< Proverbs 3 >

1 My son, forget not my teaching, and let thy heart observe my commandments;
ငါ့ သား ၊ ငါ ပေးသောတရား ကို မ မေ့ နှင့်။ ငါ့ ပညတ် တို့ကို သင် ၏နှလုံး စောင့်ရှောက် ပါစေ။
2 for length of days, and years of life, and peace shall they add to thee.
အကြောင်း မူကား၊ ပညတ်တရားသည် အသက်တာ ရှည် သော ကာလ နှစ်ပေါင်းများကို၎င်း၊ ငြိမ်ဝပ် ခြင်းကို၎င်း တိုးပွါး စေလိမ့်မည်။
3 Let not loving-kindness and truth forsake thee; bind them about thy neck, write them upon the tablet of thy heart:
ကရုဏာ တရားနှင့် သစ္စာ တရားကို သင် နှင့် မ ကွာ စေနှင့်။ ထို တရားတို့ကို သင် ၏လည်ပင်း ၌ ဆွဲ ထား လော့။ နှလုံး အင်း စာရင်း၌ ရေး သွင်းလော့။
4 and thou shalt find favour and good understanding in the sight of God and man.
ထိုသို့ ပြုလျှင် ဘုရား သခင်ရှေ့ လူ တို့ရှေ့မှာ မျက်နှာ ရ၍ ၊ ကျေးဇူး ကိုခံရ လိမ့်မည်။
5 Confide in Jehovah with all thy heart, and lean not unto thine own intelligence;
ထာဝရဘုရား ကို စိတ် နှလုံးအကြွင်းမဲ့ ကိုးစား လော့။ ကိုယ် ဉာဏ် ကို အမှီ မ ပြုနှင့်။
6 in all thy ways acknowledge him, and he will make plain thy paths.
သွား လေရာရာ၌ ထာဝရ ဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင် ၊ သင် ၏လမ်းခရီး တို့ကို ပဲ့ပြင် တော်မူ မည်။
7 Be not wise in thine own eyes; fear Jehovah, and depart from evil:
ငါသည်ပညာ ရှိ၏ဟု ကိုယ် ကို မ ထင် နှင့်။ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ဒုစရိုက် ကို ရှောင် လော့။
8 it shall be health for thy navel, and moisture for thy bones.
သို့ပြုလျှင်၊ သင် ၏အကြော တို့သည် အားသန် ၍ ၊ အရိုး တို့သည် ခြင်ဆီ နှင့် ပြည့်စုံ ကြလိမ့်မည်။
9 Honour Jehovah with thy substance, and with the first-fruits of all thine increase;
သင် သည်ကိုယ် ဥစ္စာ နှင့် အဦး သီးသော အသီးအနှံ ရှိသမျှ ကို ထာဝရ ဘုရားအား ပူဇော် လော့။
10 so shall thy barns be filled with plenty, and thy vats shall overflow with new wine.
၁၀သို့ပြုလျှင် ၊ သင် ၏စပါးကျီ တို့သည် ကြွယ်ဝ ၍၊ စပျစ်သီး နယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံ လိမ့်မည်။
11 My son, despise not the instruction of Jehovah, neither be weary of his chastisement;
၁၁ငါ့ သား ၊ ထာဝရဘုရား ဆုံးမ တော်မူခြင်းကို မ မှတ်ဘဲမနေနှင့်။ သင် ၏အပြစ် ကို စစ်ဆေးတော်မူသောအခါ စိတ် မ ပျက်စေနှင့်။
12 for whom Jehovah loveth he chasteneth, even as a father the son in whom he delighteth.
၁၂ထာဝရဘုရား သည် ချစ် တော်မူသောသူ ကို ဆုံးမ တော်မူတတ်၏။ နှစ်သက် တော်မူသောသား ကို ဒဏ်ခတ်တော်မူတတ်၏။
13 Blessed is the man that findeth wisdom, and the man that getteth understanding.
၁၃ဉာဏ် ပညာကို ရှာ ၍ရသောသူ သည် မင်္ဂလာ ရှိ ၏။
14 For the gain thereof is better than the gain of silver, and her revenue than fine gold.
၁၄အကြောင်း မူကား၊ ပညာ ကုန်သွယ် ခြင်းသည် ငွေ ကုန်သွယ် ခြင်းထက် သာ၍ကောင်း ၏။ ပညာကုန်သွယ်၍ ရသောအမြတ် လည်း ရွှေစင် ထက် သာ၍ကောင်း၏။
15 She is more precious than rubies; and all the things thou canst desire are not equal unto her.
၁၅ပညာသည် ပတ္တမြား ထက် သာ၍အဘိုး ထိုက်ပေ၏။ နှစ်သက် ဘွယ်သမျှ သောအရာတို့သည် ထို ရတနာကို မ ပြိုင် နိုင်ကြ။
16 Length of days is in her right hand; in her left hand riches and honour.
၁၆သူ ၏လက်ျာ လက်၌ အသက်တာ ရှည် သောကာလ၊ လက်ဝဲ လက်၌ စည်းစိမ် နှင့် ဂုဏ် အသရေရှိ၏။
17 Her ways are ways of pleasantness, and all her paths are peace.
၁၇ပညာ လမ်း တို့သည် သာယာ သောလမ်း ၊ ပညာ လမ်း ခရီးရှိသမျှ တို့သည် ငြိမ်ဝပ် လျက်ရှိကြ၏။
18 She is a tree of life to them that lay hold upon her; and happy is he that retaineth her.
၁၈ပညာ ကို ကိုင်ဆွဲ သောသူသည်အသက် ပင် ကို ရပြီ။ လက် မလွှတ်သောသူသည် မင်္ဂလာ ရှိ၏။
19 Jehovah by wisdom founded the earth; by understanding he established the heavens.
၁၉ထာဝရဘုရား သည် ပညာ တော်အားဖြင့် မြေကြီး ကိုတည် ၍၊ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ပြင်ဆင် တော်မူပြီ။
20 By his knowledge the deeps were broken up, and the skies drop down the dew.
၂၀သိပ္ပံ အတတ်တော်အားဖြင့် နက်နဲ သောအရပ် အက်ကွဲ ၍ ၊ မိုဃ်းတိမ် မှလည်း နှင်း ရည်ကျ တတ်၏။
21 My son, let them not depart from thine eyes; keep sound wisdom and discretion:
၂၁ငါ့ သား ၊ ပညာ ရတနာနှင့် သမ္မာ သတိကို သင့် မျက်မှောက် မှ မ ကွာ စေဘဲ၊ အစဉ်စောင့်ရှောက် လော့။
22 so shall they be life unto thy soul, and grace unto thy neck.
၂၂သို့ပြုလျှင် ၊ ထိုရတနာတို့သည် သင် ၏ဝိညာဉ် ၌ အသက် ၊ သင် ၏လည်ပင်း ၌ ဂုဏ် အသရေဖြစ် လိမ့်မည်။
23 Then shalt thou walk in thy way securely, and thy foot shall not stumble;
၂၃သင် သည်ခရီး သွားရာ၌ ဘေး မရှိ။ ခြေ မ တိုက်မိ ဘဲ သွား လိမ့်မည်။
24 when thou liest down, thou shalt not be afraid, but thou shalt lie down and thy sleep shall be sweet.
၂၄အိပ် သောအခါ ကြောက် စရာမ ရှိရ။ ကောင်းမွန် စွာ အိပ်ပျော် ရလိမ့်မည်။
25 Be not afraid of sudden fear, neither of the destruction of the wicked, when it cometh;
၂၅လျင်မြန် သောဘေး နှင့် လူဆိုး တွေ့ တတ်သော ပျက်စီး ရာ ဘေးကို ကြောက် စရာမ ရှိရ။
26 for Jehovah shall be thy confidence, and he will keep thy foot from being taken.
၂၆အကြောင်း မူကား၊ ထာဝရဘုရား သည် သင် ယုံကြည် ကိုးစားရာ ဖြစ် ၍ ၊ သင် ၏ခြေ ကိုမ ကျော့မိစေခြင်းငှါစောင့်မ တော်မူလိမ့်မည်။
27 Withhold not good from them to whom it is due, when it is in the power of thy hand to do it.
၂၇ကျေးဇူးကိုခံသင့်သောသူတို့ အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။
28 Say not unto thy neighbour, Go, and come again, and to-morrow I will give, when thou hast it by thee.
၂၈အိမ်နီးချင်း ကိုပေးစရာရှိ လျက် ပင်၊ သွား တော့။ တဖန် လာ ဦးတော့။ နက်ဖြန် မှ ငါပေး မည်ဟု မ ပြော နှင့်။
29 Devise not evil against thy neighbour, seeing he dwelleth securely by thee.
၂၉စိုးရိမ် ခြင်းမရှိဘဲ သင့် အနား မှာနေ သောအိမ်နီးချင်း ၌ မ ကောင်းသော အကြံကိုမ ကြံ နှင့်။
30 Strive not with a man without cause, if he have done thee no harm.
၃၀သင် ၌ အပြစ် မ ပြု သောသူကို အကြောင်း မရှိဘဲ ရန် မ တွေ့နှင့်။
31 Envy not the man of violence, and choose none of his ways.
၃၁ညှဉ်းဆဲ တတ်သောသူ ၏ စည်းစိမ်ကိုမ တောင့်တ နှင့်။ သူ လိုက်သော လမ်း တစုံတခု ကိုမျှ အလို မ ရှိနှင့်။
32 For the perverse is an abomination to Jehovah; but his secret is with the upright.
၃၂အကြောင်း မူကား၊ ထာဝရဘုရား သည် သဘော ကောက်သောသူတို့ ကို စက်ဆုပ် ရွံ့ရှာတော်မူ၏။ ဖြောင့်မတ် သောသူတို့မူကား ၊ ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။
33 The curse of Jehovah is in the house of the wicked; but he blesseth the habitation of the righteous.
၃၃မ တရားသောသူ၏ နေရာ သည်ထာဝရဘုရား ကျိန် တော်မူခြင်းကို တွေ့တတ်၏။ တရား သောသူ၏ နေရာ ကို ကား ကောင်းကြီး ပေးတော်မူ၏။
34 He indeed scorneth the scorners; but he giveth grace unto the lowly.
၃၄အကယ် စင်စစ်ကဲ့ရဲ့ တတ်သောသူတို့ကို ကဲ့ရဲ့ တော်မူ၏။ စိတ် နှိမ့်ချသောသူတို့ အား ကား ၊ ကျေးဇူး ပြု တော်မူ၏။
35 The wise shall inherit glory; but shame shall be the promotion of the foolish.
၃၅ပညာ ရှိသောသူတို့သည် ဘုန်း အသရေကို အမွေ ခံရ၍ ၊ မိုက် သောသူတို့မူကား၊ အရှက် ကွဲခြင်းကို ထမ်း သွားရကြလိမ့်မည်။

< Proverbs 3 >