< Genesis 15 >

1 After these things the word of Jehovah came to Abram in a vision, saying, Fear not, Abram; I am thy shield, thy exceeding great reward.
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ အား​ဖြင့်​အာ​ဗြံ​အား``အာ​ဗြံ၊ မ​ကြောက်​နှင့်။ ငါ သည်​သင့်​အား​အန္တ​ရာယ်​မှ​ကာ​ကွယ်​၍ ကြီး​မြတ် သော​ဆု​ကို​ချ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
2 And Abram said, Lord Jehovah, what wilt thou give me? seeing I go childless, and the steward of my house is this Eliezer of Damascus.
သို့​ရာ​တွင်​အာ​ဗြံ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​ကျွန်ုပ်​တွင်​သား​မ​ထွန်း​ကား​သ​ဖြင့် ကိုယ် တော်​၏​ဆု​ကို​အ​ဘယ်​သို့​ခံ​စား​ရ​ပါ​မည်​နည်း။ ဒ​မာ​သက်​မြို့​သား​ဧ​လျာ​ဇာ​သည်​သာ​လျှင် အ​ကျွန်ုပ်​၏​အ​မွေ​ခံ​ဖြစ်​ပါ​၏။-
3 And Abram said, Lo, to me thou hast given no seed, and behold, a son of my house will be mine heir.
ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​သား​မ​ထွန်း​ကား စေ​သ​ဖြင့် ကျွန်​တစ်​ဦး​က​အ​ကျွန်ုပ်​၏​အ​မွေ ကို​ခံ​ယူ​ရ​ပါ​မည်'' ဟု​လျှောက်​ဆို​လေ​၏။
4 And behold, the word of Jehovah [came] to him, saying, This shall not be thine heir, but he that will come forth out of thy body shall be thine heir.
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``ဤ​ကျွန်​သည် သင်​၏​အ​မွေ​ခံ​မ​ဖြစ်​ရ။ သင်​၏​သား​အ​ရင်း သည်​သင်​၏​အ​မွေ​ခံ​ဖြစ်​မည်'' ဟု​မိန့်​တော် မူ​ပြီး​လျှင်၊-
5 And he led him out, and said, Look now toward the heavens, and number the stars, if thou be able to number them. And he said to him, So shall thy seed be!
အာ​ဗြံ​ကို​အ​ပြင်​သို့​ခေါ်​ဆောင်​လျက်``မိုး​ကောင်း ကင်​ကို​မော်​ကြည့်​၍​ကြယ်​များ​ကို​ရေ​တွက်​လော့။ သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ထို​မျှ​လောက်​များ ပြား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​သည်။
6 And he believed Jehovah; and he reckoned it to him [as] righteousness.
အာ​ဗြံ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​ကိုး​စား သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား​နှစ်​သက် လက်​ခံ​တော်​မူ​၏။
7 And he said to him, I am Jehovah who brought thee out of Ur of the Chaldeans, to give thee this land to possess it.
ထို​နောက်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​အား ဤ ပြည်​ကို​အ​ပိုင်​စား​ပေး​ရန်​သင့်​ကို​ဗာ​ဗု​လုန် ပြည်၊ ဥ​ရ​မြို့​မှ​ခေါ်​ဆောင်​ခဲ့​သော​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
8 And he said, Lord Jehovah, how shall I know that I shall possess it?
ထို​အ​ခါ​အာ​ဗြံ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ ပြည်​ကို​အ​ကျွန်ုပ်​ပိုင်​ရ​မည်​ဖြစ်​ကြောင်း မည်​သို့ သိ​နိုင်​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​လေ​၏။
9 And he said to him, Take me a heifer of three years old, and a she-goat of three years old, and a ram of three years old, and a turtle-dove, and a young pigeon.
ကိုယ်​တော်​က``သုံး​နှစ်​သား​အ​ရွယ်​စီ​ရှိ​သော​နွား​မ တစ်​ကောင်၊ ဆိတ်​မ​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင် နှင့်​တ​ကွ ချိုး​တစ်​ကောင်၊ ခို​တစ်​ကောင်​ကို​ငါ့​ထံ သို့​ယူ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။-
10 And he took all these, and divided them in the midst, and laid the half of each opposite its fellow; but the birds he did not divide.
၁၀အာ​ဗြံ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ထို တိ​ရစ္ဆာန်​များ​ကို​ယူ​ခဲ့​ပြီး​လျှင် ၎င်း​တို့​ကို​ထက် ဝက်​စီ​ခြမ်း​၍​တစ်​ဘက်​တစ်​ခြမ်း​စီ​နှစ်​တန်း​ဆိုင် လျက်​ချ​ထား​၏။ ငှက်​များ​ကို​မူ​ကား​မ​ခြမ်း ဘဲ​ထား​သည်။-
11 And the birds of prey came down on the carcases; and Abram scared them away.
၁၁လင်း​တ​များ​သည်​သား​ကောင်​များ​ပေါ်​သို့​ဆင်း သက်​လာ​ကြ​သော​အ​ခါ အာ​ဗြံ​သည်​မောင်း​နှင် လေ​၏။
12 And as the sun was just going down, a deep sleep fell upon Abram; and behold, a horror, a great darkness, fell upon him.
၁၂နေ​ဝင်​ချိန်​၌​အာ​ဗြံ​သည် အိပ်​မော​ကျ​နေ​စဉ် ကြောက်​ရွံ့​ထိတ်​လန့်​လာ​လေ​သည်။-
13 And he said to Abram, Know assuredly that thy seed will be a sojourner in a land [that is] not theirs, and they shall serve them; and they shall afflict them four hundred years.
၁၃ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား ``သင်​၏​အ​မျိုး အ​နွယ်​တို့​သည် သူ​တစ်​ပါး​၏​နိုင်​ငံ​၌​သူ​စိမ်း တစ်​ရံ​ဆံ​အ​ဖြစ်​နေ​ထိုင်​ရ​ကြ​မည်။ ထို​အ​ရပ် တွင်​သူ​တို့​သည်​နှစ်​ပေါင်း​လေး​ရာ​ကျွန်​အ​ဖြစ် ဖြင့်​နှိပ်​စက်​ညှင်း​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​မည်။-
14 But also that nation which they shall serve I will judge; and afterwards they shall come out with great property.
၁၄သို့​သော်​လည်း​သူ​တို့​အား​ကျွန်​စေ​စား​သော နိုင်​ငံ​သား​တို့​ကို​ငါ​ဒဏ်​စီ​ရင်​မည်။ ထို​ပြည် မှ​ထွက်​ခွာ​ရ​သော​အ​ခါ​သူ​တို့​သည်​ပစ္စည်း ဥစ္စာ​များ​စွာ​ပါ​လျက်​ထွက်​သွား​လိမ့်​မည်။-
15 And thou shalt go to thy fathers in peace; thou shalt be buried in a good old age.
၁၅သင်​သည်​သင်​၏​ဘိုး​ဘေး​တို့​ထံ​ငြိမ်​ဝပ်​စွာ​သွား ရမည်​ဖြစ်​၍၊ အ​သက်​အ​ရွယ်​ကြီး​ရင့်​သော​အ​ခါ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​မည်။-
16 And [in the] fourth generation they shall come hither again; for the iniquity of the Amorites is not yet full.
၁၆သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​အ​မျိုး​လေး​ဆက် တိုင်​အောင်​နေ​ပြီး​မှ ဤ​ပြည်​သို့​ပြန်​လာ​ကြ​လိမ့် မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​အာ​မော​ရိ​အ​မျိုး သား​တို့​သည် ဆိုး​သွမ်း​၍​ဒဏ်​သင့်​သည့်​အ​ခါ ရောက်​မှ​သူ​တို့​အား ဤ​ပြည်​မှ​ငါ​နှင်​ထုတ် မည်​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။
17 And it came to pass when the sun had gone down, and it was dark, that behold, there was a smoking furnace, and a flame of fire which passed between those pieces.
၁၇နေ​ဝင်​၍​မှောင်​ကျ​လာ​သော​အ​ခါ​မီး​ခိုး​ထွက် သော​မီး​လင်း​ဖို​နှင့်​မီး​လျှံ​တောက်​သော​မီး​တိုင် သည် ရုတ်​တ​ရက်​ပေါ်​လာ​ပြီး​လျှင်​အ​သား​ခြမ်း များ​အ​ကြား​ဖြတ်​သွား​၏။-
18 On the same day Jehovah made a covenant with Abram, saying, Unto thy seed I give this land, from the river of Egypt to the great river, the river Euphrates;
၁၈ထို​အ​ချိန်​ထို​နေ​ရာ​၌​ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​က၊-
19 the Kenites, and the Kenizzites, and the Kadmonites,
၁၉``ကေ​နိ​အ​မျိုး​သား၊ ကေ​န​ဇိ​အ​မျိုး​သား၊ ကာ​ဒ​မော​နိ​အ​မျိုး​သား၊-
20 and the Hittites, and the Perizzites, and the Rephaim,
၂၀ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ရေ​ဖိမ် အ​မျိုး​သား၊-
21 and the Amorites, and the Canaanites, and the Girgashites, and the Jebusites.
၂၁အာ​မော​ရိ​အ​မျိုး​သား၊ ခါ​န​နိ​အ​မျိုး​သား၊ ဂိ​ရ​ဂါ​ရှိ​အ​မျိုး​သား​နှင့်​ယေ​ဗု​သိ​အ​မျိုး သား​တို့​၏​ပြည်​များ​အ​ပါ​အ​ဝင် အီ​ဂျစ် ပြည်​နယ်​စပ်​မှ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်​ကျယ် ပြန့်​သော​ဒေ​သ​တစ်​ခု​လုံး​ကို သင်​၏​အ​မျိုး အ​နွယ်​တို့​အား​ငါ​ပေး​အပ်​မည်​ဟု​က​တိ ပြု​သည်'' ဟု​မိန့်​တော်​မူ​၏။

< Genesis 15 >