< Ezekiel 32 >
1 And it came to pass in the twelfth year, in the twelfth month, on the first of the month, that the word of Jehovah came unto me, saying,
၁သက္ကရာဇ် တဆယ် နှစ် ခု၊ ဒွါဒသမ လ တ ရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 Son of man, take up a lamentation for Pharaoh king of Egypt, and say unto him, Thou wast like a young lion among the nations, and thou wast as a monster in the seas; and thou didst break forth in thy rivers, and troubledst the waters with thy feet, and fouledst their rivers.
၂အချင်းလူသား ၊ သင်သည်အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းအတွက် မြည်တမ်း ခြင်းကိုပြု၍ ပြောဆို ရမည်မှာ၊ သင်သည်လူမျိုး တို့တွင် ခြင်္သေ့ပျို ကဲ့သို့ ဖြစ်၏။ အိုင် ၌ နေသောမိကျောင်း ကဲ့သို့ လည်းဖြစ်၍၊ မြစ် တို့ကို ကူး သွားလျက် ၊ ခြေ ဖြင့် ရေ ကိုလှုပ်ရှား လျက် မြစ် ရေကို နောက် စေ၏။
3 Thus saith the Lord Jehovah: I will also spread out my net over thee with an assemblage of many peoples; and they shall bring thee up in my net.
၃အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ လူမျိုး များ စုဝေး လျက်၊ ငါသည် ပိုက်ကွန် နှင့်သင့် ကို အုပ်မိ ၍၊ သူတို့သည် ပိုက်ကွန် နှင့်တကွသင့် ကို ဆွဲယူ ကြလိမ့်မည်။
4 And I will leave thee upon the land, I will cast thee forth upon the open field, and will cause all the fowl of the heavens to settle upon thee, and I will fill the beasts of the whole earth with thee.
၄ငါသည် သင့် ကိုကုန်း ပေါ်မှာ တင် ၍ လွင်ပြင် ၌ ပစ် ထားမည်။ မိုဃ်း ကောင်းကင်ငှက် အပေါင်း တို့ကို သင့် အပေါ်မှာ နား စေမည်။ မြေ သားအပေါင်း တို့ကို ဝ စွာ ကျွေးမည်။
5 And I will lay thy flesh upon the mountains, and fill the valleys with the heap of thy [members];
၅သင့် အသား ကို တောင် တို့အပေါ်၌ ငါခင်း မည်။ ချိုင့် တို့ကို သင့် ကိုယ်နှင့် ပြည့် စေမည်။
6 and I will water with thy blood the land wherein thou swimmest, even to the mountains; and the water-courses shall be full of thee.
၆သင် မှ ယို သော အသွေး ဖြင့် မြေ ကိုတောင်ထိပ် တိုင်အောင် စို စေမည်။ မြစ် တို့သည် သင့် အသွေးနှင့် ပြည့် ကြလိမ့်မည်။
7 And when I shall put thee out, I will cover the heavens, and make the stars thereof black; I will cover the sun with a cloud, and the moon shall not give her light.
၇သင့် ကို ငါဆုံး စေသောအခါ မိုဃ်းကောင်းကင် ကို ငါဖုံးလွှမ်း ၍ ကြယ် တို့ကို မိုက် စေမည်။ နေ ကို မိုဃ်းအုံ့ စေ၍ လ သည်လည်း အလင်း ကို မ ပေး ရ။
8 All the bright lights of the heavens will I make black over thee, and bring darkness upon thy land, saith the Lord Jehovah.
၈သင့်အထက်၊ မိုဃ်း ကောင်းကင်၌ ထွန်းလင်း သော အလင်း အိမ် အလုံးစုံ တို့ကို မိုက် စေ၍၊ သင့် ပြည် ကို မှောင်မိုက် နှင့် ဖုံးလွှမ်း မည်။
9 And I will vex the heart of many peoples, when I bring [the news of] thy destruction among the nations, into the countries that thou hast not known.
၉သင်မ သိ ဘူးသော အတိုင်းတိုင်း အပြည်ပြည် တို့ တွင် သင် ပျက်စီး ခြင်းအကြောင်းကို ငါ ကြား စေသောအခါ ၊ လူမျိုး များ တို့ကို စိတ် ပူပန် စေမည်။
10 And I will make many peoples amazed at thee, and their kings shall be horribly afraid at thee, when I brandish my sword before them; and they shall tremble at every moment, each one for his life, in the day of thy fall.
၁၀အကယ်စင်စစ်သင့် အမှုကြောင့် လူမျိုး များ တို့ကို ငါမိန်းမော တွေဝေစေမည်။ ငါသည် ရှင်ဘုရင် တို့ ရှေ့မှာထား နှင့်ရွယ် သောအခါ ၊ သူတို့သည် သင့် အမှု ကြောင့် အလွန်ထိတ်လန့် ကြလိမ့်မည်။ သင် ဆုံးရှုံး သောနေ့ ၌ သူတို့သည် အသီးအသီး မိမိ တို့အသက် ကြောင့် ခဏခဏ စိုးရိမ် တုန်လှုပ်ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
11 For thus saith the Lord Jehovah: The sword of the king of Babylon shall come upon thee.
၁၁အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထား သည် သင့် အပေါ်သို့ရောက် လိမ့်မည်။
12 By the swords of the mighty will I cause thy multitude to fall: the terrible of the nations are they all: and they shall spoil the pride of Egypt, and all the multitude thereof shall be destroyed.
၁၂ခွန်အား ကြီးသောသူ၊ ကြောက်မက် ဘွယ်သော လူမျိုး အပေါင်း တို့ဖြင့် သင် ၏အလုံးအရင်း ကို ငါလဲ စေမည်။ သူတို့သည် အဲဂုတ္တု မာန ကို နှိမ့်ချ ၍၊ ပြည်သားအလုံးအရင်း ရှိသမျှ ကို ဖျက်ဆီး ကြလိမ့်မည်။
13 And I will destroy all the beasts thereof, from beside the great waters; and the foot of man shall not trouble them any more, nor shall the cloven hoofs of beasts trouble them.
၁၃များစွာ သော ရေ အနားမှာ ကျက်စားသမျှ သောတိရစ္ဆာန် တို့ကိုလည်း ငါပယ်ရှင်း မည်။ နောက် တဖန် လူ ခြေ နှင့် တိရစ္ဆာန် ခြေ သည် ထိုရေကို မ နောက် စေရ။
14 Then will I make their waters clear, and cause their rivers to run like oil, saith the Lord Jehovah.
၁၄ထိုရေ ကို ငါကြည် စေ၍ မြစ် ရေသည် ဆီ ကဲ့သို့ စီး စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
15 When I shall make the land of Egypt a desolation, and the country shall be left desolate of all that was in it, when I have smitten all them that dwell therein, then shall they know that I [am] Jehovah.
၁၅ငါ သည် အဲဂုတ္တု ပြည် ၌ ဥစ္စာ ရှိသမျှကို ကုန် စေခြင်းငှါသုတ်သင် ပယ်ရှင်း၍၊ ပြည်သူ ပြည်သားအပေါင်း တို့ကို ဒဏ်ခတ် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
16 It is a lamentation, and [thus] they shall lament her: the daughters of the nations shall say it in lamenting; they shall say it in lamenting over Egypt and over all her multitude, saith the Lord Jehovah.
၁၆ဤ ရွေ့ကား၊ အဲဂုတ္တု ပြည်အတွက် ပြုရသော မြည်တမ်း ခြင်းတည်း။ အမျိုးမျိုး သော သတို့သမီး တို့ သည်လည်း မြည်တမ်း ၍၊ အဲဂုတ္တု ပြည်နှင့် ပြည်သားအလုံးအရင်း ရှိသမျှ တို့အတွက် မြည်တမ်း ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
17 And it came to pass in the twelfth year, on the fifteenth of the month, the word of Jehovah came unto me, saying,
၁၇သက္ကရာဇ် တဆယ် နှစ် ၊ ပဌမလတဆယ် ငါး ရက် နေ့တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
18 Son of man, wail for the multitude of Egypt, and cast them down, her and the daughters of the famous nations, unto the lower parts of the earth, with them that go down into the pit.
၁၈အချင်းလူသား ၊ အဲဂုတ္တု ပြည်သားအလုံးအရင်း အတွက် မြည်တမ်း ခြင်းကို ပြုလော့။ မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နေရာ မြေ အောက် အရပ်သို့ တိုင်အောင် ၊ ကျော်စော သောလူမျိုး သတို့သမီး တို့နှင့်တကွ နှိမ့်ချ လျက် မြွက်ဆိုရမည်မှာ၊
19 Whom dost thou surpass in beauty? Go down, and be thou laid with the uncircumcised.
၁၉သင်သည် သူတပါး ထက် သာ၍လှ သလော။ အရေဖျား လှီးခြင်းကို မခံသော လူတို့နှင့်အတူ ဆင်းသက် ၍ နေရာ ကျလော့။
20 They shall fall in the midst of them that are slain by the sword. The sword hath been given: draw her out, and all her multitudes.
၂၀ထား ဘေး၌ အပ် သည်ဖြစ်၍၊ ထား ဖြင့်သေ သောသူတို့ နှင့်အတူ လဲ ၍သေရသောကြောင့်၊ သူ ကိုယ်တိုင်မှစ၍သူ ၏ လူအလုံးအရင်း ရှိသမျှ တို့ကို ဆွဲ ကြလော့။
21 The strong among the mighty, with them that helped him, shall speak to him out of the midst of Sheol: they are gone down, they lie still, the uncircumcised, slain by the sword. (Sheol )
၂၁ခွန်အား အကြီးဆုံးသော သူရဲ တို့သည် မရဏာ နိုင်ငံထဲက သူ နှင့် သူ ၏အခြံအရံ တို့ကို နှုတ်ဆက် ကြ လိမ့်မည်။ သူတို့သည်လည်း ဆင်း သွားကြပြီ။ ထား နှင့်သေ ၍၊ အရေဖျား လှီးခြင်းမခံသော အဖြစ်၌လဲ နေလျက် ရှိကြ၏။ (Sheol )
22 There is Asshur and all his assemblage, his graves round about him: all of them slain, fallen by the sword;
၂၂ထို အရပ်၌ အာရှုရ နှင့်သူ ၏ လူ အလုံးအရင်းအပေါင်း လည်း ရှိကြ၏။ သူတို့သည် ထား ဖြင့် သေ ၍ လဲ နေလျက်၊ ပတ်လည် အရပ်ရပ်တို့၌ သူ တို့သင်္ချိုင်း များ ရှိကြ၏။
23 their graves are set in the sides of the pit, and his assemblage is round about his grave; all of them slain, fallen by the sword, — who caused terror in the land of the living.
၂၃ထိုသင်္ချိုင်း တို့သည် ဥမင် အတွင်း အနားမှာ စီ လျက်၊ မင်းသင်္ချိုင်း ၌ ပတ်လည် ခြံရံလျက် ရှိ ကြ၏။ အသက်ရှင် သောသူတို့ ၏နေရာ ၌ သူတပါးကို ကြောက် စေတတ်သောသူ ဖြစ်သော်လည်း၊ ထိုသူ ရှိသမျှ တို့သည် ထား ဖြင့် သေ ၍လဲ နေကြ၏။
24 There is Elam and all her multitude round about her grave, all of them slain, fallen by the sword, who are gone down uncircumcised unto the lower parts of the earth, who caused their terror in the land of the living; yet have they borne their confusion with them that go down to the pit.
၂၄ထို အရပ်၌ ဧလံ နှင့်သူ ၏ သင်္ချိုင်း ပတ်လည် ၌ သူ ၏လူ အလုံးအရင်းရှိသမျှ တို့သည် ထား ဖြင့် သေ ၍ လဲ လျက်ရှိကြ၏။ အသက်ရှင် သောသူတို့ ၏နေရာ ၌ သူတပါးကို ကြောက် စေတတ်သော်လည်း၊ အရေဖျား လှီး ခြင်းကိုမခံသော လူဖြစ်၍မြေ အောက် အရပ်သို့ ဆင်း သွားရသဖြင့်၊ မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နှင့်အတူ ၊ အရှက်ကွဲ လျက် သေသောသူတို့နှင့်အတူနေရာကျ ကြ၏။
25 They have set him a bed in the midst of the slain, with all his multitude: their graves are round about him, all of them uncircumcised, slain by the sword, though their terror was caused in the land of the living; and they have borne their confusion with them that go down to the pit: he is put in the midst of them that are slain.
၂၅မိမိ အလုံးအရင်း နှင့် အိပ် ၍သူ တို့ သင်္ချိုင်း တွင်း တို့သည် ပတ်လည် ၌ ရှိကြ၏။ ထိုသူ ရှိသမျှ တို့သည် အရေဖျား လှီးခြင်းကို မခံသောလူဖြစ်၍ထား ဖြင့် သေ ကြ ၏။ အသက်ရှင် သောသူတို့၏ နေရာ ၌ သူတပါးကို ကြောက် စေတတ်သော်လည်း ၊ မြေတွင်း ထဲသို့ ဆင်း သွား သောသူတို့ နှင့်အတူ အရှက်ကွဲ သဖြင့် ၊ သေ သောသူတို့နှင့်အတူ နေရာ ကျကြ၏။
26 There is Meshech, Tubal, and all their multitude, their graves round about them, all of them uncircumcised, slain by the sword, though they caused their terror in the land of the living.
၂၆ထို အရပ်၌ မိမိ အလုံးအရင်း ရှိသမျှ တို့နှင့်အတူ မေရှက် လည်း ရှိ၏။ တုဗလ လည်းရှိ၏။ သင်္ချိုင်း တွင်း တို့သည် ပတ်လည် ၌ရှိကြ၏။ အသက်ရှင် သောသူတို့၏ နေရာ ၌ သူတပါးကိုကြောက် စေတတ်သော်လည်း ၊ ထိုသူ ရှိသမျှ တို့သည် အရေဖျား လှီးခြင်းကို မခံသောသူဖြစ်၍ ထား ဖြင့် သေ လျက်နေကြ၏။
27 And they lie not with the mighty, [that are] fallen of the uncircumcised, who are gone down to Sheol with their weapons of war; and whose swords are laid under their heads, and whose iniquities are upon their bones, though they were the terror of the mighty in the land of the living. (Sheol )
၂၇သူတို့သည် ရှေးကာလ၌ လဲ ၍သေသော၊ အရေဖျား လှီးခြင်းကို မခံသော လူကြီး တို့နှင့်အတူ အိပ် ၍ နေရကြလိမ့်မည်မ ဟုတ်လော။ ထိုလူကြီးတို့သည် အသက်ရှင် သောသူတို့၏ နေရာ ၌ လူကြီး တို့ကို ကြောက် စေတတ်သော်လည်း ၊ စစ်တိုက် လက်နက် ပါလျက် မရဏာ နိုင်ငံထဲသို့ဆင်း သွား၍ ၊ မိမိ ထား ကို မိမိ ခေါင်း အောက်မှာ ထား လျက်၊ မိမိ တို့အရိုး ပေါ်မှာ မိမိ တို့ အပြစ် တည် လျက် ရှိကြ၏။ (Sheol )
28 Thou also shalt be broken in the midst of the uncircumcised, and shalt lie with them that are slain with the sword.
၂၈သင် သည်လည်း၊ အရေဖျား လှီးခြင်းကိုမခံသော လူတို့အလယ် ၌ ကျိုးပျက် ၍ ၊ ထား ဖြင့်သေ သောသူတို့ နှင့်အတူ လဲ လျက်နေရလိမ့်မည်။
29 There is Edom, her kings, and all her princes, who in their might are laid with them that are slain by the sword: they lie with the uncircumcised, and with them that go down to the pit.
၂၉ထို အရပ်၌ ဧဒုံ လည်းရှိ၏။ ဧဒုံ ရှင်ဘုရင် နှင့် မှူး တော် မတ်တော်တို့သည် မိမိ တို့တန်ခိုး ပါလျက်၊ ထား ဖြင့်သေ သောသူတို့ နှင့်အတူ နေရာ ကျ၍၊ အရေဖျား လှီးခြင်းကို မခံသောလူ၊ မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နှင့်အတူ အိပ် ရကြ၏။
30 There are the princes of the north, all of them, and all the Zidonians, that are gone down with the slain — ashamed of the terror which they caused through their might; and they lie uncircumcised with them that are slain by the sword, and bear their confusion with them that go down to the pit.
၃၀ထို အရပ်၌ မြောက် ပြည်မင်း ၊ ဇိဒုန် မင်းအပေါင်း တို့သည် ရှိကြ၏။ ကိုယ်တန်ခိုး ကို ရှက် လျက်၊ ထိတ်လန့် လျက် သေ သောသူတို့နှင့်အတူ ဆင်း သွားကြပြီ။ ထား ဖြင့် သေ သောသူတို့နှင့်အတူ အရေဖျား လှီးခြင်းကို မခံသော လူဖြစ်၍ အိပ် ကြ၏။ မြေတွင်း ထဲသို့ ဆင်းသက် သောသူတို့ နှင့်အတူအရှက်ကွဲ လျက် နေကြ၏။
31 Pharaoh shall see them, and shall be comforted over all his multitude, Pharaoh and all his army slain by the sword, saith the Lord Jehovah.
၃၁ဖါရော ဘုရင်သည် ထိုလူ များကိုမြင် ၍ ၊ ထား ဖြင့် သေ သော မိမိ လူအလုံးအရင်း ရှိသမျှတို့ကြောင့် ပူပန် သောစိတ် လျော့၍၊ ဖာရော ဘုရင်နှင့် မိမိ ဗိုလ်ခြေ အပေါင်း တို့သည် သက်သာ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
32 For I have caused my terror in the land of the living; and he shall be laid in the midst of the uncircumcised, with them that are slain by the sword, Pharaoh and all his multitude, saith the Lord Jehovah.
၃၂အသက်ရှင် သောသူတို့ ၏နေရာ ၌ သူသည် သူတပါးတို့ကို ကြောက် စေသောအခွင့်ကို ငါပေးသော်လည်း ၊ ဖာရော ဘုရင်နှင့် သူ ၏လူ အလုံးအရင်းရှိသမျှ တို့ သည် ထား ဖြင့် သေ သောသူတို့နှင့်အတူ ၊အရေဖျား လှီးခြင်းကိုမခံသောလူတို့အလယ် ၌ လဲ ၍ နေကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။