< Psalms 147 >
1 Praise ye Jah! for it is good. Sing psalms of our God; for it is pleasant: praise is comely.
၁ထာဝရ ဘုရားကို ချီးမွမ်း ကောင်း သည်ဖြစ်၍၊ ချီးမွမ်း ကြလော့။ ငါ တို့၏ဘုရား သခင်ကို ထောမနာ ပြု ခြင်းသည် သာယာ လျောက်ပတ် သည် ဖြစ်၍၊ ထောမနာ သီချင်းဆိုကြလော့။
2 Jehovah doth build up Jerusalem: he gathereth the outcasts of Israel.
၂ထာဝရဘုရား သည် ယေရုရှလင် မြို့ကို တည်ဆောက် ၍၊ အဝေး သို့နှင်လိုက်သော ဣသရေလ အမျိုးသားတို့ကို စုဝေး စေတော်မူ၏။
3 He healeth the broken in heart, and bindeth up their wounds.
၃စိတ် ကြေမွ သောသူတို့ကို နှစ်သိမ့် စေ၍ ၊ သူ တို့၏ အနာ ကို ကု တော်မူ၏။
4 He counteth the number of the stars; he giveth names to them all.
၄ကြယ် များကိုရေတွက် ၍ အသီးအသီး တို့ကို သမုတ် တော်မူ၏။
5 Great is our Lord, and of great power: his understanding is infinite.
၅ငါ တို့၏ဘုရား ရှင်သည် ကြီးမြတ် တော်မူ၏။ တန်ခိုး တော်လည်း ကြီး ၏။ ဉာဏ် တော်သည်အနန္တ ဖြစ်၏။
6 Jehovah lifteth up the meek; he abaseth the wicked to the earth.
၆ထာဝရဘုရား သည် စိတ် နှိမ့်ချသောသူတို့ ကို ကြွပင့် ၍၊ မ တရားသောသူတို့ ကိုကား၊ မြေ ပေါ် မှာ လှဲ တော်မူ၏။
7 Sing unto Jehovah with thanksgiving; sing psalms upon the harp unto our God:
၇ဂုဏ်တော်ကိုချီးမွမ်း လျက် ထာဝရဘုရား ရှေ့တော်၌ သီချင်း ဆိုကြလော့။ စောင်း တီး၍၊ ငါ တို့၏ ဘုရား သခင်ကို ထောမနာ သီချင်းဆိုကြလော့။
8 Who covereth the heavens with clouds, who prepareth rain for the earth, who maketh grass to grow upon the mountains;
၈ကောင်းကင် ကို မိုဃ်းတိမ် များနှင့် ဖုံးလွှမ်း သဖြင့်၊ မြေကြီး ဘို့ မိုဃ်း ရေကိုပြင်ဆင် ၍၊ တောင် များပေါ်မှာ မြက်ပင် ကိုပေါက် စေတော်မူ၏။
9 Who giveth to the cattle their food, to the young ravens which cry.
၉မြည် တတ်သော ကျီးကန်း ကလေး မှစ၍ ၊ တိရစ္ဆာန် များတို့ကို ကျွေးမွေး တော်မူ၏။
10 He delighteth not in the strength of the horse, he taketh not pleasure in the legs of a man;
၁၀မြင်း ၏ခွန်အား နှင့်လူ ၏လျင်မြန် ခြင်းကို အားရ နှစ်သက်တော်မူခြင်းမ ရှိ။
11 Jehovah taketh pleasure in those that fear him, in those that hope in his loving-kindness.
၁၁ကြောက်ရွံ့ သောသူနှင့် ကရုဏာ တော်ကို မြော်လင့် သောသူတို့ ကို ထာဝရဘုရား နှစ်သက် တော်မူ ၏။
12 Laud Jehovah, O Jerusalem; praise thy God, O Zion.
၁၂အိုယေရုရှလင် မြို့၊ ထာဝရဘုရား ကို ချီးမွမ်း လော့။ အိုဇိအုန် မြို့၊ သင် ၏ဘုရား သခင်ကို ချီးမွမ်း လော့။
13 For he hath strengthened the bars of thy gates; he hath blessed thy children within thee;
၁၃အကြောင်း မူကား၊ သင် ၏တံခါး ကန့်လန့် တို့ကို ခိုင်မာ စေ၍၊ သင် ၏ အထဲမှာ သားသမီး များကို ကောင်းကြီး ပေးတော်မူ၏။
14 He maketh peace in thy borders; he satisfieth thee with the finest of the wheat.
၁၄သင် ၏ပြည်စွန်း ပြည်နားမှာ အမှုအရေးကို ငြိမ်းစေ ၍၊ အကောင်း ဆုံးသော စပါး နှင့် သင့် ကို ဝ စွာ ကျွေးမွေးတော်မူ၏။
15 He sendeth forth his oracles to the earth: his word runneth very swiftly.
၁၅မြေကြီး ပေါ် သို့ဗျာဒိတ် တော်ကို လွှတ် တော်မူ၏။ နှုတ်ကပတ် တော်သည် အလျင် အမြန်ပြေး တတ်ပါ၏။
16 He giveth snow like wool, scattereth the hoar frost like ashes;
၁၆မိုဃ်းပွင့် ကို သိုးမွေး ကဲ့သို့ ချ တော်မူ၏။ နှင်းခဲ ကိုလည်း ပြာ ကဲ့သို့ ဆွတ်ဖြူ တော်မူ၏။
17 He casteth forth his ice like morsels: who can stand before his cold?
၁၇မိမိ မိုဃ်းသီး ကို စားနုတ် စားပေါက်ကဲ့သို့ လွှတ် တော်မူ၍၊ ချမ်း စေတော်မူခြင်းကို အဘယ်သူ ခံ နိုင် သနည်း။
18 He sendeth his word, and melteth them; he causeth his wind to blow — the waters flow.
၁၈တဖန်နှုတ်ကပတ် တော်ကိုလွှတ် ၍ ၊ ထို မိုဃ်းပွင့်အစရှိသည်တို့ကို အရည် ကျိုတော်မူ၏။ မိမိ လေ ကို လာ စေတော်မူသဖြင့်၊ ရေ တို့သည် စီး ကြ၏။
19 He sheweth his word unto Jacob, his statutes and his judgments unto Israel.
၁၉နှုတ်ကပတ် အမိန့်တော်ကို ယာကုပ် အမျိုး၌ ၎င်း၊ စီရင် ထုံးဖွဲ့တော်မူချက်များကို ဣသရေလ အမျိုး၌ ၎င်း ဘော်ပြ တော်မူ၏။
20 He hath not dealt thus with any nation; and as for [his] judgments, they have not known them. Hallelujah!
၂၀အခြားတပါးသော အမျိုးသား တို့ ၌ ထိုသို့ ပြု တော် မ မူ။ စီရင် တော်မူချက်များကို သူ တို့မ သိ ရကြ။ ဟာလေလုယ။