< Joshua 18 >
1 And the whole assembly of the children of Israel gathered together at Shiloh, and set up the tent of meeting there; and the land was subdued before them.
၁ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့သည်၊ ရှိလော မြို့မှာစည်းဝေး ၍ ပရိသတ်စည်းဝေး ရာ တဲ တော်ကို တည်ထောင် ကြ၏။ သူ တို့ရှေ့ မှာ တပြည် လုံးနှိမ့်ချ လျက်ရှိ၏။
2 And there remained among the children of Israel seven tribes whose inheritance had not been distributed to them.
၂ထိုအခါ ဣသရေလ အမျိုးခုနှစ် မျိုး တို့သည်၊ အမွေ မြေကို မ ခံရ သေးသည်ဖြစ်၍၊
3 And Joshua said to the children of Israel, How long will ye shew yourselves slack to go to take possession of the land which Jehovah the God of your fathers hath given you?
၃ယောရှု က၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော မြေ ကို သင်တို့သည် မသိမ်း မယူဘဲ အဘယ် မျှကာလ ပတ်လုံးနေ ကြလိမ့်မည်နည်း။
4 Provide you three men for a tribe; that I may send them, and they shall rise and go through the land, and describe it according to the proportion of their inheritance, and they shall come to me.
၄သင် တို့တွင် အမျိုး တမျိုးလျှင် လူ သုံး ယောက်စီ ရွေးကောက် ၍ ငါစေလွှတ် သဖြင့် ၊ သူတို့သည် တပြည် လုံးသို့ထ သွား ၍ အမွေခံ သင့်သည်အတိုင်း ရေး သားပြီးမှ ငါ့ ထံ သို့ပြန် လာရကြမည်။
5 And they shall divide it into seven portions. Judah shall remain in their border on the south, and the house of Joseph shall remain in their border on the north;
၅သူတို့သည် ပြည် ကို ခုနှစ် ပိုင်း ပိုင်းခြား ရကြမည်။ ယုဒ အမျိုးသည် တောင် ဘက်မိမိ နေရာ ၌ နေ ရမည်။ ယောသပ် အမျိုး သည် မြောက် ဘက်မိမိ နေရာ ၌ နေ ရမည်။
6 and ye shall describe the land into seven portions, and bring [the description] hither to me, and I will cast lots for you here before Jehovah our God.
၆ပြည် ကို ခုနှစ် ပိုင်း ပိုင်းခြားပြီးမှ ၊ ပြည်ပုံကို ငါ့ ထံ သို့ ဆောင် ခဲ့၍ ၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ သင် တို့အဘို့ စာရေးတံ ပြု မည်။
7 But the Levites have no portion among you, for the priesthood of Jehovah is their inheritance. And Gad, and Reuben, and half the tribe of Manasseh have received their inheritance beyond the Jordan on the east, which Moses the servant of Jehovah gave them.
၇လေဝိ သားတို့သည် သင် တို့နှင့် ရော၍ အဘို့ ကို မ ယူရ။ ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်အရာသည် သူ တို့အမွေ ဖြစ်၏။ ဂဒ် အမျိုး၊ ရုဗင် အမျိုး၊ မနာရှေ အမျိုး တဝက် တို့သည် ယော်ဒန် မြစ်အရှေ့ ဘက် ထာဝရဘုရား ၏ကျွန် မောရှေ ပေး သည်အတိုင်း ၊ အမွေ မြေကို ခံယူ ကြပြီဟု ဣသရေလ လူတို့အား ပြော ဆို၏။
8 And the men arose and went away. And Joshua charged them that went to describe the land, saying, Go and walk through the land, and describe it, and come again to me, and I will cast lots for you here before Jehovah in Shiloh.
၈ထိုလူ တို့သည် ထ ၍ သွား သဖြင့် ၊ ယောရှု ကလည်း ၊ တပြည် လုံးသို့ ရှောက် ၍ ရေး သားပြီးလျှင် ငါ့ ထံ သို့ ပြန် လာကြလော့။ ရှိလော မြို့မှာ ထာဝရဘုရား ရှေ့ တော် ၌ သင် တို့အဘို့ စာရေးတံ ပြု မည်ဟု ပြည် ပုံကို ရေး သား ခြင်းငှါ သွား သောသူတို့ကို မှာ ထားသည်နှင့်အညီ၊
9 And the men went and passed through the land, and described it by cities into seven portions, in a book, and they came to Joshua, to the camp at Shiloh.
၉သူတို့သည် တပြည် လုံးသို့ ရှောက် သွားသဖြင့် ၊ မြို့ ရွာရှိသည်အတိုင်း စာ ၌ ခုနစ် ပိုင်း ပိုင်း၍ ရေး သားပြီးမှ ယောရှု နေရာ ရှိလော တပ် သို့ ရောက် လာကြ၏။
10 And Joshua cast lots for them in Shiloh before Jehovah. And there Joshua divided the land to the children of Israel according to their divisions.
၁၀ယောရှု သည် ရှိလော မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ စာရေးတံ ပြု ၍ ဣသရေလ အမျိုးသား အသီးအသီးတို့အား မြေ ကိုပိုင်းခြား လေ၏။
11 And the lot of the tribe of the children of Benjamin came up according to their families. And the territory of their lot came forth between the children of Judah and the children of Joseph.
၁၁ဗင်္ယာမိန် အမျိုးသား တို့သည် စာရေးတံ ပြု ၍ အဆွေ အမျိုးအလိုက် ခံရသောမြေ သည် ယုဒ အမျိုးသား တို့နှင့် ယောသပ် အမျိုးသား တို့စပ်ကြား မှာ ကျ ၏။
12 And their border on the north side was from the Jordan; and the border went up to the side of Jericho on the north, and went up to the mountain westward; and ended at the wilderness of Beth-Aven;
၁၂မြေအပိုင်း အခြားသည် မြောက် မျက်နှာ၌ ယော်ဒန် မြစ်မှ ထွက် ၍ ယေရိခေါ မြို့ မြောက် ဘက်နား ၌ ၎င်း၊ အနောက် ဘက်တောင် ပေါ်၌ ၎င်း ရှောက် လျက် ဗေသဝင် တော သို့ ထွက် သွား၏။
13 and the border passed on from thence toward Luz, to the south side of Luz, which is Bethel: and the border went down to Ataroth-Addar, near the hill that is on the south of the lower Beth-horon.
၁၃တဖန် တောင် မျက်နှာသို့ သွား ၍ ဗေသလ လုဇ မြို့နား ၌ ရှောက်သဖြင့်၊ အောက် ဗက်ဟောရုန် မြို့ တောင် ဘက်မှာ ရှိသော တောင် ခြေရင်း အတရုတ်အဒ္ဒါ မြို့သို့ ရောက် ပြီးလျှင်၊
14 — And the border reached along and turned on the west side, southward from the hill that is before Beth-horon southward; and ended at Kirjath-Baal, which is Kirjath-jearim, a city of the children of Judah: this is the west side.
၁၄ထို တောင် မှ ထွက် ၍ အိုင် တောင် ကွေ့ ကို ဝိုင်း သဖြင့် ၊ ယုဒ အမျိုးသား နေသောကိရယတ်ယာရိမ် မြို့ တည်းဟူသော ကိရယတ်ဗာလ မြို့သို့ ထွက် သွား၏။ ဤ ရွေ့ကား အနောက် ဘက် အပိုင်း အခြားတည်း။
15 — And the south side was from the extreme end of Kirjath-jearim, and the border went out on the west, and went out to the spring of the waters of Nephtoah.
၁၅တောင် ဘက် အပိုင်း အခြားသည် ကိရယတ်ယာရိမ် မြို့စွန်း မှ အနောက် ဘက်နား၌ နေဖတော ရေ တွင်း သို့ ရောက် ပြီးလျှင်၊
16 And the border went down to the end of the mountain that is before the valley of the son of Hinnom, which is in the valley of Rephaim on the north, and went down the valley of Hinnom, to the side of the Jebusite on the south, and went down to En-rogel;
၁၆ဟိန္နုံ သား၏ချိုင့်ရှေ့ မှာ ၊ ရေဖိမ် ချိုင့် မြောက် ဘက်၌ ရှိသောတောင် ခြေရင်း သို့ လာ ၍ ယေဗုသိ မြို့တောင် ဘက် ဟိန္နုံ ချိုင့်သို့၎င်း ၊ အင်္ရောဂေလ ရွာသို့၎င်း၊
17 and it reached along on the north, and went forth to En-shemesh, and went forth towards Geliloth, which is opposite to the ascent of Adummim, and went down to the stone of Bohan, the son of Reuben,
၁၇မြောက် ဘက်နား၌ အင်ရှေမက် ရွာသို့၎င်း၊ အဒုမ္မိမ် ကုန်း တစ်ဘက် ဂေလိလုတ် ရွာသို့ ၎င်း၊ ရုဗင် သား ဗောဟန် ၏ကျောက် သို့၎င်း ရောက် လေ၏။
18 and passed along towards the side opposite to Arabah northwards, and went down to Arabah;
၁၈တဖန် အရာဗ မြို့ မြောက် မျက်နှာတဘက် လွင်ပြင်နား မှာ ရှောက် ၍ အရာဗ မြို့သို့ ရောက် သဖြင့်၊
19 and the border passed on to the side of Beth-hoglah on the north, and the border ended at the tongue of the salt sea northward, at the south end of the Jordan: this is the southern border.
၁၉ဗက်ဟောဂလ မြို့ မြောက် ဘက်နား မှာ ရှောက် ၍ သောဒုံ အိုင် မြောက် ကွေ့ ၊ ယော်ဒန် မြစ်ဝ ၌ ဆုံး လေ၏။ ဤ ရွေ့ကား တောင် ဘက်အပိုင်း အခြားတည်း။
20 — And the Jordan borders it on the east side. — This was the inheritance of the children of Benjamin, according to its borders round about, according to their families.
၂၀ယော်ဒန် မြစ်သည် အရှေ့ ဘက် ပိုင်းခြား လျက် ရှိ၏။ ဤ ရွေ့ကား ဗင်္ယာမိန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေ ခံရသောမြေ နယ်ဖြစ်သတည်း။
21 And the cities of the tribe of the children of Benjamin according to their families were: Jericho, and Beth-hoglah, and Emek-Keziz,
၂၁ဗင်္ယာမိန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ရသောမြို့ များဟူမူကား၊ ယေရိခေါ မြို့၊ ဗေသောဂလ မြို့၊ ဧမက္ကေဇဇ် မြို့၊
22 and Beth-Arabah, and Zemaraim, and Bethel,
၂၂ဗေသရာဗ မြို့၊ ဇေမရိမ် မြို့၊ ဗေသလ မြို့၊
23 and Avvim, and Parah, and Ophrah,
၂၃အာဝိမ် မြို့၊ ပါရ မြို့၊ ဩဖရာ မြို့၊
24 and Chephar-haammonai, and Ophni, and Geba: twelve cities and their hamlets;
၂၄ခေဖါဟာမောနဲ မြို့၊ ဩဖနိ မြို့၊ ဂါဘ မြို့၊ ရွာ နှင့်တကွ ဆယ် နှစ် မြို့ တည်း။
25 Gibeon, and Ramah, and Beeroth,
၂၅ထိုမှတပါး၊ ဂိဗောင် မြို့၊ ရာမ မြို့၊ ဗေရုတ် မြို့၊
26 and Mizpeh, and Chephirah, and Mozah,
၂၆မိဇပါ မြို့၊ ခေဖိရ မြို့၊ မောဇ မြို့၊
27 and Rekem, and Jirpeel, and Tharalah,
၂၇ရေကင် မြို့၊ ဣရပေလ မြို့၊ တာရလ မြို့၊
28 and Zelah, Eleph, and Jebusi, that is, Jerusalem, Gibeah, Kirjath: fourteen cities and their hamlets. This was the inheritance of the children of Benjamin according to their families.
၂၈ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင် မြို့တည်းဟူသော ယေဗုသိ မြို့၊ ဂိဗက် မြို့၊ ကိရယတ် မြို့၊ ရွာ နှင့်တကွ ဆယ် လေး မြို့ တည်း။ ဤ ရွေ့ကား ဗင်္ယာမိန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။