< Genesis 29 >

1 And Jacob continued his journey, and went into the land of the children of the east.
တဖန် ယာကုပ် သည် ခရီးသွား ၍ ၊ အရှေ့ ပြည်သား တို့နေရာ အရပ်သို့ ရောက်ပြီးလျှင်၊
2 And he looked, and behold, there was a well in the fields, and behold there, three flocks of sheep were lying by it; for out of that well they watered the flocks, and a great stone was at the mouth of the well.
မြော် ကြည့်၍ တော စ၌ ရေတွင်း တခုကို မြင် ၏။ ထိုတွင်း ရေ ဖြင့် သိုးစု များကို တိုက်တတ်သည်ဖြစ်၍၊ တွင်းနား မှာ သိုးစု သုံး စု အိပ် လျက်ရှိ၏။ ရေတွင်း ဝ ပေါ် မှာ ကြီးစွာ သော ကျောက် ရှိ၏။
3 And when all the flocks were gathered there, they rolled the stone from the mouth of the well, and watered the sheep, and put the stone again on the mouth of the well in its place.
သိုး ထိန်းအပေါင်း တို့သည် ထို အရပ်၌ စုဝေး သောအခါ ၊ ရေတွင်း ဝ ၌ ဖုံးအုပ်သော ကျောက် ကို လှိမ့် လှန်၍ ၊ သိုး များကို ရေ တိုက်ပြီးလျှင် ၊ ထိုကျောက် ကို မိမိ နေရာ ရေတွင်း ဝ ပေါ် မှာ တဖန် တင်ထားလေ့ရှိ၏။
4 And Jacob said to them, My brethren, whence are ye? And they said, Of Haran are we.
ယာကုပ် ကလည်း ၊ ငါ့ ညီအစ်ကို တို့၊ သင် တို့သည် အဘယ် အရပ်က လာကြသနည်းဟုမေး လျှင်၊ ငါ တို့သည် ခါရန် မြို့က လာကြသည်ဟုပြော ဆိုလေ၏။
5 And he said to them, Do ye know Laban the son of Nahor? And they said, We do know [him].
တဖန် ယာကုပ်က၊ နာခေါ် သား လာဗန် ကို သိ သလောဟု မေး လျှင်၊ သိ ၏ဟု ပြန် ဆိုသော်၊
6 And he said to them, Is he well? And they said, [He is] well; and behold, there comes Rachel his daughter with the sheep.
သူသည်မာ ပါ၏လောဟု တဖန် မေး ပြန်လျှင် ၊ မာ ပါ၏။ သူ ၏သမီး ရာခေလ သည် သိုး များနှင့်တကွ လာ လိမ့်မည်ဟု ဆို ကြလေ၏။
7 And he said, Behold, it is yet high day; it is not time that the cattle should be gathered together; water the sheep, and go, feed [them].
ယာကုပ်ကလည်း၊ နေ့ အချိန် အလွန်များ စွာရှိသေး၏။ သိုး တို့ကို စုဝေး ရာအချိန် မ ဟုတ်သေး။ ရေတိုက် ပြီးလျှင်၊ သွား ၍ ထိန်း ကြဦးလော့ဟု ဆို လေ၏။
8 And they said, We cannot until all the flocks are gathered together, and they roll the stone from the mouth of the well, and we water the sheep.
သူတို့ကလည်း၊ သိုး ထိန်းအပေါင်း စုဝေး ၍ ၊ ရေတွင်း ဝ ၌ ဖုံးအုပ်သော ကျောက် ကို လှိမ့် လှန်ပြီးမှ သာ၊ သိုး တို့ကို ရေတိုက် ရ၏။ သို့မဟုတ်၊ မ တိုက်ရဟု ပြန် ဆိုကြ ၏။
9 While he was still speaking to them, Rachel came with her father's sheep, for she was a shepherdess.
ထိုသို့ တဦးနှင့်တဦးနှုတ်ဆက် ကြစဉ်တွင် ၊ ရာခေလ သည်၊ မိမိ အဘ ၏သိုး တို့ကို ထိန်းရသည် ဖြစ်၍ ၊ သိုး တို့ကို ဆောင် လျက်လာ၏။
10 And it came to pass when Jacob saw Rachel the daughter of Laban his mother's brother, and the sheep of Laban his mother's brother, that Jacob went near, and rolled the stone from the mouth of the well, and watered the sheep of Laban his mother's brother.
၁၀ယာကုပ် သည်၊ မိမိ ဦးရီး လာဗန် ၏သမီး ရာခေလ နှင့် ဦးရီး လာဗန် ၏သိုး တို့ကို မြင် သောအခါ ၊ အနီးသို့ချဉ်း ၍ ၊ ရေတွင်း ၌ ဖုံးအုပ်သော ကျောက် ကို လှိမ့် လှန်ပြီးလျှင် ၊ ဦးရီး လာဗန် ၏ သိုး တို့ကို ရေတိုက် လေ၏။
11 And Jacob kissed Rachel, and lifted up his voice and wept.
၁၁ထိုနောက် ၊ ယာကုပ် သည် ရာခေလ ကို နမ်း ၍ ၊ ကျယ် သော အသံ နှင့် ငို လေ၏။
12 And Jacob told Rachel that he was a brother of her father, and that he was Rebecca's son; and she ran and told her father.
၁၂မိမိသည် ရာခေလ အဘ ၏ တူ၊ ရေဗက္က ၏သား ဖြစ်ကြောင်း ကို ကြားပြော လျှင် ၊ ရာခေလ သည်ပြေး ၍ မိမိ အဘ အား ပြန် ကြားလေ၏။
13 And it came to pass when Laban heard the tidings of Jacob his sister's son, that he ran to meet him, and embraced him, and kissed him, and brought him to his house; and he told Laban all these things.
၁၃လာဗန် သည် မိမိ တူ ယာကုပ် ၏ သိတင်း စကား ကို ကြား သောအခါ ၊ ကြိုဆို ခြင်းငှါ အလျင်အမြန် သွား၍ ၊ ပိုက် ဘက်နမ်းရှုတ် လျက် ၊ မိမိ အိမ် သို့ ဆောင် သွားလေ၏။ ယာကုပ်သည်လည်း မိမိ အမှုအရာ ရှိသမျှ ကို ကြား ပြောလျှင်၊
14 And Laban said to him, Thou art indeed my bone and my flesh. And he abode with him a month's time.
၁၄လာဗန် က၊ အကယ်စင်စစ် သင် သည် ငါ့ အရိုး အသား ပင်ဖြစ်၏ဟု ဆို လေ၏။
15 And Laban said to Jacob, Because thou art my brother, shouldest thou serve me for nothing? tell me, what shall be thy wages?
၁၅ယာကုပ် သည် တ လခန့်မျှ နေ ပြီးမှ၊ လာဗန် က၊ သင် သည် ငါ့ တူ ဖြစ်သောကြောင့် ၊ အကျိုး မဲ့ကျွန် ခံရပါ မည် လော။ ခံလိုသောအခ ကို ငါ့ အား ပြော လော့ဟု ဆို လေ၏။
16 And Laban had two daughters: the name of the elder was Leah, and the name of the younger, Rachel.
၁၆ထိုအခါ လာဗန် ၌ သမီး နှစ် ယောက်ရှိ၏။ အကြီး ကား၊ လေအာ အမည် ရှိ၏။ အငယ် ကား၊ ရာခေလ အမည် ရှိ၏။
17 And the eyes of Leah were tender; but Rachel was of beautiful form and beautiful countenance.
၁၇လေအာ ကား၊ မျက်စိ နုညံ့ ၏။ ရာခေလ ကား၊ ပုံ ပြင်ယဉ်ကျေး ၍ အသွေး အဆင်းလည်းလှ ၏။
18 And Jacob loved Rachel, and said, I will serve thee seven years for Rachel thy younger daughter.
၁၈ယာကုပ် သည် ရာခေလ ကို ချစ် သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီး အငယ် ရာခေလ ကိုရခြင်းငှါ၊ ခုနစ် နှစ် အစေ ခံပါမည်ဟု ဆို လျှင်၊
19 And Laban said, It is better that I give her to thee than that I should give her to another man: abide with me.
၁၉လာဗန် က၊ အခြား သောသူ အား ပေးစား သည် ထက် ၊ သင့် အား ပေးစား သော် သာ၍ကောင်း ၏။ ငါ နှင့်အတူ နေ လော့ဟုဆို ၏။
20 And Jacob served seven years for Rachel; and they were in his eyes as single days, because he loved her.
၂၀ယာကုပ် သည်လည်း ၊ ရာခေလ ကို ရခြင်းငှါခုနစ် နှစ် အစေခံ လေ၏။ ရာခေလ ကိုချစ် သောကြောင့် ၊ ခုနစ်နှစ်ကို နည်း သောနေ့ရက် ကဲ့သို့ ထင် မှတ်သတည်း။
21 And Jacob said to Laban, Give [me] my wife, for my days are fulfilled, that I may go in to her.
၂၁ယာကုပ် ကလည်း ၊ ချိန်းချက်သော အချိန် စေ့ ပါပြီ။ ကျွန်ုပ် သည် မယား နှင့် ဆက်ဆံ ဘို့ရာ ပေးစား ပါဟု လာဗန် အား ဆို လျှင်၊
22 And Laban gathered together all the men of the place, and made a feast.
၂၂လာဗန် သည် ထိုအရပ် ၌နေသောသူ အပေါင်း တို့ကို စည်းဝေး စေ၍ ပွဲ လုပ် လေ၏။
23 And it came to pass in the evening, that he took Leah his daughter, and brought her to him; and he went in to her.
၂၃ည ဦးအချိန်ရောက် မှ၊ ဇိလပအမည်ရှိသောကျွန်မကို သမီး လေအာ ၌ လက်ဖွဲ့ လျက် ၊
24 And Laban gave to her Zilpah, his maidservant, to be maidservant to Leah his daughter.
၂၄ထိုသမီး ကို ဆောင် သွင်း၍ ၊ ယာကုပ်သည် သူ နှင့် ဆက်ဆံ လေ၏။
25 And it came to pass in the morning, that behold, it was Leah. And he said to Laban, What is this thou hast done to me? Have I not served thee for Rachel? Why then hast thou deceived me?
၂၅နံနက် အချိန်ရောက် မှ ယာကုပ်သည် ကြည့်ရှုသောအခါ၊ လေအာ ဖြစ် ကြောင်းကို သိမြင် လျှင် ၊ လာဗန် ထံသို့ သွား၍ ကျွန်ုပ် ၌ ပြု သောအမှုကား၊ အဘယ်သို့ နည်း။ ကျွန်ုပ်သည် ရာခေလ ကိုရခြင်းငှါ အစေခံ ရပြီ မ ဟုတ်လော။ ကျွန်ုပ် ကို အဘယ်ကြောင့် လှည့်စား ရသနည်းဟု ဆို သော်၊
26 And Laban said, It is not so done in our place, to give the younger before the firstborn.
၂၆လာဗန် က၊ ငါ တို့ပြည် ၌ သမီး အကြီးကို မ ပေးစား မှီ၊ အငယ် ကို မပေးစားရ။
27 Fulfil the week [with] this one: then we will give thee the other one also, for the service that thou shalt serve me yet seven other years.
၂၇ခုနစ် ရက်စေ့ အောင် ငံ့ဦးလော့။ နောက် တဖန် ခုနစ် နှစ် အစေခံ ရသည်အတွက် ၊ ရာခေလကိုလည်း သင့် အား ပေးစား ဦးမည်ဟု ဆိုသည်အတိုင်း၊
28 And Jacob did so, and fulfilled the week [with] this one, and he gave him Rachel his daughter to be his wife.
၂၈ယာကုပ် ဝန်ခံ ၍ ခုနစ် ရက်စေ့ ပြီးမှ ၊
29 And Laban gave to Rachel his daughter, Bilhah, his maidservant, to be her maidservant.
၂၉လာဗန် သည် ဗိလဟာ အမည်ရှိသောကျွန် မကို လက်ဖွဲ့ လျက် ၊ သမီး ရာခေလ ကို ပေးစား လေ၏။
30 And he went in also to Rachel; and he loved also Rachel more than Leah. And he served with him yet seven other years.
၃၀ယာကုပ်သည် ရာခေလ နှင့် ဆက်ဆံ ၍ ၊ လေအာ ကို ချစ်သည်ထက် သာ၍ချစ် ၏။ လာဗန်ထံမှာတဖန် ခုနစ် နှစ် အစေခံ လေ၏။
31 And when Jehovah saw that Leah was hated, he opened her womb; but Rachel was barren.
၃၁လေအာ သည် အမုန်း ခံရသည်ကို ထာဝရဘုရား သိမြင် ၍ ၊ သား ဘွားရသောအခွင့် ကိုပေး တော်မူ၏။ ရာခေလ မူကား မြုံ ၏။
32 And Leah conceived, and bore a son, and called his name Reuben; for she said, Because Jehovah has looked upon my affliction; for now my husband will love me.
၃၂လေအာ သည် ပဋိသန္ဓေ ယူသဖြင့် ၊ သား ကို ဘွားမြင် ၍ ရုဗင် အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ငါ ၏ဆင်းရဲ ခံခြင်းကို အမှန် ကြည့် မြင်တော်မူပြီ။ သို့ဖြစ်၍ယခု ငါ့ လင် သည် ငါ့ ကိုချစ် လိမ့်မည်ဟု ဆို သတည်း။
33 And she again conceived, and bore a son, and said, Because Jehovah has heard that I am hated, he has therefore given me this one also; and she called his name Simeon.
၃၃တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကိုဘွားမြင် သော် ၊ ငါ သည် အမုန်း ခံရကြောင်းကို ထာဝရဘုရား ကြား သောကြောင့် ၊ ဤ သားကိုလည်း ပေး သနားတော်မူပြီဟု ဆို ပြီးလျှင် ၊ ထို သားကို ရှိမောင် အမည် ဖြင့် မှည့် လေ၏။
34 And she again conceived, and bore a son, and said, Now this time will my husband be united to me, for I have borne him three sons; therefore was his name called Levi.
၃၄တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကိုဘွားမြင် သော် ၊ ငါ့ လင် အား သား သုံး ယောက်ကို ငါဘွားမြင် သောကြောင့် ၊ ယခုတခါသူသည် ငါ နှင့်ပေါင်းဘော် လိမ့်မည်ဟု ဆို ၍ ၊ ထို သားကို လေဝိ အမည် ဖြင့် မှည့် လေ၏။
35 And she again conceived, and bore a son, and said, This time will I praise Jehovah; therefore she called his name Judah. And she ceased to bear.
၃၅တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကို ဘွားမြင် သော် ၊ ထာဝရဘုရား ကို ယခုငါချီးမွမ်း မည်ဟု ဆို သည် ဖြစ်၍ ၊ ထို သားကို ယုဒ အမည် ဖြင့် မှည့် လေ၏။ ထိုနောက် ၊ သား ပြတ်၍ မဘွားဘဲနေ၏။

< Genesis 29 >