< Job 6 >

1 And Job answered and said,
တဖန် ယောဘ မြွက်ဆို သည်ကား၊
2 Oh that my grief were thoroughly weighed, and all my calamity laid in the balances!
ငါ ဝမ်းနည်း ခြင်းအကြောင်းကို သေချာစွာ ချိန်တွယ် ပါစေ။ ငါ ခံရသောဒုက္ခ များကိုလည်း ချိန်ခွင် ၌ စု ထား ပါစေ။
3 For now it would be heavier than the sand of the seas; therefore my words are vehement.
သို့ဖြစ်လျှင် သမုဒ္ဒရာ သဲ ထက် သာ၍လေး လိမ့်မည်။ ထိုကြောင့် ငါ့ စကား လွန် မိပြီ။
4 For the arrows of the Almighty are within me, their poison drinketh up my spirit: the terrors of God are arrayed against me.
အနန္တ တန်ခိုးရှင်ပစ်တော်မူသောမြှား တို့သည် ငါ ၌ စွဲ၍၊ အဆိပ် အတောက်ဖြင့် ငါ့ ဝိညာဉ် ကိုမွန်း စေ၏။ ဘုရား သခင်ပြတော်မူသောကြောက်မက် ဘွယ်အရာတို့သည် ငါ့ ရှေ့မှာ စီ လျက်ရှိကြ၏။
5 Doth the wild ass bray by the grass? loweth an ox over his fodder?
တောမြည်း သည် မြက်ပင် ပေါသောအခါ မြည် တတ်သလော။ နွား သည်စား စရာရှိသောအခါ အော် တတ်သလော။
6 Shall that which is insipid be eaten without salt? Is there any taste in the white of an egg?
မ မြိန်သောအရာကို ဆား မ ပါဘဲ စား နိုင် သလော။ ကြက်ဥ အကာ သည် ဆိမ့်သောအရသာ ရှိ သလော။
7 What my soul refuseth to touch, that is as my loathsome food.
လက်နှင့်မျှမ တို့ နိုင်၊ ငါ မ နှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ၏။
8 Oh that I might have my request, and that God would grant my desire!
ငါ တောင်း သောအရာကို ရပါစေ။ ငါ တောင့်တ သောအရာကို ဘုရား သခင်ပေး သနားတော်မူပါစေ။
9 And that it would please God to crush me, that he would let loose his hand and cut me off!
တောင့်တ သောအရာဟူမူကား ၊ ဘုရား သခင်သည် ငါ့ ကိုဖျက်ဆီး တော်မူပါစေ။ လက် တော်ကိုဆန့် ၍ ငါ့ ကိုဆုံး စေတော်မူပါစေ။
10 Then should I yet have comfort; and in the pain which spareth not I would rejoice that I have not denied the words of the Holy One.
၁၀ထိုသို့ ဖြစ်လျှင်ငါ သည် သက်သာ ရ၏။ ငြိုငြင် သော်လည်းသည်းခံ မည်။ ငါ့ကိုနှမြော တော်မ မူပါစေနှင့်။ သန့်ရှင်း တော်မူသောသူ၏စကား တော်ကို ငါမ ငြင်း မဆန်ပြီ။
11 What is my strength, that I should hope? and what is mine end, that I should have patience?
၁၁ငါမြော်လင့် စရာအခွင့်ရှိရမည်အကြောင်း ၊ ငါ့ ခွန်အား ကားအဘယ် သို့နည်း။ ငါသည်ကိုယ် အသက် ကို စောင့် ရမည်အကြောင်း ၊ နောက်ဆုံး ခံရသောအကျိုးကား အဘယ် သို့နည်း။
12 Is my strength the strength of stones? is my flesh of brass?
၁၂ငါ့ ခွန်အား သည် ကျောက် ခွန်အား ဖြစ်သလော။ ငါ့ အသား သည် ကြေးဝါ ဖြစ်သလော။
13 Is it not that there is no help in me, and soundness is driven away from me?
၁၃ငါ သည်ကိုယ် ကို မ မစ နိုင်။ ငါ့ ဉာဏ် လည်း ကုန် ပြီ။
14 For him that is fainting kindness [is meet] from his friend; or he forsaketh the fear of the Almighty.
၁၄ဆင်းရဲ ခြင်းသို့ရောက်သောသူ၏ အဆွေ ခင်ပွန်းသည် သနား အပ်၏။ မသနားလျှင် အနန္တ တန်ခိုးရှင်ကို ကြောက်ရွံ့ သောသဘောနှင့်ကင်းလွတ် ၏။
15 My brethren have dealt deceitfully as a stream, as the channel of streams which pass away,
၁၅ငါ့ ညီအစ်ကို တို့သည် ချောင်း ရေကဲ့သို့ လှည့်စား ၍၊ ချိုင့် ၌စီးသောရေကဲ့သို့ ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။
16 Which are turbid by reason of the ice, in which the snow hideth itself:
၁၆ထိုချောင်းရေသည် ရေခဲ ကြောင့် ၎င်း၊ မ ထင်ရှားသော မိုဃ်းပွင့် ကြောင့်၎င်း၊
17 At the time they diminish, they are dried up; when heat affecteth them, they vanish from their place:
၁၇အလွန်စီးတတ်သော်လည်း၊ နွေး သောအခါ ကွယ်ပျောက် တတ်၏။ နေပူ သောအခါ မိမိ နေရာ ၌ ခန်းခြောက် တတ်၏။
18 They wind about in the paths of their course, they go off into the waste and perish.
၁၈ထိုရေစီးသောချောင်းတို့သည် လွဲ သွား ၍ တရွေ့တရွေ့ကွယ်ပျောက် တတ်ကြ၏။
19 The caravans of Tema looked, the companies of Sheba counted on them:
၁၉တေမန် အမျိုးသားအစု အဝေးတို့သည် ရှာ ကြ၏။ ရှေဘ ပြည်မှ ခရီး သွားသောသူအစုအဝေးတို့သည် မြော်လင့် လျက် လာကြ၏။
20 They are ashamed at their hope; they come thither, and are confounded.
၂၀မြော်လင့် ၍စိတ်ပျက် ကြ၏။ ထိုအရပ်သို့ ရောက် သောအခါ ရှက်ကြောက် လျက် နေကြ၏။
21 So now ye are nothing; ye see a terrible object and are afraid.
၂၁ထိုအတူ သင်တို့သည်အချည်းနှီးသက်သက်ဖြစ် ကြ၏။ ငါနှိမ့်ချ ခြင်းကိုမြင် လျှင် ဆုတ် ၍နေကြ၏။
22 Did I say, Bring unto me, and make me a present from your substance?
၂၂ငါ့ ထံ သို့လက်ဆောင်ကို ယူ ခဲ့ကြပါ။ သင် တို့ပစ္စည်း ဥစ္စာထဲက ထုတ်၍ ငါ့ ကိုပေး ကြပါ။
23 Or, rescue me from the hand of the oppressor, and redeem me from the hand of the violent?
၂၃ရန်သူ လက် မှ ငါ့ ကိုကယ် ယူကြပါ။ သူရဲ လက် မှ ရွေးနှုတ် ကြပါဟု ငါပြော သလော။
24 Teach me, and I will hold my tongue; and cause me to understand wherein I have erred.
၂၄ငါ့ ကိုဆုံးမ ကြပါ။ တိတ်ဆိတ် လျက်နေပါမည်။ ငါမှား သောအရာကို ငါ့ အား ဘော်ပြ ကြပါ။
25 How forcible are right words! but what doth your upbraiding reprove?
၂၅မှန် သောစကား သည် တန်ခိုးကြီး ၏။ သင် တို့ကဲ့ရဲ့သောစကားသည် အဘယ် မှာနေရာကျသနည်း။
26 Do ye imagine to reprove words? The speeches of one that is desperate are indeed for the wind.
၂၆ငါစကား ပြောရုံကာမျှကို အပြစ် တင်မည်ကြံစည် ကြသလော။ မြော်လင့် စရာမရှိသောသူ ပြောသော စကား သည် လေ သက်သက်ဖြစ်၏။
27 Yea, ye overwhelm the fatherless, and dig [a pit] for your friend.
၂၇အကယ်၍ သင်တို့သည် မိဘ မရှိသောသူငယ်ကို နှိပ်စက် ကြ၏။ အဆွေ ခင်ပွန်းဘို့ တွင်းကိုတူး ကြ၏။
28 Now therefore if ye will, look upon me; and it shall be to your face if I lie.
၂၈ငါ့ ကို စိတ်မရှိဘဲကြည့်ရှု ကြပါလော့။ သင် တို့ရှေ့ မှာ ငါလှည့်စား သလော။
29 Return, I pray you, let there be no wrong; yea, return again, my righteousness shall be in it.
၂၉ပြန် ၍ဆင်ခြင်ကြပါ။ မ တရားသဖြင့်မ ပြု ကြပါ နှင့်။ ပြန် ၍ဆင်ခြင်ကြပါ။ ဤအမှု၌ ငါ သည် ဖြောင့်မတ် ပါ၏။
30 Is there wrong in my tongue? cannot my taste discern mischievous things?
၃၀ငါ့ လျှာ ၌ ကောက် သောသဘောရှိ သလော။ ငါ သည် မြည်းစမ်း ၍ အပြစ် ပါသောအရာကို ပိုင်းခြား မ သိနိုင်သလော။

< Job 6 >