< Psalms 132 >

1 A Song of degrees. Jehovah, remember for David all his affliction;
အိုထာဝရဘုရား ၊ ဒါဝိဒ် မင်းကို ၎င်း၊ သူ ခံရ သမျှ သော ဆင်းရဲခြင်းကို၎င်းအောက်မေ့ တော်မူပါ။
2 How he swore unto Jehovah, vowed unto the Mighty One of Jacob:
3 I will not come into the tent of my house, I will not go up to the couch of my bed;
4 I will not give sleep to mine eyes, slumber to mine eyelids,
5 Until I find out a place for Jehovah, habitations for the Mighty One of Jacob. ...
ထိုမင်းက၊ ယာကုပ် အမျိုး ကိုးကွယ်သော တန်ခိုး ရှင် ထာဝရဘုရား ကျိန်းဝပ် တော်မူရာအရပ် ကို အကျွန်ုပ် သည် မ တွေ့ မှီတိုင်အောင် ကိုယ် နေရာ အိမ် သို့ မ ဝင် ၊ ကိုယ် အိပ်ရာ ပေါ် သို့မ တက် ၊ ကိုယ် မျက်စိ အိပ် ရ မည့်အခွင့် ၊ မျက်ခမ်း မှိတ် ရမည့်အခွင့်ကို မ ပေးပါဟု၊ ယာကုပ် အမျိုး ကိုးကွယ်သော တန်ခိုး ရှင်ထာဝရဘုရား ထံ ကျိန်ဆို ၍ အဓိဋ္ဌာန် ပြု၏။
6 Behold, we heard of it at Ephratah, we found it in the fields of the wood.
တဲတော်သည် ဧဖရိမ် ပြည်မှာ ရှိကြောင်းကို ငါတို့သည်ကြား ရပြီ။ ယာရိမ် တော ၌ တွေ့ ကြပြီ။
7 Let us go into his habitations, let us worship at his footstool.
ဘုံ ဗိမာန်တော်သို့ ဝင် ၍၊ ခြေ တော်တင်ရာ ခုံ အောက် ၌ ပြပ်ဝပ် ကိုးကွယ်ကြကုန်အံ့။
8 Arise, Jehovah, into thy rest, thou and the ark of thy strength.
အို ထာဝရဘုရား ၊ ကျိန်းဝပ် တော်မူရာသို့ ဘုန်း တော်နှင့်ယှဉ်သော ဓမ္မသေတ္တာ နှင့်တကွ တက် တော်မူပါ။
9 Let thy priests be clothed with righteousness, and let thy saints shout for joy.
ကိုယ်တော် ၏ ယဇ် ပုရောဟိတ်တို့သည် ဖြောင့်မတ် ခြင်း တန်ဆာ ကိုဆင်၍ ၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့သည် ရွှင်လန်း စွာ သီချင်းဆိုကြပါစေသော။
10 For thy servant David's sake, turn not away the face of thine anointed.
၁၀ကိုယ်တော် ၏ ကျွန် ဒါဝိဒ် မင်း၏ မျက်နှာ ကို ထောက် သဖြင့် ၊ ကိုယ်တော် ထံ၌ ဘိသိက်ခံ သောသူကို ငြင်းပယ် တော်မ မူပါနှင့်။
11 Jehovah hath sworn [in] truth unto David; he will not turn from it: Of the fruit of thy body will I set upon thy throne;
၁၁ထာဝရဘုရား သည် ဒါဝိဒ် အား ဓိဋ္ဌာန်ကျိန်ဆို ခြင်းကိုပြု၍၊ သစ္စာ ဖျက်တော်မ မူသော စကားဟူမူကား၊ သင် ၏အမျိုးအနွယ် ကို သင် ၏ ပလ္လင် ပေါ် မှာ ငါတင် မည်။
12 If thy children keep my covenant, and my testimonies which I will teach them, their children also for evermore shall sit upon thy throne.
၁၂သင် ၏သား တို့သည် ငါ့ ပဋိညာဉ် တရားကို၎င်း၊ ငါသွန်သင် သော သက်သေခံ ချက်ကို၎င်းစောင့်ရှောက် လျှင် ၊ သူ တို့၏သား များသည်လည်း သင် ၏ ပလ္လင် ပေါ် မှာ အစဉ် အမြဲထိုင် ရကြလိမ့်မည်ဟု ဗျာဒိတ်ထား တော်မူပြီ။
13 For Jehovah hath chosen Zion; he hath desired it for his dwelling:
၁၃ထာဝရဘုရား သည် ဇိအုန် မြို့ကို ရွေးကောက် ၍ ၊ အမြဲနေ တော်မူရာဘို့ အလို တော်ရှိသည်အရာမှာ၊
14 This is my rest for ever; here will I dwell, for I have desired it.
၁၄ဤ မြို့ကား ငါ အစဉ် အမြဲ ကျိန်းဝပ် ရာမြို့တည်း။ ငါအလိုရှိ သည် ဖြစ်၍ ၊ ဤ မြို့၌ငါနေ မည်။
15 I will abundantly bless her provision; I will satisfy her needy ones with bread;
၁၅သူ ၏ အစာ အာဟာရကို အထူးသဖြင့်ကောင်းကြီး ပေးမည်။ သူ ၌ဆင်းရဲသား တို့ကို ဝ စွာကျွေးမည်။
16 And I will clothe her priests with salvation, and her saints shall shout aloud for joy.
၁၆သူ ၏ ယဇ် ပုရောဟိတ်တို့ကို ကယ်တင် ခြင်း တန်ဆာ ကို ဆင်စေသဖြင့် ၊ သူ ၌သန့်ရှင်း သူတို့သည် ရွှင်လန်း သော သီချင်းကို ရွှင်လန်းစွာ ဆိုရကြလိမ့်မည်။
17 There will I cause the horn of David to bud forth; I have ordained a lamp for mine anointed.
၁၇ထို မြို့၌ ဒါဝိဒ် ၏ ဦးချို ကို ငါပေါက် စေမည်။ ငါ့ ထံ ၌ ဘိသိက် ခံ သောသူဘို့ မီးခွက် ကို ငါပြင်ဆင် ပြီ။
18 His enemies will I clothe with shame; but upon himself shall his crown flourish.
၁၈ထိုအရှင် ၏ ရန်သူ များကို ရှက်ကြောက် ခြင်းနှင့် ငါဖုံးလွှမ်း မည်။ သူ ၏ဦးရစ် သရဖူသည် ဘုန်းပွင့် လျက် ရှိလိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။

< Psalms 132 >