< Jeremiah 18 >

1 The word that came to Jeremiah from Jehovah, saying,
ယေရမိ သို့ ရောက်လာ သော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
2 Arise and go down to the potter's house, and there I will cause thee to hear my words.
သင် သည် ထ ၍ အိုးထိန်း သမားအိမ် သို့ သွား လော့။ ထို အရပ်၌ ငါ့ စကား ကို ငါကြား စေမည်ဟု မိန့် တော်မူသည်အတိုင်း ၊
3 And I went down to the potter's house; and behold, he wrought a work on the wheels.
ငါသည်သွား ၍ ၊ အိုးထိန်း စက်နှင့် လုပ် လျက်ရှိသော အိုးထိန်း သမားကိုတွေ့ ၏။
4 And the vessel that he made was marred, as clay, in the hand of the potter; and he made it again another vessel, as seemed good to the potter to make.
အိုးမြေ ဖြင့် လုပ် သော အိုး သည်၊ အိုးထိန်း သမား လက် ၌ ပျက်စီး သောကြောင့် ၊ သူသည်အလိုအလျောက်အသစ်ပြုပြင် ၍ ၊ အခြား သောအိုး ကို လုပ် ပြန်လေ၏။
5 And the word of Jehovah came to me, saying,
ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ငါ့ ဆီသို့ ရောက် လာ၍ ၊ ထာဝရဘုရားမိန့် တော်မူသည် ကား၊
6 House of Israel, cannot I do with you as this potter? saith Jehovah. Behold, as the clay in the potter's hand, so are ye in my hand, house of Israel.
အို ဣသရေလ အမျိုး ၊ အိုးထိန်း သမားပြုသကဲ့သို့ သင် တို့ကို ငါမ ပြု နိုင် သလော။ အို ဣသရေလ အမျိုး ၊ အိုးမြေ သည် အိုးထိန်း သမားလက် ၌ ရှိသကဲ့သို့ သင် တို့သည် ငါ့ လက် ၌ ရှိကြ၏။
7 At the moment that I speak concerning a nation and concerning a kingdom, to pluck up, and to break down, and to destroy,
အကြင် တိုင်း နိုင်ငံ ကို နှုတ်ပယ် ဖြိုချ ဖျက်ဆီး ခြင်းငှါ ငါအမိန့် တော်ရှိ၏၊
8 if that nation, concerning which I have spoken, turn from their evil, then I will repent of the evil that I thought to do unto them.
ငါ့အမိန့်တော်နှင့် ဆိုင်သော ထိုတိုင်း နိုင်ငံသည် မိမိ ဒုစရိုက် ကို စွန့်ပစ် လျှင်၊ ငါကြံစည် သော ဘေးဒဏ် ကို ငါနောင်တ ရမည်။
9 And at the moment that I speak concerning a nation and concerning a kingdom, to build and to plant,
အကြင်တိုင်း နိုင်ငံ ကို တည်ထောင် ပြုစု ခြင်းငှါ ငါအမိန့် တော်ရှိ၏၊
10 if it do evil in my sight, that it hearken not unto my voice, then I will repent of the good wherewith I said I would benefit them.
၁၀ထိုတိုင်းနိုင်ငံသည် ငါ့ စကား ကို နား မ ထောင်၊ ငါ့ မျက်မှောက် ၌ ဒုစရိုက် ကိုပြု လျှင် ၊ သူ ၏အကျိုး အလိုငှါ ပြုစု မည်ဟူသော စကား၌ပါသောကျေးဇူး ကို ငါနောင်တ ရမည်။
11 And now, speak to the men of Judah and to the inhabitants of Jerusalem, saying, Thus saith Jehovah: Behold, I prepare evil against you, and devise a device against you: turn ye then every one from his evil way, and amend your ways and your doings.
၁၁ယခု မှာ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့အဘို့ ဘေးဒဏ် ကို ငါ ပြင်ဆင် ၏။ သင် တို့ကို ဆန့်ကျင်ဘက်ပြု၍ ငါကြံစည် ၏။ သို့ဖြစ်၍၊ ဆိုး သော လမ်း မှ အသီးအသီး ပြန် လာကြလော့။ သင် တို့လိုက်သော လမ်း နှင့် သင် တို့ကျင့်သောအကျင့် ကို ဖြောင့် စေကြလော့ ဟု၊ ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့အား ဆင့်ဆို လော့။
12 But they say, There is no hope; for we will walk after our own devices, and we will each one do [according to] the stubbornness of his evil heart.
၁၂သူတို့ကလည်း၊ မြော်လင့် စရာမရှိ။ ငါတို့သည် ကိုယ် အလို သို့ လိုက်မည်။ ငါတို့၌ ဆိုး သော စိတ် နှလုံးခိုင်မာ ခြင်းရှိသည်အတိုင်း၊ အသီးအသီး ပြု မည်ဟု ဆို ကြ ၏။
13 Therefore thus saith Jehovah: Ask ye now among the nations, Who hath heard such things? The virgin of Israel hath done a very horrible thing.
၁၃သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထိုသို့ သော အမှုကို အဘယ် သူကြား ဘူးသနည်းဟု သာသနာပ လူတို့တွင် မေး ကြလော့။ ဣသရေလ သတို့သမီး ကညာသည် အလွန် စက်ဆုပ်ရွံရှာ ဘွယ်သော အမှုကိုပြု လေပြီ။
14 Shall the snow of Lebanon cease from the rock of the field? Shall the cool flowing waters coming from afar be dried up?
၁၄လွင်ပြင် ၌ရှိသောကျောက် ကို မစွန့် ၊ လေဗနုန် တောင်၏ မိုဃ်းပွင့် ကို အဘယ်သူစွန့်မည်နည်း။ အခြား တပါးသော အရပ်မှစီး လာ၍ ချမ်းဧ သောမြစ်ရေ သည် ခန်း ခြောက်လိမ့်မည်လော။
15 For my people hath forgotten me: they burn incense to vanity; and they have caused them to stumble in their ways, the ancient paths, to walk in by-paths of a way not cast up;
၁၅ငါ ၏လူ တို့သည် ငါ့ ကိုမေ့လျော့ ၍၊ အချည်းနှီး သော အရာရှေ့မှာ နံ့သာ ပေါင်းကို မီးရှို့ကြပြီ။ ရှေး ကာလ မှစ၍လိုက်ဘူးသော လမ်း တို့၌ လဲ တတ်သောကြောင့်၊ အခြားသောလမ်း ၊ မြေမ ဖို့ သောလမ်းသို့ လိုက် ကြပြီ တကား။
16 to make their land an astonishment, a perpetual hissing: every one that passeth by shall be astonished, and shake his head.
၁၆ထိုသို့ပြု၍ မိမိ တို့ပြည် ကို လူဆိတ်ညံ ရာအရပ်၊ အစဉ် ကဲ့ရဲ့ သံ ကြားရာအရပ်ဖြစ်စေသဖြင့်၊ လမ်း၌ ရှောက်သွား သော သူအပေါင်း တို့သည် အံ့ဩ ၍ ၊ မိမိ တို့ ခေါင်း ကို ညှိတ် ကြလိမ့်မည်။
17 As with an east wind will I scatter them before the enemy; I will shew them the back, and not the face, in the day of their calamity.
၁၇ငါသည်အရှေ့ လေ ကဲ့သို့ သူ တို့ကို ရန်သူ ရှေ့မှာ လွင့် စေမည်။ ဘေး ရောက်သောကာလ ၌ သူ တို့အား မျက်နှာ ကို မ ပြ၊ ကျော ကိုပြ မည်။
18 And they said, Come, and let us devise devices against Jeremiah; for law shall not perish from the priest, nor counsel from the wise, nor word from the prophet. Come and let us smite him with the tongue, and let us not give heed to any of his words.
၁၈သူတို့ကလည်း လာ ကြ။ ယေရမိ တဘက် ၌ ကြံစည် ကြကုန်အံ့။ ယဇ် ပုရောဟိတ်သည် တရား အမှု၌၎င်း ၊ ပညာရှိ သောသူသည် အကြံ ပေးခြင်းအမှု၌၎င်း ၊ ပရောဖက် သည် ဟော ပြောခြင်းအမှု၌ ၎င်း အရှုံး မခံရ။ လာ ကြ။ ယေရမိ ကိုလျှာ နှင့် ရိုက် ကြကုန်အံ့။ သူ ၏စကား ကို နား မထောင်ဘဲနေကြကုန်အံ့ဟု ဆို ကြ၏။
19 Jehovah, give heed to me, and listen to the voice of those that contend with me.
၁၉အို ထာဝရဘုရား ၊ အကျွန်ုပ် ကို ကြည့်ရှု တော်မူ ပါ။ အကျွန်ုပ် နှင့် ရန်တွေ့ သောသူတို့ ၏ စကား ကို မှတ် တော်မူပါ။
20 Shall evil be recompensed for good? For they have digged a pit for my soul. Remember how I stood before thee to speak good for them, to turn away thy wrath from them.
၂၀ကျေးဇူး ပြုသောအတွက် အပြစ် ပေး သင့်ပါမည် လော။ သူတို့သည် အကျွန်ုပ် အသက် ဘို့ တွင်း ကိုတူး ကြ ပါပြီ။ အကျွန်ုပ်သည် သူ တို့ အကျိုး အလိုငှါ လျှောက် ၍၊ သူ တို့မှ အမျက် တော်ကို လွှဲ ခြင်းငှါ ၊ ရှေ့ တော်၌ ရပ် နေကြောင်းကို အောက်မေ့ တော်မူပါ။
21 Therefore give up their children to the famine, and deliver them over to the power of the sword; and let their wives be bereaved of children and be widows; and let their men be swept off by death, their young men be smitten by the sword in battle.
၂၁ထိုကြောင့်၊ သူတို့ကို ထားဘေးသို့၎င်း ၊ သူ တို့သားသမီး များကို မွတ်သိပ် ခြင်းသို့ ၎င်း အပ် တော်မူပါ။ သူ တို့မိန်းမ တို့သည် သားများဆုံး၍ မုတ်ဆိုးမ ဖြစ် ကြပါစေသော။ လူ ကြီးတို့သည် အသေသတ် ခြင်းကို ခံရ ၍၊ လူပျို တို့ လည်း စစ်တိုက် ပွဲ၌ ထား ဖြင့် ဆုံး ကြပါစေသော။
22 Let a cry be heard from their houses, when thou shalt bring a troop suddenly upon them; for they have digged a pit to take me, and have hidden snares for my feet.
၂၂စစ်တိုက်သော ရန်သူ များကို သူ တို့ရှိရာသို့ ချက်ခြင်း ရောက် စေတော်မူသောအခါ ၊ သူ တို့အိမ်သား များ အော်ဟစ် ကြပါစေသော။ အကြောင်းမူကား၊ အကျွန်ုပ် ကို ထောင် ခြင်းငှါ တွင်း ကိုတူး ကြပါပြီ။ အကျွန်ုပ် သွား ရာလမ်း ၌ ကျော့ကွင်း ကို ဝှက်ထား ကြပါပြီ။
23 And thou, Jehovah, knowest all their counsel against me to slay me. Forgive not their iniquity, neither blot out their sin from thy sight, but let them be overthrown before thee: deal with them in the time of thine anger.
၂၃အို ထာဝရဘုရား ၊ အကျွန်ုပ် အသက်ကို သတ် ခြင်းငှါ ၊ သူ တို့ ကြံစည် သမျှ ကို ကိုယ်တော် သိ တော်မူ ၏။ သူ တို့ကို အပြစ် မှလွှတ် တော်မ မူပါနှင့်။ မျက်မှောက် တော်၌ သူ တို့အပြစ် ကို ချေ တော်မ မူပါနှင့်။ ရှေ့ တော်၌ ဆုံးရှုံး ကြပါ စေသော။ အမျက် တော်ထွက် သောအခါ၊ သူ တို့ကို စီရင် တော်မူပါ။

< Jeremiah 18 >