< Isaiah 51 >

1 Hearken unto me, ye that follow after righteousness, ye that seek Jehovah: look unto the rock [whence] ye were hewn, and to the hole of the pit [whence] ye were digged.
ဖြောင့်မတ် ခြင်းတရားသို့ လိုက်၍ ထာဝရဘုရား ကို ရှာ သောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ သင်တို့ကို ခုတ် ယူရာ ကျောက် နှင့် ၊ တူး ယူရာ တွင်း ဝကို ကြည့် ရှုကြလော့။
2 Look unto Abraham your father, and unto Sarah that bore you; for I called him when he was alone, and blessed him, and multiplied him.
သင် တို့၏အဘ အာဗြဟံ နှင့် ၊ သင် တို့ကို ဘွား သော သူစာရာ တို့ကို ကြည့် ရှုကြလော့။ ငါသည် တ ယောက်တည်းသောသူ အာဗြဟံ ကို ခေါ် ၍ ၊ ကောင်းကြီး ပေးသဖြင့် များ ပြားစေ၏။
3 For Jehovah shall comfort Zion, he shall comfort all her waste places; and he will make her wilderness like Eden, and her desert like the garden of Jehovah: gladness and joy shall be found therein, thanksgiving, and the voice of song.
ထိုသို့နှင့်အညီ၊ ထာဝရဘုရား သည် ဇိအုန် မြို့ကို ချမ်းသာ ပေးတော်မူမည်။ သူ ၏ဆိတ်ညံ ရာအရပ် အလုံးစုံ တို့ကို ချမ်းသာပေးမည်။ သူ ၏တော ကို ဧဒင် အရပ်ကဲ့သို့ ၎င်း ၊ သူ ၏လွင်ပြင် ကို ထာဝရဘုရား ၏ဥယျာဉ် ကဲ့သို့ ၎င်း ဖြစ် စေတော်မူသဖြင့် ၊ ဇိအုန် မြို့သည် ဝမ်းမြောက် ရွှင်လန်း ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်း ခြင်း၊ သီချင်း ဆိုခြင်း နှင့် ပြည့်စုံ လိမ့်မည်။
4 Listen unto me, my people; and give ear unto me, my nation: for a law shall proceed from me, and I will establish my judgment for a light of the peoples.
ငါ ၏လူမျိုး ၊ ငါ့ လူစု တို့၊ ငါ့ စကားကို နားထောင် နာယူကြလော့။ ငါ့ ထံ မှ တရား ထွက် ၍ ငါ စီရင် ချက်သည် လူ များလင်း စရာဘို့ တည်ရလိမ့်မည်။
5 My righteousness is near, my salvation is gone forth, and mine arms shall judge the peoples: the isles shall wait for me, and in mine arm shall they trust.
ငါ ၏ဖြောင့်မတ် ခြင်းတရားသည် အနီး မှာရှိ၏။ ငါ ၏ကယ်တင် ခြင်းတရားသည် ထွက်သွား ပြီ။ ငါ့ လက်ရုံး သည် လူ တို့တွင် တရား မှုကို စီရင်လိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် ငါ့ကို မြော်လင့် ၍ ၊ ငါ့ လက်ရုံး ကို ကိုးစား ကြလိမ့်မည်။
6 Lift up your eyes to the heavens, and look on the earth beneath: for the heavens shall vanish away like smoke, and the earth shall grow old like a garment, and they that dwell therein shall die in like manner; but my salvation shall be for ever, and my righteousness shall not be abolished.
မိုဃ်း ကောင်းကင်ကို မျှော် ၍ကြည့်ကြလော့။ မြေကြီး ကိုလည်း ငုံ့ ၍ ကြည့် ကြလော့။ မိုဃ်းကောင်းကင် သည် မီးခိုး ကဲ့သို့ ကွယ်ပျောက် ၍ ၊ မြေကြီး သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း လိမ့်မည်။ မြေကြီး သား တို့သည် ခြင် ကောင်ကဲ့သို့ သေ ကြလိမ့်မည်။ ငါ ၏ ကယ်တင် ခြင်းတရား မူကား အစဉ် အမြဲတည် လိမ့်မည်။ ငါ ၏ ဖြောင့်မတ် ခြင်း တရားလည်း ပပျောက် ခြင်း မ ရှိနိုင်ရာ။
7 Hearken unto me, ye that know righteousness, the people in whose heart is my law; fear not the reproach of men, and be not afraid of their revilings.
ဖြောင့်မတ်ခြင်းတရားကိုသိ၍၊ ငါ ၏တရား ကို နှလုံး သွင်းမိသောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ လူ တို့သည် အပြစ် တင်မည်ဟု မ စိုးရိမ် ကြနှင့်။ လူ တို့ကဲ့ရဲ့ ခြင်းကို မ ကြောက် ကြနှင့်။
8 For the moth shall eat them up like a garment, and the worm shall eat them like wool; but my righteousness shall be for ever, and my salvation from generation to generation.
အကြောင်း မူကား၊ ပိုးရွ တို့သည် သိုးမွှေး အဝတ် ကို ကိုက်စား သကဲ့သို့ ၊ ထိုသူတို့ကို ကိုက်စား ဖျက်ဆီးကြ လိမ့်မည်။ ငါ ၏ဖြောင့်မတ် ခြင်းတရားမူကား နိစ္စ ထာဝရ ဖြစ် ၍ ၊ ငါ ၏ ကယ်တင် ခြင်းတရားသည်လည်း ကမ္ဘာ အဆက်ဆက် တည်လိမ့်သတည်း။
9 Awake, awake, put on strength, O arm of Jehovah; awake, as in the days of old, [as in] the generations of passed ages. Is it not thou that hath hewn Rahab in pieces, [and] pierced the monster?
အို ထာဝရဘုရား ၏ လက်ရုံး တော်၊ နိုး တော်မူပါ။ နိုး၍ ခွန်အားကို ယူတော်မူပါ။ ရှေး ကာလ နှင့် လွန် ဘူးသောကာလ ၌ကဲ့သို့ နိုးတော်မူပါ။ ရာခပ် ကို ဒဏ်ခတ်၍ နဂါး ကို နာ စေသောသူကား၊ ကိုယ်တော် ပင် မ ဟုတ် လော။
10 Is it not thou that dried up the sea, the waters of the great deep; that made the depths of the sea a way for the redeemed to pass over?
၁၀ပင်လယ် ရေ၊ နက်နဲ ရာရေ တို့ကို ခန်းခြောက် စေ ၍၊ ပင်လယ် နက်နဲ ရာ အရပ်တို့ကို ရွေးနှုတ် သော သူများ သွား စရာ လမ်း ဖြစ်စေသောသူကား၊ ကိုယ်တော် ပင် မ ဟုတ်လော။
11 So the ransomed of Jehovah shall return, and come to Zion with singing; and everlasting joy shall be upon their heads: they shall obtain gladness and joy; sorrow and sighing shall flee away.
၁၁သို့ ဖြစ်၍၊ ထာဝရဘုရား ကယ် လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ သီချင်းဆို လျက် ၊ ထာဝရ ဝမ်းမြောက် ခြင်းသရဖူကို ဆောင်းလျက် ၊ ဇိအုန် မြို့သို့ ရောက် ကြလိမ့်မည်။ ဝမ်းမြောက် ရွှင်လန်း ခြင်းအခွင့်ကို ရ ကြ၍၊ ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းသည် ပြေး သွားရ လိမ့်မည်။
12 I, [even] I, am he that comforteth you: who art thou, that thou fearest a man that shall die, and the son of man that shall become as grass;
၁၂သင် တို့ကို နှစ်သိမ့် စေသော သူကား၊ အခြားသူ မဟုတ်၊ ငါ့ ကိုယ်တိုင်ပေတည်း။ သေ ရသော လူ ကို၎င်း၊ မြက်ပင် ကဲ့သို့ဖြစ်လတံ့သော လူ သား ကို၎င်း၊ သင်သည် ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။
13 and forgettest Jehovah thy Maker, who hath stretched out the heavens, and laid the foundations of the earth; and thou art afraid continually all the day because of the fury of the oppressor, when he prepareth to destroy? And where is the fury of the oppressor?
၁၃မိုဃ်းကောင်းကင် ကို ကြက် တော်မူထသော၊ မြေကြီး ကိုလည်း တည် တော်မူထသော၊ သင့် ကို ဖန်ဆင်း တော်မူသောထာဝရဘုရား ကို သင်သည် မေ့လျော့ ၍၊ ညှဉ်းဆဲသောသူသည် ငါ့ကို ဖျက်ဆီး လု ပြီဟု စိတ်ထင်နှင့်၊ သူ ၏ဒေါသ အမျက်ကို အစဉ် ကြောက် ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲ သောသူ ၏ဒေါသ အမျက်သည် အဘယ် မှာရှိသနည်း။
14 He that is bowed down shall speedily be loosed, and he shall not die in the pit, nor shall his bread fail.
၁၄အချုပ် ခံရသောသူသည် ထောင် ထဲမှာ မ သေ ၊ ရေ စာမ ပြတ် ၊ လျင်မြန် စွာ ကယ်နှုတ် ခြင်းသို့ ရောက်လိမ့်မည်။
15 And I am Jehovah thy God, who raiseth the sea, so that its waves roar: Jehovah of hosts is his name.
၁၅ငါ သည် သမုဒ္ဒရာ ကို ဆုံးမ၍ လှိုင်း တံပိုးကို ဟုန်း စေသောသင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ ထိုဘုရား ၏နာမ တော်ကား၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားပေတည်း။
16 And I have put my words in thy mouth, and covered thee with the shadow of my hand, to plant the heavens, and to lay the foundations of the earth, and to say unto Zion, Thou art my people.
၁၆မိုဃ်းကောင်းကင် ကို ဆောက် ၍ ၊ မြေကြီး ကို တည် စေခြင်းငှါ ၎င်း၊ သင် သည် ငါ ၏လူမျိုး ဖြစ်၏ဟု ဇိအုန် မြို့ကို ပြော စေခြင်းငှါ ၎င်း၊ ငါ့ စကား ကို သင် ၏နှုတ် ထဲမှာ ငါထား ပြီ။ ငါ့ လက် ၏အရိပ် နှင့် သင့် ကို ငါမိုး ပြီ။
17 Arouse thyself, arouse thyself, stand up, Jerusalem, which hast drunk at the hand of Jehovah the cup of his fury. Thou hast drunk, hast drained out the goblet-cup of bewilderment:
၁၇ထာဝရဘုရား ၏လက် တော်၌ အမျက် တော် ဖလား ကို သောက် သော ယေရုရှလင် မြို့၊ နိုး လော့။ နိုး ၍ ထ လော့။ သင်သည် တုန်လှုပ် စေသောဖလား ကို အကုန် သောက် ခဲ့ပြီ။ အနည် အဖက်ကိုလည်း ညှစ် ခဲ့ပြီ။
18 — there is none to guide her among all the children that she hath brought forth; neither is there any to take her by the hand of all the children that she hath brought up.
၁၈ကိုယ်တိုင်ဘွားမြင် သော သား တို့တွင်၊ သင့်ကို လမ်းပြ သော သူတယောက် မျှမရှိ။ ကိုယ်တိုင်မွေးစား သော သား တို့တွင်၊ သင့်ကို လက် ဆွဲ သော သူတယောက်မျှမ ရှိ။
19 These two [things] are come unto thee; who will bemoan thee? — desolation and destruction, and famine and sword: how shall I comfort thee?
၁၉အစာခေါင်းပါး ၍ လူဆိတ်ညံခြင်းဘေး၊ ထား ဖြင့် ဖျက်ဆီး ခြင်းဘေးတည်းဟူသောဘေးနှစ် ပါးတို့သည် သင် ၏အပေါ်မှာ ရောက် လာသည်ဖြစ်၍၊ သင့် အတွက် အဘယ် သူငိုကြွေး မြည်တမ်းသနည်း။ ငါသည် အဘယ်သို့ ချမ်းသာ ပေးနိုင်သနည်း။
20 Thy children have fainted, they lie at the head of all the streets, as an oryx in a net: they are full of the fury of Jehovah, the rebuke of thy God.
၂၀သင် ၏သား တို့သည် မိန်းမော တွေဝေကြ၏။ ကျော့ကွင်း ၌ ဘမ်းမိသော စိုင် ကဲ့သို့ ခပ်သိမ်း သော လမ်းဝ မှာ အိပ် ၍၊ ထာဝရဘုရား ၏ အမျက် ထွက်တော်မူခြင်း၊ သင် ၏ဘုရား သခင်ဆုံးမ တော်မူခြင်းနှင့် ဝ ကြ၏။
21 Therefore hear now this, thou afflicted, and drunken, but not with wine:
၂၁သို့ ဖြစ်၍၊ ညှဉ်းဆဲ ခြင်းကို ခံရသောသူ၊ စပျစ်ရည် မှတပါး အခြားသော ယစ်မျိုးနှင့် ယစ်မူး သောသူ၊ နားထောင်လော့။
22 thus saith thy Lord, Jehovah, and thy God, who pleadeth the cause of his people, Behold, I take out of thy hand the cup of bewilderment, the goblet-cup of my fury; thou shalt no more drink it again:
၂၂သင် ၏အရှင် ၊ မိမိလူတို့၏အမှုကို စောင့်တော်မူသောသင် ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ကြည့်ရှု လော့။ တုန်လှုပ် စေသော ဖလား ၊ ငါ့ အမျက် တော်ဖလား ၏ အနည် အဖတ်ကို သင် ၏လက် မှ ငါရုပ် ၍၊ သင်သည် နောက် တဖန်မ သောက် ရ။
23 and I will put it into the hand of them that afflict thee; who have said to thy soul, Bow down, that we may go over; and thou hast laid thy body as the ground, and as the street to them that went over.
၂၃သင်သည် ခရီးသွား သောသူတို့ ရှေ့မှာ ကိုယ် ကို မြေ တန်တားလုပ် ၍ ၊ အလျားဝပ်စေခြင်းငှါ ဝပ် လျက်နေ တော့။ ငါကျော်သွား မည်ဟုဆို ၍၊ သင့် ကို ညှဉ်းဆဲ သောသူတို့ လက် ၌ ထိုဖလား ကို ငါထား မည်။

< Isaiah 51 >