< Isaiah 53 >

1 Who hath believed our report? and to whom hath the arm of Jehovah been revealed?
ငါ တို့ ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံ သနည်း။ ထာဝရဘုရား ၏ လက် တော် သည် အဘယ် သူအား ထင်ရှား တော်မူသနည်း။
2 For he shall grow up before him as a tender sapling, and as a root out of dry ground: he hath no form nor lordliness, and when we see him, there is no beauty that we should desire him.
ထာဝရဘုရား၏ကျွန်သည် အညွန့် ကဲ့သို့ ၎င်း၊ သွေ့ ခြောက်သောမြေ ၌ ပေါက် သောအတက် ကဲ့သို့ ၎င်း၊ ရှေ့ တော်၌ ကြီးပွား ၏။ ပမာဏပြုစရာ အဆင်း တင့်တယ်ခြင်းမ ရှိ။ ချစ် လို ဘွယ်သော မျက်နှာ လက္ခဏာ နှင့် မ ပြည့်စုံ။
3 He is despised and left alone of men; a man of sorrows, and acquainted with grief, and like one from whom [men] hide their faces; — despised, and we esteemed him not.
မထီမဲ့မြင် ပြုခြင်းကိုခံ ၍ ၊ လူ တို့တွင် အယုတ် ဆုံး သောသူဖြစ် ၏ ငြိုငြင် သောသူ၊ နာကြဉ်းခြင်းဝေဒနာ နှင့် ကျွမ်းဝင် သောသူဖြစ် ၏။ သူတပါးမျက်နှာ လွှဲ ခြင်းကို ခံရသော သူကဲ့သို့ ဖြစ်၏။ မထီမဲ့မြင် ပြုခြင်းကိုခံ လျက်ရှိ၍၊ ငါတို့သည် မ ရိုသေ ကြ။
4 Surely he hath borne our griefs and carried our sorrows; and we, we did regard him stricken, smitten of God, and afflicted.
သို့သော်လည်း၊ ထိုသူ သည် ငါ တို့အနာ ရောဂါဝေဒနာများကို ယူတင်ဆောင်ရွက် လေ၏။ ဒဏ်ခတ် တော်မူခြင်းကို၎င်း၊ ဘုရား သခင်ဆုံးမ ၍ နှိမ့်ချတော်မူခြင်း ကို၎င်းခံရသောသူဖြစ်သည်ဟု ငါ တို့သည် ထင်မှတ် ကြပြီ။
5 But he was wounded for our transgressions, he was bruised for our iniquities; the chastisement of our peace was upon him, and with his stripes we are healed.
ထိုသူ သည် ငါ တို့ လွန်ကျူး ခြင်းအပြစ်များ ကြောင့် ၊ နာကျင်စွာ ထိုး ခြင်း၊ နှိပ်စက် ခြင်းကို ခံရလေ၏။ ငါ တို့၏ ငြိမ်သက် ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမ ခြင်းသည် သူ့ အပေါ် သို့ ရောက်၍ ၊ သူ ခံရသောဒဏ်ချက် အားဖြင့် ငါ တို့သည် အနာ ပျောက်လျက် ရှိကြ၏။
6 All we like sheep have gone astray, we have turned every one to his own way; and Jehovah hath laid upon him the iniquity of us all.
ငါ တို့ရှိသမျှ သည် သိုး ကဲ့သို့ လမ်းလွဲ လျက်၊ ကိုယ် လမ်း သို့ အသီးအသီး လိုက်သွား ကြသည်ဖြစ်၍ ၊ ထာဝရဘုရား သည် ခပ်သိမ်း သော ငါ တို့၏အပြစ် များကို သူ့ အပေါ် ၌ တင် တော်မူ၏။
7 He was oppressed, and he was afflicted, but he opened not his mouth; he was led as a lamb to the slaughter, and was as a sheep dumb before her shearers, and he opened not his mouth.
ထိုသူ သည် ညှဉ်းဆဲ ခြင်းနှင့် နှိမ့်ချ ခြင်းကိုခံ ၍ နှုတ် ကို မ ဖွင့် ဘဲနေ၏။ အသေသတ် ခြင်းငှါ ဆောင်သွားသော သိုးသငယ် ကဲ့သို့ သူ့ကို ဆောင် သွား၍ ၊ သိုး သည် အမွေးညှပ် သောသူရှေ့ မှာ မ မြည်ဘဲနေသကဲ့သို့ ၊ သူ သည် နှုတ် ကို မ ဖွင့် ဘဲ နေ၏။
8 He was taken from oppression and from judgment; and who shall declare his generation? for he was cut off out of the land of the living; for the transgression of my people was he stricken.
မတရားစွာ စီရင် ခြင်းအားဖြင့် သူ့ကို ထုတ် သွား ကြ၏။ အသက် ရှင်သောသူတို့ ၏ နေရာ မှ သူ့ကို သုတ်သင် ပယ်ရှင်းသည်ဖြစ်၍ ၊ သူ ၏အမျိုး အနွယ်ကို အဘယ်သူ ပြညွှန် မည်နည်း။ ငါ ၏လူမျိုး အပြစ် ကြောင့် ဒဏ်ခတ် တော်မူခြင်းကိုခံလေ၏။
9 And [men] appointed his grave with the wicked, but he was with the rich in his death, because he had done no violence, neither was there guile in his mouth.
ပြစ်မှား ခြင်းကို မ ပြု။ သူ ၏နှုတ် ၌ မုသာ မ ရှိ သော်လည်း ၊ လူဆိုး တို့နှင့်အတူ မြေမြှုပ်ခြင်းငှါစီရင် ကြ၏။ သို့ရာတွင် သေ ပြီးမှ သူဌေး ၌ ရှိ၏။
10 Yet it pleased Jehovah to bruise him; he hath subjected [him] to suffering. When thou shalt make his soul an offering for sin, he shall see a seed, he shall prolong [his] days, and the pleasure of Jehovah shall prosper in his hand.
၁၀ထာဝရဘုရား သည် သူ့ ကို နှိပ်စက် ခြင်းငှါအလို တော် ရှိ၍ နာ စေတော်မူ၏။ သူသည် အပြစ်ဖြေသော ယဇ် ကိုပူဇော် ပြီးမှ ၊ အမျိုး အနွယ်တော်ကို မြင် ရလိမ့်မည်။ အသက် တော်လည်း ရှည် လိမ့်မည်။ ထာဝရဘုရား ၏ အကြံ တော်သည်လည်း သူ ၏လက် ၌ ပြည့်စုံ ခြင်းသို့ ရောက်လိမ့်မည်။
11 He shall see of [the fruit of] the travail of his soul, [and] shall be satisfied: by his knowledge shall my righteous servant instruct many in righteousness; and he shall bear their iniquities.
၁၁မိမိ စိတ် ဝိညာဉ်ခံရသောဝေဒနာ ၏အကျိုးကို မိမိမြင် ၍ အား ရလိမ့်မည်။ ထိုဖြောင့်မတ် သော ငါ ၏ကျွန် ကို သိကျွမ်း ခြင်းအားဖြင့် ၊ သူသည် အများ သောသူတို့ ကို ဖြောင့်မတ် ရာ၌ တည်စေလိမ့်မည်။ သူ တို့၏အပြစ် ကို ကိုယ်တိုင် ဆောင်ရွက် ရ၏။
12 Therefore will I assign him a portion with the great, and he shall divide the spoil with the strong: because he hath poured out his soul unto death, and was reckoned with the transgressors; and he bore the sin of many, and made intercession for the transgressors.
၁၂ထိုသို့ မိမိ အသက် ကို သေ ခြင်း၌ သွန်း ၍၊ မတရား သောသူတို့ နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သဖြင့် ၊ လူများ တို့၏အပြစ် ကို ဆောင်ရွက် ၍ ၊ မတရား သောသူတို့ အဘို့ တောင်းပန် သောကြောင့် ၊ လူကြီး တို့ကို သူ ၏ အဘို့ဖြစ်စေခြင်းငှါ ငါခွဲ မည်။ အစွမ်းသတ္တိရှိသောသူတို့ ကို သူ၏လက်ရဥစ္စာကဲ့သို့၊ ကိုယ်တိုင်ဝေဖန်ရသောအခွင့် ရှိလိမ့်မည်။

< Isaiah 53 >