< Leviticus 6 >
1 And Jehovah spoke to Moses, saying,
၁တစ်ဖန်ထာဝရဘုရားသည်မောရှေအား အောက်ပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူ၏။-
2 If any one sin and act unfaithfully against Jehovah, and lie to his neighbour as to an entrusted thing or a deposit or [that in which] he hath robbed or wronged his neighbour,
၂တစ်စုံတစ်ယောက်သည်ဣသရေလအမျိုး သားချင်းတစ်ဦးက အပ်နှံထားသောအာမခံ ငွေကိုပြန်ပေးရန်ငြင်းဆိုလျှင်သော်လည်း ကောင်း၊ သူ့ထံမှပစ္စည်းတစ်စုံတစ်ခုကိုခိုး ယူခြင်းသို့မဟုတ်သူ့အားလိမ်လည်လှည့် ဖြားခြင်းပြုလျှင်လည်းကောင်း၊-
3 or have found what was lost, and denieth it, and sweareth falsely in anything of all that man doeth, sinning therein;
၃သူတစ်ပါးပျောက်ဆုံးသောပစ္စည်းကိုတွေ့ လျက်နှင့် မတွေ့ဟုကျိန်ဆို၍မုသားကို ပြောလျှင်လည်းကောင်း ထာဝရဘုရား အားပြစ်မှားကူးလွန်ရာရောက်သဖြင့်ယဇ် ပူဇော်ရမည်။-
4 then it shall be, if he hath sinned and transgressed, that he shall restore what he robbed or that in which he hath defrauded, or the deposit, or the lost thing which he found,
၄ထိုအပြစ်များအနက်တစ်မျိုးမျိုးကိုကူး လွန်သူသည်မတရားသဖြင့် ယူထားသမျှ ကိုပြန်၍ပေးအပ်ရမည်။ သူ၌အပြစ်ရှိ ကြောင်းသိရသည့်နေ့၌ မိမိယူထားသော ငွေအပြင်နှစ်ဆယ်ရာခိုင်နှုန်းအပိုဆောင်း ၍ပိုင်ရှင်အားပြန်ပေးရမည်။-
5 or all that about which he hath sworn falsely; and he shall restore it in the principal, and shall add the fifth part more thereto; to [him to] whom it belongeth shall he give it, on the day of his trespass-offering.
၅
6 And his trespass-offering shall he bring to Jehovah, a ram without blemish out of the small cattle according to thy valuation, as a trespass-offering, unto the priest.
၆သူသည်ထာဝရဘုရားအားပူဇော်ရန် အပြစ် ဒဏ်ပြေရာယဇ်အဖြစ်အပြစ်အနာကင်း သောသိုးထီး သို့မဟုတ်ဆိတ်ထီးကိုယဇ် ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ရမည်။ သိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကိုကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။-
7 And the priest shall make atonement for him before Jehovah, and it shall be forgiven him concerning anything of all that he hath done so as to trespass therein.
၇ထိုနောက်ယဇ်ပုရောဟိတ်သည်ထိုသူ၏ အပြစ်အတွက် ယဇ်ပူဇော်သဖြင့်သူသည် အပြစ်လွတ်လိမ့်မည်။
8 And Jehovah spoke to Moses, saying,
၈တစ်ဖန်ထာဝရဘုရားသည်မီးရှို့ရာယဇ် နှင့်ဆိုင်သော အောက်ပါပြဋ္ဌာန်းချက်များကို မောရှေမှတစ်ဆင့်အာရုန်နှင့်သူ၏သားတို့ အားချမှတ်ပေးတော်မူ၏။ မီးရှို့ရာယဇ်ကောင် ကိုယဇ်ပလ္လင်ပေါ်တွင် တစ်ညလုံးရှိစေရမည်။ ယဇ်ပလ္လင်မီးကိုလည်းအစဉ်တောက်လောင် နေစေရမည်။-
9 Command Aaron and his sons, saying, This is the law of the burnt-offering; this, the burnt-offering, shall be on the hearth on the altar all night unto the morning, and the fire of the altar shall be kept burning on it.
၉
10 And the priest shall put on his linen raiment, and his linen breeches shall he put on his flesh, and take up the ashes to which the fire hath consumed the burnt-offering on the altar, and he shall put them beside the altar.
၁၀ထိုနောက်ယဇ်ပုရောဟိတ်သည်ပိတ်ချော အပေါ်ရုံအင်္ကျီ၊ ပိတ်ချောဘောင်းဘီတို့ကို ဝတ်ဆင်၍ယဇ်ပလ္လင်ပေါ်ရှိယဇ်ကောင်မှ ကျွမ်းလောင်သောပြာကိုပလ္လင်ဘေးတွင် ထားရမည်။-
11 And he shall put off his garments, and put on other garments, and carry forth the ashes without the camp unto a clean place.
၁၁ထိုနောက်သူသည်အဝတ်လဲ၍ စခန်းအပြင် ရှိဘာသာရေးထုံးနည်းအရ သန့်စင်ရာ အရပ်သို့ပြာကိုယူဆောင်သွားရမည်။-
12 And the fire upon the altar shall be kept burning on it: it shall not be put out; and the priest shall burn wood on it every morning, and lay the burnt-offering in order upon it; and he shall burn thereon the fat of the peace-offerings.
၁၂ယဇ်ပလ္လင်မီးကိုအမြဲတောက်လောင်နေစေရ မည်။ မည်သည့်အခါမှမီးမငြိမ်းစေရ။ ယဇ် ပုရောဟိတ်သည်နံနက်တိုင်းယဇ်ပလ္လင်ပေါ်တွင် ထင်းတင်၍ မီးရှို့ရာယဇ်ကိုထင်းပုံပေါ်တွင် စီ၍တင်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်မိတ် သဟာယယဇ်၏ဆီဥကိုမီးရှို့ပူဇော်ရမည်။-
13 A continual fire shall be kept burning on the altar: it shall never go out.
၁၃ယဇ်ပလ္လင်မီးကိုအမြဲတောက်လောင်နေစေရ မည်။ မည်သည့်အခါမျှမီးမငြိမ်းစေရ။
14 And this is the law of the oblation: [one of] the sons of Aaron shall present it before Jehovah, before the altar.
၁၄ဘောဇဉ်သကာဆိုင်ရာပြဋ္ဌာန်းချက်များ မှာအောက်ပါအတိုင်းဖြစ်သည်။ အာရုန်၏ အဆက်အနွယ်ယဇ်ပုရောဟိတ်သည် ယဇ် ပလ္လင်ရှေ့တွင်ထာဝရဘုရားအားဘောဇဉ် သကာကိုပူဇော်ရမည်။-
15 And he shall take of it his handful of the fine flour of the oblation, and of the oil thereof, and all the frankincense which is on the meat-offering, and shall burn [it] on the altar: [it is] a sweet odour of the memorial thereof to Jehovah.
၁၅ဘောဇဉ်သကာအားလုံးကိုပူဇော်သည့် အထိမ်းအမှတ်အဖြစ် ယဇ်ပုရောဟိတ်သည် မုန့်ညက်လက်တစ်ဆုပ်၊ ဆီအနည်းငယ်နှင့် တကွအမွှေးအကြိုင်ကိုယူ၍ ယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ထိုဘောဇဉ် သကာ၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။-
16 And the remainder thereof shall Aaron and his sons eat: unleavened shall it be eaten in a holy place; in the court of the tent of meeting shall they eat it.
၁၆ကျန်သောမုန့်ညက်သည် ယဇ်ပုရောဟိတ်စား သုံးရန်အတွက်ဖြစ်သည်။ ယဇ်ပုရောဟိတ်သည် ထိုမုန့်ညက်ကိုတဆေးမဲ့မုန့်ဖုတ်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်ဝင်းအတွင်း တွင် သန့်ရှင်းရာဌာန၌စားသုံးရမည်။ ထာဝရ ဘုရားသည်ထိုမုန့်ညက်ကိုဘောဇဉ်သကာထဲမှ ယဇ်ပုရောဟိတ်တို့အားပေးတော်မူသောဝေစု ဖြစ်သတည်း။ ထိုဘောဇဉ်သကာသည်အပြစ် ဖြေရာ၊ အပြစ်ဒဏ်ပြေရာယဇ်ကဲ့သို့အလွန် သန့်ရှင်း၏။-
17 It shall not be baken with leaven. As their portion have I given it [unto them] of my offerings by fire: it is most holy; as the sin-offering, and as the trespass-offering.
၁၇
18 All the males among the children of Aaron shall eat of it. [It is] an everlasting statute in your generations, [their portion] of Jehovah's offerings by fire: whatever toucheth these shall be holy.
၁၈အာရုန်၏အဆက်အနွယ်ယောကျာ်းတို့သည် ထာဝရဘုရားအား ပူဇော်သောဘောဇဉ် သကာမှဝေစုကိုထာဝစဉ်စားသုံးစေရ မည်။ အခြားသူတစ်စုံတစ်ယောက်က ထို ဘောဇဉ်သကာကိုထိကိုင်မိလျှင် ထိုဘောဇဉ် ၏သန့်ရှင်းမြင့်မြတ်မှုကြောင့်ဘေးသင့်လိမ့် မည်။
19 And Jehovah spoke to Moses, saying,
၁၉ထာဝရဘုရားသည် အာရုန်၏အဆက် အနွယ်ယဇ်ပုရောဟိတ်တို့အားသိက္ခာတင် ခြင်းနှင့်ပတ်သက်၍ အောက်ပါပြဋ္ဌာန်းချက် များကိုမောရှေမှတစ်ဆင့်ချမှတ်ပေးတော် မူ၏။ ယဇ်ပုရောဟိတ်ကိုသိက္ခာတင်သောနေ့၌ သူသည်ထာဝရဘုရားအားမုန့်ညက်နှစ် ပေါင် (နေ့စဉ်ပူဇော်သောဘောဇဉ်အချင်အတွယ် အတိုင်း) ကိုနံနက်တစ်ပေါင်ညနေတစ်ပေါင် ပူဇော်ရမည်။-
20 This is the offering of Aaron and of his sons, which they shall present to Jehovah on the day when he is anointed: the tenth part of an ephah of fine flour as a continual oblation, half of it in the morning, and half thereof at night.
၂၀
21 It shall be prepared in the pan with oil: saturated with oil shalt thou bring it: baken pieces of the oblation shalt thou present [for] a sweet odour to Jehovah.
၂၁မုန့်ညက်ကိုဆီရော၍သံအိုးကင်းပေါ်တွင် ဖုတ်ရမည်။ ထိုနောက်မုန့်ကိုချေ၍ ဘောဇဉ် သကာအဖြစ်ထာဝရဘုရားအားပူဇော် ရမည်။ ထိုပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။-
22 And the priest who is anointed of his sons in his stead shall prepare it: [it is] an everlasting statute; it shall be wholly burned to Jehovah.
၂၂အာရုန်၏အဆက်အနွယ်ထဲမှယဇ်ပုရော ဟိတ်မင်းအဖြစ်အမှုတော်ဆောင်ရွက်ရသူ တိုင်းသည် ထိုပူဇော်သကာကိုအစဉ်ဆက်သ ရမည်။ ဤပြဋ္ဌာန်းချက်ကိုထာဝစဉ်လိုက်နာ ရမည်။ ထာဝရဘုရားအားပူဇော်သော ထို ဘောဇဉ်သကာကိုအကုန်အစင်မီးရှို့ ပူဇော်ရမည်။-
23 And every oblation of the priest shall be wholly burned; it shall not be eaten.
၂၃ယဇ်ပုရောဟိတ်ပူဇော်သောဘောဇဉ်သကာ ကိုမည်သူမျှမစားရ။ မုန့်အားလုံးကိုမီး ရှို့ရမည်။
24 And Jehovah spoke to Moses, saying,
၂၄ထာဝရဘုရားသည်အပြစ်ဖြေရာပူဇော် သကာနှင့်ဆိုင်သော အောက်ပါပြဋ္ဌာန်းချက် များကိုမောရှေမှတစ်ဆင့်၊ အာရုန်နှင့်သူ၏ သားတို့အားချမှတ်ပေးတော်မူ၏။ ယဇ်ပလ္လင် ၏မြောက်ဘက်ရှိမီးရှို့ရာယဇ်ကောင်များကို သတ်သောနေရာတွင် အပြစ်ဖြေရာယဇ်ကောင် ကိုသတ်ရမည်။ ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-
25 Speak unto Aaron and to his sons, saying, This is the law of the sin-offering. At the place where the burnt-offering is slaughtered shall the sin-offering be slaughtered before Jehovah: it is most holy.
၂၅
26 The priest that offereth it for sin shall eat it: in a holy place shall it be eaten, in the court of the tent of meeting.
၂၆ထိုယဇ်ကောင်ကိုပူဇော်သောယဇ်ပုရောဟိတ် သည် ထာဝရဘုရားစံတော်မူရာတဲတော် ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ယဇ်ကောင် ၏အသားကိုစားရမည်။-
27 Everything that toucheth the flesh thereof shall be holy; and if there be splashed of the blood thereof on a garment — that whereon it is sprinkled shalt thou wash in a holy place.
၂၇တစ်စုံတစ်ယောက်ကထိုယဇ်ကောင်၏အသား ကိုထိကိုင်မိလျှင် ထိုအသား၏သန့်ရှင်းမြင့် မြတ်မှုကြောင့်ဘေးသင့်လိမ့်မည်။ အဝတ်အထည် တွင်ယဇ်ကောင်၏အသွေးစွန်းလျှင် ထိုအစွန်း ကွက်ကိုသန့်ရှင်းရာဌာနတွင်ဆေးကြောရ မည်။-
28 And the earthen vessel wherein it hath been sodden shall be broken; and if it have been sodden in a copper pot, it shall be both scoured and rinsed with water.
၂၈ယဇ်ကောင်၏အသားကိုပြုတ်သောမြေအိုးကို ခွဲပစ်ရမည်။ အသားကိုကြေးအိုးတွင်ပြုတ် လျှင် ထိုအိုးကိုပွတ်တိုက်၍ရေဆေးရမည်။-
29 All the males among the priests shall eat thereof: it is most holy.
၂၉ယဇ်ပုရောဟိတ်အနွယ်ထဲမှယောကျာ်းအပေါင်း တို့သည် ထိုယဇ်ကောင်၏အသားကိုစားနိုင် သည်။ ထိုပူဇော်သကာသည်အလွန်သန့်ရှင်း ၏။-
30 And no sin-offering whereof blood hath been brought to the tent of meeting, to make atonement in the sanctuary, shall be eaten: it shall be burned with fire.
၃၀သို့ရာတွင်ယဇ်ကောင်၏သွေးကိုတဲတော်ထဲသို့ ယူဆောင်၍ အပြစ်ဖြေရာဝတ်တွင်အသုံးပြု လျှင်ထိုယဇ်ကောင်၏အသားကိုမစားရ။ မီးရှို့ရမည်။