< Joshua 12 >
1 And these are the kings of the land, whom the children of Israel smote, and of whose land they took possession across the Jordan, toward the sun-rising, from the river Arnon to mount Hermon, and all the plain on the east:
၁ဣသရေလအမျိုးသားတို့သည်တောင် ဘက်အာနုန်မြစ်ဝှမ်းမှမြောက်ဘက်ဟေရမုန် တောင်အထိ၊ အရှေ့ဘက်နယ်မြေနှင့်ယော်ဒန် မြစ်ဝှမ်းတစ်လျှောက်လုံးကိုတိုက်ခိုက်သိမ်း ယူခဲ့ပြီးဖြစ်သည်။-
2 Sihon the king of the Amorites, who dwelt at Heshbon, [and] ruled from Aroer, which is upon the bank of the river Arnon, and from the middle of the ravine, and over half Gilead, as far as the river Jabbok, [which is] the border of the children of Ammon;
၂သူတို့သည်မင်းနှစ်ပါးကိုနှိမ်နင်းခဲ့သည်။ မင်းတစ်ပါးမှာဟေရှဘုန်မြို့တွင်စိုးစံ သောအာမောရိမင်းရှိဟုန်ဖြစ်သည်။ သူ၏ နိုင်ငံတွင်(အာနုန်မြစ်ဝှမ်းအနီးရှိ) အာရော် မြို့နှင့်ယင်းမြစ်ဝှမ်းအလယ်ရှိမြို့မှအမ္မုန် နယ်နိမိတ်ဖြစ်သော ယဗ္ဗုတ်မြစ်အထိကျယ် ပြန့်သည့်ဂိလဒ်ပြည်တစ်ဝက်ပါဝင်သည်။-
3 and the plain as far as the sea of Chinneroth on the east, and as far as the sea of the plain, the salt sea, on the east, toward Beth-jeshimoth; and on the south, under the slopes of Pisgah;
၃ထို့အပြင်မြောက်ဘက်ဂါလိလဲအိုင်မှ ပင်လယ်သေအရှေ့ဘက်ရှိ ဗက်ယေရှိမုတ် မြို့တိုင်အောင်တည်ရှိသောယော်ဒန်မြစ်ဝှမ်း၊ ထိုမှတစ်ဖန်ပိသဂါတောင်ခြေအထိ ကျယ်ပြန့်သောနယ်မြေလည်းပါဝင်သည်။
4 and the territory of Og the king of Bashan, of the residue of the giants, who dwelt at Ashtaroth and at Edrei,
၄အာရှတရုတ်မြို့နှင့်ဧဒြိမြို့များတွင် စိုးစံ၍ နောက်ဆုံးကျန်ရှိသေးသောရိဖိမ် အမျိုးသားတို့အနက် တစ်ဦးဖြစ်သူ ဗာရှန်မင်းသြဃကိုလည်းဣသရေလ အမျိုးသားတို့သည်နှိမ်နင်းခဲ့၏။-
5 and ruled over mount Hermon, and over Salcah, and over all Bashan, as far as the border of the Geshurites and the Maachathites, and [over] half Gilead [as far as] the border of Sihon the king of Heshbon.
၅သူ၏နိုင်ငံတွင်ဟေရမုန်တောင်၊ သာလက ပြည်၊ ဂေရှုရိပြည်နှင့်မာခါပြည်နယ်စပ် အထိကျယ်ပြန့်သောဗာရှန်ပြည်တစ်ပြည် လုံးသည်လည်းကောင်း၊ ဟေရှဘုန်မင်းရှိဟုန် ပိုင်သောပြည်နယ်နိမိတ်အထိကျယ်ပြန့် သည့်ဂိလဒ်ပြည်တစ်ဝက်သည်လည်းကောင်း ပါဝင်သည်။-
6 Moses the servant of Jehovah and the children of Israel smote them, and Moses the servant of Jehovah gave it for a possession to the Reubenites, and to the Gadites, and to half the tribe of Manasseh.
၆ဤမင်းများကိုမောရှေနှင့်ဣသရေလ အမျိုးသားတို့နှိမ်နင်းခဲ့လေသည်။ ထာဝရ ဘုရား၏အစေခံမောရှေသည်ထိုမင်းတို့ ၏နယ်မြေများကိုရုဗင်အနွယ်၊ ဂဒ်အနွယ် နှင့်မနာရှေအနွယ်တစ်ဝက်တို့အား အပိုင်ပေးခဲ့လေသည်။
7 And these are the kings of the land whom Joshua and the children of Israel smote on this side the Jordan on the west, from Baal-Gad in the valley of Lebanon as far as the smooth mountain, which rises toward Seir. And Joshua gave it to the tribes of Israel for a possession according to their divisions,
၇ယောရှုနှင့်ဣသရေလအမျိုးသားတို့ သည်ယော်ဒန်မြစ်အနောက်ဘက် လေဗနုန် ချိုင့်ဝှမ်းရှိဗာလဂဒ်မြို့မှတောင်ဘက်ဧဒုံ ပြည်အနီးဟာလက်တောင်အထိ ကျယ်ပြန့် သောဒေသတွင်စိုးစံသောမင်းအားလုံး တို့ကိုတိုက်ခိုက်အောင်မြင်ခဲ့လေသည်။ ယောရှုသည်ဤဒေသကိုဣသရေလ အနွယ်အသီးသီးတို့အားအမြဲပိုင် ဆိုင်ရန်ခွဲဝေပေးလေသည်။-
8 in the mountain, and in the lowland, and in the plain, and on the hill-slopes, and in the wilderness, and in the south: the Hittites, and the Amorites, and the Canaanites, the Perizzites, the Hivites and the Jebusites:
၈ဤဒေသများတွင်တောင်ကုန်းဒေသ၊ အနောက် ဘက်တောင်ခြေဒေသ၊ ယော်ဒန်မြစ်ဝှမ်းနှင့်အနီး ရှိတောင်ခြေဒေသ၊ အနောက်ဘက်တောင်စောင်း ဒေသနှင့်တောင်ဘက်ခြောက်သွေ့သောသဲကန္တာရ ဒေသများပါဝင်သည်။ ထိုဒေသများတွင်နေ ထိုင်သောလူမျိုးများမှာဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ဖြစ်ကြသည်။-
9 The king of Jericho, one; the king of Ai, which is beside Bethel, one;
၉ဣသရေလအမျိုးသားတို့သည်သုံးဆယ့် တစ်မြို့တို့၏မင်းများကိုနှိမ်နင်းခဲ့သည်။ ယင်းမြို့တို့မှာယေရိခေါမြို့၊ (ဗေသလ မြို့အနီးရှိ) အာဣမြို့၊-
10 the king of Jerusalem, one; the king of Hebron, one;
၁၀ယေရုရှလင်မြို့၊ ဟေဗြုန်မြို့၊- ယာမုတ်မြို့၊ လာခိရှမြို့၊- ဧဂလုန်မြို့၊ ဂေဇာမြို့၊- ဒေဗိ ရမြို့၊ ဂေဒါမြို့၊- ဟောမာမြို့၊ အာရဒ်မြို့၊- လိဗန မြို့၊ အဒုလံမြို့၊- မက္ကဒါမြို့၊ ဗေသလမြို့၊- တာပွာမြို့၊ ဟေဖာမြို့၊- အာဖက်မြို့၊ လာရှရုန်မြို့၊- မာဒုန်မြို့၊ ဟာဇော်မြို့၊- ရှိမရုန်မြို့၊ အာခရှပ်မြို့၊- တာနက်မြို့၊ မေဂိဒ္ဒေါမြို့၊-
11 the king of Jarmuth, one; the king of Lachish, one;
၁၁
12 the king of Eglon, one; the king of Gezer, one;
၁၂
13 the king of Debir, one; the king of Geder, one;
၁၃
14 the king of Hormah, one; the king of Arad, one;
၁၄
15 the king of Libnah, one; the king of Adullam, one;
၁၅
16 the king of Makkedah, one; the king of Bethel, one;
၁၆
17 the king of Tappuah, one; the king of Hepher, one;
၁၇
18 the king of Aphek, one; the king of Lasharon, one;
၁၈
19 the king of Madon, one; the king of Hazor, one;
၁၉
20 the king of Shimron-meron, one; the king of Achshaph, one;
၂၀
21 the king of Taanach, one; the king of Megiddo, one;
၂၁
22 the king of Kedesh, one; the king of Jokneam on Carmel, one;
၂၂ကေဒေရှမြို့၊(ကရမေလတောင်ပေါ်ရှိ) ယောကနမ်မြို့၊(ပင်လယ်ကမ်းခြေရှိ)-
23 the king of Dor in the upland of Dor, one; the king of Goim, at Gilgal, one;
၂၃ဒေါရမြို့၊ (ဂါလိလဲပြည်ရှိ) ဂေါအိမ်မြို့နှင့်၊-
24 the king of Tirzah, one: all the kings thirty and one.
၂၄တိရဇမြို့တို့ဖြစ်သတည်း။