< Jeremiah 19 >
1 Thus saith Jehovah: Go and buy a potter's earthen flagon, and [take] of the elders of the people, and of the elders of the priests;
၁ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် အိုးထိန်း သမားထံသို့သွား ၍ ရေဘူး ကိုယူ ပြီးလျှင် ၊ အသက်ကြီး သော လူ ၊ အသက်ကြီး သော ယဇ် ပုရောဟိတ်အချို့ တို့နှင့်တကွ၊
2 and go forth unto the valley of the son of Hinnom, which is by the entry of the pottery-gate, and proclaim there the words that I shall tell thee,
၂ဟရသိတ် တံခါး ပြင်၊ ဟိန္နုံ သား၏ ချိုင့်သို့ သွား ၍၊ ငါမိန့် တော်မူသည်အတိုင်း ကြွေးကြော် ရမည့်စကား ဟူမူကား၊
3 and say, Hear the word of Jehovah, O kings of Judah, and inhabitants of Jerusalem. Thus saith Jehovah of hosts, the God of Israel: Behold, I will bring evil upon this place, the which whosoever heareth, his ears shall tingle;
၃အိုယုဒ ရှင် ဘုရင်များနှင့် ယေရုရှလင် မြို့သား များတို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့ ။ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိတင်း ကြား သောသူတိုင်း နား ခါး သည်တိုင်အောင်၊ ငါ သည် ဤ အရပ် ၌ ဘေး ရောက် စေမည်။
4 because they have forsaken me, and have estranged this place [from me], and have burned incense in it unto other gods, whom neither they nor their fathers have known, nor the kings of Judah; and have filled this place with the blood of innocents;
၄အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့်ပစ် ကြပြီ ။ ကိုယ်တိုင်မ သိ ၊ ဘိုးဘေးများမသိ ၊ ယုဒ ရှင် ဘုရင်များ မသိသော တကျွန်းတနိုင်ငံဘုရား တို့ ရှေ့ မှာ၊ ဤ အရပ်၌ နံ့သာပေါင်းကို မီးရှို့ သဖြင့်၊ ဤ အရပ် ကို တကျွန်း တနိုင်ငံမြေဖြစ် စေကြပြီ။ အပြစ် မရှိသောသူတို့ ၏ အသွေး နှင့် ဤ အရပ် ကို ပြည့် စေကြပြီ။
5 and they have built the high places of Baal, to burn their sons in the fire as burnt-offerings unto Baal, which I commanded not, nor spake it, neither came it up into my mind:
၅ငါမ စီရင် မ မှာ ထား၊ ငါ အလျှင်းအလို မ ရှိသော ဝတ်တည်းဟူသော၊ ဗာလ ဘုရားရှေ့ မှာ မိမိ သား တို့ကို မီးရှို့ ၍၊ ပူဇော် ရာ ဝတ်ပြုခြင်းငှါ ၊ ဗာလ ဘုရားဘို့ ကုန်း တို့ကို တည် လုပ်ကြပြီ။
6 therefore behold, days come, saith Jehovah, that this place shall no more be called Topheth, nor Valley of the son of Hinnom, but the valley of slaughter.
၆သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို အရပ် ကို တောဖက် အရပ်ဟူ၍မ ခေါ် ၊ ဟိန္နုံ သား၏ ချိုင့်ဟူ၍မခေါ်၊ ကွပ်မျက် ရာ ချိုင့် ဟူ၍ခေါ်ရသောအချိန် ကာလသည် ရောက် လိမ့်မည်။
7 And I will make void the counsel of Judah and Jerusalem in this place; and I will cause them to fall by the sword before their enemies, and by the hand of them that seek their life, and their carcases will I give as food to the fowl of the heavens and to the beasts of the earth.
၇ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည်သော အကြံအစည် ကို ဤ အရပ် ၌ ငါဖျက် မည်။ ရန်သူ ၏ ထား ဖြင့် ၎င်း ၊ သတ်ခြင်းငှါရှာ သောသူ၏ လက် ဖြင့် ၎င်း ၊ သူ တို့ကို ငါဆုံး စေမည်။ သူ တို့အသေ ကောင် များကိုလည်း မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ စားစရာ ဘို့ ငါထား မည်။
8 And I will make this city an astonishment and a hissing; every one that passeth by shall be astonished and hiss because of all the plagues thereof.
၈ဤ မြို့ ကိုလည်း လူဆိတ်ညံ ရာ၊ ကဲ့ရဲ့ သံကို ကြားရာအရပ်ဖြစ် စေမည်။ လမ်း၌ရှောက် သွားသမျှ သောသူတို့ သည် ဤမြို့ ခံရသောဘေး အလုံးစုံ တို့ကို မြင်သောအခါ ၊ အံ့ဩ ၍ ကဲ့ရဲ့ သံကို ပြုကြလိမ့်မည်။
9 And I will cause them to eat the flesh of their sons and the flesh of their daughters, and they shall eat everyone the flesh of his friend, in the siege and in the straitness wherewith their enemies, and they that seek their lives, shall straiten them.
၉သတ်ခြင်းငှါရှာကြံ သောရန်သူ များတို့သည် ဝိုင်း ၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ် လျက် နေ၍၊ ကိုယ် သား သမီး အသား ကို ငါစား စေမည်။ အချင်းချင်း တယောက်အသားကို တယောက်စား ကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊
10 And thou shalt break the flagon in the sight of the men that go with thee,
၁၀သင် နှင့် အတူသွား သောသူတို့ရှေ့ တွင်၊ ရေဘူး ကိုခွဲ လော့။
11 and shalt say unto them, Thus saith Jehovah of hosts: Even so will I break this people and this city, as one breaketh a potter's vessel, that cannot be made whole again. And they shall bury in Topheth, till there be no place to bury.
၁၁ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား က၊ နောက် တဖန်မ ပြင် နိုင် အောင် ရေဘူး ကို ခွဲ သကဲ့သို့ ၊ ဤ လူ များနေသောဤ မြို့ ကို ငါခွဲ မည်။ တောဖက် အရပ်၌ သင်္ဂြိုဟ် ရာ မြေ မ လောက်အောင် သင်္ဂြိုဟ် ကြလိမ့်မည်။
12 Thus will I do unto this place, saith Jehovah, and to the inhabitants thereof, and make this city as Topheth.
၁၂ဤ အရပ် ၌၎င်း ၊ ဤအရပ် သားတို့၌ ၎င်း ၊ ဤ သို့ငါပြု ၍ ဤ မြို့ ကို တောဖက် အရပ်ကဲ့သို့ ဖြစ် စေမည်။
13 And the houses of Jerusalem and the houses of the kings of Judah shall be as the place of Topheth, defiled, all the houses upon whose roofs they have burned incense unto all the host of the heavens, and have poured out drink-offerings unto other gods.
၁၃အကြင်အိမ်မိုး အပေါ် မှာ ကောင်းကင် တန်ဆာ ရှိသမျှ တို့အား နံ့သာ ပေါင်းကို မီးရှို့၍ ၊ အခြား တပါးသော ဘုရား များရှေ့ ၌ သွန်းလောင်း ရာပူဇော်သက္ကာပြု ၏။ ထို အိမ် ရှိသမျှ တို့နှင့်တကွယေရုရှလင် မြို့ အိမ် များ၊ ယုဒ ရှင်ဘုရင် ၏ နန်းတော် များတို့သည် တောဖက် အရပ် ကဲ့သို့ မစင်ကြယ် ဖြစ်ရကြလိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မှာထားတော်မူ၏။
14 And Jeremiah came from Topheth, whither Jehovah had sent him to prophesy; and he stood in the court of Jehovah's house, and said to all the people,
၁၄ထိုအခါ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရား စေလွှတ် တော်မူရာ တောဖက် အရပ်က ၊ ယေရမိ သည် ပြန်လာ ၍ ဗိမာန် တော်တန်တိုင်း ၌ ရပ် လျက် ၊
15 Thus saith Jehovah of hosts, the God of Israel: Behold, I will bring upon this city and upon all her cities all the evil that I have spoken against it; for they have hardened their necks, not to hear my words.
၁၅ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤမြို့သားတို့သည် ငါ့ စကား ကို နား မ ထောင်ခြင်းငှါ၊ မိမိ တို့ လည်ပင်း ကို ခိုင်မာ စေသောကြောင့် ၊ ငါခြိမ်း သမျှသော ဘေးဒဏ် တို့ကို၊ ဤ မြို့ ရွာ ရှိသမျှ တို့အပေါ် မှာ သက်ရောက် စေမည်ဟူသောအမိန့် တော်ကို လူ အပေါင်း တို့အား ဆင့်ဆို လေ၏။