< Numbers 29 >

1 And in the seventh month, on the first of the month, ye shall have a holy convocation: no manner of servile work shall ye do; a day of blowing the trumpets shall it be unto you.
သတ္တမ လ ၊ ပဌမ နေ့ရက်၌ ဓမ္မ စည်းဝေးခြင်းကို ပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ရ။ တံပိုးမှုတ် ခြင်းကို ပြုရသောနေ့ ဖြစ် ၏။
2 And ye shall offer a burnt-offering for a sweet odour to Jehovah: one young bullock, one ram, seven yearling lambs without blemish;
ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ နှင့် မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်တို့ကို ပူဇော် ရမည်။
3 and their oblation of fine flour mingled with oil, three tenth parts for the bullock, two tenth parts for the ram,
နွား တကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲ၊ သိုး တကောင်လျှင် နှစ် ဩမဲ၊
4 and one tenth part for each lamb of the seven lambs;
သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့်ဘောဇဉ် ပူဇော်သက္ကာပြုရမည်။
5 and one buck of the goats for a sin-offering, to make atonement for you,
အပြစ် ဖြေခြင်းကို ပြုအံ့သောငှါ ၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကိုလည်း ပူဇော်ရမည်။
6 — besides the monthly burnt-offering and its oblation, and the continual burnt-offering and its oblation, and their drink-offerings, according to their ordinance, for a sweet odour, an offering by fire to Jehovah.
ထိုသို့ ထုံးစံ ရှိသည့်အတိုင်း ၊ လဆန်း နေ့မီးရှို့ ရာ ယဇ်နှင့် သူ ၏ဘောဇဉ် ပူဇော်သက္ကာ၊ နေ့ တိုင်းပြုသောမီးရှို့ ရာယဇ်နှင့် သူ ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီး ဖြင့်ပြုသောယဇ်ပူဇော်သက္ကာကို ပူဇော်ရမည်။
7 And on the tenth of this seventh month ye shall have a holy convocation; and ye shall afflict your souls; no manner of work shall ye do.
၎င်း လ ၊ ဒသမ နေ့ရက်၌ ဓမ္မ စည်းဝေးခြင်းကို ပြု ၍ ခြိုးခြံ စွာကျင့် ရမည်။ အဘယ် အလုပ် ကိုမျှ မ လုပ် ရ။
8 And ye shall present a burnt-offering to Jehovah for a sweet odour: one young bullock, one ram, seven yearling lambs (without blemish shall they be unto you);
ထိုနေ့၌ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်တို့ကို ပူဇော် ရမည်။
9 and their oblation of fine flour mingled with oil, three tenth parts for the bullock, two tenth parts for the ram,
နွား တကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲ၊ သိုး တ ကောင်လျှင်နှစ် ဩမဲ၊
10 one tenth part for each lamb, of the seven lambs;
၁၀သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့်ဘောဇဉ် ပူဇော်သက္ကာပြုရမည်။
11 [and] one buck of the goats for a sin-offering, — besides the sin-offering of atonement, and the continual burnt-offering and its oblation, and their drink-offerings.
၁၁အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို ပူဇော်ရမည်။ ထိုသို့ အပြစ် ဖြေခြင်းငှါအပြစ် ဖြေရာယဇ်၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်၊ သူ ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ထပ်၍ပြုရမည်။
12 And on the fifteenth day of the seventh month ye shall have a holy convocation: no manner of servile work shall ye do; and ye shall celebrate a feast to Jehovah seven days;
၁၂၎င်း လ တဆယ် ငါး ရက် နေ့၌ ဓမ္မ စည်းဝေးခြင်းကို ပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ဘဲ ခုနစ် ရက် ပတ်လုံးထာဝရဘုရား အဘို့ ပွဲ ခံရ မည်။
13 and ye shall present a burnt-offering, an offering by fire for a sweet odour to Jehovah: thirteen young bullocks, two rams, fourteen yearling lambs (they shall be without blemish);
၁၃ပဌမနေ့၌ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ နှင့် မီး ဖြင့်ပြုသောမီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး ဆယ် သုံး ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်တို့ကို ပူဇော် ရမည်။
14 and their oblation of fine flour mingled with oil: three tenth parts for each bullock of the thirteen bullocks, two tenth parts for each ram of the two rams,
၁၄နွား ဆယ် သုံး ကောင်စေ့အောင်၊ တ ကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲစီ၊ သိုး နှစ် ကောင်စေ့ အောင်၊ တ ကောင်လျှင် နှစ် ဩမဲစီ၊
15 and one tenth part for each lamb of the fourteen lambs;
၁၅သိုးသငယ် ဆယ် လေး ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့် ဘောဇဉ် ပူဇော်သက္ကာပြုရ မည်။
16 and one buck of the goats for a sin-offering, — besides the continual burnt-offering, its oblation and its drink-offering.
၁၆အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ထပ်၍ပူဇော်ရမည်။
17 And on the second day, [ye shall present] twelve young bullocks, two rams, fourteen yearling lambs without blemish;
၁၇ဒုတိယ နေ့ ၌ ၊ အသက်ပျို သော နွားထီး ဆယ် နှစ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
18 and their oblation and their drink-offerings for the bullocks, for the rams, and for the lambs, by their number, according to the ordinance;
၁၈သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
19 and one buck of the goats for a sin-offering, — besides the continual burnt-offering and its oblation, and their drink-offerings.
၁၉အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
20 And on the third day, eleven bullocks, two rams, fourteen yearling lambs without blemish;
၂၀တတိယ နေ့ ၌ ၊ နွားထီး ဆယ် တ ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
21 and their oblation and their drink-offerings for the bullocks, for the rams, and for the lambs, by their number, according to the ordinance;
၂၁သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
22 and one he-goat for a sin-offering, — besides the continual burnt-offering and its oblation and its drink-offering.
၂၂အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
23 And on the fourth day, ten bullocks, two rams, fourteen yearling lambs without blemish;
၂၃စတုတ္ထ နေ့ ၌ နွားထီး ဆယ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
24 their oblation and their drink-offerings for the bullocks, for the rams, and for the lambs, by their number, according to the ordinance;
၂၄သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
25 and one buck of the goats for a sin-offering, — besides the continual burnt-offering, its oblation and its drink-offering.
၂၅အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
26 And on the fifth day, nine bullocks, two rams, fourteen yearling lambs without blemish;
၂၆ပဉ္စမ နေ့ ၌ နွားထီး ကိုး ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
27 and their oblation and their drink-offerings for the bullocks, for the rams, and for the lambs, by their number, according to the ordinance;
၂၇သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
28 and one he-goat for a sin-offering, — besides the continual burnt-offering and its oblation and its drink-offering.
၂၈အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
29 And on the sixth day, eight bullocks, two rams, fourteen yearling lambs without blemish;
၂၉ဆဌမ နေ့ ၌ ၊ နွားထီး ရှစ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
30 and their oblation and their drink-offerings for the bullocks, for the rams, and for the lambs, by their number, according to the ordinance;
၃၀သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
31 and one he-goat for a sin-offering, — besides the continual burnt-offering, its oblation and its drink-offerings.
၃၁အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
32 And on the seventh day, seven bullocks, two rams, fourteen yearling lambs without blemish;
၃၂သတ္တမ နေ့ ၌ နွားထီး ခုနစ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
33 and their oblation and their drink-offerings for the bullocks, for the rams, and for the lambs, by their number, according to their ordinance;
၃၃သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
34 and one he-goat for a sin-offering, — besides the continual burnt-offering, its oblation and its drink-offering.
၃၄အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
35 On the eighth day ye shall have a solemn assembly: no manner of servile work shall ye do.
၃၅အဌမ နေ့ ၌ ဓမ္မစည်းဝေး ခြင်းကိုပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ရ။
36 And ye shall present a burnt-offering, an offering by fire of a sweet odour to Jehovah: one bullock, one ram, seven yearling lambs without blemish;
၃၆ထိုနေ့၌ ထာဝရဘုရား ဘို့ မွှေးကြိုင် သော အနံ့ နှင့် မီး ဖြင့်ပြုသော မီးရှို့ ရာယဇ်ဘို့ နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်ကို၎င်း၊
37 their oblation and their drink-offerings for the bullock, for the ram, and for the lambs, by their number, according to the ordinance;
၃၇သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
38 and one he-goat for a sin-offering, — besides the continual burnt-offering and its oblation and its drink-offering.
၃၈အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော် ရမည်။
39 These shall ye offer to Jehovah in your set feasts, besides your vows, and your voluntary-offerings, for your burnt-offerings, and for your oblations, and for your drink-offerings, and for your peace-offerings.
၃၉ထိုသို့ သစ္စာ ဂတိရှိ၍ ပြုသောပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ၊ မီးရှို့ ရာပူဇော်သက္ကာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာမှတပါး၊ ချိန်းချက် သော ပွဲတို့၌ ထာဝရဘုရား အား ထပ်၍ပူဇော် ရမည်ဟု မိန့်တော်မူ၏။
40 And Moses told the children of Israel according to all that Jehovah had commanded Moses.
၄၀ထိုသို့ မောရှေ သည်၊ မိမိအား ထာဝရဘုရား မှာထား တော်မူသမျှ တို့ကို၊ ဣသရေလ အမျိုးသား တို့အား ဆင့်ဆို လေ၏။

< Numbers 29 >