< Joshua 2 >

1 And Joshua the son of Nun sent from Shittim two spies secretly, saying, Go, see the land, even Jericho. And they went, and came into a harlot's house, named Rahab, and they lay down there.
နုန် ၏သား ယောရှု သည် သူလျှို နှစ် ယောက်ကို ရှိတ္တိမ် မြို့မှ တိတ်ဆိတ် စွာစေလွှတ် လျက်၊ ခါနာန်ပြည် ယေရိခေါ မြို့ကို သွား ၍ ကြည့်ရှု ကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင်ရာခပ် အမည် ရှိသော ပြည်တန်ဆာ မိန်းမ အိမ် သို့ ဝင် ၍ နေ လေ၏။
2 And it was told the king of Jericho, saying, Behold, men have come hither to-night from the children of Israel to search out the land.
ပြည်သားအချို့တို့ကလည်း၊ ဤပြည် ကို စူးစမ်း ခြင်းငှါ ဣသရေလ အမျိုးသား အချို့တို့သည် ယနေ့ည မှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါ မင်းကြီး အား လျှောက် ကြားကြသည် ရှိသော်၊
3 And the king of Jericho sent to Rahab, saying, Bring forth the men that have come to thee, who have come into thy house: for they have come to search out all the land.
ယေရိခေါ မင်းကြီး သည် ရာခပ် အား သင့် ဆီ သို့ ရောက် လာ၍၊ သင့် အိမ် သို့ ဝင် သောသူ တို့ကို အပ် လော့။ သူတို့သည် တပြည်လုံး ကို စူးစမ်း ခြင်းငှါ ရောက် လာပြီဟု အမိန့်တော်နှင့် စေလွှတ် လေ၏။
4 And the woman had taken and concealed the two men; and she said, Yes, the men did come unto me, but I knew not whence they were;
ရာခပ်သည် ထိုသူ နှစ် ယောက်တို့ကို ဝှက် ထားနှင့်ပြီးမှ ကျွန်မ ဆီ သို့ လူ ရောက် သည် မှန် ပါ၏။ သို့ရာတွင် အဘယ် အရပ်က လာသည်ကို မ သိ ပါ။
5 and it came to pass when the gate had to be closed, at dark, that the men went out: I know not whither the men have gone. Pursue after them quickly; for ye shall overtake them.
မိုဃ်းချုပ် ၍ တံခါး ပိတ် ချိန်ရှိ သောအခါ ၊ သူ တို့ သည် ထွက် သွားကြပါ၏။ အဘယ် အရပ်သို့ ထွက် သွားသည်ကို မ သိ ပါ။ အလျင်အမြန် လိုက် ကြလော့။ မှီ ကောင်း မှီပါလိမ့်မည်ဟု ပြန် ပြော၏။
6 But she had taken them up to the roof, and secreted them under the stalks of flax, which she had laid out on the roof.
သို့ဆိုသော်လည်း ထိုသူ တို့ကို အိမ် အပေါ် သို့ တက်စေ၍ ၊ အမိုး ပေါ် မှာဖြန့် ထားသော ပိုက်ဆန် ရိုး ထဲ ၌ဝှက် ထားနှင့်ပြီ။
7 And the men pursued after them the way to the Jordan, to the fords; and when they who pursued after them had gone out, they closed the gate.
မင်းလုလင် တို့သည် ယော်ဒန် မြစ်ကူး ရာလမ်း သို့ လိုက် ကြ၏။ မြို့ပြင် သို့ရောက်ကြပြီးမှ မြို့တံခါး များကို ပိတ် ကြ၏။
8 And before they had lain down, she went up to them upon the roof;
သူလျှို တို့သည် မ အိပ် မှီ မိန်းမ သည် သူ တို့ရှိရာ အိမ်မိုး ပေါ် သို့ တက် ၍၊
9 and said to the men, I know that Jehovah has given you the land, and that the dread of you has fallen on us, and that all the inhabitants of the land faint because of you.
ထာဝရဘုရား သည် သင် တို့အား ဤပြည် ကိုပေး တော်မူကြောင်း ကို၎င်း ၊ သင် တို့ကို ငါ တို့ကြောက်လန့် အားကြီး၍ သင် တို့ကြောင့် ပြည်သူ ပြည်သားအပေါင်း တို့သည် စိတ်ပျက် ကြောင်း ကို၎င်းကျွန်မသိ ပါ၏။
10 For we have heard that Jehovah dried up the waters of the Red sea before you when ye came out of Egypt; and what ye did to the two kings of the Amorites that were beyond the Jordan, to Sihon and to Og, whom ye utterly destroyed.
၁၀သင် တို့သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ ဧဒုံ ပင်လယ်ရေ ကို ထာဝရဘုရား ခန်းခြောက် စေတော်မူကြောင်းကို၎င်း၊ ယော်ဒန် မြစ်တဘက် ၌နေ၍ သင်တို့ရှင်းရှင်းဖျက်ဆီး သော အာမောရိ ရှင်ဘုရင် ရှိဟုန် နှင့် ဩဃ တို့၌ သင်တို့ပြု သောအမှု ကို၎င်း၊ အကျွန်ုပ်တို့ကြား ရကြပြီ။
11 We heard [of it], and our heart melted, and there remained no more spirit in any man because of you; for Jehovah your God, he is God in the heavens above and on the earth beneath.
၁၁ထိုသိတင်းကိုကြား သောအခါ ၊ အကျွန်ုပ် တို့သည် စိတ်ပျက် ၍ သင် တို့ကြောင့် တစုံတယောက် သောသူ၌ မျှ ရဲရင့်ခြင်းသတ္တိ အလျှင်း မ ကျန် ကြွင်းပါ။ အကြောင်းမူကား ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် အထက် ကောင်းကင် ဘုံ၌ ၎င်း၊ အောက် အရပ်မြေကြီး ၌ ၎င်း၊ အစိုးရသောဘုရား သခင်ဖြစ်တော်မူ၏။
12 And now, I pray you, swear to me by Jehovah, since I have dealt kindly with you, that ye will also deal kindly with my father's house, and give me a certain sign,
၁၂သို့ဖြစ်၍ သင် တို့၌ ကျွန်မသည် ကျေးဇူး ပြု သောကြောင့် သင်တို့သည် ကျွန်မ ပေါက်ဘော် တို့၌ ကျေးဇူး ပြု ၍၊
13 that ye will let my father live, and my mother, and my brethren, and my sisters, and all that belong to them, and deliver our souls from death.
၁၃ကျွန်မ မိဘ ၊ ညီအစ်မ ၊ မောင် အစရှိသောသူ တို့ နှင့်ဆိုင်သမျှ သောသူ တို့ ကို မသတ်ဘဲ အသက် ချမ်းသာပေးမည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ကြပါ။ မှန် သောလက္ခဏာ သက်သေကိုလည်း ပေး ခဲ့ကြပါဟုဆို လျှင်၊
14 And the men said to her, Our lives shall pay for yours, if ye do not make this our business known; and it shall be when Jehovah shall give us the land, that we will deal kindly and truly with thee.
၁၄ထိုသူတို့က၊ သင်သည် ငါ တို့အမှု ကို မ ဘော် မပြ လျှင် သင့် အသက်အတွက် ငါ တို့အသက် သည် အာမခံ ဖြစ်စေတော့။ ဤပြည် ကို ထာဝရဘုရား ပေး တော်မူသောအခါ ၊ သင် ၌ သစ္စာ စောင့်၍ ကျေးဇူး ပြု မည်ဟု ဝန်ခံ ကြ၏။
15 And she let them down by a cord through the window; for her house was upon the city-wall, and she dwelt upon the wall.
၁၅ထိုမိန်းမ နေ ရာ အိမ် သည် မြို့ရိုး နားမှာရှိသောကြောင့် ၊ ထိုသူ တို့ကို ပြတင်းပေါက် က ကြိုး နှင့် လျှော့ချ လျက်၊
16 And she said to them, Go to the mountain, that the pursuers may not meet with you; and hide yourselves there three days, until the pursuers have returned; and afterwards go your way.
၁၆သင် တို့သည် လိုက် ၍ရှာသောသူတို့နှင့် လွတ် မည်အကြောင်းတောင် ပေါ်သို့ ပြေး ၍ သုံး ရက် ပုန်း နေကြ ပါ။ ရှာ သောသူတို့သည် ပြန် သောနောက် မှသွား ကြပါဟု ဆို လျှင်၊
17 And the men said to her, We will be quit of this thine oath which thou hast made us swear.
၁၇ထိုသူတို့က၊ သင်သည် ကျိန်ဆို စေသောအကျိန် ကြောင့် ၊ ငါ တို့၌ အပြစ် မရောက်ပါစေနှင့်။
18 Behold, when we come into the land, thou shalt bind in the window this line of scarlet thread by which thou hast let us down; and thou shalt gather to thee in the house thy father, and thy mother, and thy brethren, and all thy father's household;
၁၈ဤပြည် သို့ ငါ တို့ရောက် လာသောအခါ ၊ ယခု လျှော့ချ သော ပြတင်းပေါက် ၌ ဤ ကြိုး နီကို ချည် ထား၍ ၊ သင့် မိဘ ၊ သင့် မောင် များနှင့် ပေါက်ဘော် များအပေါင်း တို့ ကို သင့် အိမ် ၌ ခေါ် ထားရမည်။
19 and it shall be, that whoever shall go out of the doors of thy house into the street, — his blood shall be upon his head, and we shall be innocent; but every one who shall be with thee in the house, his blood shall be upon our head, if any hand be upon him.
၁၉ထိုအခါ သင့် အိမ် ထဲက လမ်း သို့ ထွက်သွား သော သူ မည်သည်ကား၊ သေလျှင်သေ ပြစ်ကို ကိုယ်တိုင် ခံ စေ၊ ငါ တို့သည် အပြစ် လွတ်စေ။ သင့် အိမ် ၌ ရှိ သောသူ မည်သည်ကို အသေ သတ်လျှင် သေ ပြစ်ကို ငါ တို့သည် ခံ စေ။
20 And if thou make known this our business, we will be quit of thine oath which thou hast made us swear.
၂၀ငါ တို့အမှု ကိုလည်း သင်သည် ဘော်ပြ လျှင် ၊ သင် ယခုကျိန်ဆို စေသော အကျိန် နှင့် ငါ တို့သည် လွတ် စေ ဟုဆိုလျှင်၊
21 And she said, According to your words, so be it. And she sent them away, and they departed. And she bound the scarlet line in the window.
၂၁မိန်းမက၊ သင် တို့စကား ရှိသည်အတိုင်း ဖြစ်ပါစေတော့ဟု ဝန်ခံ လျက် လွှတ် လိုက်၍ သူတို့သည် သွား ကြ ၏။ မိန်းမသည်လည်း ထိုကြိုး နီကို ပြတင်းပေါက် ၌ ချည် ထားလေ၏။
22 And they went, and came to the mountain, and remained there three days, until the pursuers had returned; and the pursuers sought them all the way, and found them not.
၂၂ထို သူတို့သည် တောင် ပေါ်သို့ ရောက် အောင် သွား ၍ လိုက် ရှာ သောသူတို့ မပြန် မှီတိုင်အောင် သုံး ရက် နေ ကြ၏။ ရှာ သောသူတို့သည်လည်း လမ်း တရှောက်လုံး ရှာ ၍ မ တွေ့ကြ။
23 And the two men returned and came down from the mountain, and went over and came to Joshua the son of Nun, and related to him everything that had happened to them.
၂၃ထို လူ နှစ် ယောက်တို့သည် လှည့် ၍ တောင် ပေါ် က ဆင်း ပြီးမှ မြစ်ကို ကူး သဖြင့် ၊ နုန် ၏သား ယောရှု ထံ သို့ ရောက် ၍ ၊ မိမိ တို့၌ ဖြစ် သမျှတို့ကို ပြန်ကြား လျက်၊
24 And they said to Joshua, Of a surety Jehovah has given the whole land into our hands, and even all the inhabitants of the land faint because of us.
၂၄အကယ်စင်စစ် ထာဝရဘုရား သည် ထိုပြည် တရှောက်လုံး ကို ငါတို့လက်သို့ အပ် တော်မူပြီ။ ငါ တို့ ကြောင့် ပြည်သူ ပြည်သားအပေါင်း တို့သည် စိတ်ပျက် လျက် ရှိကြပါ၏ဟု ယောရှု အား လျှောက် ဆို၏။

< Joshua 2 >