< Jeremiah 22 >

1 Thus saith Jehovah: Go down to the house of the king of Judah, and speak there this word,
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ယုဒ ရှင်ဘုရင် ၏ နန်းတော် သို့သွား ၍ ဆင့် ဆိုရမည်မှာ၊
2 and say, Hear the word of Jehovah, O king of Judah, that sittest upon the throne of David, thou, and thy servants, and thy people who enter in through these gates.
ဒါဝိဒ် မင်းကြီး၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် သော ယုဒ ရှင်ဘုရင် ၊ သင့် ကိုယ်တိုင်မှစ၍ သင် ၏ကျွန် များနှင့် ၊ ဤ မြို့တံခါး တို့ဖြင့် ဝင် သောသင် ၏လူ များတို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။
3 Thus saith Jehovah: Execute judgment and righteousness, and deliver the spoiled out of the hand of the oppressor; and do no wrong, do no violence to the stranger, the fatherless, or the widow, and shed not innocent blood in this place.
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တရား သဖြင့် စီရင် ၍ ဖြောင့်မတ် စွာ ဆုံးဖြတ်ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲ သောသူ ၏လက် မှ ကယ်နှုတ် ကြလော့။ ဧည့်သည် ဖြစ်သောသူ၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့ကို မတရား သဖြင့်မ ပြု၊ မ ညှဉ်းဆဲ ကြနှင့်။ အပြစ် မရှိသောသူတို့ ကို ဤ အရပ် ၌ မ ကွပ်မျက် ကြနှင့်။
4 For if ye do this thing indeed, then shall there enter in through the gates of this house kings sitting in the place of David upon his throne, riding in chariots and on horses, — he, and his servants, and his people.
အကြောင်း မူကား၊ သင်တို့သည် ဤ ပညတ် တော် အတိုင်း အမှန်ပြု လျှင် ၊ ဒါဝိဒ် မင်းကြီး၏ ရာဇပလ္လင် ပေါ် မှာ ထိုင် သော ရထား စီး ၊ မြင်း စီးရှင် ဘုရင်တို့သည် ကျွန် များ၊ နိုင်ငံတော်သား များနှင့်တကွ၊ ဤ နန်းတော် တံခါး များ ကို ထွက်ဝင် ရကြလိမ့်မည်။
5 But if ye will not hear these words, I have sworn by myself, saith Jehovah, that this house shall become a waste.
သို့မဟုတ် ၊ သင်တို့သည် ဤ အမိန့် တော်ကို နား မ ထောင်ဘဲနေလျှင် ၊ ဤ နန်းတော် သည် လူဆိတ်ညံ သော အရပ်ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရား သည် ကိုယ် ကို ကိုယ်တိုင်တည် ၍ မိန့် တော်မူ၏။
6 For thus saith Jehovah concerning the house of the king of Judah: Thou art a Gilead unto me, the summit of Lebanon: verily I will make thee a wilderness, cities not inhabited.
ယုဒ ရှင်ဘုရင် ၏ နန်းတော် ကို ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည်ငါ ၌ ဂိလဒ် အရပ်ကဲ့သို့၎င်း ၊ လေဗနုန် တောင်ထိပ် ကဲ့သို့၎င်း ဖြစ်သော်လည်း၊ အကယ်စင်စစ်ငါသည်သင့်ကို လူမ နေ သောမြို့ ကဲ့သို့တော ဖြစ် စေမည်။
7 And I will prepare destroyers against thee, every one with his weapons; and they shall cut down the choice of thy cedars, and cast [them] into the fire.
သင့် ကို ဖျက်ဆီးစေခြင်းငှါ၊ ထား နှင့်ပုဆိန်ပါ သောသူ တို့ ကို ငါပြင်ဆင် သဖြင့် ၊ သူတို့သည် သင် ၌ အမြတ် ဆုံးသော အာရဇ ပင်တို့ကို ခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက် ကြလိမ့်မည်။
8 And many nations shall pass by this city, and they shall say every man to his neighbour, Wherefore hath Jehovah done thus unto this great city?
လူ အမျိုးမျိုး တို့သည် ဤ မြို့ အနားမှာ ရှောက် သွား လျက် ၊ ထာဝရဘုရား သည် ဤ မြို့ ကြီး ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု၊ တယောက် ကို တယောက်မေး ကြသည်ရှိသော် ၊
9 And they shall say, Because they have forsaken the covenant of Jehovah their God, and worshipped other gods, and served them.
ဤ မြို့သားတို့သည် မိမိတို့ဘုရား သခင်ထာဝရဘုရား ၏ ပဋိညာဉ် ကို စွန့်ပစ် ၍ ၊ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု ကိုးကွယ် ကြသောကြောင့် ၊ ဤသို့ပြုတော်မူသည်ဟု ပြန်ပြော ကြလိမ့်မည်။
10 Weep not for the dead, neither bemoan him; [but] weep sore for him that goeth away, for he shall return no more, nor see his native country.
၁၀သေ သောသူအတွက် ငိုကြွေး မြည်တမ်း ခြင်းကို မ ပြုကြနှင့်။ အခြားတပါးသို့ သွား သောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မ လာ ရ။ မိမိ မွေးဘွား ရာဌာန ကို မမြင် ရ။
11 For thus saith Jehovah concerning Shallum the son of Josiah, the king of Judah, who reigned instead of Josiah his father, who went forth out of this place: He shall not return thither any more;
၁၁ခမည်းတော် ယောရှိ မင်းကြီးအရာ ၌စိုးစံ ၍ ဤ ပြည် မှ ထွက် သွားသော ယုဒ ရှင်ဘုရင် ယောရှိ မင်းကြီး၏ သား ရှလ္လုံ ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ထိုမင်းသည် နောက် တဖန်ဤပြည်သို့ ပြန်၍မ လာ ရ။
12 for he shall die in the place whither they have led him captive, and shall see this land no more.
၁၂ရန်သူတို့ သိမ်း သွားရာပြည် ၌ ပင် သေ ရလိမ့်မည်။ ဤ ပြည် ကို နောက် တဖန်မ မြင် ရ။
13 Woe unto him that buildeth his house by unrighteousness, and his upper chambers by injustice; that taketh his neighbour's service without wages, and giveth him not his earning;
၁၃မ တရား သော အမှုအားဖြင့် မိမိ အိမ် ကို၎င်း ၊ အဓမ္မ ပြု၍ အထက် ခန်းတို့ကို၎င်းဆောက် သောသူ၊ အိမ်နီးချင်း ကိုအခ မ ပေးဘဲ စေစား ၍၊ အလုပ်လုပ်သည် အတွက် ဆုမချ သော သူသည် အမင်္ဂလာ ရှိ၏။
14 that saith, I will build me a wide house, and spacious upper chambers; and he cutteth out for himself windows; and it is wainscoted with cedar, and painted with vermilion.
၁၄ကြီး သောအိမ် ၊ ကျယ် သောအထက် ခန်းတို့ကို ငါဆောက် မည်ဟု ဆို လျက် ၊ ပြတင်းပေါက် ကို ဖေါက် ၍ ၊ အာရဇ် သစ်သားနှင့် မိုး ပြီးမှ ၊ ဟင်းသပြတား နှင့် ချယ်လှယ် ပြီတကား။
15 Shalt thou reign, because thou viest with the cedar? Did not thy father eat and drink, and do judgment and justice? Then it was well with him.
၁၅ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် အာရဇ် သစ်သား၏ ဂုဏ်ကိုကိုးစားသောကြောင့် စိုးစံ ရမည်လော။ သင် ၏ အဘ သည်ဝစွာ စား သောက် ရသည် မ ဟုတ်လော။ တရား သဖြင့် စီရင် ဆုံးဖြတ်သည်မဟုတ် လော။ ထို သို့ပြု၍ ကောင်းစား ခြင်းရှိ၏။
16 He judged the cause of the poor and needy; then it was well. Was not this to know me? saith Jehovah.
၁၆သူသည် ဆင်းရဲ ငတ်မွတ် သောသူတို့ အမှု ကို စောင့် ၍ တရား သဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။ ငါ့ ကိုသိ သော အကျိုးမ ဟုတ်လော။
17 But thine eyes and thy heart are only on thine extortion, and on the blood of the innocent, to shed it, and on oppression and on violence, to do it.
၁၇သင် ၏ မျက်စိ နှင့် သင် ၏နှလုံး မူကား ၊ လောဘ လွန်ကျူးခြင်း၊ အပြစ် မရှိသောသူကို သတ် ခြင်း၊ ညှဉ်းဆဲ နှိပ်စက် ခြင်းမှတပါး ၊ အဘယ်အမှုကိုမျှ မ မှတ် တတ်။
18 Therefore thus saith Jehovah concerning Jehoiakim the son of Josiah, the king of Judah: They shall not lament for him, Ah, my brother! or, Ah, sister! They shall not lament for him, Ah, lord! or Ah, his glory!
၁၈ထိုကြောင့်၊ ထာဝရဘုရား သည် ယုဒ ရှင်ဘုရင် ယောရှိ မင်းကြီး၏သား ယောယကိမ် ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား ၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩ ငါ့ အစ်ကို ၊ ဩ ငါ့နှမ ဟူ၍မ ငိုကြွေး ရကြ။ သူ ၏ အတွက် လည်း၊ ဩ သခင် ၊ ဩ အရှင်မ၏ ဘုန်း ဟူ၍မ မြည်တမ်း ရကြ။
19 He shall be buried with the burial of an ass, dragged along and cast forth beyond the gates of Jerusalem.
၁၉ယေရုရှလင် မြို့ပြင် သို့ ဆွဲသွား ၍ ပစ် ထားသဖြင့်၊ မြည်း ကို သင်္ဂြိုဟ် သကဲ့သို့ထိုမင်းကို သင်္ဂြိုဟ် ရလိမ့်မည်။
20 Go up to Lebanon, and cry; and give forth thy voice in Bashan, and cry from [the heights of] Abarim: for all thy lovers are destroyed.
၂၀လေဗနုန် တောင်ပေါ်သို့ တက် ၍ ကြွေးကြော် လော့။ ဗာရှန် ပြည်၌ အော်ဟစ် လော့။ အာဗရိမ် အရပ်မှာ အသံ ကိုလွှင့်လော့။ အကြောင်း မူကား၊ သင် ၏မိတ်ဆွေ အပေါင်း တို့သည် ပျက်စီး ခြင်းသို့ ရောက်ကြပြီ။
21 I spoke unto thee in thy prosperity; [but] thou saidst, I will not hear. This hath been thy way from thy youth, that thou hearkenedst not unto my voice.
၂၁သင် သည် ကောင်းစား သောအခါ ငါသတိပေး ၏။ သင်က၊ ငါနား မ ထောင်ဟု ပြန်ပြော ၏။ ငယ် သောအရွယ်မှစ၍ ငါ့ စကား ကို နား မ ထောင်ဘဲ နေမြဲရှိ၏။
22 The wind shall feed on all thy shepherds, and thy lovers shall go into captivity; surely, then shalt thou be ashamed and confounded for all thy wickedness.
၂၂သင့် ကို ကျွေးမွေး သော သူအပေါင်း တို့ကို လေ သည် စား လိမ့်မည်။ သင် ၏မိတ်ဆွေ တို့ကို ရန်သူတို့ သည် သိမ်း သွား ကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ် ပြု သမျှ သောဒုစရိုက် တို့ကြောင့် အမှန် ရှက်ကြောက် ၍ စိတ်ပျက် ခြင်း ရှိလိမ့်မည်။
23 Thou inhabitress of Lebanon, that makest thy nest in the cedars, how pitiful shalt thou be when pangs come upon thee, pain as of a woman in travail!
၂၃အာရဇ် ပင်တို့၌ အသိုက် လုပ်တတ်သော လေဗနုန် တောင်သား ၊ သားဘွား ခြင်းဝေဒနာကို မိန်းမခံရသကဲ့သို့ ၊ သင် သည်နာကျင် ခြင်းဝေဒနာ ကိုခံရ သောအခါ ၊ အဘယ် မျှလောက်သနား ဘွယ်ဖြစ်လိမ့်မည်တကား။
24 [As] I live, saith Jehovah, though Coniah the son of Jehoiakim, the king of Judah, were a signet upon my right hand, yet will I pluck thee thence;
၂၄ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယုဒ ရှင်ဘုရင် ယောယကိမ် မင်းကြီး၏သား ခေါနိ သည်၊ ငါ့ လက်ျာ လက် ၌ ပါသောတံဆိပ် လက်စွပ်မှန် သော်လည်း ၊ ငါ အသက် ရှင်သည်အတိုင်း သင့် ကို ငါပယ် ပစ်မည်။
25 and I will give thee into the hand of them that seek thy life, and into the hand of them before whom thou art afraid, even into the hand of Nebuchadrezzar king of Babylon, and into the hand of the Chaldeans.
၂၅သင့် အသက် ကိုသတ် ချင်သောသူ၊ သင် အလွန် ကြောက် သော သူတည်းဟူသောဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းမှစ၍ ခါလဒဲ လူတို့ လက် သို့ ငါအပ် မည်။
26 And I will cast thee out, and thy mother that bare thee, into another country, where ye were not born; and there shall ye die.
၂၆သင့် ကို၎င်း ၊ သင့် ကိုဘွား မြင်သော သင် ၏အမိ ကို၎င်း ၊ မွေးဘွား ရာ ဌာနမ ဟုတ်သော ပြည်သို့ ငါနှင်ထုတ် သဖြင့် ၊ ထို ပြည်၌ သင်တို့သည် သေ ကြ လိမ့်မည်။
27 And into the land whereunto they lift up their souls to return, thither shall they not return.
၂၇ပြန် လို သောပြည် သို့ နောက်တဖန်ပြန် ၍ မ လာရကြ။
28 Is this man Coniah a despised broken vase? a vessel wherein is no delight? Wherefore are they thrown out, he and his seed, and are cast into a land which they know not?
၂၈ဤ မင်းသား ခေါနိ သည် ရိုသေ ဘွယ်မဟုတ်၊ ကျိုးပဲ့ သောရုပ်တု ဖြစ်သလော။ အဘယ်သူမျှမ နှစ်သက် သောတန်ဆာ ဖြစ်သလော။ သူ နှင့် တကွ သူ ၏သား မြေး တို့ကို နှင်ထုတ် ၍ ၊ သူတို့မ သိ ဘူးသောပြည် ၌ အဘယ်ကြောင့် ချ ပစ်ရသနည်း။
29 O earth, earth, earth, hear the word of Jehovah!
၂၉အိုမြေကြီး ၊ မြေကြီး ၊ မြေကြီး ၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် လော့။
30 Thus saith Jehovah: Write this man childless, a man that shall not prosper in his days; for no man of his seed shall prosper, sitting upon the throne of David, and ruling any more in Judah.
၃၀ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ မင်း ကို သား မရှိသောသူ ဟူ၍၎င်း ၊ တသက် လုံးမ ကောင်းစား သောသူဟူ၍၎င်း ရေး မှတ်လော့။ သူ ၏သား မြေးတစုံ တယောက်မျှ ဒါဝိဒ် မင်းကြီး၏ ရာဇပလ္လင် ပေါ် မှာ ထိုင် ရ သောအခွင့်နှင့်၊ ယုဒ ပြည်ကို စိုးစံ ရသောအခွင့်မရှိရ။

< Jeremiah 22 >