< Job 22 >

1 And Eliphaz the Temanite answered and said,
တဖန် တေမန် အမျိုးသားဧလိဖတ် မြွက်ဆို သည် ကား၊
2 Can a man be profitable to God? surely it is unto himself that the wise man is profitable.
လူ သည် မိမိပညာ အားဖြင့်မိမိ အကျိုး ကို ပြုစုသကဲ့သို့ဘုရား သခင်၌ ကျေးဇူး ပြုနိုင်သလော။
3 Is it any pleasure to the Almighty if thou art righteous? And is it gain [to him] that thou makest thy ways perfect?
သင်၏ဖြောင့်မတ် ခြင်းအားဖြင့်၊ အနန္တ တန်ခိုးရှင်သည် ကျေးဇူးရှိတော်မူသလော။ သင် ၏အကျင့် ၌ အပြစ် မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုး စီးပွါးရှိတော်မူသလော။
4 Will he reason with thee for fear of thee? Will he enter with thee into judgment?
သင့် ကိုကြောက်ရွံ့ သောကြောင့် ဆုံးမ ပေးတော်မူ မည်လော။ သင် နှင့် တရား တွေ့တော်မူမည်လော။
5 Is not thy wickedness great? and thine iniquities without end?
သင် ပြုသောဒုစရိုက် သည် အလွန် ကြီးသည် မ ဟုတ်လော။ သင့် အပြစ် တို့သည် မ ရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။
6 For thou hast taken a pledge of thy brother for nought, and stripped off the clothing of the naked.
သင်သည်ညီအစ်ကို ပေါင် ထားသော ဥစ္စာကို မ တရားသဖြင့် ခံယူပြီ။ ဆင်းရဲ သောသူတို့၏ အဝတ် ကိုလည်း ချွတ်ယူ ပြီ။
7 Thou hast not given water to the fainting to drink, and thou hast withholden bread from the hungry.
မော သောသူသောက်ဘို့ ရေ ကိုမ ပေး။ ငတ်မွတ် သောသူကိုမ ကျွေး။
8 But the powerful man, he had the land; and the man of high rank dwelt in it.
အားကြီး သောသူ မူကား မြေ ကို ပိုင်ရ၏။ ဂုဏ် အသရေရှိသောသူသည် နေ ရသောအခွင့်ကိုရ၏။
9 Widows hast thou sent empty away, and the arms of the fatherless have been broken.
သင်သည် မုတ်ဆိုးမ တို့ကို လက်ချည်း လွှတ် လိုက်၍ ၊ မိဘ မရှိသော သူငယ်တို့၏လက် ကိုချိုး ပြီ။
10 Therefore snares are round about thee, and sudden fear troubleth thee;
၁၀ထိုကြောင့် ကျော့ကွင်း နှင့် ကျော့မိပြီ၊ ထိတ်လန့် သောစိတ်နှင့် ပင်ပန်း ရ၏။
11 Or darkness, that thou canst not see, and floods of waters cover thee.
၁၁မ မြင် နိုင်သောမှောင်မိုက် သည် ညှဉ်းဆဲ၍ ၊ ပြင်း စွာစီးသောရေ သည် လွှမ်းမိုး ရ၏။
12 Is not God in the height of the heavens? And behold the summit of the stars: how exalted are they!
၁၂ဘုရား သခင်သည် ကောင်းကင် ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မ ဟုတ်လော။ ကြယ် တို့သည် အဘယ် မျှလောက် မြင့် ကြသည်တကား။
13 And thou sayest, What doth God know? will he judge through the dark cloud?
၁၃သို့ဖြစ်၍ သင်က၊ ဘုရား သခင်သည် အဘယ်သို့ သိ တော်မူမည်နည်း။ ထူ သောတိမ်တိုက်ကွယ်လျက်နှင့် စီရင် တော်မူနိုင်မည်လော။
14 Thick clouds are a covering to him, that he seeth not; and he walketh on the vault of the heavens.
၁၄မ မြင် နိုင်အောင် ထူထပ်သောတိမ် တို့သည် ကိုယ်တော် ကို လွှမ်းမိုး ကြ၏။ ကောင်းကင် စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည် တော်မူသည်ဟု ဆို တတ်၏။
15 Dost thou mark the ancient path which wicked men have trodden?
၁၅ကာလ အချိန်မ စေ့မှီ ဖျက်ဆီး ခြင်း၊ ရေ လွှမ်းမိုး၍၊
16 Who were carried off before the time, whose foundation was overflowed with a flood;
၁၆
17 Who said unto God, Depart from us! and what could the Almighty do to them?
၁၇အခြေအမြစ် ပယ်ရှင်း ခြင်းကို ခံရသောသူတည်းဟူသောဘုရား သခင်အား ငါ တို့ထံမှ ထွက်သွား လော့ဟူ၍ ၎င်း ၊ အနန္တ တန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြု နိုင်သနည်းဟူ၍၎င်း၊ဆိုတတ်သောအဓမ္မ လူ တို့လိုက် ဘူးသော လမ်း ဟောင်း ကိုသင်သည်လိုက် ဦးမည်လော။
18 Yet he filled their houses with good. But the counsel of the wicked is far from me.
၁၈သို့ရာတွင် ဘုရား သခင်သည် သူ တို့အိမ် ကို ကောင်း သောအရာနှင့် ပြည့် စေတော်မူ၏။ မ တရားသောသူတို့ ၏ အကြံအစည် ကို ငါသည် ဝန် မခံ။
19 The righteous see it, and are glad; and the innocent laugh them to scorn:
၁၉ဖြောင့်မတ် သောသူတို့သည် ကြည့် မြင်၍ ဝမ်းမြောက် ကြ၏။ အပြစ် ကင်းသောသူတို့သည် ထို အဓမ္မလူ တို့ကို ကဲ့ရဲ့ တတ်ကြ၏။
20 Is not he who rose against us destroyed, and doth not the fire consume his residue?
၂၀အကယ် စင်စစ်ငါ တို့ရန်သူ သည် ပျက်စီး လေပြီ။ သူ ၏စည်းစိမ် ကို မီး လောင် လေပြီဟု ဆိုရကြ၏။
21 Reconcile thyself now with him, and be at peace: thereby good shall come unto thee.
၂၁ဘုရား သခင်နှင့် အကျွမ်းဝင် ၍ မိဿဟာယဖွဲ့ လော့။ ထိုသို့ပြုမှ ကောင်းစား ခြင်းသို့ ရောက် ရလိမ့်မည်။
22 Receive, I pray thee, instruction from his mouth, and lay up his words in thy heart.
၂၂နှုတ် တော်ထွက်တရား ကို ခံယူ ၍ စကား တော်ကို နှလုံး ၌ သွင်း ပါလော့။
23 If thou return to the Almighty, thou shalt be built up. If thou remove unrighteousness far from thy tents,
၂၃အနန္တ တန်ခိုးရှင်ထံ တော်သို့ ပြန်လာ လျှင် ၊ တည်ဆောက် ခြင်းရှိလိမ့်မည်။ သင့် အိမ် မှ ဒုစရိုက် ကို ပယ်ရှား လျှင်၊
24 And put the precious ore with the dust, and [the gold of] Ophir among the stones of the torrents,
၂၄ရွှေ ကိုမြေမှုန့် ကဲ့သို့၎င်း ၊ ဩဖိရ ရွှေကို မြစ် ၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်း သိုထား ရလိမ့်မည်။
25 Then the Almighty will be thy precious ore, and silver heaped up unto thee;
၂၅ထိုအခါ အနန္တ တန်ခိုးရှင်သည် သင် ၌ရွှေ ရတနာ၊ သင် သုံးရသောငွေ ဘဏ္ဍာဖြစ် တော်မူလိမ့်မည်။
26 Yea, then shalt thou delight thyself in the Almighty, and shalt lift up thy face unto God:
၂၆သင်သည်အနန္တ တန်ခိုးရှင်၌ မွေ့လျော် ၍ ၊ ဘုရား သခင်ကို ဖူးမြော် ရသောအခွင့်ရှိလိမ့်မည်။
27 Thou shalt make thy prayer unto him, and he will hear thee, and thou shalt pay thy vows;
၂၇သင်ဆုတောင်း သောအခါ နားထောင် တော်မူမည်။ သစ္စာ ဂတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေ ရသော အခွင့်ရှိလိမ့်မည်။
28 And thou shalt decree a thing, and it shall be established unto thee; and light shall shine upon thy ways.
၂၈သင်ကြံစည်သောအကြံအစည် သည် ထမြောက် ၍၊ သင် သွားသောလမ်း ၌ ရောင်ခြည် ထွန်း လိမ့်မည်။
29 When they are made low, then thou shalt say, Rise up! and he shall save him that is of downcast eyes.
၂၉သူတပါးတို့သည် နှိမ့်ချ ခြင်းကိုခံရသောအခါ ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆို ရလိမ့်မည်။ စိတ် နှိမ့်ချသောသူကို ကယ်တင် တော်မူလိမ့်မည်။
30 [Even] him that is not innocent shall he deliver; yea, he shall be delivered by the pureness of thy hands.
၃၀အပြစ် မကင်းသောသူကိုပင် ကယ်နှုတ် တော်မူလိမ့်မည်။ သင် ပြုသောအမှု သန့်ရှင်း သောအားဖြင့် သူသည်ကယ်တင် ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို၏။

< Job 22 >