< Isaiah 52 >

1 Awake, awake; put on thy strength, O Zion; put on thy beautiful garments, Jerusalem, the holy city: for henceforth there shall no more come into thee the uncircumcised and the unclean.
အို ဇိအုန် မြို့၊ နိုး လော့။ နိုး ၍ ခွန်အား ကို ယူ လော့။ အိုယေရုရှလင် မြို့ တည်းဟူသော၊ သန့်ရှင်း သော မြို့၊ သင် ၏တင့်တယ် သော အဝတ် တန်ဆာတို့ကို ဝတ်ဆင် လော့။ အကြောင်း မူကား၊ နောက် တဖန်အရေဖျား လှီးခြင်းကို မခံသောသူနှင့် ညစ်ညူး သောသူတို့ သည် သင် ၏အထဲသို့ မ ဝင် ရကြ။
2 Shake thyself from the dust; arise, sit down, Jerusalem: loose thyself from the bands of thy neck, captive daughter of Zion.
အိုယေရုရှလင် မြို့၊ ကိုယ်၌ ကပ်သော မြေမှုန့် ကို ခါ လိုက်၍၊ မြင့်သော အရပ် ၌ ထိုင် လော့။ အိုချုပ် ထား လျက်ရှိသောဇိအုန် သတို့သမီး ၊ သင် ၏လည် ကြိုး ကို ချွတ် လော့။
3 For thus saith Jehovah: Ye have sold yourselves for nought, and ye shall be redeemed without money.
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့သည် ကိုယ်ဘိုး ငွေကို မ ရဘဲ ကျွန်ခံရသည်ဖြစ်၍၊ ငွေ မ ပေးဘဲ ရွေး ခြင်းသို့ ရောက်ကြလိမ့်မည်။
4 For thus saith the Lord Jehovah: My people went down at the first into Egypt to sojourn there, and Assyria oppressed them without cause;
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ ၏လူ တို့သည် အထက် က အဲဂုတ္တု ပြည်၌ တည်းခို အံ့ သောငှါ သွား ကြ၏။ နောက် မှ အာရှုရိ လူတို့သည် အကြောင်းမရှိဘဲ ညှဉ်းဆဲ ကြ၏။
5 and now, what have I here, saith Jehovah, that my people hath been taken away for nought? They that rule over them make them to howl, saith Jehovah; and continually all the day is my name scorned.
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ လူ တို့ကို အကြောင်း မရှိဘဲ ယူသွား ၍ ၊ အစိုးရ သောသူတို့ သည် ဝါကြွားလျက် ငါ့ နာမ ကို နေ့ တိုင်း ကဲ့ရဲ့ ကြသည် ဖြစ်၍၊ ငါ သည် အဘယ်သို့ ပြုရမည်နည်း။
6 Therefore my people shall know my name; therefore [they shall know] in that day that I [am] HE, that saith, Here am I.
သို့ဖြစ်၍ ၊ ငါ ၏လူ တို့သည် ငါ့ ကို သိ ကြလိမ့်မည်။ ဂတိထားသောသူကား၊ ငါ ဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည်။ အကယ်စင်စစ်ငါရှိသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
7 How beautiful upon the mountains are the feet of him that announceth glad tidings, that publisheth peace; that announceth glad tidings of good, that publisheth salvation, that saith unto Zion, Thy God reigneth!
ငြိမ်သက် ခြင်း၏ ဝမ်းမြောက် စရာ သိတင်းကို ကြား ပြောသောသူ၊ ကယ်တင် ခြင်းကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ သင် ၏ ဘုရား သခင်စိုးစံ တော်မူ၏ဟု ဇိအုန် မြို့အား ပြော သောသူ ၏ ခြေ တို့သည် တောင် ပေါ် မှာ အလွန်တင့်တယ် လှစွ တကား။
8 — The voice of thy watchmen, they lift up the voice, they sing aloud together; for they shall see eye to eye, when Jehovah shall bring again Zion.
သင် ၏ကင်းစောင့် တို့၏အသံ ကို နားထောင်ကြလော့။ သူတို့သည် အသံ ကို လွှင့် ၍၊ ရွှင်လန်းသော အသံ နှင့် တညီတညွတ် တည်းကြွေးကြော် ကြ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဇိအုန် မြို့သို့ ပြန် လာတော်မူကြောင်းကို ကိုယ်တိုင်မြင် ရကြ၏။
9 Break forth, sing aloud together, waste places of Jerusalem; for Jehovah comforteth his people, he hath redeemed Jerusalem.
ယေရုရှလင် မြို့၌ ပြိုပျက် ရာအရပ်တို့၊ တညီတညွတ် တည်း သီချင်းဆို သံနှင့် ကြွေးကြော် ကြလော့။ ထာဝရဘုရား သည် မိမိ လူ တို့ကို နှစ်သိမ့် စေတော်မူပြီ။ ယေရုရှလင် မြို့ကို ရွေးနှုတ် တော်မူပြီ။
10 Jehovah hath made bare his holy arm in the sight of all the nations; and all the ends of the earth shall see the salvation of our God.
၁၀ထာဝရဘုရား သည် ခပ်သိမ်းသော လူ အမျိုးမျိုး တို့ ရှေ့ မှာ၊ သန့်ရှင်း သော လက်ရုံး တော်ကို ဖွင့်ပြ တော်မူသဖြင့် ၊ မြေကြီး စွန်း ရှိသမျှ တို့သည် ငါ တို့ဘုရား သခင်၏ ကယ်တင် တော်မူခြင်းကျေးဇူးကို သိ မြင်ကြလတံ့။
11 — Depart, depart, go out from thence, touch not what is unclean; go out of the midst of her, be ye clean, that bear the vessels of Jehovah.
၁၁ထွက် ကြ။ ထွက် ကြ။ ထို အရပ်မှ ထွက် သွားကြလော့။ မစင်ကြယ် သောအရာကို လက်နှင့်မျှ မ တို့ ကြနှင့်။ ထိုအရပ်ထဲက ထွက်သွား ကြလော့။ ထာဝရဘုရား ၏ အဆောက်အဦး တို့ကို ဆောင်ရွက် သောသူတို့၊ သန့်ရှင်း ခြင်းရှိကြလော့။
12 For ye shall not go out with haste, nor go by flight; for Jehovah will go before you, and the God of Israel will be your rear-guard.
၁၂သင်တို့သည် အလျင်အမြန် မ ထွက် ရကြ။ ပြေး ၍ မ သွား ရကြ။ ထာဝရဘုရား သည် သင် တို့ရှေ့ ၌ ကြွ တော်မူမည်။ နောက်၌လည်း ဣသရေလ အမျိုး၏ ဘုရား သခင် သည် သင် တို့အကွယ် အကာဖြစ်တော်မူမည်။
13 Behold, my servant shall deal prudently; he shall be exalted and be lifted up, and be very high.
၁၃ကြည့် ရှုလော့။ ငါ့ ကျွန် သည် အမှုဆောင်၍ အောင် လိမ့်မည်။ ချီးမြှောက် ချီးမြှင့် ခြင်းသို့ ရောက်၍ ၊ အထွဋ်အမြတ်ဖြစ် လိမ့်မည်။
14 As many were astonished at thee — his visage was so marred more than any man, and his form more than the children of men
၁၄သူသည် လူ မဟုတ်သကဲ့သို့မျက်နှာပျက်ခြင်း၊ လူ သားမဟုတ်သကဲ့သို့ အဆင်း အသရေပျက် ခြင်းရှိသည် ကို၊ အများ သောသူတို့ သည် အံ့ဩ မိန်းမောကြသည် ဖြစ်၍၊
15 — so shall he astonish many nations; kings shall shut their mouths at him: for what had not been told them shall they see, and what they had not heard shall they consider.
၁၅ထိုအတူ သူသည် အများ သော လူမျိုး တို့ကို သန့်ရှင်း စေလိမ့်မည်။ ရှေ့တော်၌ ရှင်ဘုရင် တို့သည် မိမိ တို့ နှုတ် ကို ပိတ် ၍ နေရကြလိမ့်မည်။ သူတပါးမ ပြ ဘူး သော အရာကို သူတို့သည် မြင် ကြလိမ့်မည်။ မ ကြား ဘူး သော အရာကိုလည်း နားလည် ကြလိမ့်မည်။

< Isaiah 52 >