< Judges 4 >

1 And the children of Israel again did evil in the sight of Jehovah; now Ehud was dead.
ဧဟုဒ သေ သောနောက်၊ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ တဖန် ဒုစရိုက် ကို ပြု သောကြောင့်၊
2 And Jehovah sold them into the hand of Jabin king of Canaan, who reigned in Hazor; and the captain of his army was Sisera, who dwelt in Harosheth-Goim.
ထာဝရဘုရား သည် ဟာဇော် မြို့၌ မင်းပြု သောခါနာန် ရှင်ဘုရင် ရာဘိန် ၌ ရောင်း တော်မူ၏။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား၊ ဂေါအိမ်ပြည်ဟာရောရှက် မြို့၌ နေ သောသိသရ တည်း။
3 And the children of Israel cried to Jehovah; for he had nine hundred chariots of iron, and he mightily oppressed the children of Israel twenty years.
ထိုမင်း၌ သံ ရထား ကိုး ရာ ရှိ၏။ ဣသရေလ အမျိုးသားတို့ကို အနှစ် နှစ်ဆယ် ပတ်လုံးအလွန် ညှဉ်းဆဲ သောကြောင့်၊ သူ တို့သည် ထာဝရဘုရား ကို အော်ဟစ် ကြ၏။
4 And Deborah, a prophetess, the wife of Lapidoth, judged Israel at that time.
ထို ကာလ အခါ လပိဒုတ် မြို့သား ပရောဖက်မ ဒေဗောရ သည် ဣသရေလ အမျိုးကို အုပ်စိုး ၏။
5 And she dwelt under the palm-tree of Deborah between Ramah and Bethel in mount Ephraim; and the children of Israel came up to her for judgment.
သူသည် ဧဖရိမ် တောင် ပေါ်၊ ရာမ မြို့နှင့် ဗေသလ မြို့စပ်ကြား ၊ ဒေဗောရ စွန်ပလွံ ပင်အောက် မှာနေ ၍ ၊ ဣသရေလ အမျိုးသားတို့သည် ထိုပရောဖက်မ ၏ စီရင်ခြင်း ကိုခံအံ့သောငှါ ရောက် လာတတ်ကြ၏။
6 And she sent and called Barak the son of Abinoam out of Kedesh-Naphtali, and said to him, Hath not Jehovah the God of Israel commanded? Go and draw towards mount Tabor, and take with thee ten thousand men of the children of Naphtali and of the children of Zebulun,
တဖန် ဒေဗောရသည် လူကို စေလွှတ် ၍ ၊ နဿလိ ခရိုင်ကေဒေရှ မြို့မှာ နေသောအဘိနောင် ၏သား ဗာရက် ကို ခေါ် ပြီးလျှင် ၊ သင်သည် နဿလိ အမျိုး၊ ဇာဗုလုန် အမျိုးထဲက လူ တသောင်း ကို သွေးဆောင်၍ တာဗော် တောင် သို့ သွား လော့။
7 and I will draw unto thee, to the torrent Kishon, Sisera, the captain of Jabin's army, and his chariots and his multitude, and I will give him into thy hand.
ငါသည်လည်း ယာဘိန် မင်း၏ ဗိုလ်ချုပ် သိသရ နှင့် ရထား ဗိုလ်ပါ များကို သင် ရှိ ရာ ကိရှုန် မြစ် သို့ သွေးဆောင် ၍ သင့် လက် ၌ အပ် မည်ဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်ဟု ဆင့်ဆို လေ၏။
8 And Barak said to her, If thou goest with me, then I will go, but if thou goest not with me, I will not go.
ဗာရက် ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ် နှင့်အတူ ကြွ လျှင် အကျွန်ုပ်သွား ပါမည်။ ကြွ တော်မ မူလျှင် မူကား မ သွား ပါဟု လျှောက် သော်၊
9 And she said, I will by all means go with thee, only that it will not be to thine honour upon the way which thou goest, for Jehovah will sell Sisera into the hand of a woman. And Deborah arose, and went with Barak to Kedesh.
ဒေဗောရ က၊ ငါသည် သင် နှင့်အတူ အမှန် သွား မည်။ သို့သော်လည်း သင် သွား ရာလမ်း ၌ ဂုဏ် အသရေကို မ ရ ရာ။ ထာဝရဘုရား သည် သိသရ ကို မိန်းမ ၌ ရောင်း တော်မူမည်ဟု ဆို ပြီးမှ ထ ၍ ဗာရက် နှင့်အတူ ကေဒေရှ မြို့သို့ သွား လေ၏။
10 And Barak called together Zebulun and Naphtali to Kedesh; and there went up at his feet ten thousand men; and Deborah went up with him.
၁၀ဗာရက် သည် နဿလိ အမျိုးသား၊ ဇာဗုလုန် အမျိုးသားတို့ကို ကေဒေရှ မြို့သို့ ခေါ် ၍ ၊ လိုက် သောသူ တသောင်း နှင့်တကွ ဒေဗောရ ပါလျက် တက် လေ၏။
11 (Now Heber the Kenite had severed himself from the Kenites, from the children of Hobab the father-in-law of Moses, and had pitched his tent as far as the oak of Zaannaim, which is by Kedesh.)
၁၁မောရှေ ၏ယောက္ခမ ဟောဗတ် ၏သား မြေးအဝင်၊ ကေနိ အမျိုးသားဟေဗာ သည်၊ ကေနိ လူတို့နှင့် ခွာ ၍ ကေဒေရှ မြို့အနား ၊ ဇာနိမ် သပိတ်ပင် ခြေရင်း၌ တဲ ကို ဆောက် လျက် နေနှင့်သတည်း။
12 And they told Sisera that Barak the son of Abinoam had gone up to mount Tabor.
၁၂အဘိနောင် ၏သား ဗာရက် သည် တာဗော် တောင် ပေါ်သို့ တက် ကြောင်း ကို သိသရ အား ကြားပြော လျှင်၊
13 Then Sisera gathered together all his chariots, nine hundred chariots of iron, and all the people that were with him, from Harosheth-Goim to the torrent Kishon.
၁၃သိသရ သည် မိမိ ရထား ရှိသမျှ တည်းဟူသောသံ ရထား ကိုး ရာ နှင့် ဂေါအိမ်ပြည်ဟာရောရှက် မြို့မှ စ၍ကိရှုန် မြစ် တိုင်အောင် မိမိ လူ အပေါင်း တို့ကို စုဝေး စေ၏။
14 And Deborah said to Barak, Up; for this is the day in which Jehovah hath given Sisera into thy hand! Is not Jehovah gone out before thee? And Barak went down from mount Tabor, and ten thousand men after him.
၁၄ဒေဗောရ ကလည်း ၊ ထ လော့။ ယနေ့ ကား ထာဝရဘုရား သည် သိသရ ကို သင့် လက် ၌ အပ် တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရား သည် သင့် ရှေ့ မှာ ကြွ တော်မူပြီ မဟုတ် လောဟု ဆို လေသော်၊ ဗာရက် သည် လူ တသောင်း နှင့်တကွ တာဗော် တောင် ပေါ်က ဆင်း လေ၏။
15 And Jehovah discomfited Sisera, and all the chariots, and all the army, with the edge of the sword before Barak; and Sisera got down from [his] chariot, and fled on foot.
၁၅ထာဝရဘုရား သည် သိသရ မှစ၍သူ၏ရထား များနှင့် ဗိုလ်ပါ စစ်သည်များအပေါင်း တို့ကို ဗာရက် ရှေ့ မှာ ထား ဖြင့် ရှုံး စေတော်မူသောကြောင့်၊ သိသရ သည် မိမိရထား မှ ဆင်း ၍ ခြေ ဖြင့် ပြေး လေ၏။
16 And Barak pursued after the chariots, and after the army, to Harosheth-Goim; and all the army of Sisera fell by the edge of the sword; not one was left.
၁၆ဗာရက် သည် ရထား များ၊ ဗိုလ်ပါ စစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက် မြို့တိုင်အောင် လိုက် ၍ ၊ သိသရ စစ်သူရဲ အပေါင်း တို့သည် တယောက် မျှ မ ကျန် ကြွင်း ထား နှင့် သေကြကုန်၏။
17 And Sisera fled on foot to the tent of Jael the wife of Heber the Kenite; for there was peace between Jabin the king of Hazor and the house of Heber the Kenite.
၁၇သိသရ သည် ကေနိ အမျိုးသားဟေဗာ ၏ မယား ယေလ ၏တဲ သို့ ခြေ ဖြင့် ပြေး ၏။ ထိုကာလ၌ ဟာဇော် ရှင်ဘုရင် ယာဘိန် သည် ဟေဗာ အမျိုးသား ချင်း ကေနိ လူတို့နှင့် မိဿဟာယ ဖွဲ့လျက် ရှိသတည်း။
18 And Jael went out to meet Sisera, and said to him, Turn in, my lord, turn in to me; fear not. And he turned in to her, into the tent, and she covered him with the quilt.
၁၈ယေလ သည် သိသရ ကို ခရီးဦးကြိုပြု ခြင်းငှါ ထွက် ၍ ၊ သခင် ဝင် ပါ၊ ကျွန်မ ဆီ သို့ ဝင် ပါ။ စိုးရိမ် တော် မ မူပါနှင့်ဟု ခေါ် သည်အတိုင်း ၊ သူသည် ယေလနေရာတဲ ထဲ သို့ ဝင် ၍ ယေလသည် သူ့ ကို စောင် နှင့် ခြုံ လေ၏။
19 And he said to her, Give me, I pray thee, a little water to drink, for I am thirsty. And she opened the flask of milk, and gave him drink, and covered him.
၁၉သူကလည်း ၊ ငါရေငတ် သည်၊ ရေ အနည်းငယ် ကိုပေး ပါဟု တောင်း လျှင် ၊ မိန်းမသည် နွားနို့ ဘူး ကို ဖွင့် ၍ သောက် စေပြီးမှ တဖန် ခြုံ လေ၏။
20 And he said to her, Stand in the door of the tent, and it shall be if any one come and inquire of thee, and say, Is there any man here? that thou shalt say, No.
၂၀သူကလည်း ၊ တဲ တံခါးဝ ၌ နေ ပါ။ လူ တစုံတယောက်က ယောက်ျားရှိ သလောဟု လာ ၍ မေး လျှင် မ ရှိကြောင်းကို ပြော လော့ဟု မှာ ထားလေ၏။
21 And Jael Heber's wife took a tent-pin, and took the hammer in her hand, and went softly to him, and smote the pin into his temples, and it penetrated into the ground; for he had fallen into a deep sleep and was faint; and he died.
၂၁ထိုအခါ ဟေဗာ မယား ယေလ သည် သိသရမော လျက် အိပ်ပျော် စဉ် တွင်၊ တဲ တံသင် တချောင်းနှင့် လက်ရိုက် ကို ကိုင် လျက် သူ့ ထံ သို့တိတ်ဆိတ် စွာ သွား ၍ တံသင် ကို မြေ ၌ စွဲ စေသည်တိုင်အောင်သူ ၏ နားပန်း ထဲ သို့ ရိုက် သွင်းသဖြင့် သိသရသည် သေ ၏။
22 And behold, as Barak pursued Sisera, Jael went out to meet him, and said to him, Come, and I will shew thee the man whom thou seekest. And he went into her [tent], and behold, Sisera lay dead, and the pin was in his temples.
၂၂ဗာရက် သည် သိသရ ကို လိုက် ရှာသောအခါ ၊ ယေလ ထွက် ၍ ကျွန်မဆီသို့ ဝင် ပါ။ ရှာ သောသူကို ပြ ပါမည်ဟု ကြိုဆို လျှင်၊ ဗာရက်သည် တဲထဲသို့ ဝင် ၍ သိသရ သေ လျက်၊ နားပန်း ၌ တံသင် စူးလျက်ရှိသည်ကို မြင် လေ၏။
23 So God subdued on that day Jabin king of Canaan before the children of Israel.
၂၃ထို နေ့ ၌ ထာဝရဘုရား သည် ခါနာန် ရှင်ဘုရင် ယာဘိန် ကို၊ ဣသရေလ အမျိုးသားတို့ရှေ့ မှာ နှိမ့်ချ တော်မူသဖြင့်၊
24 And the hand of the children of Israel ever advanced, and prevailed against Jabin king of Canaan, until they had cut off Jabin king of Canaan.
၂၄သူတို့သည် ထိုရှင်ဘုရင် ကို မဖျက်ဆီး မှီတိုင်အောင် အစဉ်အောင်လျက် နေကြ၏။

< Judges 4 >