< Jeremiah 34 >
1 The word that came to Jeremiah from Jehovah, when Nebuchadnezzar king of Babylon, and all his army, and all the kingdoms of the earth under his dominion, and all the peoples, fought against Jerusalem and against all the cities thereof, saying,
၁ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းကြီးသည် ဗိုလ်ခြေ အပေါင်း ၊ အစိုးရ တော်မူသမျှ သော တိုင်း နိုင်ငံသား၊ လူမျိုး အသီးအသီး အပေါင်းတို့နှင့်တကွ၊ ယေရုရှလင် မြို့ကို၎င်း၊ ထို မြို့နှင့်ဆိုင်သမျှ သောမြို့ရွာ တို့ကို၎င်းတိုက် သောအခါ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် ၍၊
2 Thus saith Jehovah, the God of Israel: Go and speak to Zedekiah king of Judah, and tell him, Thus saith Jehovah: Behold, I give this city into the hand of the king of Babylon, and he shall burn it with fire.
၂ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ယုဒ ရှင်ဘုရင် ဇေဒကိ ကို သွား ၍ ပြော ရမည်မှာ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ မြို့ ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါ အပ် ၍ ၊ သူသည် မီးရှို့ လိမ့်မည်။
3 And thou shalt not escape out of his hand, but shalt certainly be taken, and given into his hand; and thine eyes shall behold the eyes of the king of Babylon, and his mouth shall speak with thy mouth, and thou shalt go to Babylon.
၃သင် သည် ထိုမင်း လက် နှင့် မ လွတ် ရ။ စင်စစ်သင့်ကိုဘမ်းဆီး ၍ ထိုမင်း လက် သို့ အပ် ကြလိမ့်မည်။ သင် သည် ဗာဗုလုန် ရှင်ဘုရင် ကို မျက်နှာ ချင်းဆိုင်၍ တယောက်နှင့်တယောက် စကားပြော ရလိမ့်မည်။ ဗာဗုလုန် မြို့သို့လည်း သွား ရလိမ့်မည်။
4 Only, hear the word of Jehovah, O Zedekiah king of Judah. Thus saith Jehovah as to thee: Thou shalt not die by the sword;
၄သို့ရာတွင်၊ ယုဒ ရှင်ဘုရင် ဇေဒကိ မင်းကြီး၊ ထာဝရဘုရား ၏ စကား တော်ကို နားထောင် လော့။ မင်းကြီး ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင်သည် ထား ဖြင့် အသေ မ ခံရ။
5 thou shalt die in peace, and with the burnings of thy fathers, the former kings that were before thee, so shall they burn for thee; and they will lament for thee, Ah, lord! for I have spoken the word, saith Jehovah.
၅ငြိမ်ဝပ် စွာ သေ ၍ သင့် ရှေ့ မှာ စိုးစံ သော ဘိုး တော်ဘေးတော်တို့အဘို့ ပြုဘူးသည်နည်းတူ၊ သင့် အဘို့ နံ့သာပေါင်းကို မီးရှို့ လျက် ၊ ဩ သခင် ဟူ၍ငိုကြွေး မြည်တမ်းကြလိမ့်မည်၊ ငါ ပြော ထားပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
6 And the prophet Jeremiah spoke all these words unto Zedekiah king of Judah, in Jerusalem.
၆ဗာဗုလုန် ရှင်ဘုရင် ၏ ဗိုလ်ခြေ တို့သည် ယေရုရှလင် မြို့ကို ၎င်း၊
7 And the king of Babylon's army fought against Jerusalem, and against all the cities of Judah that were left, against Lachish, and against Azekah; for these were amongst the cities of Judah, the fenced cities that were left.
၇ယုဒပြည်၌ ခိုင်ခံ့ ၍ ကျန်ကြွင်း သောမြို့ ၊ လာခိရှ မြို့၊ အဇေကာ မြို့တည်းဟူသောယုဒ ပြည် ၌ ကျန် ကြွင်း သော မြို့ တို့ကို၎င်းတိုက် သောအခါ ၊ ပရောဖက် ယေရမိ သည် ထို စကား အလုံးစုံ တို့ကို ယုဒ ရှင်ဘုရင် ဇေဒကိ အား ဆင့်ဆို လေ၏။
8 The word that came unto Jeremiah from Jehovah, after that king Zedekiah had made a covenant with all the people that were at Jerusalem, to proclaim liberty unto them:
၈ယေရုရှလင် မြို့သား အပေါင်း တို့သည် အသီးအသီး စေစားသော ယုဒ ညီအစ်ကို ချင်း၊
9 that every man should let his bondman, and every man his bondmaid, the Hebrew and the Hebrewess, go free, that none should exact service of them, [that is, ] of a Jew his brother.
၉အစေခံရသောဟေဗြဲ အမျိုးကျွန်ယောက်ျား မိန်းမ တို့ကို နောက်တဖန် မ စေစားဘဲလွှတ် စေခြင်းငှါ ၊ ဇေဒကိ မင်းကြီး သည် လွှတ်ခြင်း တရားကို စီရင် မည်ဟု ဝန်ခံပြီးသည်နောက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ရောက် လာ၏။
10 And all the princes and all the people that had entered into the covenant obeyed, every man letting his bondman and every man his bondmaid go free, that none should exact service of them any more: they obeyed, and let [them] go.
၁၀အကြောင်းမူကား၊ ဝန်ခံ သောမှူးမတ် ၊ ဆင်းရဲသား အပေါင်း တို့သည် အသီးအသီး စေစား သော ကျွန် ယောက်ျား မိန်းမ တို့ကို နောက် တဖန် မ စေစား ဘဲ လွှတ် ရမည်ဟု ကြားသောအခါ၊ နားထောင် ၍ လွှတ် လိုက်ကြ၏။
11 But afterwards they turned, and caused the bondmen and the bondmaids whom they had let go free, to return, and brought them into subjection for bondmen and for bondmaids.
၁၁နောက် တဖန် ပြောင်းလဲ ၍ ယခင်လွှတ် ပြီးသော ကျွန် ယောက်ျား မိန်းမ တို့ကို ခေါ် ပြန်၍ အစေ ကျွန်ခံစေကြ ၏။
12 And the word of Jehovah came to Jeremiah from Jehovah, saying,
၁၂ထိုကြောင့် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် ၍၊
13 Thus saith Jehovah the God of Israel: I made a covenant with your fathers in the day that I brought them forth out of the land of Egypt, out of the house of bondage, saying,
၁၃ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့ဘိုးဘေး များကို ကျွန်ခံ နေရာ အဲဂုတ္တု ပြည် မှ ငါ နှုတ်ဆောင် သောအခါ ၊
14 At the end of seven years ye shall let go every man his brother, a Hebrew, who hath sold himself unto thee; when he hath served thee six years, thou shalt let him go free from thee. But your fathers hearkened not unto me, neither inclined their ear.
၁၄သင်တို့သည် အသီးအသီးဝယ်သော ညီအစ်ကို ချင်း ဟေဗြဲ အမျိုးသားတို့ကို ခုနစ် နှစ် စေ့ လျှင် လွှတ် ရမည် ။ ခြောက် နှစ် ပတ်လုံးသင် တို့၌ အစေကျွန်ခံ ပြီးမှ ၊ လွတ် သော အခွင့် ကိုပေးရမည်ဟု ပညတ်သော်လည်း ၊ သင် တို့ဘိုးဘေး များတို့သည် ငါ့ စကားကို နား မ ထောင်၊ နား ကို ပိတ် လျက်နေကြ၏။
15 And you, ye had this day turned, and had done right in my sight, in proclaiming liberty every man to his neighbour; and ye had made a covenant before me in the house which is called by my name:
၁၅သင်တို့သည် ယခုမှာပြောင်းလဲ ၍၊ အသီးအသီး အိမ်နီးချင်း တို့ အား လွတ် ရသောအခွင့်ကို ထင်ရှား စွာ စီရင်သဖြင့်၊ ငါ့ ရှေ့ ၌ တရား သော အမှုကို ပြု လျက်၊ ငါ့ နာမ ဖြင့် သမုတ် သော ဗိမာန် တော်၌ ငါ့ ရှေ့ မှာ ဝန်ခံခြင်း ပဋိညာဉ် ကိုပြု ကြသော်လည်း ၊
16 but ye have turned and profaned my name, and caused every man his bondman, and every man his bondmaid, whom ye had set at liberty at their pleasure, to return, and ye have brought them into subjection, to be unto you for bondmen and for bondmaids.
၁၆တဖန် ပြောင်းလဲ ၍ ငါ ၏နာမ ကို ရှုတ်ချ လျက် ၊ အသီးအသီး ရှင်းရှင်းလွှတ် ဘူးသော ကျွန် ယောက်ျား မိန်းမ တို့ကို ခေါ် ပြန်၍ အစေ ကျွန်ခံစေကြပြီတကား။
17 Therefore thus saith Jehovah: Ye have not hearkened unto me, in proclaiming liberty, every man to his brother, and every man to his neighbour: behold, I proclaim a liberty for you, saith Jehovah, to the sword, to the pestilence, and to the famine; and I will give you over to be driven hither and thither among all the kingdoms of the earth.
၁၇ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် အသီးအသီး ညီအစ်ကို ချင်း၊ အိမ်နီးချင်း တို့ အား လွတ် ရသောအခွင့်ကို ထင်ရှား စွာ မစီရင်၊ ငါ့ စကား ကို နား မ ထောင်သောကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည် သင် တို့အဘို့ ၊ ထား ဘေး၊ ကာလနာ ဘေး၊ မွတ်သိပ် ခြင်းဘေးတို့အား လွတ် သောအခွင့်ကို ထင်ရှား စွာ စီရင်၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၌ အနှောင့် အရှက်ခံ စေမည်။
18 And I will give the men that have transgressed my covenant, who have not performed the words of the covenant which they had made before me, — the calf which they cut in twain, and passed between the parts thereof,
၁၈နွားသငယ် ကို ထက်ခြမ်းခွဲ ၍ ၊ အလယ် သို့ ရှောက် သွားလျက်၊ ငါ့ ရှေ့ မှာပြု သော ဝန်ခံခြင်းပဋိညာဉ် စကား အတိုင်းမ ကျင့် ၊ ငါ ၏ပဋိညာဉ် ကို ဖျက် သော သူ တည်းဟူသော၊
19 — the princes of Judah and the princes of Jerusalem, the eunuchs, and the priests, and all the people of the land, that passed between the parts of the calf;
၁၉ယုဒ မင်း ၊ ယေရုရှလင် မင်း ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် အစ ရှိသော၊ နွားသငယ် ထက် ခြမ်းအလယ် သို့ ရှောက်သွား သော ပြည်သူ ပြည်သားအပေါင်း တို့ကို၊
20 them will I give into the hand of their enemies and into the hand of them that seek their life; and their carcases shall be food for the fowl of the heavens and for the beasts of the earth.
၂၀သူ တို့ရန်သူ များလက် သို့ ၎င်း ၊ သတ် ချင်သောသူများလက် သို့ ၎င်း ငါအပ် မည်။ သူ တို့အသေ ကောင် များတို့သည် မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ များ စားစရာ ဘို့ဖြစ်ကြလိမ့်မည်။
21 And Zedekiah king of Judah and his princes will I give into the hand of their enemies, and into the hand of them that seek their life, and into the hand of the king of Babylon's army, which are gone up from you.
၂၁ယုဒ ရှင်ဘုရင် ဇေဒကိ မှစ၍ မှူး တော်မတ်တော် တို့ကို သူ တို့ရန်သူ များလက် သို့ ၎င်း ၊ သတ် ချင်သောလူများ လက် သို့ ၎င်း ၊ ယခုလွှဲ သွားသောဗာဗုလုန် ရှင်ဘုရင် ၏ ဗိုလ်ခြေ များလက် သို့ ၎င်း ငါအပ် မည်။
22 Behold, I command, saith Jehovah, and I will cause them to return to this city; and they shall fight against it, and take it, and burn it with fire; and I will make the cities of Judah a desolation, without inhabitant.
၂၂ငါ သည် အမိန့် တော်ပေး၍ သူ တို့ကို ဤ မြို့ သို့ ပြန် လာစေမည်။ သူတို့သည် တိုက် ယူ ၍ မီးရှို့ ကြလိမ့်မည်။ ငါသည်လည်း၊ ယုဒ မြို့ ရွာတို့ကို လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။