< Judges 8 >

1 And the men of Ephraim said to him, What is this thing thou hast done to us, that thou calledst us not, when thou wentest to fight with Midian? And they disputed with him sharply.
ဧဖရိမ် လူ တို့က၊ သင်သည် မိဒျန် လူတို့ကို တိုက် သွား သောအခါ ၊ ငါ တို့ကို မ ခေါ် ဘဲ ငါ တို့၌ အဘယ်သို့ ပြု သနည်းဟု ကျပ်ကျပ် အပြစ်တင် ကြ၏။
2 And he said to them, What have I done now in comparison with you? Are not the gleanings of Ephraim better than the vintage of Abi-ezer?
ဂိဒေါင်ကလည်း၊ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု ပြီးသနည်း။ အဗျေဇာ စပျစ်သီး သိမ်းခြင်းထက် ဧဖရိမ် လိုက်ကောက် ခြင်းသည် သာ၍ကောင်း သည်မဟုတ် လော။
3 Into your hands hath God delivered the princes of Midian, Oreb and Zeeb; and what was I able to do in comparison with you? Then their spirit was appeased toward him, when he said that word.
ဘုရား သခင်သည် မိဒျန် ဗိုလ်ချုပ် ဩရဘ နှင့် ဇေဘ တို့ကို သင် တို့လက် ၌ အပ် တော်မူပြီ။ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု နိုင် သနည်းဟု ပြန်ပြောသောစကား ကို သူတို့သည် ကြားသောအခါ စိတ် ပြေ ကြ၏။
4 And Gideon came to the Jordan, [and] passed over, he and the three hundred men that were with him, faint, yet pursuing.
ဂိဒေါင် သည် ယော်ဒန် မြစ်သို့ ရောက် သောအခါ ၊ သူ ၌ ရှိသော သူ သုံး ရာ တို့သည် ပင်ပန်း လျက်နှင့် ကူး ၍ လိုက် ကြ၏။
5 And he said to the men of Succoth, Give, I pray you, loaves of bread to the people that follow me, for they are faint; and I am pursuing after Zebah and Zalmunna, kings of Midian.
သုကုတ် မြို့သား တို့အား လည်း ၊ ငါ့ နောက် လိုက်သောသူ တို့အား မုန့် ကိုပေး ကြပါလော့။ သူ တို့သည် ပင်ပန်း ကြပြီ။ ငါ သည် မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ကို ယခု လိုက် ရှာပါ၏ဟု တောင်း သော်လည်း၊
6 And the chief men of Succoth said, Are the hands of Zebah and Zalmunna already in thy hand, that we should give bread to thine army?
သုကုတ် မင်း တို့က၊ ငါတို့သည် သင့် အမှုထမ်း တို့အား မုန့် ကိုပေး ရမည်အကြောင်း ၊ ဇေဘဟ နှင့် ဇာလမုန္န သည် သင့် လက် ၌ ရှိသလောဟု ပြန်ပြော ကြ၏။
7 And Gideon said, Therefore when Jehovah delivers Zebah and Zalmunna into my hand, I will thresh your flesh with thorns of the wilderness and with briars.
ဂိဒေါင် ကလည်း ၊ သို့ဖြစ်၍ ထာဝရဘုရား သည် ဇေဘဟ နှင့် ဇာလမုန္န တို့ကို ငါ့ လက် ၌ အပ် တော်မူသောအခါ ၊ သင် တို့ကျော ကွဲအောင် တော ဆူး ပင်အမျိုးမျိုးနှင့် ငါ ရိုက်မည်ဟုဆို ပြီးလျှင်၊
8 And he went up thence to Penuel, and spoke to them in like manner. And the men of Penuel answered him as the men of Succoth had answered.
ထိုအရပ်ကပေနွေလ မြို့သို့ သွား ၍ ၊ သူ တို့အား ထို နည်းတူ တောင်း သော်လည်း ၊ သုကုတ် မြို့သား တို့ ပြန်ပြော သည်နည်းတူ ၊ ပေနွေလ မြို့သား တို့သည် ပြန်ပြော ကြ၏။
9 And he spoke also to the men of Penuel, saying, When I come again in peace, I will break down this tower.
ဂိဒေါင်ကလည်း ၊ ငါ သည် တဖန် ငြိမ်ဝပ် စွာ လာသောအခါ ၊ ဤ ရဲတိုက် ကို ဖြိုဖျက် မည်ဟု သူ တို့အား ဆို ၏။
10 Now Zebah and Zalmunna were in Karkor, and their camp with them, about fifteen thousand [men], all that were left of the whole camp of the children of the east; for there had fallen a hundred and twenty thousand men that drew sword.
၁၀ထိုအခါ ထား ကိုင် သော လူ တသိန်း နှစ်သောင်းသေ သောကြောင့် ၊ အရှေ့ မျက်နှာအရပ်သား အပေါင်း တို့တွင် ကျန် ကြွင်းသော လူတသောင်း ငါးထောင်ခန့် မျှသာပါ လျက်၊ ဇေဘဟ နှင့် ဇာလမုန္န တို့သည် ကာကော် မြို့၌ ရှိကြ၏။
11 And Gideon went up by the way of them that dwell in tents on the east of Nobah and Jogbehah, and smote the camp; for the camp was at its ease.
၁၁ဂိဒေါင် သည် နောဗာ မြို့၊ ယုဗ္ဗေဟ မြို့အရှေ့ ၊ တဲ ၌ နေ သူတို့လမ်း ဖြင့် ချီ သွား၍ ၊ မ စိုးရိမ်ဘဲနေ သောမိဒျန်တပ် ကို လုပ်ကြံ သဖြင့်၊
12 And Zebah and Zalmunna fled, and he pursued after them, and he took the two kings of Midian, Zebah and Zalmunna, and discomfited all the camp.
၁၂မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ပြေး သောအခါ ၊ ဂိဒေါင်သည် လိုက် ၍ တပ် ကို ဖျက် လေ၏။
13 And Gideon the son of Joash returned from the battle, from the ascent of Heres.
၁၃ယောရှ သား ဂိဒေါင် သည် နေမထွက်မှီ စစ်တိုက် ရာမှ ပြန်လာ ၍၊
14 And he caught a youth of the men of Succoth, and inquired of him; and he wrote down for him the chief men of Succoth, and the elders thereof, seventy-seven men.
၁၄သုကုတ် မြို့သား လုလင် တယောက်ကို ဘမ်းမိ ၍ မေး စစ်လျှင် ၊ ထိုသူသည်သုကုတ် မြို့အရာရှိ ၊ အသက်ကြီး သူခုနစ်ဆယ် ခုနစ် ယောက်တို့၏ အမည်အသီးအသီးတို့ကို ပြော လေ၏။
15 And he came to the men of Succoth, and said, Behold Zebah and Zalmunna, with whom ye did upbraid me, saying, Are the hands of Zebah and Zalmunna already in thy hand, that we should give bread to thy men that are weary?
၁၅ဂိဒေါင်သည်လည်း ၊ သုကုတ် မြို့သား တို့ရှိရာသို့ လာ ၍ ၊ သင်တို့က၊ ပင်ပန်း သော သင့် အမှုထမ်း တို့အား ငါတို့သည် မုန့် ကိုပေး ရမည်အကြောင်း ၊ ဇေဘဟ နှင့် ဇာလမုန္န သည် သင့် လက် ၌ ရှိသလောဟု ငါ့ ကို ကဲ့ရဲ့ ၍ သင်တို့ပြော သော ဇေဘဟ နှင့် ဇာလမုန္န ကို ကြည့် ကြလော့ဟုဆို လျက်၊
16 And he took the elders of the city, and thorns of the wilderness and briars, and with them he taught the men of Succoth.
၁၆ထိုမြို့ ၌ အသက်ကြီး သူတို့ကို ခေါ် ၍ တော ဆူး ပင်အမျိုးမျိုးနှင့် သုကုတ် မြို့သား တို့ကို ဆုံးမ လေ၏။
17 And he broke down the tower of Penuel, and slew the men of the city.
၁၇ပေနွေလ မြို့ ရဲတိုက် ကိုလည်း ဖြိုဖျက် ၍ မြို့ သား တို့ကို ကွပ်မျက် လေ၏။
18 Then said he to Zebah and Zalmunna, What sort of men were they that ye slew at Tabor? And they answered, As thou art, so were they; each one resembled the sons of a king.
၁၈ထိုအခါ ဇေဘဟ နှင့် ဇာလမုန္န တို့အား တာဗော် မြို့မှာ သင်တို့သတ် ခဲ့သောသူ တို့ သည် အဘယ်သို့ သောသူဖြစ်သနည်းဟု မေးမြန်း သော်၊ ထိုသူတို့က၊ ကိုယ်တော် ဖြစ်သကဲ့သို့ သူ တို့ရှိသမျှ သည်ဖြစ်၍၊ ရှင်ဘုရင် သား ၏ အဆင်း အရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြော သော်၊
19 And he said, They were my brethren, the sons of my mother. [As] Jehovah liveth, if ye had saved them alive, I would not slay you.
၁၉ဂိဒေါင်က၊ ထိုသူ တို့သည် ငါ့ အမိ ၏သား ၊ ငါ့ ညီ ဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင်တို့သည် သူ တို့ကို အသက် ချမ်းသာပေးမိလျှင် ၊ သင် တို့ကို ငါမ သတ် ဘဲ နေလိမ့်မည်ဟု၊
20 And he said to Jether his firstborn, Arise, slay them! But the youth drew not his sword; for he feared, because he was yet a youth.
၂၀မိမိ သားဦး ယေသာ အား ၊ ဤသူ တို့ကို ထ ၍ သတ် လော့ဟုဆို သော်လည်း ၊ သား သည် အသက်အရွယ်ငယ် သောကြောင့် ၊ ထား ကို မ ဆွဲ မထုတ်ဘဲနေ၏။
21 Then Zebah and Zalmunna said, Rise thou, and fall on us; for as is the man, so is his strength. And Gideon arose, and slew Zebah and Zalmunna; and he took the moons that were on their camels' necks.
၂၁ဇေဘဟ နှင့် ဇာလမုန္န တို့ကလည်း ၊ ကိုယ်တော် တိုင်ထ ၍ ငါ တို့ကို လုပ်ကြံ လော့။ လူ ဖြစ်သကဲ့သို့ သူ့ အစွမ်း သတ္တိဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင် သည် ထ ၍ ဇေဘဟ နှင့် ဇာလမုန္န ကို သတ် သဖြင့် ၊ သူ တို့ ကုလားအုပ် ၏ လည်ပင်း ၌ ဆင်သော တန်ဆာ တို့ကို ချွတ် ယူလေ၏။
22 And the men of Israel said to Gideon, Rule over us, both thou, and thy son, and thy son's son also; for thou hast saved us from the hand of Midian.
၂၂ထိုအခါ ဣသရေလ လူတို့က၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို မိဒျန် လူတို့လက် မှ ကယ်နှုတ် သောကြောင့် ၊ သားစဉ်မြေးဆက် နှင့်တကွ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု၊ ဂိဒေါင် အား လျှောက် ဆိုကြသော်၊
23 And Gideon said to them, I will not rule over you, neither shall my son rule over you: Jehovah will rule over you.
၂၃ဂိဒေါင် က၊ ငါ သည် သင် တို့ကို မ အုပ်စိုး ရ။ ငါ့ သား လည်း မ အုပ်စိုး ရ။ ထာဝရဘုရား သည် သင် တို့ကို အုပ်စိုး တော်မူရ၏ဟူ၍၎င်း၊
24 And Gideon said to them, I would desire a request of you: give me every man the earrings of his booty; for they had golden earrings, because they were Ishmaelites.
၂၄သို့ရာတွင် သင်တို့ရှိသမျှ သည် လု ယူ၍ ရသောနားတောင်း တို့ကိုပေး ပါမည်အကြောင်း ၊ ငါတောင်း ချင်သည်ဟူ၍၎င်း ဆို လေ၏။ ရန်သူ တို့သည် ဣရှမေလ အမျိုးဖြစ်၍ ရွှေ နားတောင်း ကို ဆင်တတ်ကြသတည်း။
25 And they said, We will willingly give [them]. And they spread a garment, and cast therein every man the earrings of his booty.
၂၅သူတို့ကလည်း၊ စင်စစ်ပေး ပါမည်ဟုဆို လျက် စောင် ကို ခင်း ၍ ၊ လူအပေါင်းတို့သည် မိမိ တို့ လု ယူ၍ ရသောနားတောင်း များကို ချ ထားကြ၏။
26 And the weight of the golden earrings that he requested was a thousand seven hundred [shekels] of gold; besides the moons, and eardrops, and the purple garments that were on the kings of Midian, and besides the chains that were about their camels' necks.
၂၆ဂိဒေါင်တောင်း သော ရွှေ နားတောင်း များ အချိန် ကား၊ အခွက်တဆယ်ခုနစ် ပိဿာရှိ ၏။ ထို မှတပါး၊ မိဒျန် မင်းကြီး ဝတ်ဆင်သော တန်ဆာ ၊ လည်ဆွဲ ၊ နီမောင်း သောအဝတ် ၊ ကုလားအုပ် လည် ကြိုး များကို ရသေး၏။
27 And Gideon made an ephod of them, and put it in his city, in Ophrah. And all Israel went thither a whoring after it; and it became a snare to Gideon, and to his house.
၂၇ထိုတန်ဆာတို့နှင့် ဂိဒေါင် သည် သင်တိုင်း တော်ကို လုပ် ၍ မိမိ နေရာ ဩဖရ မြို့မှာ ထား သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်း လျက် သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင် နှင့် သူ ၏အမျိုး ပြစ်မှား ရာအကြောင်း ဖြစ် သတည်း။
28 And Midian was subdued before the children of Israel, and they lifted up their heads no more. And the land had rest forty years in the days of Gideon.
၂၈ထိုသို့ မိဒျန် အမျိုးသည် ဣသရေလ အမျိုးရှေ့ မှာ ရှုံး ၍ ၊ နောက်တဖန် အစိုး မ ရဘဲ နေကြ၏။ ဂိဒေါင် လက်ထက် အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း လေ၏။
29 And Jerubbaal the son of Joash went and dwelt in his house.
၂၉ယောရှ သား ယေရုဗ္ဗာလ သည် မိမိ အိမ် သို့ သွား ၍ နေ သတည်း။
30 Now Gideon had seventy sons who had come out of his loins, for he had many wives.
၃၀ဂိဒေါင် သည် မယား များ ၍ ၊ ကိုယ် ရ သောသား ခုနစ်ဆယ် ရှိ ၏။
31 And his concubine that was in Shechem, she also bore him a son, and he gave him the name of Abimelech.
၃၁ရှေခင် မြို့၌ နေသောမယားငယ် သည် သား ယောက်ျားကို ဘွားမြင် ၍ ၊ ထိုသားကို အဘိမလက် အမည် ဖြင့် မှည့် လေ၏။
32 And Gideon the son of Joash died in a good old age, and was buried in the sepulchre of Joash his father, in Ophrah of the Abi-ezrites.
၃၂ယောရှ သား ဂိဒေါင် သည် အသက် ကြီးရင့်သော် အနိစ္စရောက် ၍ ၊ အဗျေဇာ သားနေရာ ဩဖရ မြို့မှာ ၊ အဘ ယောရှ သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကို ခံရလေ၏။
33 And it came to pass when Gideon was dead, that the children of Israel turned again, and went a whoring after the Baals, and set up Baal-Berith as their god.
၃၃ဂိဒေါင် သေ သောအခါ ၊ ဣသရေလ အမျိုးသားတို့သည် ဖောက်ပြန် ၍ ဗာလ ဘုရားတို့နှင့် မှားယွင်း သဖြင့် ၊ ဗာလဗေရိတ် ကို ဘုရား အရာ ၌ ချီးမြှောက် ကြ၏။
34 And the children of Israel remembered not Jehovah their God, who had delivered them out of the hand of all their enemies on every side.
၃၄ပတ်ဝန်းကျင် ရန်သူ လက် မှ ကယ်နှုတ် တော်မူသောမိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မ အောက်မေ့ ဘဲ၊
35 And they shewed no kindness to the house of Jerubbaal-Gideon, according to all the good that he had done to Israel.
၃၅ဂိဒေါင် တည်းဟူသောယေရုဗ္ဗာလ သည် ဣသရေလ အမျိုး၌ ပြု သမျှ သော ကျေးဇူး နှင့်အညီ ၊ သူ၏အမျိုး ၌ ကျေးဇူး တုံ့ကို ပြန်၍ မ ပြု ဘဲနေကြ၏။

< Judges 8 >