိုဘုရား သခင်သည် ငါ့ ကိုခွန်အား ခါးပန်းနှင့် စည်း ၍ ငါ သွားရာ လမ်း ကို ဖြောင့် စေ တော်မူ၏။
33 Who maketh my feet like hinds' [feet], and setteth me upon my high places;
၃၃ငါ့ ခြေ ကို သမင်ခြေ ကဲ့သို့ လျင်မြန် စေ၍ ၊ ငါ ၏ မြင့် ရာအရပ်ပေါ် မှာ ငါ့ ကိုတင် ထားတော်မူ၏။
34 Who teacheth my hands to war, and mine arms bend a bow of brass;
၃၄ငါ့ လက် ကို စစ်မှု ၌ လေ့ကျက်စေခြင်းငှါ သွန်သင် တော်မူ၍ ၊ ကြေးဝါ လေး ကို ငါ့ လက်ရုံး နှင့် ငါတင် နိုင်၏။
35 And thou didst give me the shield of thy salvation, and thy right hand held me up; and thy condescending gentleness hath made me great.
၃၅ကိုယ်တော် သည် ကယ်တင် တော်မူခြင်း ဒိုင်း လွှားကို အပ် ၍ ၊ လက်ျာ လက်တော်အားဖြင့် မစ တော်မူ ၏။ သည်းခံ တော်မူခြင်းအားဖြင့် အကျွန်ုပ် သည် ချီးမြှောက် ခြင်းသို့ ရောက်ပါ။
36 Thou didst enlarge my steps under me, and mine ankles have not wavered.
၃၆အကျွန်ုပ် သွားသောလမ်း ကို ရှင်းလင်း ၍ ခြေ မ ချော် စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊
37 I pursued mine enemies, and overtook them; and I turned not again till they were consumed.
၃၇အကျွန်ုပ် သည် ရန်သူ တို့ကို လိုက် ၍ မှီ သဖြင့် ၊ သူ တို့ကို မ ပယ်ရှင်း မှီတိုင်အောင်မ ပြန် ပါ။
38 I crushed them, and they were not able to rise: they fell under my feet.
၃၈သူ တို့သည် အကျွန်ုပ် ခြေ အောက် မှာ လဲ လျက် ရှိ၍ မ ထ နိုင်အောင် အကျွန်ုပ်သည် နှိပ် နင်းပါ၏။
39 And thou girdedst me with strength to battle; thou didst subdue under me those that rose up against me.
၃၉အကြောင်းမူကား၊ စစ်တိုက် စေခြင်းငှါ ကိုယ်တော် သည် အကျွန်ုပ် ကို ခွန်အား ခါးပန်းနှင့်စည်း ၍၊ အကျွန်ုပ် တဘက်၌ ထ သောသူတို့ကို အကျွန်ုပ် အောက် မှာ လှဲ တော်မူ၏။
40 And mine enemies didst thou make to turn their backs unto me, and those that hated me I destroyed.
၄၀အကျွန်ုပ် ကို မုန်း သောရန်သူတို့၏ လည်ပင်း ကို အကျွန်ုပ် ၌ အပ်၍၊ ဖျက်ဆီး ရသောအခွင့်ကိုပေး တော်မူ ၏။
41 They cried, and there was none to save; — unto Jehovah, and he answered them not.
၄၁သူတို့သည် အော်ဟစ် ကြသောအခါ ၊ ကယ်တင် သောသူ မရှိ။ ထာဝရဘုရား ကို အော်ဟစ်သော်လည်း ထူး တော်မ မူ။
42 And I did beat them small as dust before the wind; I did cast them out as the mire of the streets.
၄၂ထိုအခါအကျွန်ုပ်သည် သူ တို့ကို လေတိုက် သော မြေမှုန့် ကိုကဲ့သို့ ၊ ညက်ညက် ချေပြီးမှ ၊ လမ်း ၌အမှိုက် ကို ကဲ့သို့ သွန်ပစ် လေ၏။
43 Thou hast delivered me from the strivings of the people; thou hast made me the head of the nations: a people I knew not doth serve me.
၄၃လူစု တို့သည် ဆိုင်ပြိုင် တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ် ၍၊ တပါးအမျိုးသား တို့၏ အကဲအမှူး အရာ ၌ ခန့်ထား တော်မူသောအားဖြင့်၊ အကျွန်ုပ်မ သိ ဘူးသော လူစု သည်အကျွန်ုပ်ထံ၌ ကျွန်ခံ ပါ၏။
44 At the hearing of the ear, they obey me: strangers come cringing unto me.
၄၄အကျွန်ုပ် စကား သံကို ကြား သည်ခဏခြင်းတွင် နားထောင် ပါ၏။ တပါး အမျိုးသား တို့သည် အကျွန်ုပ် ကို တောင်းပန် ကြပါ၏။
45 Strangers have faded away, and they come trembling forth from their close places.
၄၅ညှိုးနွမ်း သည်ဖြစ်၍ ခိုလှုံ ရာအရပ်ထဲ က တုန်လှုပ် လျက် ထွက်ကြပါ၏။
46 Jehovah liveth; and blessed be my rock; and exalted be the God of my salvation,
၄၆ထာဝရဘုရား သည် အသက် ရှင်တော်မူသည် ဖြစ်၍ ၊ ငါ ၏ကျောက် ၌ မင်္ဂလာ ရှိပါစေသတည်း။ ငါ့ ကို ကယ်တင် တော်မူသောဘုရား သခင်၌ ချီးမြှောက် ခြင်း ရှိပါစေသတည်း။
47 The God who hath avenged me, and hath subjected the peoples to me;
၄၇ငါ့ ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့ အောက် မှာ နှိမ့်ချ သောသူ ကား ဘုရား သခင်ပေတည်း။
48 Who hath delivered me from mine enemies: yea, thou hast lifted me up above them that rose up against me; from the man of violence hast thou delivered me.
၄၈ရန်သူ တို့လက်မှ ငါ့ ကို ကယ် လွှတ်တော်မူ၏။ အကျွန်ုပ် တဘက်၌ ထ သောသူတို့အပေါ် သို့ ကိုယ်တော်သည် အကျွန်ုပ် ကိုမြှောက် တင်၍၊ လုယူ ဖျက်ဆီးတတ် သောသူ ၏လက်မှ ကယ် လွှတ်တော်မူ၏။
49 Therefore will I give thanks to thee, Jehovah, among the nations, and will sing psalms to thy name.
၄၉ထိုကြောင့် အိုထာဝရဘုရား ၊ အကျွန်ုပ်သည် တပါးအမျိုးသား တို့တွင် ကျေးဇူး တော်ကို ချီးမွမ်း၍ ၊ နာမတော် ကို ထောမနာသီချင်း ဆိုပါမည်။
50 [It is he] who giveth great deliverances to his king, and sheweth loving-kindness to his anointed, to David, and to his seed for evermore.
၅၀ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီး ကို အထူး သဖြင့်ကယ် လွှတ်တော်မူ၏။ ဘိသိက် တော်ကို ခံရသောဒါဝိဒ် မှစ၍ အမျိုး အနွယ်အား ကာလအစဉ် အဆက် ကရုဏာ ကျေးဇူးကို ပြု တော်မူ၏။

< Psalms 18 >