< Isaiah 23 >
1 The burden of Tyre. Howl, ye ships of Tarshish! for it is laid waste, so that there is no house, none entering in. From the land of Chittim it is revealed to them.
၁တုရု မြို့နှင့်ဆိုင်သော ဗျာဒိတ် တော်ကား၊ တာရှု သင်္ဘော များတို့၊ ညည်းတွား မြည်တမ်းကြလော့။ မြို့သည် အိမ် မ ရှိ၊ တည်းခို စရာ မရှိ သည် တိုင်အောင်ရှင်းရှင်းပျက်စီး လေပြီ။ ခိတ္တိမ် ပြည် မှ သိတင်းကြား ရ၏။
2 Be still, ye inhabitants of the isle! The merchants of Sidon, that pass over the sea, have replenished thee.
၂ပင်လယ် ကူး တတ်သော ဇိဒုန် ကုန်သည် တို့သည် စည်ပင် စေသော၊ ပင်လယ် ကမ်းနားမှာ နေ သောသူတို့၊ မှိုင်တွေ ကြလော့။
3 And on great waters, the seed of Shihor, the harvest of the Nile, was her revenue; and she was the market of the nations.
၃များ သောရေ ကို အမှီပြုသော ရှိဟောရ မျိုးစေ့ ၊ မြစ် ၏ အသီးအနှံ ကို ထိုမြို့ သည် အခွန် ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေး ဖြစ် လေပြီ။
4 Be thou ashamed, Sidon, for the sea hath spoken, the strength of the sea, saying, I have not travailed nor brought forth, neither have I nourished young men [nor] brought up virgins.
၄အိုဇိဒုန် မြို့၊ ရှက် ကြောက်ခြင်းရှိလော့။ အကြောင်း မူကား၊ ပင်လယ် တည်းဟူသောပင်လယ် မြို့ကြီး က၊ ငါသည် ကိုယ်ဝန် မ ဆောင်၊ သား မ ဘွား၊ လူပျို နှင့် အပျိုမ တို့ကို မ မွေးမြူ ရဟု ပြော ဆို၏။
5 — When the report came into Egypt, they were sorely pained at the news of Tyre.
၅အဲဂုတ္တု ပြည်သားတို့သည် တုရု မြို့သိတင်း ကို ကြားသောအခါ ၊ ထိုသိတင်း ကြောင့် အလွန်စိတ်ပူပန် ခြင်းသို့ ရောက်ကြလိမ့်မည်။
6 Pass over to Tarshish; howl, ye inhabitants of the coast!
၆တာရှု မြို့သို့ ကူး ကြလော့။ ပင်လယ် နားမှာ နေ သောသူတို့၊ ညည်းတွား မြည်တမ်းကြလော့။
7 Is this your joyous [city], whose antiquity is of ancient days? Her feet shall carry her afar off to sojourn.
၇ဤ မြို့သည် ရှေး ကာလ ၌ တည်သဖြင့် သင် တို့ရွှင်လန်း သောမြို့လော။ ဝေး သော အရပ်၌ တည်းခို ခြင်းငှါ ၊ မိမိ ခြေ တို့သည် မိမိ ကိုဆောင် သွားကြ၏။
8 Who hath purposed this against Tyre, the distributor of crowns, whose merchants were princes, whose dealers were the honourable of the earth?
၈တုရု မြို့သည် ရာဇသရဖူကို ပေး တတ်သော မြို့ ဖြစ်လျက်၊ သူ ၏ကုန်သည် တို့သည် မင်းသား ၊ ဖောက်ကား ရောင်း ဝယ်သောသူတို့ သည် မြေကြီး မှုးမတ် ဖြစ်လျက်၊ ထိုမြို့တဘက်၌ အဘယ်သူ သည် ဤ အကြံကို ကြံစည်သနည်း။
9 Jehovah of hosts hath purposed it, to profane the pride of all glory, to bring to nought all the honourable of the earth.
၉ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ ရှိသမျှ သော ဘုန်း အသရေ၏ မာန ကို အရှက်ခွဲ ခြင်းငှါ ၎င်း၊ မြေကြီး မှုးမတ် အပေါင်း တို့ကို ရှုတ်ချ ခြင်းငှါ ၎င်း ထိုသို့ကြံစည် တော်မူ၏။
10 Overflow thy land like the Nile, daughter of Tarshish: there is no more restraint.
၁၀အိုတာရှု မြို့၏သ္မီး ၊ ကမ်းရိုး ပျက် လေပြီ။ မြစ် ကဲ့သို့ ကိုယ် ပြည် ကို နှံ့ပြား လော့။
11 He hath stretched out his hand over the sea, he shaketh the kingdoms. Jehovah hath given a commandment concerning Canaan, to destroy the strongholds thereof,
၁၁ရန်သူ သည် ပင်လယ် ပေါ် မှာ လက် ကိုဆန့် ၍၊ တိုင်း နိုင်ငံတို့ကို လှုပ်ရှား လေ၏။ ခါနာန် ပြည်၌ ခိုင်ခံ့ သော အရပ်တို့ကို ဖျက်ဆီး စေခြင်းငှါ ၊ ထာဝရဘုရား အမိန့် တော်ရှိ၏။
12 and hath said, Thou shalt no more exult, [thou] oppressed virgin, daughter of Sidon: get thee up, pass over to Chittim; even there shalt thou have no rest.
၁၂ညှဉ်းဆဲ ခြင်းကို ခံရသောကညာ ၊ ဇိဒုန် မြို့၏သ္မီး ၊ သင်သည် နောက်တဖန် ရွှင်လန်း ခြင်း မ ရှိရ။ ထ လော့။ ခိတ္တိမ် ပြည်သို့ ကူး သွားလော့။ ထို အရပ်၌လည်း ငြိမ်သက် ခြင်း မ ရှိရဟု မိန့် တော်မူ၏။
13 Behold the land of the Chaldeans: this people did not exist; the Assyrian founded it for the dwellers in the desert: they set up their towers, they destroyed the palaces thereof; he brought it to ruin.
၁၃အထက်က မ ရှိ သော ခါလဒဲ အမျိုးသား တို့နေသော ပြည် ကို ကြည့်ရှု လော့။ ထိုပြည်ကို အာရှုရိ မင်းသည် တောတွင်းသား တို့ နေ စရာဘို့ တည်ထောင် ၏။ ထိုပြည် သားတို့သည် ပြအိုး တို့ကို တည်ဆောက်၍၊ တုရုအိမ် တော် များနှင့် မြို့ကိုလည်း ရှင်းရှင်းဖျက်ဆီး ကြ၏။
14 Howl, ships of Tarshish! for your fortress is laid waste.
၁၄တာရှု သင်္ဘော များတို့၊ ညည်းတွား မြည်တမ်းကြလော့။ သင် တို့၏ မြို့ ကြီးသည် ပျက် ကုန်ပြီ။
15 And it shall come to pass in that day, that Tyre shall be forgotten seventy years, according to the days of one king. At the end of seventy years it shall be for Tyre as the harlot's song.
၁၅ထို ကာလ ၌ တုရု မြို့ကို၊ မင်း ဆက်တ ဆက်အတိုင်း အရှည်၊ အနှစ် ခုနစ်ဆယ် ပတ်လုံး၊ အဘယ်သူမျှမ အောက်မေ့ ရ။ အနှစ် ခုနစ်ဆယ် လွန် သောအခါ ၊ ပြည်တန်ဆာ မိန်းမအားသီချင်း ဆိုသကဲ့သို့ ၊ တုရု မြို့အား သီချင်း ဆိုလိမ့်မည်။
16 Take a harp, go about the city, thou forgotten harlot! Make sweet melody, sing many songs, that thou mayest be remembered.
၁၆အဘယ်သူမျှမ အောက်မေ့သော ပြည်တန်ဆာ မိန်းမ၊ စောင်း ကိုကိုင် ၍ မြို့ တွင်လှည့်လည် လော့။ သူတပါးတို့သည် သင့်ကို သတိရ စေခြင်းငှါ ၊ သာယာ သော အသံနှင့် တီး ၍၊ သီချင်း ကို များစွာဆို လော့။
17 And it shall come to pass at the end of seventy years, that Jehovah will visit Tyre; and she will return to her hire, and will commit fornication with all the kingdoms of the earth upon the face of the ground.
၁၇အနှစ် ခုနစ်ဆယ် လွန် သောအခါ ၊ ထာဝရဘုရား သည် တုရု မြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူ သည်လည်း တဖန်အမြတ် ရသောဘာသာသို့ လိုက်ပြန် ၍ ၊ မြေကြီး မျက်နှာ ပေါ် မှာ ရှိသမျှ သော လောကီ နိုင်ငံ တို့ နှင့် မတရားသော မေထုန် ကိုပြုလိမ့်မည်။
18 And her merchandise and her hire shall be holy to Jehovah: it shall not be treasured nor laid up; for her merchandise shall be for them that dwell before Jehovah, to eat and be sufficed, and for excellent clothing.
၁၈သို့ရာတွင် ၊ သူ ၏ ကုန်သွယ် ခြင်း၊ အမြတ် ရခြင်း အရာတို့သည် ထာဝရဘုရား အဘို့ သန့်ရှင်း လိမ့်မည်။ ဆည်းဖူး သိုထားခြင်းကို မ ပြုရ။ ကုန်သွယ် သော ဥစ္စာ သည် ထာဝရဘုရား ရှေ့ တော်၌ နေ သောသူတို့အဘို့ ဖြစ်၍သူတို့သည် ဝ စွာစား ၍ ခိုင် သောအဝတ် ကို ဝတ် ကြလိမ့်မည်။