< Matthew 2 >

1 Now Jesus having been born in Bethlehem of Judaea, in the days of Herod the king, behold magi from the east arrived at Jerusalem, saying,
ယုဒ ပြည်ဗက်လင် မြို့၌ ဟေရုဒ် မင်းကြီး လက်ထက် ၊ ယေရှု သည်ဘွားမြင် ခြင်းကိုခံတော်မူပြီးမှ ၊ မာဂု ပညာရှိတို့သည် အရှေ့ ပြည်က ယေရုရှလင် မြို့သို့ ရောက်လာ ကြလျှင်။
2 Where is the king of the Jews that has been born? for we have seen his star in the east, and have come to do him homage.
ယခု ဘွားမြင် သောယုဒ ရှင်ဘုရင် သည်၊ အဘယ်မှာ ရှိ တော်မူသနည်း။ အရှေ့ ပြည်၌ သူ ၏ကြယ် ကိုငါတို့မြင် ရသည်ဖြစ်၍ ဖူးတွေ့ ပူဇော်ခြင်းငှာရောက်လာ ပြီဟု မေးမြန်းပြောဆို ကြ၏။
3 But Herod the king having heard [of it], was troubled, and all Jerusalem with him;
ထိုစကားကိုကြား လျှင် ဟေရုဒ် မင်းကြီး သည် ယေရုရှလင် မြို့သူမြို့သားအပေါင်း တို့နှင့်တကွ စိတ်ပူပန် ခြင်းသို့ ရောက်သဖြင့် ၊
4 and, assembling all the chief priests and scribes of the people, he inquired of them where the Christ should be born.
ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် ကျမ်းပြု ဆရာရှိသမျှ တို့ကိုစုဝေး စေ၍ ခရစ်တော် ကို အဘယ် အရပ်မှာ ဘွားမြင် လိမ့်မည်နည်းဟု မေးမြန်း တော်မူ၏။
5 And they said to him, In Bethlehem of Judaea; for thus it is written through the prophet:
ထိုဆရာ တို့ကလည်း ၊ ပရောဖက် တစ်ဦးရေး ထားသောအချက်ဟူမူကား ၊
6 And thou Bethlehem, land of Juda, art in no wise the least among the governors of Juda; for out of thee shall go forth a leader who shall shepherd my people Israel.
အိုယုဒ ပြည် ဗက်လင် မြို့၊ အစိုးရ သောယုဒ မြို့တို့တွင် သင်သည် မြို့ငယ် မြို့ယုတ်မ ဟုတ် ။ အကြောင်းမူကား ၊ ငါ ၏လူစု ဣသရေလ အမျိုးကို အုပ်စိုး ရသောသခင် သည် သင် ၏အထဲ မှာပေါ်ထွန်း လတံ့ဟု ကျမ်းလာ ရှိပါ၏။ ထို့ကြောင့်ယုဒ ပြည်ဗက်လင် မြို့၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီး အား ပြန်ကြား လျှောက်ထားကြ၏။
7 Then Herod, having secretly called the magi, inquired of them accurately the time of the star that was appearing;
ထိုအခါ ဟေရုဒ် မင်းကြီးသည်၊ မာဂု ပညာရှိတို့ကို မထင်မရှား ခေါ် ၍ ကြယ် ပေါ်ထွန်း သောအချိန် ကာလကို စေ့စေ့ မေးမြန်းပြီးမှ၊
8 and having sent them to Bethlehem, said, Go, search out accurately concerning the child, and when ye shall have found [him] bring me back word, so that I also may come and do him homage.
သင်တို့သွား ၍ ထို သူငယ် ကိုကြိုးစား ရှာ ကြပါ။ တွေ့ လျှင် ငါ့ ထံသို့ပြန်လာ ၍ ငါ လည်း ထိုသူငယ် ကို ဖူးတွေ့ ပူဇော်ရအောင် ကြားပြော ကြပါဟု မှာထား တော်မူလျက်၊ ဗက်လင် မြို့သို့ စေလွှတ် လေ၏။
9 And they having heard the king went their way; and lo, the star, which they had seen in the east, went before them until it came and stood over the place where the little child was.
ထိုသူ တို့သည် မင်းကြီး စကားကိုနာခံ ပြီးလျှင် ထွက်သွား ကြ၍ အရှေ့ ပြည်၌ မြင် ရသောကြယ် သည် သူ တို့ ရှေ့ ကသွားသဖြင့် သူငယ် တော်ရှိ ရာအရပ် အပေါ်သို့ ရောက် ၍ တည် လျက်နေ၏။
10 And when they saw the star they rejoiced with exceeding great joy.
၁၀ထို ကြယ် ကို မြင် ပြန်သောအခါ အလွန် ဝမ်းမြောက် ဝမ်းသာ ခြင်းရှိ၍၊
11 And having come into the house they saw the little child with Mary his mother, and falling down did him homage. And having opened their treasures, they offered to him gifts, gold, and frankincense, and myrrh.
၁၁အိမ် သို့ ဝင် လေသော်၊ မယ်တော် မာရိ နှင့်တကွ သူငယ် တော်ကိုတွေ့မြင် လျှင် ပြပ်ဝပ် ကိုးကွယ် ၍ ၊ မိမိ တို့ ဘဏ္ဍာ ဥစ္စာတို့ကိုဖွင့် ပြီးမှ လောဗန် နှင့် မုရန် တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေ ကို၎င်း ဆက်ကပ် ပူဇော်ကြ၏။
12 And being divinely instructed in a dream not to return to Herod, they departed into their own country another way.
၁၂နောက်မှ ဟေရုဒ် မင်းကြီးထံသို့ မ ပြန် ရမည်အကြောင်းကို အိပ်မက် တွင် ဗျာဒိတ် တော်ကိုရ၍ မိမိ တို့ ပြည် သို့ အခြား သောလမ်း ဖြင့် ပြန်သွား ကြ၏။
13 Now, they having departed, behold, an angel of [the] Lord appears in a dream to Joseph, saying, Arise, take to [thee] the little child and his mother, and flee into Egypt, and be there until I shall tell thee; for Herod will seek the little child to destroy it.
၁၃ထိုသူ တို့သွား ကြသည်နောက် ၊ ယောသပ် သည် အိပ်မက် ကိုမြင် သည်မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည် ထင်ရှား ၍၊ သင်ထ လော့။ မယ်တော် နှင့် သူငယ် တော်ကိုဆောင်ယူ ပြီးလျှင် ၊ အဲဂုတ္တု ပြည်သို့ ပြေး ၍၊ တစ်ဖန်ငါပြောဆို သည်တိုင်အောင် ထို ပြည်၌ နေ လော့။ ဟေရုဒ် မင်းကြီးသည် သူငယ် တော်ကို သတ် အံ့သောငှာ ရှာ လိမ့်မည်ဟုဆို လေ၏။
14 And, having arisen, he took to [him] the little child and his mother by night, and departed into Egypt.
၁၄ထိုအခါ ယောသပ်သည် ထ ၍ မယ်တော် နှင့် သူငယ် တော်ကို ညဉ့် အချိန်၌ ဆောင်ယူ ပြီးလျှင် အဲဂုတ္တု ပြည်သို့ ထွက်သွား ၍ ၊
15 And he was there until the death of Herod, that that might be fulfilled which was spoken by [the] Lord through the prophet, saying, Out of Egypt have I called my son.
၁၅ဟေရုဒ် မင်းကြီးအနိစ္စ ရောက်သည်တိုင်အောင် ထို ပြည်၌ နေ လေ၏။ ဤအကြောင်းအရာကား၊ ငါ့ သား ကို အဲဂုတ္တု ပြည်မှ ငါခေါ် ခဲ့ပြီဟု ထာဝရ ဘုရားသည် ပရောဖက် ဖြင့် ထား တော်မူသောဗျာဒိတ် တော် ပြည့်စုံ မည် အကြောင်းတည်း။
16 Then Herod, seeing that he had been mocked by the magi, was greatly enraged; and sent and slew all the boys which [were] in Bethlehem, and in all its borders, from two years and under, according to the time which he had accurately inquired from the magi.
၁၆ထိုအခါ ဟေရုဒ် မင်းကြီးသည် မာဂု ပညာရှိတို့ လှည့်ဖြား သည် ကိုသိ လျှင်၊ ပြင်းစွာ အမျက်ထွက် ၍ လူ ကို စေလွှတ်သဖြင့်၊ မာဂု ပညာရှိတို့၌ စေ့စေ့မေးမြန်း ပြီးသောကြယ်၏အချိန် ကာလကို ထောက် ၍၊ ဗက်လင် မြို့မှစသော ကျေးလက် ရှိသမျှ တို့၌ နှစ် နှစ်အရွယ်မှစ၍ ထိုအရွယ်အောက် ယုတ်သော သူငယ် ယောက်ျားအပေါင်း တို့ကို သတ် စေ၏။
17 Then was fulfilled that which was spoken through Jeremias the prophet, saying,
၁၇ပရောဖက် ယေရမိ ဟော ဘူးသည်ကား၊
18 A voice has been heard in Rama, weeping, and great lamentation: Rachel weeping [for] her children, and would not be comforted, because they are not.
၁၈ရာမ အရပ်၌ သည်းစွာ သောညည်းတွား ငိုကြွေး၊ မြည်တမ်း ခြင်းအသံ ကိုကြား ရ၍၊ ရာခေလ သည် မိမိ သား တို့ မ ရှိ သောကြောင့် ငို ၍ စိတ် မ ပြေနိုင် ဟူသောစကား သည် ထိုအခါ ၌အမှန် ကျသတည်း။
19 But Herod having died, behold, an angel of [the] Lord appears in a dream to Joseph in Egypt, saying,
၁၉ဟေရုဒ် မင်းကြီးအနိစ္စ ရောက်သည်နောက် ၊ ယောသပ် သည် အဲဂုတ္တု ပြည်၌ အိပ်မက် ကိုမြင် ပြန်သည် မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည်ထင်ရှား ၍၊
20 Arise, take to [thee] the little child and its mother, and go into the land of Israel: for they who sought the life of the little child are dead.
၂၀သင်ထ လော့။ မယ်တော် နှင့် သူငယ် တော်ကိုဆောင်ယူ ပြီးလျှင် ဣသရေလ တိုင်း သို့ သွား လော့။ သူငယ် တော်ကိုသတ်အံ့သောငှာ ရှာ သောသူ တို့သည်သေ ကြပြီဟု ဆို လေ၏။
21 And he arose and took to [him] the little child and its mother, and came into the land of Israel;
၂၁ထိုအခါ ယောသပ်သည် ထ ၍ မယ်တော် နှင့် သူငယ် တော်ကို ဆောင်ယူ ပြီးလျှင် ဣသရေလ တိုင်း သို့ သွား၍ ရောက် သည်ရှိသော်၊
22 but having heard that 'Archelaus reigns over Judaea, instead of Herod his father,' he was afraid to go there; and having been divinely instructed in a dream, he went away into the parts of Galilee,
၂၂ဟေရုဒ် မင်းကြီး၏အရာ၌ သားတော်အာခေလ သည် ယုဒ ပြည်တွင်မင်းပြု ကြောင်း ကို ကြား ရလျှင် ၊ ထို ပြည်သို့ မ သွား ဝံ့၍ အိပ်မက် ၌ ဗျာဒိတ် တော်ကိုရပြန်ပြီးမှ ဂါလိလဲ ပြည် သို့ သွား ၍၊
23 and came and dwelt in a town called Nazareth; so that that should be fulfilled which was spoken through the prophets, He shall be called a Nazaraene.
၂၃ခရစ်တော်ကို နာဇရက် လူဟုခေါ်ဝေါ် ကြလတံ့ဟူသော ပရောဖက် တို့၏နှုတ်ထွက် နှင့်အညီ၊ နာဇရက် အမည် ရှိသောမြို့ သို့ ရောက် ၍ အမြဲနေ လေ၏။

< Matthew 2 >