< Leviticus 19 >

1 And Jehovah spoke to Moses, saying,
တဖန်မောရှေအား ထာဝရဘုရားက၊
2 Speak unto all the assembly of the children of Israel, and say unto them, Holy shall ye be, for I Jehovah your God am holy.
သင်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့။
3 Ye shall reverence every man his mother, and his father, and my sabbaths shall ye keep: I am Jehovah your God.
လူတိုင်း ကိုယ်မိဘကို ရိုသေရမည်။ ငါ့ဥပုသ်နေ့တို့ကိုလည်း စောင့်ရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
4 Ye shall not turn unto idols, and ye shall not make to yourselves molten gods: I am Jehovah your God.
ရုပ်တုဆင်းတုကိုလည်း မချဉ်းမကပ်ရ။ ကိုယ်အဘို့သွန်းသော ဘုရားတို့ကို မလုပ်ရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
5 And if ye sacrifice a sacrifice of peace-offering to Jehovah, ye shall sacrifice it for your acceptance.
မိဿဟာယယဇ်ကို ထာဝရဘုရားအား ပူဇော်လျှင်၊ စိတ်တော်နှင့်တွေ့အောင် ပူဇော်ရမည်။
6 On the day when ye sacrifice it shall it be eaten, and on the morrow; and that which remaineth until the third day shall be burned with fire.
ပူဇော်သောနေ့နှင့် နက်ဖြန်နေ့၌ စားရမည်။ သန်ဘက်နေ့တိုင်အောင် ကျန်ကြွင်းလျှင် မီးရှို့ရမည်။
7 And if it be eaten at all on the third day, it is an unclean thing: it shall not be accepted.
သန်ဘက်နေ့၌ အနည်းငယ်ကိုမျှ စားလျှင် ရွံရှာဘွယ်ဖြစ်၏။ စိတ်တော်နှင့်မတွေ့။
8 And he that eateth it shall bear his iniquity; for he hath profaned the hallowed thing of Jehovah; and that soul shall be cut off from among his peoples.
စားသောသူသည် ထာဝရဘုရား၏ သန့်ရှင်းသောအရာကို ရှုတ်ချသောကြောင့် မိမိအပြစ်ကို ခံရမည်။ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။
9 And when ye reap the harvest of your land, thou shalt not wholly reap the corners of thy field, and the gleaning of thy harvest thou shalt not gather.
ကိုယ်မြေ၌ဖြစ်သော စပါးကိုရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသော အရာကို ပြန်၍ မကောက်မသိမ်းရ။
10 And thy vineyard shalt thou not glean, neither shalt thou gather what hath been left of thy vineyard; thou shalt leave them for the poor and the stranger: I am Jehovah your God.
၁၀ကိုယ်စပျစ်သီးကိုလည်း အကုန်အစင် မသိမ်းရ။ ကျန်ကြွင်းသော အသီးကို ပြန်၍ မဆွတ်ရ။ ထိုအသီးကို ဆင်းရဲသောသူ ဧည့်သည် အာဂန္တုအဘို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
11 Ye shall not steal, and ye shall not deal falsely, and ye shall not lie one to another.
၁၁သူ့ဥစ္စာကို မခိုးရ။ သူတပါးကို မလှည့်စားရ။ တယောက်ကိုတယောက် မုသာစကားမပြောရ။
12 And ye shall not swear by my name falsely, and profane the name of thy God: I am Jehovah.
၁၂ငါ့နာမကို တိုင်တည်၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုခြင်းကို မပြုရ။ သင်၏ ဘုရားသခင်နာမကို မရှုတ် မချရ။ ငါသည် ထာဝရဘုရား ဖြစ်၏။
13 Thou shalt not oppress thy neighbour, neither rob him. The wages of the hired servant shall not abide with thee all night until the morning.
၁၃ကိုယ်နှင့်စပ်ဆိုင်သော သူ၏ဥစ္စာကို မတရားသဖြင့် မသိမ်းရ။ အနိုင်အထက်ပြု၍ မယူရ။ သူငှါးခံ ထိုက်သော အခကို တညဉ့်လုံး နံနက်တိုင်အောင် မထားရ။
14 Thou shalt not revile a deaf person, and thou shalt not put a stumbling-block before a blind one; but thou shalt fear thy God: I am Jehovah.
၁၄နားပင်းသော သူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍ လဲစရာကို မထားရ။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
15 Ye shall do no unrighteousness in judgment; thou shalt not respect the person of the lowly, nor honour the person of the great; in righteousness shalt thou judge thy neighbour.
၁၅တရားတွေ့သည်အမှုမှာ မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကို မထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့် စီရင်ရမည်။
16 Thou shalt not go about as a talebearer among thy people; thou shalt not stand up against the life of thy neighbour: I am Jehovah.
၁၆သူ့အသရေပျက်သော သိတင်းကို ကြားပြောခြင်းငှါ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါသည် ထာဝရဘုရား ဖြစ်၏။
17 Thou shalt not hate thy brother in thy heart; thou shalt earnestly rebuke thy neighbour, lest thou bear sin on account of him.
၁၇သင်၏ ညီအစ်ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့် စပ်ဆိုင်သော သူ၌ရှိသော အပြစ်ကို တတ်တိုင်း မရှိစေဘဲ၊ သူ့ကို အမှန်ဆုံးမရမည်။
18 Thou shalt not avenge thyself, nor bear any grudge against the children of thy people, but thou shalt love thy neighbour as thyself: I am Jehovah.
၁၈သင့်အမျိုးသားချင်းသည် သင့်ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ရ။ အငြိုးမထားရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
19 My statutes shall ye observe. Thou shalt not let thy cattle gender with another sort; thou shalt not sow thy field with seed of two sorts; and a garment woven of two materials shall not come upon thee.
၁၉ငါ၏ ပညတ်တရားကို သင်တို့သည် စောင့်ရကြမည်။ အမျိုးခြားသော တိရစ္ဆာန် အထီးအမတို့ကို မရှက်မတင်စေရ။ ခြားနားသော မျိုးစေ့ကို ရောနှော၍ လယ်၌ မကြဲရ။ ဝါနှင့်သိုးမွေး ရော၍ ရက်သောအဝတ်ကို မဝတ်ရ။
20 And if a man lie with a woman for copulation, and she is a bondwoman betrothed to a husband, but not at all ransomed, nor hath freedom been given to her, there shall be a chastisement: they shall not be put to death, for she was not free.
၂၀ထိမ်းမြားဆောင်နှင်းလျက်၊ မရွေးမလွှတ်သေးသော ကျွန်မိန်းမနှင့် သင့်နေသောသူသည် ရိုက်နှက် ခြင်းကို ခံရမည်။ ထိုမိန်းမသည် သူ့ကျွန်ဖြစ်သောကြောင့် သေပြစ်နှင့် လွတ်ရမည်။
21 And he shall bring his trespass-offering to Jehovah, unto the entrance of the tent of meeting, a ram for a trespass-offering.
၂၁ယောက်ျားသည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဘို့ သိုးထီးတကောင်ကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနား ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရမည်။
22 And the priest shall make atonement for him with the ram of the trespass-offering before Jehovah for his sin which he hath done; and the sin which he hath done shall be forgiven him.
၂၂ထိုယောက်ျားပြုမိသောအပြစ်ကို ဖြေခြင်းငှါ၊ ဒုစရိုက်ဖြေရာယဇ် သိုးကို၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့မှာ ပူဇော်ရမည်။ ထိုယောက်ျားသည် အပြစ်လွတ်ခြင်းသို့ ရောက်လိမ့်မည်။
23 And when ye come into the land and plant all manner of trees for food, then ye shall count its fruit as uncircumcised, three years shall it be uncircumcised unto you: it shall not be eaten of;
၂၃သင်တို့သည် ငါပေးသောပြည်သို့ ရောက်၍၊ စားအပ်သော အပင်အမျိုးမျိုးကို စိုက်ပြီးမှ၊ သုံးနှစ်ပတ် လုံးသီးသော အသီးကို၊ အရေဖျားလှီးခြင်းကို မခံသော အသီးဟူ၍ မှတ်ရမည်။ ထိုအသီးကို မစားရ။
24 and in the fourth year all the fruit thereof shall be holy for praise to Jehovah;
၂၄စတုတ္ထနှစ်တွင် သီးသောအသီးရှိသမျှသည် သန့်ရှင်း၍၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ဘို့ရာ ဖြစ်ရမည်။
25 and in the fifth year shall ye eat the fruit thereof, that it may increase unto you the produce thereof: I am Jehovah your God.
၂၅ပဥ္စမနှစ်တွင် သီးသောအသီးကို စားရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍ သီးကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
26 Ye shall eat nothing with the blood. — Ye shall not practise enchantment, nor use auguries.
၂၆အသွေးပါသော အသေကောင်ကို မစားရ။ မကောင်းသော အတတ်ကို မပြုစုရ။ ကာလဗေဒင်ကို မကြည့်ရ။
27 — Ye shall not shave the corners of your head round, neither shalt thou mutilate the corners of thy beard.
၂၇ဦးခေါင်းအနားပတ်လည်၌ ဆံပင်ကိုဝန်း၍ မရိတ်ရ။ ပါးမုန်းကိုလည်း မရိတ်ရ။
28 And cuttings for a dead person shall ye not make in your flesh, nor put any tattoo writing upon you: I am Jehovah.
၂၈သေသောသူအတွက် ကိုယ်အသားကို မခုတ်မရှရ။ သံပူမထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏။
29 — Do not profane thy daughter, to give her up to whoredom; lest the land practise whoredom, and the land become full of infamy.
၂၉ကိုယ်သမီးကို ပြည်တန်ဆာဖြစ်စေခြင်းငှါ မရှုတ်မချရ။ သို့ပြုလျှင် တပြည်လုံးသည် မတရားသော မေထုန်သို့လိုက်၍၊ အဓမ္မအမှုနှင့် ပြည့်လိမ့်မည်။
30 — My sabbaths shall ye keep, and my sanctuary shall ye reverence: I am Jehovah.
၃၀ငါ့ဥပုသ်နေ့တို့ကို စောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
31 — Turn not unto necromancers and unto soothsayers; seek not after them to make yourselves unclean: I am Jehovah your God.
၃၁ကိုယ်ကိုကိုယ် ညစ်ညူးစေခြင်းငှါ၊ နတ်ဝင်သူကို မမှိဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
32 Before the hoary head thou shalt rise up, and shalt honour the face of an old man; and thou shalt fear thy God: I am Jehovah.
၃၂ဆံပင်ဖြူသောသူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏ မျက်နှာကို ရိုသေရမည်။ သင်၏ ဘုရားသခင်ကို ကြောက်ရွံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
33 And if a stranger sojourn with thee in your land, ye shall not molest him.
၃၃သင်၏ ပြည်၌ တည်းနေသော ဧည့်သည်ကို မညှဉ်းဆဲရ။
34 As one born among you shall the stranger who sojourneth with you be unto you; and thou shalt love him as thyself; for ye were strangers in the land of Egypt: I am Jehovah your God.
၃၄သင်နှင့်အတူနေသော ဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ ကိုယ်နှင့်အမျှ ချစ်ရမည်။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
35 Ye shall do no unrighteousness in judgment, in measure of length, in weight, and in measure of capacity:
၃၅တိုင်းထွာသောအမှု၊ ချိန်တွယ်သောအမှု၊ ခြင်တွက်သောအမှု၌ မတရားစွာ မပြုရ။
36 just balances, just weights, a just ephah, and a just hin shall ye have: I am Jehovah your God, who brought you out of the land of Egypt.
၃၆မှန်သောချိန်ခွင်၊ မှန်သောအလေး၊ မှန်သောဧဖာ၊ မှန်သောဟိန်တို့ကို သုံးရမည်။ ငါသည်သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။
37 And ye shall observe all my statutes, and all mine ordinances, and do them: I am Jehovah.
၃၇သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက် အလုံးစုံတို့ကို စောင့်ရှောက်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။

< Leviticus 19 >