< Habakkuk 2 >

1 I will stand upon my watch, and set me upon the tower, and will look forth to see what he will say unto me, and what I shall answer as to my reproof.
ငါ​သည်​လင့်​စင်​ပေါ်​သို့​တက်​၍​မြေ​က​တုတ်​ပေါ်​မှ​စောင့်​လျက် ထာ​ဝ​ရ​ဘု​ရား​ငါ​ပြော​ရ​မည့်​စ​ကား​များ​ကို​အ​ဘယ်​သို့​မိန့်​တော်​မူ​ မည်၊ ငါ​၏​တိုင်​တန်း​ချက်​ကို​အ​ဘယ်​သို့​ဖြေ​ကြား​တော်​မူ​မည်​ကို​စောင့်​ဆိုင်း​၍​နေ​မည်။
2 And Jehovah answered me and said, Write the vision, and engrave it upon tablets, that he may run that readeth it.
ထာ​ဝ​ရ​ဘု​ရား​သည်``သင့်​အား​ငါ​ဖွင့်​လှစ်​ဖော်​ပြ​သည့်​အ​ကြောင်း​အ​ရာ​များ​ကို​အ​လွယ်​တ​ကူ​ဖတ်​ရှု​နိုင်​ရန် သင်​ပုန်း​ပေါ်တွင်​ရေး​မှတ်​လော့။ ထင်​ရှား​ပြတ်​သား​စွာ​ရေး​မှတ်​လော့။-
3 For the vision is yet for an appointed time, but it hasteth to the end, and shall not lie: though it tarry, wait for it; for it will surely come, it will not delay.
ထို​အ​မှု​အ​ရာ​များ​အ​မှန်​ဖြစ်​ပေါ်​မည့်​အ​ချိန်​မ​ရောက်​သေး။ သို့​ရာ​တွင်​ငါ​ပြ​သော​အ​ရာ​များ​အ​မှန်​ဖြစ်​ပေါ်​သော​အ​ချိန်​သည်​လျင်​မြန်​စွာ​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​အ​လာ​နှေး​သည်​ဟု​ထင်​မှတ်​ရ​သော်​လည်း ဧ​ကန်​မု​ချ​ရောက်​လာ​မည်​သာ​ဖြစ်​၍​စောင့်​မျှော်​၍​နေ​လော့။ ကြန့်​ကြာ​တော့​မည်​မ​ဟုတ်။-
4 Behold, his soul is puffed up, it is not upright within him: but the just shall live by his faith.
ဗျာ​ဒိတ်​တော်​ကား`သူ​ယုတ်​မာ​တို့​သည်​အ​သက်​မ​ရှင်​နိုင်​ကြ။ သူ​တော်​ကောင်း​တို့​မူ​ကား​ဘု​ရား​သ​ခင်​ကို​သစ္စာ​စောင့်​သော​ကြောင့်​အသက်​ရှင်​ရ​ကြ​လိမ့်​မည်' ဟူ​၍​လာ​သ​တည်း။''
5 And moreover, the wine is treacherous: he is a proud man, and keepeth not at rest, he enlargeth his desire as Sheol, and he is like death and cannot be satisfied; and he assembleth unto him all nations, and gathereth unto him all peoples. (Sheol h7585)
ကြွယ်​ဝ​ချမ်း​သာ​ခြင်း​သည်​လှည့်​စား​တတ်​၏။ လော​ဘ​ရ​မက်​ကြီး​သူ​တို့​သည် မာန်​မာ​န​ ထောင်​လွှား​လျက်​စိတ်​တည်​ငြိမ်​မှု​မ​ရှိ။ သူ​တို့​ သည်​သေ​မင်း​ကဲ့​သို့​အ​ဘယ်​အ​ခါ​၌​မျှ​ ကျေ​နပ်​ရောင့်​ရဲ​မှု​မ​ရှိ။ ထို့​ကြောင့်​သူ​တို့​ သည်​တစ်​နိုင်​ငံ​ပြီး​တစ်​နိုင်​ငံ​တိုက်​ခိုက်​ သိမ်း​ယူ​တတ်​လေ​သည်။- (Sheol h7585)
6 Shall not all these take up a proverb about him, and a taunting riddle against him, and say, Woe to him that increaseth that which is not his! how long? — and to him that loadeth himself with pledges!
စစ်​ရှုံး​သူ​တို့​သည်​စစ်​နိုင်​သူ​တို့​အား​မ​ခံ​ချိ​ မ​ခံ​သာ​ပြော​ဆို​လျက်​မ​ထီ​လေး​စား​ပြု​ကြ​ လိမ့်​မည်။ သူ​တို့​က``မိ​မိ​တို့​မ​ပိုင်​သည့်​ဥစ္စာ​ပစ္စည်း​ ကို​သိမ်း​ယူ​ကြ​သူ​သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ ကြ​၏။ သင်​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် မိ​မိ​ တို့​၏​ကြွေး​မြီ​စား​များ​ကို​လိမ်​လည်​လှည့်​စား​ ၍​သင်​တို့​ကိုယ်​ကို​ချမ်း​သာ​ကြွယ်​ဝ​အောင်​ပြု​ နေ​ကြ​ပါ​ဦး​မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။
7 Shall they not rise up suddenly that shall bite thee, and they awake up that shall vex thee, and thou shalt be for booties unto them?
အ​ကျိုး​သင့်​အ​ကြောင်း​သင့်​ကို​မျှ​မ​သိ​မီ သူ​တစ်​ပါး​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​ခဲ့​သော​ သင်​တို့​သည်​အ​ကြွေး​တင်​နေ​လျက်​အ​တိုး​ ကို​ပေး​ဆပ်​ရန်​အ​တင်း​အ​ကြပ်​စေ​ခိုင်း​ခံ​ရ​ မည်။ ရန်​သူ​တို့​သည်​လာ​၍​သင်​တို့​အား​တုန်​ လှုပ်​ချောက်​ချား​စေ​လိမ့်​မည်။ သင်​တို့​ကို​တိုက်​ ခိုက်​လု​ယက်​ကြ​လိမ့်​မည်။-
8 Because thou hast plundered many nations, all the rest of the peoples shall plunder thee; because of men's blood, and for the violence [done] to the land, to the city, and all that dwell therein.
သင်​တို့​သည်​နိုင်​ငံ​အ​မြောက်​အ​မြား​မှ​လူ​တို့​ ကို​တိုက်​ခိုက်​လု​ယက်​ခဲ့​လေ​ပြီ။ ယ​ခု​အ​သက်​ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သူ​တို့​သည် သင်​တို့​ ကူး​လွန်​ခဲ့​သည့်​လူ​သတ်​မှု​များ​ကြောင့်​လည်း​ ကောင်း၊ ကမ္ဘာ​ပေါ်​ရှိ​လူ​များ၊ မြို့​များ​အား​အ​ ကြမ်း​ဖက်​ခဲ့​မှု​တို့​ကြောင့်​လည်း​ကောင်း သင်​တို့​ အား​တိုက်​ခိုက်​လု​ယက်​ကြ​လိမ့်​မည်။
9 Woe to him that getteth iniquitous gain to his house, that he may set his nest on high, that he may be delivered from the grasp of evil!
သင်​တို့​သည်​အ​မ​င်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြမ်း​ ဖက်​၍​ရ​ရှိ​သည့်​ပစ္စည်း​ဥစ္စာ​ဖြင့် သင်​တို့​သည်​ မိ​မိ​တို့​မိ​သား​စု​ကို​ကြွယ်​ဝ​ချမ်း​သာ​စေ​ ခဲ့​ကြ​၏။ ကြိုး​စား​၍​မိ​မိ​တို့​အ​သိုက်​ကို​ အ​မြင့်​တွင်​ဆောက်​သော​ငှက်​ကဲ့​သို့ မိ​မိ​တို့​ အိမ်​ကို​ဘေး​အန္တ​ရာယ်​ကင်း​ဝေး​လုံ​ခြုံ​အောင်​ ပြု​ခဲ့​ကြ​ပြီ။-
10 Thou hast devised shame to thy house, by cutting off many peoples, and hast sinned against thine own soul.
၁၀သို့​ရာ​တွင်​သင်​တို့​၏​စီ​မံ​ကိန်း​များ​က​ပင်​ လျှင် သင်​တို့​လူ​မျိုး​ကို​အ​ရှက်​ရ​စေ​လေ​ပြီ။ သင်​တို့​သည်​လူ​မျိုး​တ​ကာ​တို့​ကို​သုတ်​သင်​ ဖျက်​ဆီး​ခြင်း​အား​ဖြင့် မိ​မိ​တို့​ကိုယ်​တိုင်​ယို​ ယွင်း​ပျက်​စီး​ရ​လေ​ပြီ။-
11 For the stone shall cry out of the wall, and the beam out of the timber shall answer it.
၁၁အိမ်​နံ​ရံ​ကျောက်​များ​က​ပင်​လျှင်​သင်​တို့​ကို​ အော်​ဟစ်​စွပ်​စွဲ​လျက် ခေါင်​ရှိ​ဒိုင်း​များ​က​ပဲ့​ တင်​သံ​ပေး​ကြ​လေ​ကုန်​ပြီ။
12 Woe to him that buildeth a town with blood, and establisheth a city by unrighteousness!
၁၂သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​ ရာ​ဇ​ဝတ်​မှု​အ​ပေါ်​တွင် အုတ်​မြစ်​ချ​၍​လူ​ သတ်​မှု​ဖြင့်​မြို့​ကို​တည်​ထောင်​ခဲ့​ကြ​၏။-
13 Behold, is it not of Jehovah of hosts that the peoples labour for the fire, and the nations weary themselves in vain?
၁၃သင်​တို့​နှိမ်​နင်း​အောင်​မြင်​သည့်​လူ​မျိုး​တို့​သည်​ အ​ချည်း​နှီး​အ​လုပ်​ကြမ်း​ကို​လုပ်​လျက်​ပင်​ပန်း​ နွမ်း​နယ်​ရ​ကြ​ပေ​သည်။ သူ​တို့​တည်​ဆောက်​ခဲ့​ သ​မျှ​သော​အ​ဆောက်​အ​ဦ​တို့​သည်​မီး​လောင်​ ကျွမ်း​၍​သွား​လေ​ပြီ။ ဤ​အ​မှု​ကား​အ​နန္တ​ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​ အမှု​ဖြစ်​၏။-
14 For the earth shall be filled with the knowledge of the glory of Jehovah as the waters cover the sea.
၁၄ပင်​လယ်​တို့​သည်​ရေ​နှင့်​ပြည့်​လျက်​နေ​သ​ကဲ့​ သို့ ကမ္ဘာ​မြေ​ကြီး​သည်​လည်း ဘု​ရား​သ​ခင်​၏​ ဘုန်း​အ​သ​ရေ​တော်​ကို​သိ​ကျွမ်း​မှု​ဖြင့်​ပြည့်​ လျက်​နေ​လိမ့်​မည်။
15 Woe unto him that giveth his neighbour drink, — that pourest out thy flask, and makest [him] drunken also, that thou mayest look on their nakedness!
၁၅သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​ အ​မျက်​ထွက်​သ​ဖြင့် မိ​မိ​တို့​အိမ်​နီး​ချင်း​တိုင်း​ ပြည်​များ​ကို​ရှုတ်​ချ​၍​အ​သ​ရေ​ဖျက်​ခဲ့​၏။ သူ​တို့​အား​သေ​သောက်​ကြူး​များ​သ​ဖွယ်​ယိမ်း​ ထိုး​၍​နေ​စေ​ခဲ့​၏။-
16 Thou art filled with shame instead of glory; drink thou also, and let thy foreskin be uncovered: the cup of Jehovah's right hand shall be turned unto thee, and a shameful spewing shall be on thy glory.
၁၆သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​မှု​အ​စား၊ အ​ရှက်​ ရ​ရန်​အ​လှည့်​ကြုံ​လိမ့်​မည်။ သင်​တို့​ကိုယ်​တိုင်​ပင်​ မူး​ယစ်​ကာ​အ​ရှက်​မဲ့​၍​နေ​လိမ့်​မည်။ ထာ​ဝ​ရ​ ဘု​ရား​သည်​သင်​တို့​အား အ​ပြစ်​ဒဏ်​စ​ပျစ်​ ရည်​ကို​ပင်​လျှင် ပြန်​၍​သောက်​စေ​တော်​မူ​လျက် သင်​တို့​ဂုဏ်​အ​သ​ရေ​ရှိ​မှု​ကို​အ​ရှက်​ရ​မှု​ အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။-
17 For the violence [done] to Lebanon shall cover thee, and the destruction of beasts which made them afraid; because of men's blood, and for the violence [done] to the land, to the city, and all that dwell therein.
၁၇သင်​တို့​သည်​လေ​ဗ​နုန်​သစ်​တော​များ​ကို​ခုတ်​ လှဲ​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​သင်​တို့​ကိုယ်​တိုင်​ ပင်​ခုတ်​လှဲ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ သင်​ တို့​သည်​ထို​တော​မှ​တိ​ရစ္ဆာန်​များ​ကို​သတ်​ ဖြတ်​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​တိ​ရစ္ဆာန်​များ​ သည်​သင်​တို့​အား​ကြောက်​လန့်​တုန်​လှုပ်​စေ​ ကြ​လိမ့်​မည်။ သင်​တို့​ကူး​လွန်​ခဲ့​သည့်​လူ​ သတ်​မှု​များ​ကြောင့်​သော်​လည်း​ကောင်း၊ ကမ္ဘာ​ ပေါ်​ရှိ​လူ​များ​မြို့​များ​ကို​အ​ကြမ်း​ဖက်​ ခဲ့​မှု​များ​ကြောင့်​လည်း​ကောင်း ဤ​အ​မှု​ အ​ရာ​များ​ဖြစ်​ပျက်​လာ​လိမ့်​မည်။
18 What profiteth the graven image that the maker thereof hath graven it? the molten image, and the teacher of falsehood, that the maker of his work dependeth thereon, to make dumb idols?
၁၈ရုပ်​တု​ဆင်း​တု​သည်​အ​ဘယ်​သို့​အ​သုံး​ဝင်​ ပါ​သ​နည်း။ ယင်း​သည်​လူ​တို့​သွန်း​လုပ်​သည့်​ အ​ရာ​မျှ​သာ​ဖြစ်​လျက် လိမ်​လည်​မှု​မှ​လွဲ​ ၍​မည်​သည့်​စ​ကား​ကို​မျှ​မ​ပြော​မ​ဆို​တတ်။ မိ​မိ​သွန်း​လုပ်​သော​အ​ရာ​ကို​ပြန်​လည်​ယုံ​ ကြည်​ကိုး​စား​၍​အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​ ရ​မည်​နည်း။ ယင်း​သည်​စ​ကား​မ​ပြော​နိုင်​ သည့်​ဘု​ရား​ဖြစ်​ပါ​သည်​တ​ကား၊-
19 Woe unto him that saith to the wood, Awake! to the dumb stone, Arise! Shall it teach? Behold it is overlaid with gold and silver, and there is no breath at all in the midst of it.
၁၉သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သစ်​သား​ တုံး​အား``နိုး​တော်​မူ​ပါ'' ဟူ​၍​လည်း​ကောင်း၊ ကျောက်​တုံး​အား``ထ​တော်​မူ​ပါ'' ဟူ​၍​လည်း​ ကောင်း​သင်​တို့​ဆို​တတ်​ကြ​၏။ ရုပ်​တု​တစ်​ခု​ သည်​သင်​တို့​အား​အ​ဘယ်​အ​မှု​ကို​ရှင်း​လင်း​ ဖော်​ပြ​နိုင်​ပါ​သ​နည်း။ ရွှေ​ငွေ​များ​ဖြင့်​မွမ်း​ မံ​ထား​ကောင်း​ထား​မည်​ဖြစ်​သော်​လည်း ထို​ရုပ်​တု​တွင်​အ​သက်​ကား​မ​ရှိ။
20 But Jehovah is in his holy temple. Let all the earth keep silence before him!
၂၀ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​ မြတ်​သည့်​ဗိ​မာန်​တော်​တွင်​ရှိ​တော်​မူ​၏။ ကမ္ဘာ​ မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ရှေ့​တော်​၌​ ငြိမ်​သက်​စွာ​နေ​ကြ​စေ။

< Habakkuk 2 >